alinsettMay 19, 20131min048
ဂဇက်ရွာ သူကြီးနှင့်တကွ ရွာသူား စာချစ်သူများ ကို တင်ပြ / ခွင့်တောင်းစရာလေးတွေ ရှိလာပါတယ်။ အဲဒါတွေကတော့. . . …………….. ========================================== အခုရက်ပိုင်း အတွင်း ဂဇက်ရွာ ထဲမှာအရေးတော်ပုံတစ်ခု ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်နေပါတယ်။ အရေးတော်ပုံဆိုတာက “ ကဗျာ့ အရေးတော်ပုံ ” ပါ။ :kwi: ဟိုတစ်နေ့က ..ကဗျာ ပြခန်းတစ်ခု ဖွင့်လှစ့်ပြသ ဖို့ လမ်းစ ပျိုးလိုက်တဲ့နောက်မှာ ကျွန်တော်နဲ့ အတူ ကဗျာ့အရေး တက်ကြွလှုပ်ရှားသူ ( ဂဇက်ရွာသူားတစ်စု) အချိတ်အဆက်တွေ လုပ်ပြီး တိုင်ပင်ကြ / ဆွေးနွေးကြ / ငြင်းကြ ခုန်ကြနဲ့ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားတာပါ။ အခုတော့ ကဗျာ့အရေးတက်ကြွလှုပ်ရှားသူ တစ်စုရဲ့ […]


ယနေ့သည် ခရစ်နှစ် ၂၀၁၃ မေလ၊ ၁၉ရက်ဖြစ်ပါသည် 。。。。။ တနင်္ဂနွေနေ့ ဖြစ်သောကြောင့် မန်းလေးဂဇတ် ခေါ်သည့် ရွာထဲတွင် လူနည်းနေမည်ဟု ထင်ပါသည်။ ရွာသူ/သားများ မအားတာတစ်ကြောင်း၊ ဆိုင်ရာ ကိုယ်ရေးကိစ္စများ ရှိနေသည်ကတစ်ကြောင်း 。。。 အကြောင်းကြောင်းသော ကိစ္စရပ်များကြောင့် မေ့များနေမလား၊ ဒါမှမဟုတ် အိပ်များပျော်နေမလား ။ စိုးရိမ် ပူပန်ခြင်းများစွာဖြင့် အသိပေးနှိုးဆော်အပ်ပါသည် …….. ။ :bar:                                 :buu:                                            :harr: ဒါပီး နောက်ပိုင်း ဘာသံမှ မကြားတော့လို့ ……. အားလို့ ရွာထဲ ဝင်ဖြစ်တိုင်း ဘယ်နေ့ပေါ်လာမလဲ …… ဘယ်နေ့ပေါ်လာမလဲ စောင့်နေလိုက်ရတာ …. မပေါ်လာတဲ့ အဆုံးမတော့ လူမုန်းခံပီး (နဂိုကတည်းက ခံရပီးသား ) ရွာ့အော့ကြောလန် တယောက်အနေဖြင့် ဘေးက၊ […]


