Prisoner of the past .
Prisoner of the past ဆိုတဲ့ စကားလုံးလေးနဲ့ ပက်သက်ပြီး အတွေးစဉ်တွေ ဖြန့်ကျက်မိခဲ့ပါရဲ့။
အတိတ်ရဲ ့ အကျဉ်းသား ။
အရာ အားလုံး ပြောင်းလဲ နေတဲ့ လောကကြီးထဲမှာ
အရာအားလုံး…တသွင်သွင် ..စီးနေတဲ ့ ဟောဒီ..လောကကြီးထဲမှာ….
အတိတ်ရဲ့အကျဉ်းသားတွေ လည်း ရှိတာပေါ့။
အတိတ်ရဲ့ ထောင်ထဲမှာ ခလုပ် ပိတ် ကျ ကျန်ရစ်ခဲ့တဲ့ သူတွေ ။
ရှိတယ်။
အင်း ကျွန်တော် ကိုယ်တိုင်တောင်မှ အတိတ်ရဲ့ အကျဉ်းသားတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။
………………………….
ကျွန်တော် ကိုယ်တိုင် ဟိုတုန်းကလို ဝဝဖြိုးဖြိုး နဲ့ နုပျို ချင်ခဲ့တယ်။
ဟိုတုန်းကလို မှတ်ဉာဏ်တွေ ကောင်းချင်နေခဲ့တယ်။
ဟိုတုန်းကလို ငါကွဆိုတဲ့ မာနတွေကို အဟုတ် ထင်ခဲ့တယ်။
ဟိုတုန်းကလို အပျော်အပါးမက်ချင်ခဲ့တယ်။
ဟိုတုန်းကလို ကိုယ် ဖြစ်ချင်တာတွေပဲ ကိုယ်ပြောခဲ့တယ်။
ဟိုတုန်းကလို ကိုယ့်ကိုကိုယ် ငယ်တုန်းပဲ ထင်ခဲ့တယ်။
ဟိုတုန်းကလို အပို ခံစားချက်တွေနဲ ့နေသားကျ ခဲ့တယ် ။
ဟိုတုန်းကလို ဒေါသတွေ လောဘတွေ ကြီးမား ပြင်းထန် ခဲ့တယ်။
ဟိုတုန်းကလို လုပ်ရပ်က အရင် စဉ်းစား ဆင်ခြင်မှုကနောက်မှ လိုက်တဲ့ လုပ်ရပ်တွေ လုပ်ခဲ့တယ်။
ဟိုတုန်းကလို အရင်အတိုင်းပဲ နော် ဘာမှ မပြောင်းလဲပါလား ဆိုတဲ့စကားကို အဟုတ်ကြီး ထင်ပြီး ကျေနပ်ခဲ့တယ်။
ဟိုတုန်းကလို… အတွေးအခေါ်ဟောင်း..အမြင်ကျဉ်းကျဉ်း..အဟောင်းကြီးတွေ.နဲ ့…လှောင် ပိတ်နေခဲ့ဖူးတယ် ။
အင်းးးးးးးးးးးးးးးးးးးးး
ဟိုတုန်းက..ကျွန်တော်…..
