သူရႆဝါSeptember 20, 20121min04
မောင်ဝါဝါနှင့် ပေးဆပ်သူတို့ နှလုံးသား – သူရဿဝါ – လူသားတွေဟာ ပတ်ဝန်းကျင်နဲ့ အခြား လူသားတွေနဲ့ အပြန်အလှန် ကူးလူး ဆက်ဆံ နေထိုင် ကြရတာ ဖြစ်လို့ အပေး အယူ ကိစ္စတွေနဲ့ သိပ်ပြီး မကင်းလှ ပါဘူး။ မောင်ဝါဝါတို့ ငယ်ငယ် တုန်းကတော့ ကိုယ့်ရဲ့ အသက်အရွယ် အနေအထား အရ လောကကြီးကို ဘာမှ သိပ်ပြီး ပေးနိုင်တာ မရှိခဲ့ တာမို့ ကိုယ်ကပဲ “ပေး” ဆိုတဲ့ စကားလုံးကို ရဲရဲဝံ့ဝံ့ သုံးစွဲ ခဲ့ဖူးပါတယ်။ “အဖေ .. မုန့်ဖိုးပေး”၊ “အမေ .. မုန့်ဖိုးပေး” စတဲ့ စကားတွေ ထဲမှာ “ပေး” ဆိုတဲ့ စကားလုံး ပါပေမယ့် […]


မောင် ပေSeptember 19, 20121min06
မင်္ဂလာပါ ခင်ဗျား ဒီနေ ့ည ပွဲစဉ်များအတွက်တော့ ၊ အချိန်အများကြီး မရလို ့ ဈေးအနေအထားနဲ ့ယှဉ်ပြီး ၊ ဈေးအောင်နိုင်တဲ့ အသင်းများကိုပဲ တိုတိုတုတ်တုတ် ခန် ့မှန်းရေးတင်ပေးလိုက်ပါတယ် ဒီကနေ ့ည ချန်ပီယံလိဂ် ၈ပွဲလုံးဟာ ၁.၁၅ အချိန်မှာ ကန်ကြမှာ ဖြစ်ပါတယ်။ ******* ဘိုင်ယန်မြူးနစ် – ဗလင်စီယာ ဘိုင်ယန်မြူးနစ် တစ်ဂိုးသွင်းရင် အပြည့်ရှုံး အနေအထားကို ဘိုင်ယန် တစ်ဂိုးသွင်းရင် ၈၅ အရှုံးအနေအထားပဲ ဖွင့်လာပါတယ် ။ သည်ဈေးအနေအထားအတိုင်းဆိုရင် ဘိုင်ယန် နိုင်ရင် အလွန်ဆုံး တစ်ဂိုးအသာပါပဲ ။ ““ ဗလင်စီယာ ”” ကို ပဲ အားပေးသင့်ပါတယ်။ ******* ဘာစီလိုနာ – စပါးတပ်မော်စကို […]


မောင် ပေSeptember 18, 20123min012
မင်္ဂလာပါ ခင်ဗျား ။ ၁၈.၉.၂၀၁၂ အင်္ဂ ါည/ဗုဒ္ဓဟူး မနက် မှာ ကန်မယ့် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်များအကြောင်းကို ရေးတင်လိုက်ပါပြီ ခင်ဗျ ။ ဒီနေ ့ည ပွဲစဉ်များထဲမှာ ရီးရဲမက်ဒရစ် နဲ ့မန်စီးတီး တို ့တွေ ့ဆုံမှုဟာ ဘောလုံးဝါသနာရှင်များအတွက် ၊ တစ်ကယ်ကို ကြည့်ကောင်းမယ့် ပွဲမျိုးပါနေပါတယ် ။ ဒီနေ ့ညမှာ အုပ်စု အေ ၊ ဘီ ၊ စီ ၊ ဒီ က အသင်းများ ကန်ကြမှာ ဖြစ်ပါတယ် ။ အုပ်စု ဒီ ကတော့ မရဏ အုပ်စု လို ့နာမည်ကြီးနေပါတယ် ။ ……. * အုပ်စု […]