ဘင်ဘိုxxxဘင်ဘိူxxxxxxxxxxခွေးငယ်ကလေးမင်းရဲ ့အမည် ဘင်ဘိုxxxxxဘင်ဘိုxxxxxxxxxxမင်းကခေါ်တိုင်းအမြဲတမ်းလာ ဘင်ဘိုxxxxxဘင်ဘိုxxxxxxxxxလိမ္မာပါတယ်ကွာ မင်းကဖြူစင်တယ်တကယ်xxxxxxxxxxxအလွန်လိမ္မာတဲ ့ခွေးလေးကွယ်.….. ဟုတ်ပါတယ်..ကျွန်တော်တို ့အိမ်မှာအိမ်မွေးတိရိဆ္တန်တွေကိုမွေးတတ်ကြပါတယ်… ခွေးကိုချစ်တဲ ့လူတိုင်း(အချိူ ့သောလူတွေကမချစ်တတ်ပါဘူးလို ့တရားဝင်ပြောတဲ ့လူတချိူ ့ကိုလည်းတွေ ့ဖူးကြမှာပါ….) ခွေးတွေဟာသခင်အပေါ်မှာ…သစ္စာအရှိဆုံးဆိုတာကမ္ဘာချီပြီးတော ့တောင်ပြောကြပါသေးသည်…. ဂျပန်မှာဆိုတကယ် ့အဖြစ်အပျက်..တစ်ခုတောင်ရှိတယ်ဆိုတာ…စာဖတ်သူတို ့ကြားဖူးဖတ်ဖူးမှာဖြစ်ပါတယ်….. ခွေးတွေဟာ…သခင်တွေအပေါ်သစ္စာစောင် ့သိနားလည်တတ်ပါတယ်….ဒါကြောင် ့ဒီသီချင်းလေးကိုခံစားရင်းဆောင်းပါလေးရေးလိုက်ပါတယ်…… (ဘင်ဘိုလေးနဲ ့မြေနီလမ်းလေးxxxxxအပြေးပြိုင်ဆော ့ကြတယ် သခင်ထံပြေးxxxxxအရိုအသေပေးမင်းလာရှိခိုးတတ်တယ် လူသားများကxxxxxအချင်းချင်းမုန်းကာလမ်းခွဲကြပေမဲ ့ လိမ္မာတယ်xxxxxကျေးဇူးတရားမမေ ့ပါတယ် လမ်းခွဲမသွားရက်တယ်xxxxxxxxxxxxxxx) လူသားတွေက…တစ်ယောက်နဲ ့တစ်ယောက်ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ…. ချောင်းမြောင်းနေတတ်တာကလည်းသဘာဝပါ…….ကိုယ် ့ထက်သာရင်မနာလိုကိုယ် ့ထက်နိမ် ့ကျပြီးလားဟေ ့ဆိုရင်…. ဝမ်းသာလို ့မဆုံး..ဒီလိုလူမျိူးတွေကိုလည်းတော်တော်များများတွေဖူးကြုံဖူးမှာပါ….. တချိူ ့ဆိုရင်လည်း…ခြေထိုးခံဘို ့ဝန်မလေးတတ်ပါ…… မှန်တာပြောရင်…ရွာပြင်ထုတ်ခံတတ်ရတယ်ဆိုတာလည်းသိကြမှာပါ…… ကျွန်တော် ့ပါတ်ဝန်းကျင်မှာ ဒီလိုလူတွေကဒုနဲ ့ဒေးဗျ…… ဘယ်သူတရားပျက်ပျက်….ကိုယ်မပျက်စေနဲ ့တဲ ့လူတွေဟာတစ်ယောက်နဲ ့တစ်ယောက်မတည် ့တော ့ဘူးဆိုရင်…. […]


black chawMay 17, 20131min083
မိတ်ဆွေတို့ သတိထားမိကြမလား မဆိုနိုင်ပါဘူး…။ အခုတလော ဘလက်ချော ရေးတဲ့ ပို့စ်တွေမှာ အကိုးအကားတွေ များနေတာကို ပြောတာပါ…။ ကိုယ်ပိုင်အတွေးအခေါ်မရှိလို့ သူများ အတွေးအခေါ်တွေ ခိုးခိုးချနေတယ်လို့ ပြောရင်လည်း ခံရတော့မှာပါပဲ…။ သီချင်းတွေထဲက စာသားတွေ…၊ ကဗျာတွေထဲက စာသားတွေ…၊ ဦးကုလား မဟာရာဇဝင်ကြီးထဲက စာသား အပိုဒ်လိုက်တွေ…၊ နောက်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲက စာသားတွေတောင် မချန်…၊ ခိုးချပြီး ပို့စ်တွေရေးနေမိတာကို ဘယ်သူမှ လက်ညှိုးမထိုးခင် ကိုယ့်ကိုယ်ကို လက်ညှိုးထိုး လိုက်ပါတယ်ဗျာ…။ ဆိုတော့…။ အခုပို့စ်ကရောတဲ့…။ ဟုတ်ကဲ့…။ ဆဲရင်လည်း ခံရမှာပဲ…။ ဇာတ်မင်းသားလေး သိန်းဇော်ရဲ့ ကဗျာလေးတစ်ပုဒ်နာမည်ကို ကိုးကားခွင့်ပြုပါဦးလို့…။ ကဗျာလေးရဲ့ နာမည်က မိမိကိုယ်မိမိ ခိုးယူပေါင်းသင်းခြင်း …တဲ့…။ အဲဒါလေးမပြောခင် ဇာတ်မင်းသားလေး မောင်သိန်းဇော်အကြောင်း နည်းနည်း ပြောကြဦးစို့ရဲ့…။ မောင်သိန်းဇော် […]