အတိတ်ရဲ့ အကျဉ်းသား ဖြစ်ခဲ့ ပါတယ်။
—————————————–
ကျွန်တော့်ကို ဟိုတုန်းကလူတစ်ဟောက်အဖြစ်ကနေ ဆွဲတင်ပေးလိုက်တာကတော့ စာအုပ်တွေ ပါပဲ ။
ဟိုတုန်းကလို အချစ် ဝတ္ထု တွေ မဖတ်ချင်တော့တဲ့ စာ . . . ဆာတဲ့ စိတ်ကလေးက စ ဆွဲ တင်ပေးတာပါ။
အတွေး အခေါ် ဉာဏ် ရင့်သန်စေတဲ့ စာပေ တွေကို ရသလောက် လက်လှမ်းမှီရာ
(ကိုယ့် အသိဉာဏ် တစ်ထွာတစ်မိုက်နဲ့ ဆန့် သလောက်ကလေးပေါ့ )
ဖတ်ရှု လေ့လာမိခဲ့တဲ့နောက်မှာတော့ …. ကျွန်တော် ဟိုတုန်းကလို လူတစ်ယောက် မဖြစ်ချင်တော့ပါဘူး။
လူ ့ဘဝ ကို ရတာဟာ လေးနက် မြင့်မြတ်တဲ့ အသိဉာဏ်နဲ့ ကောင်းကျိူးအစစ်အမှန်တွေကို အကြောင်းပြု နိုင်ဖို့ အတွက် လို့
ကျွန်တော် ခံယူပါတယ်။
တစ်ရက် အသက် ကြီးသွားပြီး အသိဉာဏ် ကြီး မလာရင် အဲဒီတစ်ရက် လူဖြစ် ရှုံးတယ် ။
တစ်ရက် အသက်သာ ကြီးသွားပြီး ကောင်းကျိုး ရကြောင်း အစစ်အမှန်တစ်ခု မှ မလုပ် နိုင်တဲ့အခါ အဲဒီတစ်ရက် လူ ဖြစ်ရှုံးပါတယ်။
( တစ်ခုတော့ ရှိပါတယ်။ ကောင်းကျိုးပြု ရာမှာလည်း ကောင်းကျိုးလိုလားတဲ့ စိတ်နဲ့ ကောင်းတာလုပ်တဲ့ အခါ အဲဒါ လောဘလေးတွေပါနေတတ်တယ်။
ဒါကြောင့် ကောင်းတာလုပ်ရတာကို မြတ်နိုး တဲ့စိတ်ကလေးနဲ့ တစ်ဖက်သားအတွက် အဆက်ပြေချောမွေ့ သွားစေဖို့ကိုသာ ရည်ရွယ်စိတ်သက်သက်နဲ့
ကောင်းတာတွေ လုပ်ဖြစ်ဖို့ ကျွန်တော် ကြိုးစား ပါတော့မယ်။ )
အချိန်နဲ့ တပြေးညီ ကိုယ့်အသိဉာဏ် ကိုယ့် စိတ်ထားနဲ့ ကိုယ့် အတွေးအခေါ် အယူအဆ တွေက ပြောင်းလဲ နေရမယ်။
အရင်ကထက် ပိုကောင်းတဲ့ ပိုမှန်ကန်တဲ့ ဘက်ကို ပြောင်းလဲနေရမယ်လေ။
အရင်ကထက်ပို မှန်ကန်တဲ့ သစ္စာတရားဆီ ကိုယ့် အသိဉာဏ်က တစ်လှမ်းပြီး တစ်လှမ်း တိုး တိုး သွားနေရမယ်။
နောက် ပြန် မလှည့်မိပါစေနဲ့။
————————————————–
ဟိုတုန်းကလိုပဲ နော် ဆိုတဲ့ စကား ဟာ
ဟိုတုန်းက တန်ဖိုး အတိုင်း နိမ့်နေတုန်းပါပဲ လို့ ပြောတာပဲ။
ဟိုတုန်းကအတိုင်း.. မပြောင်းလဲနိုင်သေးဘူးဆိုတာဟာ.. အတိတ်ရဲ ့ အကျဉ်းသား အဖြစ်ရှိနေတုန်းပဲ..လို ့…
အချက်ပေးလိုက်တဲ ့ အသံပါပဲ ။
အရင်တုန်းက ကိုယ့်တန်ဖိုး နိမ့်ချင် နိမ့်နေခဲ့ ပါလိ်မ့်မယ်။
ဒီနေ ့တော့ အသက် ကြီးပြီ။
အသိဉာဏ်လည်း ကြီးသင့်ပြီ။
ဟိုတုန်းက ထက် ပိုပြီး တန်ဖိုးတွေ မြင့်မား သင့်ပါပြီ။
ဟိုတုန်းကထက် ပိုပြီး …
လူသားရဲ ့တကယ့် ဖြစ်တည်မှု တန်ဖိုး အစစ်ကို ရှာတွေ ့သင့်ပါပြီ ။
ဟိုတုန်းကလို ခပ်ညံ့ညံ့ ချာတိတ်တစ်ယောက် ကျွန်တော် မဖြစ်ချင်တော့ဘူး။
ဟိုတုန်းကလို အတိတ်ရဲ့ အကျဉ်းထောင်ထဲမှာ ကျ မနေချင်တော့ပါဘူး။
ဒါကြောင့် Prisoner of the past . အဖြစ်ကို အတိတ်မှာပဲ …ထားခဲ့ ပါတော့မယ်….လို ့….။
……………….။ ။
လေးစားစွာ ဖြင့်
အလင်းဆက်
alinsett.art@gmail.com





17 comments
Mr. MarGa
April 26, 2013 at 8:32 pm
အတိတ်ဆိုတာ……….ကျန်ခဲ့ပြီ
အနာဂတ်က မင်းအပေါ်မှာ…………….