Ma EiSeptember 18, 20121min029
သဇင်နီ လေးတွေပွင့်နေပြီ… မအိတို့ အိမ်မှာ သဇင်နီလို့ ခေါ်တဲ့ ထူးထူးဆန်းဆန်း ပန်းကလေးတစ်မျိုးရှိပါတယ်… သဇင်ဥလိုမျိုး ဥခတ်ကြီးကြီးတစ်ဥမှာ အရွက်တစ်ရွက် အပွင့်တစ်ခက် တွဲလောင်းကျ ပွင့်ပါတယ်… အဖူးဖူးနေတာ နှစ်လ၊သုံးလနည်းပါးကြာမှ အပွင့်လေးတွေ စပွင့်လာတာပါ… သိသူများအနေနဲ့ အခြားနံမည် ရှိရင်လဲ ပြောပြပေးပါနော်… ခင်တဲ့ မအိ


သူရႆဝါSeptember 18, 20121min011
အနော့်ရဲ့ ဘဝကလေး ချာချာလည် – သူရဿဝါ – ဒီက ပရိသတ် ကြီးက ကိုရီးယား လူမျိုးတွေ ထက်တောင် ကိုရီးယား ကားတွေကို ကြိုက်ကြ သူများ ဆိုတော့ ကိုရီးယားက နာမည်ကြီး F4 ကားကို သိကြမှာ သေချာတယ်။ အဲ .. အဲဒီလိုပဲ ဂျပန်မှာလည်း F4 ဆိုတဲ့ အဆိုတော် အဖွဲ့ ရှိသေးတယ်။ အနော် ကတော့ အဲဒီ ဂျပန် အက်ဖိုးတွေ၊ ကိုရီးယား အက်ဖိုး တွေထက် တစ်ပွင့် ပိုကြီးတယ်။ ဘာလို့ ဆိုတော့ သားက အက်ဖိုက်လေ။ သူတို့က တစ်ဖွဲ့လုံး လေး ငါးယောက် ပေါင်းမှ အက်ဖိုးတွေ ဘာတွေ ဖြစ်တာ။ အနော် […]


တိမ္မည္းSeptember 18, 20121min012
ပျော့ညံ့ခြင်းကို သဘောကောင်းခြင်းလို ့ ခေါင်းစဉ် မတပ်ပါနှင့်.။ မလွန်ဆန်ရဲခြင်းကို သည်းခံ ခွင့်လွတ်ခြင်းလို ့ ခေါင်းစဉ် မတပ်ပါနှင့်။ ပျင်းရိအချိန်ဆွဲခြင်းကို မအားလပ်ခြင်းလို ့ ခေါင်းစဉ် မတပ်ပါနှင်.။ တွေဝေခြင်းကို ချင့်ချိန်ခြင်းလို ခေါင်းစဉ် မတပ်ပါနှင့်။


manawphyulaySeptember 17, 20121min014
လူသားသမိုင်းကို ပြန်ခြုံကြည့်မယ်ဆိုရင် လူသားတစ်ဦးချင်းဆီရဲ့ ဘဝအိပ်မက်များဖြင့် ဖန်တီး တည်ဆောက်လာခဲ့ရကြောင်း တွေ့ရပါတယ်။ ရှေးခေတ်က တိုင်းပြည်များကို အိပ်မက်များရဲ့စွမ်းအားဖြင့် တည်ထောင်ခဲ့ကြပါတယ်။ ကျွန်မ ဘာပြောချင်တာလဲဆိုတော့ ယနေ့ ကျွန်မတို့ရဲ့တိုင်းနိုင်ငံသည် ပြုပြင် ပြောင်းလဲမှုများနဲ့ စတင်နေပြီဖြစ်တဲ့အတွက် အိပ်မက်ထဲမှာပဲ စိတ်ကူးယဉ်မနေသင့်တော့ဘဲ တကယ့် လက်တွေ့ဘဝကို အကောင်အထည်ဖော်ဆောင်ဖို့ အိပ်မက်မှ နိုးထရမယ့် အချိန်အခါ ရောက်ရှိလာနေပါပြီ။ တိမ်ညိုတိမ်မင်းများ ဖုံးလွှမ်းပြီး နေရောင်ထွက်ပေါ်စပြုလာနေတဲ့ ကောင်းကင်ယံမှ နေမင်းကြီးကို မော့ကြည့် ကြိုဆိုလိုက်တဲ့အခါ ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ အားသစ်အင်သစ်နဲ့ အရာရာအတွက် ပြင်ဆင်ထားဖို့ သင့်ပါပြီ။ ယခုအားလုံးသိကြတဲ့အတိုင်း အကောင်းလား၊ အဆိုးလားဆိုတဲ့ ဝေဖန်ချက်တွေကြားထဲမှာ နစ်မျော မနေဘဲ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက် နိုင်ငံအတွင်းမှာ နေထိုင်တဲ့ နိုင်ငံသူနိုင်ငံသားအားလုံးက ဝိုင်းဝန်း လုပ်ဆောင်မှသာ အကောင်းတကာ့ အကောင်းဆုံးကို […]


