kaiMarch 16, 20264min00
by Myanmar Gazette အမေရိကား ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုဌာန (U.S. Department of Health and Human Services – HHS) နှင့် စိုက်ပျိုးရေးဌာန (USDA) တို့သည် ၂၀၂၅-၂၀၃၀ ခုနှစ်အတွက် အမေရိကန် နိုင်ငံသားများအတွက် အစားအသောက်ဆိုင်ရာ လမ်းညွှန်ချက်များ၏ အစိတ်အပိုင်းတစ်ခုအဖြစ် အစားအစာပိရမစ်အသစ်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအစားအစာပိရမစ်အသစ်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို မတ် ၁၃ ရက်က American Community Media (ACoM) က ကျင်းပခဲ့သည်။ အစားအစာပိရမစ် ပုံစံအသစ်သည် ဆယ်စုနှစ်များစွာကြာ ကျင့်သုံးလာခဲ့သည့် ဖယ်ဒရယ်အစိုးရ၏ အာဟာရလမ်းညွှန်ချက်များကို ပြောင်းပြန်လှန်လိုက်ခြင်းဖြစ်ပြီး၊ ကောက်ပဲသီးနှံများကို အောက်ခြေတွင်ထားရှိကာ အရေးမပါသကဲ့သို့ […]


kaiMarch 13, 20267min00
California ပြည်နယ်အတွင်း အရေးပေါ်အခြေအနေများ ကြုံတွေ့လာပါက Californians များ ရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်ရမည့် အချက်များအတွက် California Governor’s Office of Emergency Services (CalOES) ကို ၁၉၄၃ ခုနှစ်က State War Council တွင် စတင်တည်ထောင်ခဲ့ပြီး အရေးပေါ်အခြေအနေများကို ထိန်းသိမ်းမှုများ တိုးမြှင့်ခဲ့ကာ ၁၉၇၀ တွင် တရားဝင်ရပ်တည်ခဲ့သည်။ California Governor Newsom က ဘတ်ဂျက် ဒေါ်လာ သန်း ၅၀ ရင်းနှီးကာ အရေးပေါ်အခြေအနေများအတွက် Listos California (https://www.listoscalifornia.org/) ကို ၂၀၁၉ တွင် တည်ထောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် CalOES ၏ Pilot Program ဖြစ်လာခဲ့သည်။ ဆွေးနွေးပွဲတွင် […]


kaiMarch 11, 20261min00
Los Angeles ပန်းခြံများအတွက် လိုအပ်ချက်များကို မြို့ခံများက ထုတ်ဖော်ပြောဆိုပြီးပြီဖြစ်ရာ အုပ်ချုပ်သူများအနေဖြင့် ချက်ချင်း အကောင်အထည်ဖော်ရန် လိုအပ်သည်။ (လော့စ်အိန်ဂျလိစ်မြို့မှလူမျိုးစုမီဒီယာများ၏ မြို့တော်ဝန်သို့ အိတ်ဖွင့်ပေးစာ) Los Angeles မြို့တော်အစိုးရသည် ပြီးခဲ့သည့်နှစ်အတွင်း ပန်းခြံများနှင့် ပတ်သက်၍ ပြည်သူများ၏ လိုအပ်ချက်နှင့် ဆန္ဒများကို မေးမြန်းစုံစမ်းသည့် အလွန်အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုကို လုပ်ဆောင်ခဲ့သည်။ မြို့တော်၏ မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းများအတွက် အကျိုးပြုနေသော သတင်းမီဒီယာများအနေဖြင့် မြို့ခံပြည်သူများ ထုတ်ဖော်ပြောဆိုခဲ့သည့် အချက်အလက်များကို လျစ်လျူမရှုကြရန် ကျွန်ုပ်တို့က မြို့တော်ခေါင်းဆောင်များကို တိုက်တွန်းနှိုးဆော်အပ်ပါသည်။ လူဦးရေ ၁ သိန်းကျော်သည် ပန်းခြံလိုအပ်ချက် ဆန်းစစ်ချက် (Parks Needs Assessment) တွင် ပါဝင်ဖြေဆိုခဲ့ကြပြီး ၎င်းက လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်းကို ဖော်ပြနေပါသည်။ လော့စ်အိန်ဂျလိစ်၏ ပန်းခြံစနစ်သည် ဒေါ်လာ […]