ဒါကြောင့်
ပစ္စုပ္ပန်ကို ကောင်းအောင်လုပ် :hee:
အလင်းဆက်
April 26, 2013 at 8:46 pm
ဟက်ကဲ ့..ခည ။
ဒဂျားမင်း…
ိဟိုနေ့ကပြောထားတဲ ့ ကိစ္စလေး.လည်း.သတိရအုံးနော့် ။
ဒဂျားမင်းရဲ ့ ဝလစိန် လက်နက်ကြီးနဲ ့… ဟိုလူတစ်စုကို
ဒဲ ့ထိအောင်.. …. ပစ်ပါဆိုတာလေ… ။
ဒါနဲ ့ အူးမာဂ ရဲ ့ မဟေသီကြီးကတော့..
လက်လည်း..မတည့် ပဲနဲ ့…လို ့..ဝင်မပြောလောက်ပါဘူးနော့် ။
:kwi:
:kwi:
ချစ်ခင်စွာ…
Mr. MarGa
April 26, 2013 at 8:50 pm
ပြောပါသကွယ်………..
အတိတ်ဆိုတာ ကျန်ခဲ့ပါပြီ…လို့
အတိတ်က ကိစ္စတွေ ပြန်မဖော်နဲ့တော့လေကွယ် :hee:
သိကြားပစ်တာက ထိလွန်းလို့ ပတ်ပြေးနေကြတယ်ကွယ့်
အရှင် သခင် ဆရာ ကိုယ်တော် mobile
April 26, 2013 at 8:58 pm
ယခုလို ပို့စ်လေးတွေ ဖတ်ရတာ
ကျွန်ုပ်၏ စိတ်မှာ အနည်းငယ်မျှသော်၎င်း တစိတ်တပိုင်းမျှသော်၎င်း
စဉ်းစား ဆင်ခြင်စရာလေးတွေ ပေါ်ပေါက်လာပါတယ်…….
ကျေးဇူးတင်ပါ၏……….
kyeemite
April 27, 2013 at 9:40 am
အတိတ်ကို အတိတ်မှာပဲထားခဲ့ပါရစေလား….
နှောင်းခဲ့တဲ့ သစ္စာရှင်ကြီးရယ်…
ဟဲဟဲ..သတိရမိတဲ့ သီချင်းတစ်ပိုင်းတစ်စပါ… :hee:
rain pricess
April 27, 2013 at 2:26 pm
ကောင်းတယ်…စာအုပ်တွေဟာ..အရမ်းအဖိုးတန်ပါတယ်…။
မေ.တတ်တာတော. မကောင်းဘူး……
အလင်းဆက်
April 27, 2013 at 7:14 pm
ကိုယ်တော်ကြီးဗျာ့….
ဖတ်ရှု ခံစားသွားတဲ ့အတွက်လည်း..
သာေးတာ်လေးက ကျေးဇူးတင်ပါ၏…
ဟိဟိ
——————-
အလင်းဆက်
April 27, 2013 at 7:18 pm
ဦးကြီး…မိုက်
ပိုစ့်လေး ဖတ်ပြီးတော့…
သီချင်းကလေးပါ..သတိရသွားတော့…
ပို သက်ဝင်သွားတာပေါ့နော် ။
အားပေးမှု အား.ကျေးဇူးတင်လျက်ပါဗျ ။
အလင်းဆက်
April 27, 2013 at 7:21 pm
မိုးမင်းသမီးရေ..။
အခုလို ဖတ်ရှု ခံစား..ဝေဖန် ဆွေးနွေးပေးလို ့..ကျေးဇူးပါ ။
မေ့တတ်တာမကောင်းဘူးဆိုလို ့…
ဟုတ်တယ်ဗျာ ။
မေ့တတ် တာ လည်းကျွန်တော့်အကျင့်ပါပဲ ။
တစ်ခါတလေ..ကိုယ့်နာမည် အရင်းတောင် ကိုယ်ပြန်မေ့တတ်တာ .။
ပြီးတော့.. တစ်ခါတလေ..ဆို မှန်ကြည့်ရင်းနဲ ့ ကိုယ့်ရုပ်ကိုယ် မမှတ်မိဘူး ။
ကျွန်တော့်က ကိုယ့်ကို ကိုယ် မင်းမော်ကွန်းနဲ ့ တူတယ် ။
နိုင်းနိုင်းနဲ ့တူတယ်..စသည်ဖြင့်…မှတ်ထားတော့….လေ ။
🙂
မကြည်ပြာ
April 28, 2013 at 1:24 pm
အတိတ်ဆိုတာ ပိုရင့်ကျက်တဲ့ အနာဂတ်ကို ဖန်တီးဖို့ အထောက်အကူပေးနိုင်တဲ့
တွန်းအားတခုလဲ ဖြစ်နေပါသေးတယ်….
rain pricess
April 28, 2013 at 2:00 pm
အကျင်.ပဲ ဆိုပြီး..မပြင်ရင်တော. အကို.အတွက် မလွယ်ဘူးနော်…
ရောဂါတစ်ခုလို. သဘောမထားနဲ. ပြင်လို.ရ ရမယ်ဆိုပြီး..ပြင်ပေါ.
အသိဉာဏ်ရှိတဲ. လူပဲ..မရဘူးဆိုတာ မရှိပါဘူး ကိုယ်.စိတ်ကသာအဓိကပါ..
ဟုတ်တယ် မလား….;D
lady mobile
April 28, 2013 at 5:14 pm
အတိတ်ကအမှားတွေကို
ယခုအသိစိတ်ရှိပြီး အမှန်ပြင်တော့ကောင်းတာပေါ့နော်
ကောင်တဲ့အတွေးတွေ ဝင်စေတဲ့အတွက် ကျေးဇူး ……..
အလင်းဆက်
April 28, 2013 at 7:22 pm
မကြည်ပြာ ေ ပြာတဲ ့ စကားလေး သဘောကျတယ်ဗျ ာ ။
အလင်းဆက်
April 28, 2013 at 7:32 pm
rain pricess
ရေ. ။
အခုလို .. အရေးတယူ..အကြံပြု စကားပြောတဲ ့အတွက်..
ဝမ်းသာပါ၏
ကျေးဇူးလည်းတင်ပါ၏
ကြိုးစားပါဦးမည် ။
🙂
အလင်းဆက်
April 28, 2013 at 7:49 pm
အူးအူးမို..ရဲ ့ ဟိုဒင်း..ခည ။
အဒုလို .. လာရောက် ဖတ်ရှု ခံစားပေးသောကြောင့်.
ကျေးဇူး တင်ပါ၏
🙂
သူကလေး
April 29, 2013 at 4:16 pm
အင်း …. အချစ်ဝတ္ထုတွေမဖတ်ချင်တော့ဘူးဆိုတဲ့ အလင်းဆက်တစ်ယောက် သူကလေးရေးတဲ့အချစ်အကြောင်းတွေကို လာဖတ်သွားလို့ကျေးဇူးတင်ပါတယ် :kwi:
အမြဲတမ်းယုံကြည်ပီး ခံယူထားတဲ့အယူအဆတစ်ခုရှိတယ်
လူတစ်ယောက်ကို တခြားလူတစ်ယောက်က ဘယ်တော့မှပြောင်းလဲလို့မရနိုင်ဘူး
သူကိုယ်တိုင်ပဲ ပြောင်းလဲပစ်နိုင်တယ်လို့ ခံယူထားတယ်
ဒါကြောင့် ပြောင်းလဲသင့်ပြီလို့ ကိုအလင်းဆက်ယုံကြည်ထားပြီဆိုရင်
အနှေးနဲ့အမြန် ပြောင်းလဲသွားမှာပါ
အလင်းဆက်
April 29, 2013 at 8:08 pm
အချစ်ဝတ္ထုတွေ မဖတ်တော့ဘူး…ဆိုပေမယ့်…
ရသ ဝတ္ထုတွေတော့..ဖတ်နေတယ် ။
🙂