ကြောင်လေးSeptember 17, 20121min06
သမက်မကောင်း ကျောင်းပို့ ကျနော်ငယ်ငယ်(၅ တန်း ၆ တန်း)တုန်းက ကျနော်အဖေက စာပေဗိမ္မာန် စာအုပ်အသင်းဝင်ထားခဲ့ပါတယ်။ နှစ်စဉ်ကြေးငွေ (ပမာဏ မမှတ်မိ) သွင်းပေးထားလျှင် ထွက်သမျှစာအုပ်ကို စာတိုက်က ပို့ပေးပါတယ်။ စာအုပ်အမျိုးမျိုးဖတ်ရမှတ်ရပါတယ်။ အဲဒီထဲမှာ အခုအကြောင်းအရာ ပါတဲ့ စာအုပ်တစ်အုပ်ဖတ်ဖူးပါတယ်။ (မြန်မာ့ရိုးရာ ပုံပြင်များ) လို့ ထင်ပါတယ်။ အတွဲ ၁ နဲ့ ၂ ဆိုပြီးရှိပါတယ်။ သံကိုကြွက်စား သားကိုစွန်ချီ  တို့၊ပိုနေမြဲ ကျားနေမြဲတို့ အစရှိတဲ့ပုံပြင်တွေ ပါခဲ့တယ်၊ထင်ပါတယ်၊အများကြီးပါ။ အခု သားတွေ သမီးတွေကိုဖတ်စေချင်လို့ ရန်ကုန်ရောက် တုန်းက ကျနော် အဟောင်းတန်းတွေမှာလိုက်မေးတာ မရပါဘူး၊ စာအုပ်နာမည်မမှန်တာလည်းဖြစ်နိုင်ပါတယ်။ (ရွှေအိမ်စည်တို့ သို့မဟုတ် ရွာသူားထဲက ရှာဖွေတွေ့ရှိထားရင် လင့်လေးပေးစေချင်ပါတယ်။) သမက်မကောင်းကျောင်းပို့ ဆိုတဲ့အကြောင်းလေးကို ကျနော်မှတ်မိသလိုပြန်ရေးပြပါမယ်။ ရေးပုံပြောပုံ မတူညီသော်ညားလည်း […]


မောင် ပေSeptember 16, 20121min010
မင်္ဂလာပါခင်ဗျား သည်နေ ့ည ပွဲစဉ်များနဲ ့အချိန်များကတော့ ပရီးမီးယားလိဂ် 9.30 ရီဒင်း (၁၉) – စပါး (၁၆) ဘွန်ဒက်လီဂါ 8.00 ဖရိုင်းဘတ် (၁၃) – ဟော့ဖန်ဟိမ်း (၁၈) 11.00 ဖရန် ့ဖတ် (၆) – ဟမ်းဘတ် (၁၇) စီးရီးအေ 7.30 ဖီအိုရင်တီးနား(၁၀) – ကာတားနီးယား(၆) 7.30 ဂျီနိုအာ(၈) – ဂျူဗင်တပ်(၁) 7.30 နာပိုလီ(၂) – ပါးမား(၁၂) 7.30 ပက်စကရာ(၁၉) – ဆမ်ဒိုးရီးယား(၄) 7.30 ရိုးမား(၅) – ဘိုလော့နာ(၁၈) 7.30 ဆီနာ(၂၀) – အူဒီနီး(၁၇) 1.15 တိုရီနို(၇) – အင်တာမီလန်(၉) […]


