alinsettMay 7, 20131min012
ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ…? ပြင်းပြတဲ့ သက်ပြင်းတွေကို ရေမရောပဲ ချ လို့ ငါ ပြိုလဲ စိုရွှဲခဲ့တဲ့ နေ ့က ဘယ်သူ ကိုယ်ချင်း စာခဲ့သလဲ ဆိုးဆိုးဝါးဝါး နာကျင်မှုတွေနဲ ့ ငါ့ နှလုံးသား တဖျတ်ဖျတ် ကွဲအက် ကြေမွသွားတဲ့ နေ့က ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ အနုပညာနဲ့ မင်း မတန်သေးဘူး လို့ ငါ မင်းကို ပြောခဲ့တုန်းက မင်းကို ငါ ကိုယ်ချင်းစာခဲ့ပါတယ် အခုလို ပင်လယ်ကြီးတစ်ခုလုံး ငါ့အပေါ် ပိ ကျ တဲ့နေ့မှာတော့ ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ ပလေတိုရဲ့ ကြေးမုံကြီး ငါ့ကို ကြိုးတွေလို တုတ်ထားခဲ့လို့ သွေးစိမ်းရှင်ရှင် ကျပြီး ငါရုန်းထွက်ရတဲ့နေ့က ဘယ်သူ ကိုယ်ချင်း စာခဲ့သလဲ […]


kaiMay 7, 20131min04
ယူဂိုဆလားဗီးယား နိုင်ငံတော်ပြိုကွဲမှု (အပိုင်း – ၁) နိဒါန်း ပြည်တွင်းပဋ္ဋိပက္ခတွေမှာ အိုင်အိုလို့အတိုကောက်ခေါ်ကြတဲ့ International Organizations (နိုင်ငံတကာအဖွဲ့အစည်းများ) ကို ကိုယ်စားပြုပြီး၊ ကျယ်ကျယ်လောင်လောင် အသံပြုလေ့ရှိကြရာမှာ ဥရောပက အီးယူ (European Union) ကလဲ တခုအပါအဝင်ဖြစ်ပါတယ်။ အီးယူဆိုတဲ့ အဖွဲ့အစည်းဟာ (၁၉၉၃) ခုနှစ်မှာ Treaty of Maastricht အရ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ (၂၀၀၉) ခုနှစ်၊ ဒီဇင်ဘာလမှာ Treaty of Lisbon စတင်အသက်ဝင်လာချိန်မှာ အီးစီလို့ အတိုကောက်ခေါ်ကြတဲ့ European Communities ရဲ့ လုပ်ငန်းတာဝန်များကို အစားထိုးထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အီးစီဆိုတဲ့ အဖွဲ့အစည်းကတော့ (၁၉၅၇) ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ European Economic Community (EEC) […]