kaiMarch 10, 20263min00
by Myanmar Gazette နက်ရှိုင်းသော အညစ်အကြေးများနှင့် ပြည့်နှက်နေသော ခေတ်ကာလများတွင် ဟာသသည် စိတ်ပျက်အားငယ်မှုများအတွက် အကောင်းဆုံး ခုခံကာကွယ်မှု (Defense Mechanism) ဖြစ်နိုင်ကြောင်း ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်က အမေရိကန် (US) အခြေစိုက် American Community Media (ACoM) က ဦးစီးကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ယဉ်ကျေးမှုနောက်ခံ မတူညီသော အသံသုံးမျိုးကို ပေါင်းစည်းပေးခဲ့ပြီး၊ ဟာသသည် ကြံ့ကြံ့ခံနိုင်စွမ်း (Resilience) အတွက် ကိရိယာတစ်ခုအဖြစ် လည်းကောင်း၊ အာဏာရှင်စနစ် (Authoritarianism) ကို တိုက်ခိုက်သည့် လက်နက်တစ်ခုအဖြစ် လည်းကောင်း၊ ကွဲပြားနေသော လူ့အသိုက်အဝန်းများကြား ပေါင်းကူးတံတားတစ်ခုအဖြစ် လည်းကောင်း အသုံးဝင်ပုံများကို ဆွေးနွေးခဲ့ကြပါတယ်။ ဝမ်းနည်းမှုအတွက် ပဋိဇီဝဆေး – […]


kaiFebruary 24, 20262min00
by SweSwe Aye ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၇ ရက်အတွင်း ပြုလုပ်မည့် ကာကွယ်ဆေးဆိုင်ရာ အကြံပေးကော်မတီ (Advisory Committee on Immunization Practices-ACIP) ၏ အစည်းအဝေးသည် အမေရိကားပြည်သူ့ကျန်းမာရေး၏ အနာဂတ်အတွက် အရေးကြီးသော အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ပါသည်။ တုပ်ကွေး၊ RSV နှင့် ကိုဗစ်-၁၉ ကဲ့သို့သော ရာသီအလိုက် ကာကွယ်ဆေးများအတွက် စံနှုန်းများ သတ်မှတ်ပေးလေ့ရှိသည့် ဤကော်မတီသည် လက်ရှိတွင် အဖွဲ့ဝင်အသစ်များနှင့် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် အကြီးအကျယ် ပြောင်းလဲလျက်ရှိပါသည်။ ပြီးခဲ့သည့် ဇွန်လတွင် ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဝန်ကြီး Robert Kennedy သည် ယခင် ACIP အဖွဲ့ဝင်အားလုံးကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ကာကွယ်ဆေးအပေါ် […]


kaiFebruary 18, 20263min00
SweSwe Aye ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀၂၆ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ အမေရိကား ဒီမိုကရေစီ၏ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဗဟိုအစိုးရနှင့် ပြည်နယ်အာဏာပိုင်များအကြား ဥပဒေရေးရာနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အားပြိုင်မှုများ ပြင်းထန်စွာ ပေါ်ပေါက်လျက်ရှိသည်။ American Community Media က ဦးစီးပြီး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၆၊ ၂၀၂၆ က ကျင်းပခဲ့သည်။ Department of Justice (DOJ) သည် ပြည်နယ်အားလုံးနီးပါးနှင့် ဝါရှင်တန်ဒီစီတို့ထံမှ ပြည်နယ်အဆင့် မဲပေးသူစာရင်းများ အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လျှို့ဝှက်မှတ်တမ်းများ၊ အချို့သော ကိစ္စရပ်များတွင် ယခင်ရွေးကောက်ပွဲများမှ မဲလက်မှတ်များနှင့် ရွေးကောက်ပွဲဆိုင်ရာ စက်ပစ္စည်းများကိုပါ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်ကို လိုက်နာရန် ငြင်းဆန်သည့် […]