မောင် ပေSeptember 15, 20122min014
မင်္ဂလာပါ ခင်ဗျာ… ပြီးခဲ့တဲ့အပတ်က ၂၀၁၄ကမ္ဘာ့ဖလား ခြေစစ်ပွဲများကြောင့် ၊ ရပ်နားခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ၊ ဂျာမနီ ဘွန်ဒက်လီဂါ ၊ အီတလီ စီးရီးအေ နဲ ့စပိန်လာလီဂါ ပွဲစဉ်များ ပြန်လာပါပြီ 15.9.2012 စနေည ပွဲစဉ်များနဲ ့ပွဲချိန်များကတော့ ပရီးမီးယားလိဂ်ပွဲစဉ် (၄) 6.15 နော့ဝစ်(၁၅) – ဝက်ဟမ်း(၇) 8.30 အာဆင်နယ်(၈) – ဆောက်သင်ပတန်(၂၀) 8.30 အက်စတွန်ဗီလာ(၁၇) – ဆွမ်စီး(၂) 8.30 ဖူဟမ်(၁၁) – ဝက်ဘရွန်း(၃) 8.30 မန်ယူ(၅) – ဝီဂန်(၉) 8.30 ကျူပီအာ(၁၉) – ချဲဆီး(၁) 8.30 စတုတ်စီးတီး(၁၂) – မန်စီးတီး(၄) 11.00 ဆန်းဒါးလန်း(၁၃) […]


Nyein NyeinSeptember 15, 20121min041
ရွာထဲမရောက်တာလည်း တော်တော်ကြာပါပြီ။ စိတ်ကတော့ အမြဲရောက်ပါတယ်။ ပို့စ်တွေလည်းတင်ချင်တာ မတင်ဖြစ်ဘူးဖြစ်နေတယ်။ အခုတလော အိမ်ကိုလည်းနောက်ကျမှ ပြန်နေရတယ်။ နောက်ကျတော့ ကားတစ်ဆင့်ထဲနဲ့ ရောက်ရမှာကို နှစ်ဆင့်စီးပြီးမှ အိမ်ရောက်ရော………..။ အဲဒီ့လို နှစ်ဆင့်အစီးကောင်းတာ ကံကောင်းလို့ မသေတယ်။ ဖြစ်ပုံအစုံကတော့…………………… အဲဒီ့နေ့က (၈)နာရီခွဲကျော်ကျော်လောက်မှ ရုံးကနေပြန်ဖြစ်တယ်။ အဲဒီ့တော့ စီးနေကျ (၁၅၇) အထူးက မလာတော့ဘူး။ ကံကောင်းရင်တော့ တစ်စီးတစ်လေ လာတတ်ပေမယ့် နောက်ကျနေတော့ သူလာတဲ့အထိလည်း မစောင့်ဖြစ်တော့ဘူး။ ဒါနဲ့ပဲ အဓိပတိ(အနီ) လေးစီး၊ ကမာ္ဘအေးမှာဆင်း၊ နောက်တစ်ဆင့်ပြန်စီးမယ်လို့ စိတ်ကူးပြီး စီးလိုက်မိပါတယ်။ ကားကတော့ လူသိပ်မပါဘူး။ ကိုယ့်ဘာသာ အကြောရှည်ပြီး နောက်ဆုံးခုံတန်းရှည်မှာ သွားထိုင်မိတယ်။ အုတ်ကျင်းမှတ်တိုင်လည်းရောက်ကရော ကားကမှတ်တိုင်မှာတောင် မရပ်သေးဘူး။ နောက်ကကားပေါ့…….. (၄၈) အထူးလေ။ အဓိပတိ(အနီ)ကို ဝင်ဆောင့်တယ်။ အရှိန်တော်တော်ပြင်းပြင်းကို […]


