အခြေအနေကောင်းသွားတဲ့အခါမှာ နောက်ဆုတ် ပေးတဲ့လူများသာလျှင် တကယ့်ကို စေတနာမှန်

ကို သာSeptember 11, 20121min01

ကျွန်မတို့ အဖွဲ့ချုပ်ဝင်ဟာ ဒါကတော့ လူသားပီပီ မို့လားတော့ မသိဘူး။ အခွင့်အရေးလေးတွေ ရလို့ရှိရင် ယူချင်တဲ့ စိတ်ကလေးတွေရှိတယ်။ အဲဒီစိတ်ကလေးတွေကို ထိန်းကြပါ။ ကိုယ့်အခြေအနေလေးက နည်းနည်းကောင်းလာပြီ ဆိုလို့ရှိရင် ဖိနင်းပြီးတော့ ဒီအခြေအနေအပေါ် ဖိနင်းပြီးတော့ ကျော်ချင်တဲ့ ပုံစံလေးတွေ ကျွန်မတို့ တွေ့ရတယ်။ အဲဒါမျိုးတွေ မလုပ်ပါနဲ့လို့ ကျွန်မ သတိပေးပါတယ်။ အခုလို ခက်ခက်ခဲခဲ ရုန်းကန်နေတဲ့ အချိန်မှာတောင်မှ ရိုင်းရိုင်းပြောရရင် လူပါးဝချင်တယ် ပေါ့နော်။ ကျွန်မတို ဒီမိုကရေစီ ရတဲ့အခါ ကျလို့ရှိရင် ဘယ်လိုနေမလဲ။ ဒီလို စိတ်ဓာတ်တွေ မထားကြပါနဲ့။ အဖွဲ့ချုပ်ဝင်တွေကို ပြည်သူလူထုကနေပြီးတော့ ကြည့်မရဘဲ အမြင်ကပ်ရတဲ့ အခြေအနေမျိုး ဖြစ်သွားလောက်အောင်တော့ ဘယ်တော့မှ မလုပ်ကြပါနဲ့။ အကယ်၍ အခြေအနေတွေ ကောင်းသွားပြီဆိုလို့ရှိရင် ကျွန်မတို့လူတွေက နောက်ဆုတ်ပေးဖို့ လိုပါတယ်။ အခြေအနေကောင်းသွားတဲ့အခါမှာ နောက်ဆုတ် ပေးတဲ့လူများသာလျှင် တကယ့်ကို စေတနာမှန်တာပဲ။

“ဒေါ်အောင်ဆန်းစုကြည်” စက်တင်ဘာ ၁၀၊ ၂၀၁၂။

သဘောကျလို.ပါ။သမတကြီးဦးသိန်းစိန်ကလည်းလမ်းကြောင်းမှန်ပေါ်ရောက်သွားယင် နားမယ်လို.ဆိုထားတော့ ခေါင်းဆောင်ကြီးများ၏ သဘောထားကိုအားလုံးလိုက်နာနိုင်ကြပါစေဟု ဆုတောင်းမိကြောင်းပါ။ ။

One comment

  • ဒဿ ဖွတ်ကျား

    September 25, 2012 at 7:08 am

    နည်းနည်းလေးတော့ လွဲနေတယ် ဗျို့..
    စေတနာနဲ့ ပြောပါ့မယ် …

    စေတနာမှန်နဲ့ နောက်ဆုတ်ပေးပါတယ် ဆိုတဲ့ ..
    နိုင်ငံ့ခေါင်းဆောင်တွေအကြောင်း ရေးထားတဲ့ စာက
    Category မှာ Gay/ Lesbian အဖြစ် ပါဝင်နေတာ
    လွဲနေပါတယ်ဗျို့ … အဲ့ဒါလေး…ဂရုစိုက်စေချင်ပါတယ် …

    ခင်တဲ့

    Reply

Leave a Reply

Your email address will not be published.