သတင်းထောက်၏ ပင်မအလုပ်သည် သတင်းများကို ရှာဖွေထောက်လှမ်းရေးသားခြင်းဖြစ်သည်။ သတင်းအချက်အလက်များကို အပိုအလိုမရှိ ပြည့်စုံတိကျနိုင်သမျှ ပြည့်စုံတိကျအောင် ရေးသားနိုင်မှ သတင်းထောက်ကောင်းဟု အသိအမှတ်ပြုခံရမည်ဖြစ်သည်။ ပြည့်စုံတိကျသော သတင်းတစ်ပုဒ်တွင်ပါရှိရမည့်’ဘ’ခြောက်လုံးကို နိုင်ငံတကာစံအဖြစ် လက်ခံထားကြသည်။ ၁။ ဘာဖြစ်တာလဲ။ (What Happened?) ၂။ ဘယ်သူတွေပါသလဲ။ (Who did it involve?) ၃။ ဘယ်တုန်းကလဲ။(When did it happen?) ၄။ ဘယ်မှာလဲ။ (Where did it happen?) ၅။ ဘာကြောင့်လဲ။ (Why did it happen?) ၆။ ဘယ်လိုဖြစ်သလဲ။ (How did it happen?) အင်္ဂလိပ်လို ဒဗလျူ(W)ငါးလုံးနှင့် အိပ်ချ်(H) တစ်လုံး။ မြန်မာလို ‘ဘ’ခြောက်လုံးနှင့် ပြည့်စုံရမည်ဟု […]


အော် ဆယ်အိမ်ခေါင်းရွှေတိုက်ဆိုပြီး ဘယ်သူမှမပေးဘဲ ကိုယ့်ဟာကို တပ်ထားတဲ့ရာထူးအကြီးကြီးကို မမှီမကမ်းအရပ်နဲ. ထမ်းထားရတော့လဲ.. ဟင်းးးးးး ကဲကြည့်အခုလဲ သန်းခေါင်စာရင်းကောက်ရပြန်ပြီ… ဘယ်သူ.ညွှန်ကြားချက်မှ မပါ.. ကိုယ့်ဟာကိုပြဋ္ဌာန်း ကိုယ့်ဟာကိုအတည်ပြုပြီး ရွာထဲ ဖွချင်ရက်စက်စက်ယို ပြီး သန်းခေါင်းစာရင်းကောက်တယ်…. ပုဆိုးခါးတောင်းကျိုက် ကျောက်သင်ပုန်းနဲ. (အခုခေတ်တော့ အိုက်ပက်ပေါ့ဂျာ) တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်းကောက်တာပေါ့.. အဲအဲ သန်းခေါင်စာရင်းဆိုလို. ညသန်းခေါင်းယံမှာ ကောက်တယ်မထင်လိုက်ပါနဲ….. မနက်အစောကြီး ထကောက်ရတာဗျ… ဘာလို.လဲဆိုတော့ သန်းခေါင်ကောက်လို.ကတော့ မူးအိပ်နေမယ့် ရွာသားတွေ၊ ညအပြင်မထွက်ရအမိန်.ကြောက်ပြီး ကေတီဗွီက မပြန်ရဲတဲ့ ရွာသားတွေ၊ ကိုရီးယားကားကို အသက်နဲ.လဲ ညလုံးပေါက်ကြည့်တဲ့ ရွာသူတွေ နဲ. ဆိုတော့လဲ…. ကျုပ် လူမစုံမှာစိုးလို. မနက်အစောကြီး ထကောက်ရတော့တာပေါ့…….. ကဲကဲ သန်းခေါင်စာရင်း ကောက်ရင်မေးမယ့်မေးခွန်းတွေကတော့… ၁။ ဒီဂဇတ်ရွာကို ဘယ်နှစ်ခုနှစ် က […]


Nu ThanMay 5, 20131min00
သံတွဲစည်ပင်သာယာမှလမ်းတစ်လမ်းကတ္တရာထပ်ပိုးလွှာခင်းရာတွင် လနှင့်ချီကြာမြင့်စွာခင်းနေကြခြင်း သံတွဲစည်ပင်သာယာသည် လမ်းကတ္တရာထု ၄ လက်မတင်သည်ဆိုကာငွေကျပ် သိန်းပေါင်းများစွာ နိုင်ငံတော်အစိုးရမှချပေးထားသော်လည်း အမှန်တကယ်လုပ်ဆောင် ရာတွင်လမ်းများကို