kaiFebruary 4, 20263min00
by SweSwe Aye United States ၏ နှစ် (၂၅၀) ပြည့် နှစ်ပတ်လည်နေ့ နီးကပ်လာသည်နှင့်အမျှ အမေရိကား၏ သမိုင်းကြောင်းကို မည်သူက အဓိပ္ပာယ်ဖွင့်ဆိုခွင့်ရှိသနည်းဟူသည့်အချက်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ပြင်းထန်လာနေပါသည်။ လက်ရှိအစိုးရသည် သမိုင်းကို သန့်စင်ရန် စနစ်တကျ ကြိုးပမ်းနေပြီး လူဖြူမဟုတ်သော လူမျိုးစုများ၏ အခန်းကဏ္ဍကို မှေးမှိန်စေကာ “လူဖြူများသာ ပါဝင်သည့် ဇာတ်ကြောင်းတစ်ခု အဖြစ် ပြောင်းလဲနေကြောင်းကို ဇန်နဝါရီ ၃၀၊ ၂၀၂၆ က American Community Media က ပြုလုပ်သော ဆွေးနွေးပွဲတွင် ပါဝင်သူများက အချက်အလက်များနှင့် ဆွေးနွေးခဲ့သည်။ “အတိတ်ကို ထိန်းချုပ်နိုင်သူဟာ အနာဂတ်ကို ထိန်းချုပ်နိုင်ပါတယ်။ လက်ရှိကို ထိန်းချုပ်နိုင်သူဟာ အတိတ်ကို ထိန်းချုပ်နိုင်ပါတယ်” ဟု ACoM […]


kaiFebruary 3, 20264min00
by SweSwe Aye Minneapolis ရှိ ICE (လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အရာရှိများ) ၏ လုပ်ဆောင်ချက်များကို ဆန့်ကျင်ဆန္ဒပြစဉ်အတွင်း အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သူ Rene Nicole Goode အသတ်ခံရပြီးနောက်၊ ပြင်းထန်သော ဝင်ရောက်စီးနင်းမှုများမှသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုခုခံလှုပ်ရှားမှုကြီးအဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။ American Community Media မှ ပြုလုပ်သော ဆွေးနွေးပွဲတွင် တက်ကြွလှုပ်ရှားသူများ၊ ဥပဒေပညာရှင်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူများက ဖက်ဒရယ်အစိုးရ၏ အင်အားသုံးဆောင်ရွက်မှုများသည် အထောက်အထားမဲ့များအပြင် အမေရိကန်နိုင်ငံသားများနှင့် ကျောင်းများကဲ့သို့သော အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများကိုပါ ထိခိုက်လာစေသည့် “ထိပ်တိုက်ရင်ဆိုင်မှုအဆင့်” သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။ Sanctuary Schools များ၏ တိုက်ပွဲ Minneapolis တွင် Goode သေဆုံးမှုသည် မိဘများနှင့် ဆရာဆရာမများအကြား အင်အားကြီးမားသော စုစည်းမှုတစ်ခုကို […]


kaiJanuary 28, 20263min00
မကြာသေးမီက ပြုလုပ်ခဲ့သော KFF ၏ လေ့လာမှုအရ United States တွင် သုံးစွဲနေသော ဒေါ်လာ ၅ ဒေါ်လာတိုင်းတွင် ၁ ဒေါ်လာမှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆက်စပ်နေကြောင်း သိရသည်။ နိုင်ငံ၏ ကျန်းမာရေးအသုံးစရိတ်သည် စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၏ ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းနှင့်အတူ၊ တိုးပွားလာသော ကုန်ကျစရိတ်ဝန်ထုပ်ဝန်ပိုးကြောင့် အမေရိကန်ပြည်သူ သန်းပေါင်းများစွာသည် ကျန်းမာရေးအာမခံနှင့် အခြေခံလိုအပ်ချက်များအကြား တစ်ခုကို ရွေးချယ်ရမည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ပညာရှင်များက သတိပေးထားသည်။ American Community Media က ကျင်းပသော ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူ ပညာရှင်များက ဖက်ဒရယ်အခွန်သက်သာခွင့်များ သက်တမ်းကုန်ဆုံးခြင်း၊ ဆေးဝါးဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းနှင့် ဈေးကွက်လက်ဝါးကြီးအုပ်မှုများကြောင့် အမေရိကား ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် အဆိုးရွားဆုံးအခြေအနေသို့ ဆိုက်ရောက်နေကြောင်း […]