မြန်မာပြည်တွင် နေ့စဉ်ထုတ် သတင်းစာများ ပုံနှိပ်ခွင့် ပေးလိုက်ရာ သတင်းစာအများအပြား ထွက်ပေါ်လာရာ အမေရိကန်အခြေစိုက် စကိုင်းဘီလူးသတင်းစာလည်း အပါအဝင်ဖြစ်သည်။ လွတ်လပ်ခွင့် အပြည့်အဝရှိသော ကမာ္ဘ့ထိပ်သီး ဒီမိုကရေစီနိုင်ငံထွက် ဖြစ်ရကား အများနှင့်မတူ ကိုယ်ဗိုင်အတွေးအခေါ် အရေးအသားစစ်စစ်ကို လွန်စွာအားပေးသည်။ စစခြင်း မျက်နှာဖုံးသတင်းမှာ စက်တင်ဘာ ၄ရက်နေ့၌ ကျင်းပသော ဆာမိတေးဂီတပွဲ စင်မြင့်အထက် မီနီစကပ်အတိုလေးဝတ် သီဆိုနေသော အဆိုတော်မိုးစက်အား အောက်မှပင့်ရိုက်ထားသော ဓာတ်ပုံနှင့်ဖြစ်သည်။ ကာလသားအပေါင်း ကြိတ်ကြိတ်တိုး ဝယ်ယူအားပေးကြသည်မှာ ရောင်းမလောက်၍ ရဲဖြင့်အတော်ထိန်းယူရသည်။ မမ်းဂဇက်သတင်းစာမှာ အတော်ပေါက်သွားလေပြီ။ ဟိတ်တလုံး ဟန်တလုံးဖြင့် သတင်းဈေးကွက်ထဲ နေရာယူထားသော မန်မြာတိုင်းမ်စ်၊ အလဲဗျင်းသတင်းစာတို့မှာ ထိုနေ့က ကွမ်းယာဆိုင်၊ မုန့်ဆိုင်တို့တွင် အထူးလျော့ဈေးဖြင့် လက်သိပ်ထိုး ရောင်းချခဲ့ရသည်။ အယ်ဒီတာချုပ် စကိုင်းဘီလူး ဦးခိုင်၏ တကဲ့အကြံအစည်ကား အတည်အခန့် […]


kaiSeptember 13, 20121min04
“ဆိုရေးရှိကဆိုနိုင်ကြသော” (တနည်း) “ဖြစ်ပေါ်ပြောင်းလဲမှုများ ပြည့်နှက်နေသော” ခေတ်တခုဆီသို့ မောင်မိုးညိုတို့အပါအဝင် ပြည်သူအားလုံးက အရှိန်အဟုန်ဖြင့်ချင်းနင်း ဝင်ရောက် နေကြပြီဟုဆိုရပေမည်။ တစ်နှစ်လည်သား သာသာကာလအတွင်း ဒီမိုကရေစီရေးလမ်းကြောင်းပေါ် ရောက်ရှိ လာသော စစ်အစိုးရတဖြစ်လဲ၊ မြန်မာအစိုးရ၏ သတင်းသစ်များ ယနေ့မီဒီယာလောကတွင် ပလူပျံအောင် နေရာယူနေသောအချိန်ဟုလည်းဆိုရမည်။ ပြီးခဲ့သော ဇွန် (၂၅)ရက်က မြို့တော်သစ်နေပြည်တော်၏ သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သော လူမှုရေးကာကွယ်စောင့်ရှောက်မှု ဆိုင်ရာနိုင်ငံလုံးညီလာခံသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုယ်တိုင်တက်ရောက်ပြီး၊အားတက်သရောပါဝင်ဆွေးနွေးခဲ့သည်။ လက်ရှိနိုင်ငံတကာတွင်ကျင့်သုံးနေသော social protection ခေါ် social security systems များကိုကြည့်ပါက အစိုးရအနေဖြင့် မိမိပြည်သူလူထုတရပ်လုံးကို အကောင်းဆုံးဖြစ်နိုင်စေမည့်အစီအမံများချမှတ်ရာတွင်၊ အစိုးရကိုယ်တိုင်က ဌာနကြီးတခု (agency) အနေဖြင့်ကိုင်တွယ်စီမံသည်မှာ မှန်ကန်သော်လည်း၊ လွတ်လပ်သောစီမံခန့်ခွဲမှုစနစ် ကျင့်သုံးခွင့်အပြည့်ရှိကြသည့်အပြင်၊ လူထုကမိမိတို့အလိုရှိသော ပြုပြင်ပြောင်းလဲမှုများကို ဆိုင်ရာမဲဆန္ဒနယ် ကိုယ်စားလှယ်များမှတဆင့်တင်ပြပြောင်းလဲခွင့်ရှိကြခြင်းဖြစ်သည်။ ယင်းစနစ်၏ ရံပုံငွေ […]