အောက်တွင်ကျောက်ခဲခင်းကာအပေါ်တွင်ကျောက်စရစ်ခဲများတင် ကြိပ်ပြီးနောက် ကတ္တရာပါသည်ဆိုယူံပါးပါလေးလောင်းကာထိုနောက်ကျောက်စရစ် အသေးများထပ်ချကာ ကတ္တရာပါသည်ဆိုရုံလောင်းကာသဲခင်းထားပါသည်။ဤသို ့ လမ်းခင်းခြင်းသည်ခိုင်ခန့်မှုမရှိ ပါ၊အပေါ်တွင်ကတ္တရာထုအနည်းငယ်မျှပင်မတက်ပါ ခေတ္တသာခံသောလမ်းခင်းနည်းများဖြင့်လမ်းခင်းနာမည်ယူကာလမ်းခင်းနေပါသည်။ ဤသို့လမ်းခင်းရာတွင် ကျောက်ကြီးများကိုခွဲရာတွင် လူတစ်ယောက်ဖြင့်သာပြုလုပ် နေပါသဖြင့် အချိန်များစွာကြာမြင့်ပြီး လမ်းသွားလမ်းလာများမှာခက်ခဲစွာသွားလာနေ ရပါသည်။လမ်းခင်းနေသူများမှလည်း တစ်ရက်လုပ် နှစ်ရက်သုံရက်နားဖြင့်အချိန်ကြာ မြင့်လှစွာလမ်းခင်းအလုပ်ပြနေကြပါသည်။လမ်းကြိတ်စက်မှလည်း တစ်ခုသာရှိပြီးထို လမ်းကြိတ်စက်ကိုလည်း စည်ပင်မှ ကိုယ်ထူကိုယ်ထလမ်းလုပ်သူများသို့ကြားပေါက် ငှါးရမ်းထားပြီးစီးပွါးရှာနေပါသည်။လက်ရှိစည်ပင်မှလုပ်ကိုင်နေသောလမ်းခင်းရာတွင် ကုန်ကျငွေများမှာ ကျောက်ကြီးခွဲ တစ်ကျင်းလျှင် ၃၅၀ဝ ၊ကျောက်ကြီးဖြန့်ခင်း ၃၅၀၀၊ ကတ္တရာလောင်းသဲခင်း၊ ကျောက်စရစ်ခင်း ကတ္တရာတစ်ပုံးတစ်သောင်းခွဲ ကျောက်ကြီးတစ်ကျင်း 20000 အစရှိသောသက်သာသောဈေးများသာကုန်ကျ ပြီး၊ လမ်းကတ္တရာလောင်းလမ်းခင်းရန်စည်ပင်မှ အလွတ်ကန်ထရိုက်ဆိုသူကြားပွဲစား ဆေးရုံမှပွဲစား တင်အောင်ဆိုသူမှ လက်ကိုင်ဒုတ်မွေးထားကာ ခိုင်းစေလုပ်ကိုင်ကြ သည်ဟု့သိရှိရပါသည်။ သို့ပါ၍လမ်းတစ်လမ်းအားတစ်လကြာအောင်လမ်းပိတ် […]


alinsettMay 4, 20131min09
ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၉) ဆေးရုံ “သဘာဝတရားက ဖျားနာနေပြီ း လူသားက တုတ်ကွေးမိနေတာနဲ့ တူတယ် တဲ ့၊ ကမာ္ဘကျော် ပုဂ္ဂိုလ် ကြီးတွေ က ပြောကြတယ်” “ဟင်..လူတွေနဲ့ သဘာဝတရားက ကုသခန်း တစ်ခု ထဲ မှာ အတူရောက်နေတာပေါ့၊ ဆက်ပြောစမ်း ပါအုံ း၊ တို ့ရဲ့ ဆေးရုံက ဘာလဲ” ( တာရာမင်းဝေ ) ============================================= သဘာဝတရားက ရိုးရိုးဖျားနာနေတာ မဟုတ်ပါဘူး ။ ခုခံအားကျဆင်းနေလို ့.. အဖျားအနာတွေ..ဝင်လာတာပါ ။ လူသားတွေရဲ ့…. မဆင်မခြင်….လုပ်ရပ် ( လုပ်ခဲ့တဲ ့ လုပ်ရပ်တွေ ) ကြောင့်….. ခုခံအားတွေ…ပြိုပြိုလဲလဲ… ကျဆင်းသွားရတာ…။ […]