alinsettMay 16, 20131min019
ကဲ….ကဲ…. ရွာထဲက စာချစ်သူ စာဖတ်ပလိတ်သတ်ကြီင်္း အတွက်… သတင်းတစ်ခု ပေးချင်လာလို ့…. ဒီ ပိုစ့်ကို ရေးလိုက်ပါတယ်ခင်ဗျ ။ ဘာသတင်းလဲ..ဆိုတော့… စာချစ်သူတွေ အတွက်… စာအုပ်သစ် ထွက်ရှိ်ကြောင်း..သတင်းကောင်းလေး ပေါ့ဗျာ….။ ===================== ဘာစာအုပ်လဲ….. ?????????? နိုင်ငံရေး..အတွေးအခေါ် လေးတွေကို… ရသမြောက်မြောက် ဆက်တွေး နိုင်မယ့်.စာအုပ် ပါ ။ ဘယ်သူရေးတာလဲ…. ????????? မူရင်းစာရေးဆရာကတော့.. စီးပွားရေး ပညာရှင်တစ်ယောက်ဖြစ်တဲ့…Paul Collier ( ပေါလ်ကိုလီယာ ) ပါပဲ ။ 2007 တုန်းက သူရေးထားတဲ့ စာအုပ်ပါ ။ မူရင်းစာအုပ်နာမည်က … ဘာလဲ…..????????????????? မူရင်းးး..စာအုပ် အမည်ကတော့.. The Bottom Billion ပါ ။ အခု… […]


alinsettMay 11, 20131min019
ဘုန်းကြီးအမှု ရွာပတ်တယ် ဆိုတဲ့စကားလိုပါပဲ။ မနေ့က ကိုယ်နဲ့တိုက်ရိုက် မဆိုင်တဲ့ ဖြစ်ရပ်တစ်ခုကို အကြောင်းပြုပြီး မတရားတဲ့ စွပ်စွဲချက်တွေနဲ့ ထိပါးစော်ကားခံလိုက်ရပါတယ် ။ အဖွဲ ့အစည်းနဲ့ လုပ်တဲ့ လုပ်ဆောင်မှုတွေမှာ တစ်ယောက်မကောင်းတာနဲ့ အဖွဲ့အစည်းတစ်ခုလုံး နာမည်ပျက်သွားလေ့ရှိတာ ထုံးစံပါပဲ။ ငခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တယ် ပဲ..ထားပါတော့။ ဒါပေမယ့်… တစ်ယောက်မကောင်းတာနဲ့ အကုန်လုံးက်ို သိမ်းကြုံးပြီး နာမည်ပျက်စေတဲ့အခါ… ကျန်တဲ့ ကောင်းနေသူတွေ ဘက်က ခံစားချက်ဟာ..အရေးမပါတော့ဘူးလား။ ခြေမမကောင်း ခြေမ / လက်မ မကောင်း လက်မ ဖြတ်ပစ်မှ သဘာဝကျမယ်ထင်ပါတယ် ။ လက်မတစ်ချောင်း မကောင်းတာနဲ ့လက်တစ်ဖက်လုံး ( လက်ငါးချောင်းလုံး) ဖြတ်ပစ်မယ်..ဆိုတာကတော့ သိပ် သဘာဝ မကျပါဘူး ။ အဖွဲ့ထဲက တစ်ယောက်က ဂုဏ်သိက္ခာ […]


