nyinyiyannaingNovember 5, 20101min00
တစ်ကိုယ်တော်ရေးတဲ့ ရှင်သန်လွတ်မြောက်ခွင့် (ဝါ) လျူရှောင်ဘို ၏ ကိုယ်တိုင်ခုခံချေပချက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ချဉ်းကပ်တဲ့ ကျနော့်ရဲ့ အဓိက သော့ချက်ဟာ bottom-up and top-down အောက်မှအထက် နဲ ့အထက်မှအောက် ဆက်ဆံရေး ကို အပြန်အလှန် ထိန်းညှိပြီး အေးချမ်း တည်ငြိမ် စည်းကမ်းရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆာင်ခြင်းပါပဲ။ ဘာဖြစ်လို့လဲဆိုလျှင်တော့ ဒီလို ချဉ်းကပ်တဲ့ လမ်းကြောင်းဟာ သက်သောင့်သက်သာနဲ့ အကျိုးသက်ရောက်မှု အရှိဆုံး ဖြစ်နေလို့ပါပဲ။ နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့အတွက် အခြေခံ ယေဘုယျအမြင် ကို ကျနော်သိနေပါတယ်။ အဲဒါဟာ ဘာလဲဆိုတော့ ထိန်းထိန်းသိမ်းသိမ်း စည်းကမ်းတကျနဲ့ လူ့အသိုင်းအဝိုင်းကို တိုးတက်ပြောင်းလဲစေတာဟာ အထိန်းအကွပ်မဲ့ ပရမ်းပတာ နည်းတွေထက် အများကြီး ပိုထိရောက်တယ် ဆိုတာပါပဲ။ တကယ်တော့ အသုံးမကျတဲ့ အစိုးရတစ်ရပ် […]