alinsettMay 3, 20131min013
မြို့တော် ၏ သစ်ပင် သစ်ခက် သစ်ရွက်များထက်… နှင်းစက်တို ့… တွဲလွဲ ခိုကြပြီ ။ အေးမြသော… မြောက်လေတို ့နှင့်အတူ… ရာသီပန်း ရနံ ့တို ့… လှိုင်လှိုင် ထ..ကြပြီ ။ ဆောင်းသည်… စိမ့်စိမ့်ချမ်းသော… အရသာကို ပူးချည်လျက်… ဤမြို့တော်…ဆီ..လာခဲ့ချေပြီ ။ မြို ့တော်သူ မြို့တော်သားတိူု့…. ယဉ်ကျေးမှု ဆိုသော အနွေးထည်တို ့ကို ဝတ်ဆင် သင့်ကြသည် ။ ဆောင်း ဆန်သော..အိပ်မက်များကိုလည်း… အိပ်မက် ဆန်သော ဤဆောင်းတွင်… မက်သင့်ကြလေပြီ ။ လူငယ်တို့သည်လည်း… နွေးထွေးမှု ကို တောင့်တ ဤ နွေးထွေမှု တို့ကိုပင်..ရှာဖွေကြပြီ ။ အချို့က… ချစ်သောသူနှင့်..နွေးထွေးသည် ။ အချို့ကတော့… […]


haha yapiMay 1, 20131min00
သံတွဲ ဒွါရာဝတီ မြို့မဈေးအတွက် အကြံပြုတင်ပြခြင်း စတင်ဆောက်လုပ်တဲ့ အချိန်မှစ၍ ယခုထိ စည်ပင်သာယာ၏ ခွင့်ပြုချက်ဆိုင်းဘုတ်ပါအချက်များမတင်ပြဘဲ ဆောက်လုပ်ခြင်း ဆိုင်းဘုတ်ပါအချက်များမှာ အမှတ်စဉ် (၁) မှ (၉) အထိပါအချက်များ ဥပမာ မြေတိုင်းအကွက် အမှတ် စာအမှတ်ခွင့်ပြုသည့်ရက်စွဲ လိုင်စင်ရ ကန်ထရိုက်တာ အမည် အင်ဂျင်နီယာ အမိန့် အဆောက်အဦး အမျိုးအစား လိပ်စာ များဖြစ်ပြီး ဆောက်လုပ်သည့်ပုံစံမှာလည်း BQ နှင့်ကွဲလွဲနေခြင်း ဥပမာမြို့မစာသင်ကျောင်း ဘေးမှာ(၁) ထပ်တင်ထားခြင်း ဆိုင်ခန်းများဖေါင်းပွနေခြင်း ကန်ထရိုက်တာမှ တံခါးလုပ်ပေးမယ်ဆိုပြီး ငွေထပ်တောင်းခြင်း စည်ပင်မှအာဏာရှိသူအဖွဲ့မှ ဆိုင်ခန်းများမှောင်ခိုရောင်းချခြင်း ကန်ထရိုက်တာ ထပ်တောင်းသည့် ငွေကိုပေးသူကပေး၍ ထပ်မပေးသူများက မပေးခြင်း သံတွဲမြို့ဒွါရာဝတီ မြို့မဈေးနှင့်ပတ်သက်သော အထက်ဖော်ပြပါ ပြဿနာပေါင်းများစွာကို တာဝန်ရှိသူများမှ ဖြေရှင်းပေးပါရန် နှင့် ကန်ထရိုက်တာကို အရေးယူပေးပါရန်တင်ပြအပ်ပါသည် […]


alinsettApril 29, 20131min012