ယနေ ့ညသန်းခေါင်ချိန်မှ စတင်ပြီး ခိုးဆိုးလုယက် မီးရှို့မှုများစတင်နေပြီဖြစ်သည်။နိုင်ငံနော်သမ္မတရုံးသို ့တိုင်ကြားထားသော်လည်း လုပ်ဆောင် တာဝန်ယူမှုအားနည်းနေသည်


မမေ့အပ်သော ဗုဒ္ဓ ၏ ဩဝါဒ အားကိုစရာ အစစ်က ဗုဒ္ဓံ ၊ ဓမ္မံ ၊ သံဃံ မိတ်ဆွေ အစစ်က ကံ ၊ ဉာဏ်၊ ဝိရိယ နေ့စဉ် အလုပ်က ဒါန ၊ သီလ ၊ ဘာဝနာ ရန်သူ အစစ်က လောဘ ၊ ဒေါသ ၊ မောဟ အမြဲ နှလုံးသွင်းရန် အစစ်က အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ အမြဲလက်ကိုင်ထားရန် အစစ်က ခနီ္တ ၊ သစ္စာ ၊ မေတ္တာ =========================== အမြဲရွတ်ဖတ်ရန် ဗုဒ္ဓ၏ စက်ကြီး ၁၃ စက် ၁ ။ ဩောင်း […]


alinsettMay 9, 20131min051
ရွာထဲမှာ တင်ပြလာတဲ့ ကဗျာတွေကို ဖတ်မိတိုင်း ကဗျာနဲ့ ပက်သက်ပြီး စိတ်ကူးတွေအမျိုးမျိုး ပေါ်ခဲ့ပါတယ် ။ ကဗျာ ဟာ ဒီရွာထဲမှာ အင်အားတစ်ခု အနေနဲ့ တောင့်တောင့်တင်းတင်း ရှိနေတယ်လို ့လည်း… ထင်ပါတယ်။ ကဗျာ ရေးတဲ့ ရွာသူားတွေ ရော / ကဗျာဖတ်တဲ့ ရွာသူားတွေရော ကဗျာကို ချစ်မြတ်နိုးတန်ဖိုးထား တတ်ကြမယ်ဆိုတာလည်း….. သေချာပါတယ်။ ရွာထဲမှာ ကဗျာတွေ စာတွေနဲ့ပက်သက်ရင် ကျွမ်းကျင် အဆင့်တွေ မနည်းဘူး ဆိုတာလည်း…… သတိပြုမိပါတယ်။ အနည်းဆုံးတော့ ဒီရွာသူားတွေဟာ… ကဗျာတွေ / စာတွေနဲ ့မစိမ်းတဲ့ ပုဂိ္ဂုလ်တွေပါ။ ———————————————- အခုတော့ ကဗျာ တွေ နဲ့ပက်သက်ပြီး စိတ်ကူးတစ်ခုကို ကျွန်တော်…..အကောင်အထည်ဖော်ချင်လာပါတယ်။ ဒီစိတ်ကူးကတော့………………… ———————————————- ဟ်ိုတလောက အလုပ်နားရက်မှာ […]


