မန္တလေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ ၏မဲရုံတခုဖြစ်သည့် ချမ်းမြသာစည်မြို့နယ် စိန်ပန်းလမ်းနှင့် ၆၄ လမ်းထောင့်ရှိ မဲရုံတွင် အမှန်ကို ဇောက်ထိုးခြစ်မိထားသော NDF ပါတီ၏ မဲများကို မဲရုံမှူးက အားလုံး ပယ်မဲလုပ်ပစ်ခဲ့ကြောင်း ယင်းဒေသတွင် နေထိုင်သူ မန္တလေးသားတဦး အဆိုအရ သိရသည်။ မဲဆန္ဒရှင် ပြည်သူတချို့မှာ မသိနားမလည်သည့်အတွက် ခမောက်တံဆိပ်ဘေး ကွက်လပ်တွင် အမှန်ကို ဇောက်ထိုး ခြစ်မိကြရာ ယင်းလက်မှတ်များကို မဲရုံမှူးက ပယ်မဲလုပ်ပစ်လိုက်ခြင်း ဖြစ်သည်။ NDF မဲများအားလုံးကို ပယ်မဲလုပ်သော်လည်း ပြည်ခိုင်ဖြိုးပါတီ၏ အမှန်ဇောက်ထိုးခြစ် မဲလက်မှတ်များကို ထည့်သွင်းရေတွက်သည်ဟု မန္တလေးသားက ဆိုသည်။ ယင်းမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါက်တာ လှစိုးညွှန့်၏ မဲရုံကိုယ်စားလှယ်က ပယ်မဲလုပ်ခြင်းကို ကန့်ကွက်သော်လည်း မဲရုံးမှူးက ဂရုမစိုက်ခဲပေ။ ယမန်နေ့ […]