၁ ။ ။ မှားနေတဲ့ ကောင်းကင်ထဲ.. ခပ်ညံ့ညံ့ တိမ်တွေ ပျံသန်း… လန်းဆန်းချင်ယောင် ဆောင်နေမှတော့…… ၂ ။ ဟုတ်လိမ့်နိုးနိုး….အတွေးတွေနဲ ့…. ကိုယ့်ကို ကိုယ် ခွဲ စိတ်ကြည့်တော့လည်း… ကြည့်စမ်း…. ငါ့ရင်ထဲ… မိုးခါးတွေ…ရွာနေတယ် ။ ၃ ။ ။ အလင်းမဲ့တဲ ့ မနက်ခင်း…. ခပ်ပြင်းပြင်းလေး..လျှောက်တဲ ့ခြေသံတွေနဲ ့… ငါ့ဆီ..ရောက်လာတယ် ။ ၄ ။ ။ မလွမ်းလောက်ပါဘူး …. ဟောဒီ ကောင်../ ဟောဒီ ချောက် ကမ်းပါးစွန်းမှာ… ရပ်..နေတယ် ။ ဖြေဆေး တစ်ဖက်… အဆိပ်ခွက် တစ်ဖက် ကိုင် ဆွဲ ထားပေမယ့်… မလွမ်းလောက်ပါဘူး ။ ၅ […]


ဇီဇီApril 29, 20131min032
ဟိုနေ့က ဒီရွာထဲက အင်မတန် မျက်နှာများတဲ့ မောင်လေးတစ်ယောက် က လာပြီး ခိုင်းထားတာ တစ်ခုရှိပါတယ်။ (အဲလိုပဲ အသက်သာငယ်တာ။ ကျုပ်ကိုလည်း လေးစားရကောင်းမှန်းမသိကြဘူးရယ်။ ဟိုခိုင်း ဒီခိုင်းနဲ့။ လေးစားချင်စရာဆိုတော့လေ။ ဟီးဟီး)    သူ့ အကြောင်းလေးကို ကဗျာစပ်ပေးပါတဲ့။ ယုံကြည်စွာ ခိုင်းတာဗျ။ အဲလာနဲ့ ကျုပ်က ကဗျာဉာဏ်ဝေးပါကြောင်း တောင်းပန်တော့ ရေးချင်တဲ့ ပုံစံသာရေးပါတဲ့။ သူ့အကြောင်း သူ့ဟာသူ မရေးချင်လို့ပါတဲ့။ ိဒီလို စိတ်ချလက်ချ ပြောမှတော့ ရေးပေးမယ်ပေါ့။ ကတိပေးလိုက်ပါတယ်။   ဒါနဲ့ပဲ လိုချင်တဲ့ အချက်လေးတွေ အရင်စုဆောင်းရသေးတာပေါ့။ (သူများ ဦးနှောက် ဖောက်တာကို လှအောင်သုံးခြင်းဖြစ်၏)    အဲဒါတွေ မရေးခင် သူနဲ့ ကျုပ်ကြားက အကြောင်းလေးတွေ နည်းနည်း ရေးပါရစေ။ မျက်စိပြူးမသွားကြပါနဲ့ဗျ။ […]


Nu ThanApril 27, 20131min09
သံတွွဲဲမြို့ဈေးဆောက်လုပ်ရာတွင်ဈေးကော်မတီမှငွေကျပ်သိန်း(၇၀၀၀)ကျော်ကိုယ်ကျိုးရှာခဲ့မှုအပေါ်၊သန့်ရှင်းသောအစိုးရသမ္မတကြီးမှထိရောက်စွာဖေါ်ထုတ်အရေးယူပေးပါ ရန်တင်ပြခြင်း။ သံတွဲမြို့သူ/မြို့သားများသည်သံတွဲဈေးတွင်တရားခံမပေါ်သောဈေးမီးလောင်မှု ဖြစ်ခဲ့ရပြီးလွန်စွာဆုံးရှုံးနစ်နာမှုများကို ကယ်မည်သူမဲ့ခဲရပါသည်။ထို့အပြင်နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းပါခံနေရပါသည်။ ဈေးမီးလောင်ပြီးနောက်ဈေးဆောက်လုပ်ရာတွင် စနစ်ကျစေရန်ဈေးလမ်းမကြီးများဖေါက်လုပ်ရမည်ဖြစ်လို့မူလဈေးဆိုင်ခန်းအကျယ် အတိုင်းရမည်မဟုတ်ဘဲ ၉ ပေဆိုင်ခန်းများကို၈ပေရမည်ဆိုကာပုံကိုဈေးသူဈေး သားသို့အကြိမ်ကြိမ်ချပြီညှိနှိုင်းပြီးဆောက်လုပ်ခဲ့ကြပါသည်။ သို့ရာတွင်အကယ်ဈေးဆောက်လုပ်သည့်အခါ(ဈေးသူဈေးသားများကိုချပြ)ခဲ့ သောအတိုင်းအတာများအတိုင်း(၈)ပေဆိုင်ခန်းကို(ရပေ၄လက်မ)ဆောက်လုပ်ကာ ဆိုင်ခန်း(၁၀)ခန်းလျှင်ရှေ့နောက်နှစ်ခန်းထွက်လာစေရန်ဈေးကောက်မတီနှင့်ကန့်ထ ရိုက်တို့ကိုယ်ကျိုးရှာဆောက်လုပ်ခဲ့ပြီးဈေးလူကြီးတို့သည်တစ်ဦးလျှင်တစ်ခန်းနှစ်ခန်းစီ တရားမဝင်ရယူပြီးတစ်ခန်းလျှင်သိန်း(၁၅၀)စီဖြင့်အခန်းပေါင်းများစွာကိုကိယ်ကျိုးရှာ ရောင်းစားပြီးမိမိအိပ်ထဲ့တည့်ပြီး ကျောင်းရှေ့လမ်းထောင့်တွင်အိမ်သာဆောက် အိမ်သာပေါ်တွင်နှစ်ထပ်တင် ကိုယ်ကျိုးရှားရောင်းစားပြီးသံတွဲသူသံတွဲသားတို့အပေါ် လွန်စွာခေါင်းပုံဖြတ်ကိုယ်ကျိုးရှာနေမှုအပေါ် အသစ်ထွက်ပေါ်လာသည့်ဆိုင်ခန်းအ ရေအတွက် ရယူထားသူ၊ဝယ်ယူခဲ့သည့်(ရောင်းချခဲ့သည်)ငွေကြေးများနှစ်ထပ် ဆောင်များတရားမဝင်အမြတ်တင်ဈေးနှုန်းနှစ်ဆဖြင့်ရောင်းချခဲ့မှုပြီးငွေသိန်းထောင်နှင့် ချီကိုယ်ကျိုးရှာဖွေနေမှုကိုခုံရုံးဖွဲ့ပြီထိရောက်စွာစစ်ဆေးအရေးယူပြီး၎င်းဆိုင်ခန်းများ ကိုပြန်လည်သိန်းယူပြီးဈေးသူဈေးသားများအကျိုးအတွက်ဆောင်ရွက်ပေးပါရန်တင်ပြ အပ်ပါသည်။ယခုဈေးသူဈေးသားများမှဖင်မလှည့်သာသောဆိုင်ခန်းများကိုမတန်တဆ ဈေးနှုန်းများဖြင့်ငွေသွင်ရပြီးဈေးကော်မတီမှယူချင်ယူမယူချင်လျှင်ယူမည့်သူရောင်းမည် ဟု(အိပ်ဖေါင်းလို့လေသံပြောင်း)သောအသံဖြင့်လူမိုက်ဆန်ဆန်လုပ်ကိုင်နေပြီးအတင်း လက်မှတ်ထိုးခိုင်နေပါသည်။သို့ဖြစ်ပါလို့သန့်ရှင်းသောအစိုးရသမ္မတကြီးမှအဖြစ်မှန် ဖေါ်ထုတ်ပြီးထိရောက်စွာအရေးယူပေးပါရန်နှင့်ကိုယ်ကျိုးရှာမှု၊တရားမဝင်ဆိုင်ခန်းရယူ ရောင်းချထားသူဈေးကော်မတီလူကြီးများ၊အလွှဲသုံးစားဆိုင်ခန်းရယူထားသူများ ဈေးကန်ထရိုက်များအားများကိုနိုင်ငံတော်ပစ္စည်းအလွှဲသုံးစားမှုဖြင့်ထိရောက်စွာ အရေးယူပေးပါရန်နှင့်စံနမူပြအရေးယူပေးပါရန်တိုင်ကြားအပ်ပါသည်။


alinsettApril 26, 20131min017