etoneMay 8, 20133min017
အချိန်တွေ ကုန်မြန်လွန်းလှပါတယ် … ဒါဇင်ပလက်စ်ရဲ့ လစဉ် အလှူအတွက် ဘယ်မှာသွားလှူရမလဲ ကျောင်းရွေးခါနီးတိုင်း ခေါင်းလည်း စားကြရတယ် … လတ်လောတော့ ရန်ကုန်မြို့တွင်းက ဘကကျောင်းတွေကိုပဲ ဦးတည်လှူဒါန်းဖို့ စိတ်ကူးထားတာကြောင့် နီးစပ်ရာ ဘက ကျောင်းစာရင်းတွေလုပ်ရပါတယ် ။ ဘယ်ကျောင်းကို အရင်သွားရမလဲ ဆိုတာ မဲစနစ်နဲ့ ရွေးချယ်ရပါတယ် ။ ယခုလအတွက် မဲပေါက်သော်လည်း ၊ ကြိုတင်ဆက်သွယ်လို့ မရတဲ့အတွက် သွားမလှူဖြစ်ပဲ တခြား ကျောင်းတွေကိုသာ လှူဖြစ်ခဲ့တဲ့ အဖြစ်တွေလည်း ရှိပါတယ် … ။ ဒါဇင်ပလက်စ်အဖွဲ့ဝင်တိုင်း အလုပ်ကိုယ်စီသွားကြရတာကြောင့် အလှူနေ့ကွန်ဖမ်းဖြစ်ဖို့ စာတွေပို့ ၊ ဖုန်းတွေဆက်နဲ့ လှုပ်ရှားရင်း ၊ တလပြီး တလ ဖြတ်သန်းကြရပါတယ် ။ %%%%%%%%%%%%%%%%%% ဒါဇင်ပလက်စ်ရဲ့ (၉)ကြိမ်မြောက်အလှူအဖြစ် 6-4-13ရက်နေ့တွင် […]


kotun winlattMay 8, 20132min045
စာမရေးဖြစ်တာကြာတော့ ဘယ်ကစပြီးရေရမလဲ မသိဖြစ်နေတော့တာ…. အရင်ကလို ဂေဇက်ရွာကြီးထဲကိုလည်း သိပ်မရောက်ဖြစ်… ဘာကြောင့် ဘာအတွက်ဆိုတဲ့ အကြောင်းပြချက်မှာ ရေရေရာရာ မရှိလှပေ…. အဓိက အကြောင်းပြချက်ကတော့ လူပျို လူလွှတ်ဘဝနဲ့ အိမ်ထောင်ကျပြီးသွားသော ဘဝနှစ်ခုကြားက ကွာခြားချက်ဟု ပြောရမည် ထင်ပါသည်။ အရင်က ကျနော့်ကို ဘာတွေလုပ်နေနေ ပြောမည့်သူမရှိ…. အမေ အဖေတို့ကလည်း ဒီအသက် ဒီအရွယ် ကလေးမဟုတ်တော့ သူ့ဟာသူ ဆင်ခြင်လိမ့်မယ် ဆိုပြီး တော်ရုံတန်ရုံ သိပ်မပြောကြ… ဒီတော့ ကျနော် စိတ်ထဲရှိရာ စိတ်ထဲထင်ရာတွေ လျှောက်လုပ် လျှောက်သွားနေခဲ့သည်သာ… စိတ်လွှတ်ကိုယ်လွှတ်ဟု ဆိုရမည်ထင်ပါ့…. ကွာဟချက်နှစ်ခုကြားမှာ အံဝင်ခွင်ကျဖြစ်အောင် ကျနော် ကြိုးစားနေသောကြောင့် ဟုပြောလျှင်လည်း ရသလို ထိန်းချုပ်မှုတွေ ကြားမှာ ရောက်နေသော ဘဝဟုလည်း ဆိုနိုင်လောက်ပါသည်။ အရင်ကတော့ အဖေ […]