Prisoner of the past ဆိုတဲ့ စကားလုံးလေးနဲ့ ပက်သက်ပြီး အတွေးစဉ်တွေ ဖြန့်ကျက်မိခဲ့ပါရဲ့။ အတိတ်ရဲ ့ အကျဉ်းသား ။ အရာ အားလုံး ပြောင်းလဲ နေတဲ့ လောကကြီးထဲမှာ အရာအားလုံး…တသွင်သွင် ..စီးနေတဲ ့ ဟောဒီ..လောကကြီးထဲမှာ…. အတိတ်ရဲ့အကျဉ်းသားတွေ လည်း ရှိတာပေါ့။ အတိတ်ရဲ့ ထောင်ထဲမှာ ခလုပ် ပိတ် ကျ ကျန်ရစ်ခဲ့တဲ့ သူတွေ ။ ရှိတယ်။ အင်း ကျွန်တော် ကိုယ်တိုင်တောင်မှ အတိတ်ရဲ့ အကျဉ်းသားတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ …………………………. ကျွန်တော် ကိုယ်တိုင် ဟိုတုန်းကလို ဝဝဖြိုးဖြိုး နဲ့ နုပျို ချင်ခဲ့တယ်။ ဟိုတုန်းကလို မှတ်ဉာဏ်တွေ ကောင်းချင်နေခဲ့တယ်။ ဟိုတုန်းကလို ငါကွဆိုတဲ့ မာနတွေကို အဟုတ် […]


kaiApril 25, 201313min012
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၄) (နိဂုံး)   (၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို ကွဲပြားခြားနားမှုများအား အပြန်အလှန် အသိအမှတ်ပြုလက်ခံပြီး၊ စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းထားပေးနိုင်စေတဲ့ နိုင်ငံရေးအစီအမံတခုအဖြစ် အသုံးပြုလေ့ ရှိကြပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ စကားလုံးဟာ ဂရိဘာသာ auto (အဓိပ္ပာယ်– ကိုယ်ပိုင်) နဲ့ nomos (အုပ်ချုပ်ခြင်း) စတာတွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီသဘောတရားကို ယနေ့ခေတ်ကာလမှာ ဒဿနိကဗေဒ၊ သဘာဝသိပ္ပံနဲ့ နိုင်ငံရေးသိပ္ပံစတဲ့ ဘာသာရပ်နယ်ပယ် သုံးခုမှာ အသုံးပြုကြပါတယ်။ ဒဿနိကဗေဒပညာရှင်များက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို ကိုယ့်ကြမ္မာ ကိုယ်စီရင်ခွင့်ရှိတဲ့ တဦးချင်းပါဝါအဖြစ် သတ်မှတ်ထားကြပါတယ်။ သဘာဝသိပ္ပံပညာရှင်များကတော့ organic independence အဖြစ် သတ်မှတ်ထားကြပြီး၊ နိုင်ငံရေးသိပ္ပံဘာသာရပ်နယ်ပယ်မှာတော့ အုပ်ချုပ်ရေး၊ နိုင်ငံရေးရှုထောင့်ကနေ ရှုမြင်လေ့လာကြပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို အချို့သော အင်စတီကျူးရှင်းများမှာ […]