၂ဝ၁၃ခု၊ မေလ၊ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်စ် သတင်းစာထဲမှာ ဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ်ကတော့ မူလတန်းပညာရေးမှာ အင်္ဂလိပ်စာကို သုံးတန်းမှသာ စတင်သင်ကြားတော့မည်ဖြစ်ကြောင်း၊ ပြဌာန်းစာအုပ်ပြုပြင်မယ့်အကြောင်း နဲ့ ဘယ်စာသင်နှစ်မှာ စတင်အကောင်အထည်ဖော်မလဲ ဆိုတာကိုတော့ မသိရသေးကြောင်း ပါရှိပါတယ်။ သုံးတန်းမှာပြဌာန်းစာအုပ်အသစ်နဲ့ စတင်သင်ပြီး ကလေးတွေရဲ့ အခြေအနေအရ ဆက်လက်လုပ်ဆောင်သွားမယ့် အကြောင်း၊ တာဝန်ရှိသူတစ်ဦးရဲ့အပြောကတော့ “အင်္ဂလိပ်စာကို အထင်ကြီးလို့တော့ မဟုတ်ဘူး။ လူရာဝင်အောင်သင်တာပါ“ တဲ့။ သတင်းအကျဉ်းကတော့ ဤမျှသာ။ အခုလေသံနားထောင်ရတာနဲ့တင် ပညာရေးပြောင်းလဲမှုကို လက်တည့်စမ်းလုပ်ကြဦးမယ်လို့ ယူဆလို့ရနေပါပြီ။ သုံးတန်းအတွက် အင်္ဂလိပ်စာပြဌာန်းစာအုပ်ကို စတင်သင်မယ်။ ဘာဆာဗေးမှ လုပ်ထားမယ့်ပုံမရဘူး။ အခြေ အနေကြည့်ပြီး လေးတန်းအတွက် စာအုပ်ထပ်လုပ်မယ်။ အဲဒါမျိုးဖြစ်နေပါပြီ။ တကယ်ဆို ပြဌာန်းစာအုပ်ကို အတန်းစဉ်အားလုံးအတွက် စံနစ်တကျ လုပ်ထားရမှာပါ။ ကျမတို့ခေတ်တုန်းက ၁ဝတန်းအင်္ဂလိပ်စာကို  Wuthering Heights […]


+++++++++++++++++++++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++++++++++++++++++++ အိုက်စက်ပြီး ပူလောင်နေတဲ့ ရာသီဥတုကို ကြုံတွေ့နေရတဲ့ အခါ အေးမြမှုရဲ့ တန်ဖိုးဟာ ပိုပြီး တိုးလာခဲ့သလိုပါပဲ။ ဒါပေမယ့်လို့လည်း အေးမြမှုကတော့ သူ့ရဲ့ နဂိုရှိရင်း တန်ဖိုး အတိုင်းပါပဲ။ အေးစက်ပြီး တောင့်ခဲသွားမလား ဆိုတဲ့ အခြေအနေများကို ကြုံတွေ့ရတဲ့ အခါမျိုးမှာ ပူနွေးခြင်းရဲ့ တန်ဖိုးဟာ ပိုပြီး တိုးလာမှာပါပဲ။ ဒါပေမယ့်လို့လည်း ပူနွေးခြင်းကတော့ သူရဲ့နဂိုရှိရင်း တန်ဖိုး အတိုင်းပါပဲ။ ဗိုက်ပြည့်နေသူ တစ်ယောက်အတွက် ထမင်းတစ်လုပ်ဟာ ဟင်းစော်နံတယ်ကွာလို့ အပြစ်ဖို့ချင်စရာပါပဲ။ ဒါပေမယ့်လို့လည်း ငတ်မွတ်နေသူတစ်ယောက် အတွက်တော့ ဒီထမင်းတစ်လုပ်ဟာ နတ်သုဒ္ဓါတမျှပါပဲ။ ဒီလိုမျိုး အခြေအနေ မတူပေမယ့်လည်း ထမင်းတစ်လုပ်ဟာ သူ့ရဲ့ နဂိုတန်ဖိုးအတိုင်းပါပဲ။ အရာရာဟာ သူ့နေရာနဲ့သူ၊ သူ့တန်ဖိုးနဲ့သူ ရှိပြီးသားပါပဲ …..။ အခြေအနေ အချိန်အခါအလိုက် […]