kaiJanuary 16, 20263min00
အမေရိကား စစ်ဘက်ဆိုင်ရာ၏ ရုတ်တရက် ဝင်ရောက်စီးနင်းမှုကြောင့် အလွန် Venezuela နိုင်ငံသမ္မတ Nicolás Maduro ရာထူးမှ ဖယ်ရှားခံလိုက်ရခြင်းသည် နှစ်ရှည်လများ ဖြစ်ပွားနေသော Venezuela နိုင်ငံရေး ပဋိပက္ခ၏ အခန်းကဏ္ဍတစ်ခုကို အဆုံးသတ်လိုက်သော်လည်း ပိုမိုရှုပ်ထွေးပြီး မရေရာသော အခြေအနေသစ်တစ်ခုကို ဖန်တီးလိုက်သကဲ့သို့ ဖြစ်နေသည်။ American Community Media က ဦးစီးပြီး ဇန်န၀ါရီ၉၊ ၂၀၂၆တွင် ဥပဒေ၊ သမိုင်းနှင့် နိုင်ငံတကာ မူဝါဒရေးရာ ကျွမ်းကျင်သူများက ဤစစ်ရေးအရ ကြားဖြတ်ဝင်ရောက်မှု၏ တရားဝင်မှု၊ Venezuela ပြည်သူတို့၏ စိုးရိမ်ပူပန်မှုများနှင့် ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးထက် ရေနံကိုသာ အဓိကထားနေသည့် အမေရိကား၏ မူဝါဒသစ်များကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ၁။ ပြည်တွင်းဖြစ်ရပ်မှန် – စိုးရိမ်မှု၊ ဝေခွဲမရမှုနှင့် “တစ်ဆို့နေသော […]


kaiDecember 31, 20253min00
အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများနှင့် သေနတ်ဖြင့် အကြမ်းဖက်မှုများသည် အမေရိကားတွင် နေထိုင်သူများအတွက် စိတ်မချမ်းမြေ့ဖွယ်ရာ ထပ်တလဲလဲ ဖြစ်နေခဲ့သည်။ American Community Media မှ ဆွေး‌နွေးပွဲတွင် လေ့လာပြုစုထားသော အချက်အလက်များနှင့် ကိုယ်တွေ့ဖြစ်ရပ်များမှတစ်ဆင့် မျှော်လင့်ချက်အချို့ကို တွေ့ရှိခဲ့ရသည်။ အမေရိကားသည် အခြားနိုင်ငံများနှင့် ယှဉ်လျှင် သေနတ်ဖြင့် သေဆုံးမှုနှုန်း အမြင့်မားဆုံးဖြစ်နေဆဲ ဖြစ်သော်လည်း၊ မကြာသေးမီက တွေ့ရှိရသော အချက်အလက်များနှင့် သုတေသနပြုချက်အရ ထိုအခြေအနေမှာ ပြောင်းလဲစပြုနေပြီ ဖြစ်ကြောင်း သိရသည်။ အသက်ရှင်ကျန်ရစ်သူ၏ အသံ – “ကျွန်မတို့နဲ့တင် ဒီဖြစ်ရပ်တွေ ရပ်တန့်သွားသင့်တယ်” ရှင်းလင်းပွဲတွင် Teachers Unify to End Gun Violence အဖွဲ့၏ ပူးတွဲတည်ထောင်သူနှင့် ဆရာမတစ်ဦးဖြစ်သူ Sarah Lerner က ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော သေနတ်ပစ်မှုကို […]


kaiDecember 28, 20255min00
၂၁ ရာစုတွင် ဒစ်ဂျစ်တယ်နည်းပညာကို နားလည်တတ်ကျွမ်းခြင်း (Digital Literacy) သည် ဇိမ်ခံစရာ ဂုဏ်ပကာသနတစ်ခု မဟုတ်တော့ဘဲ ကျန်းမာသော သက်ကြီးဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက် မရှိမဖြစ်သည့် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်လာခဲ့သည်။ သို့သော်လည်း လူနည်းစုနှင့် ဝင်ငွေနည်းသော သက်ကြီးရွယ်အို အသိုက်အဝန်းများတွင် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုနိုင်မှုနှင့် ပတ်သက်၍ သိသာထင်ရှားသော ကွာဟချက်များ ရှိနေဆဲဖြစ်သည်။ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ တက်ကြွလန်းဆန်းစေရန် ဒစ်ဂျစ်တယ်ကျန်းမာရေးစနစ်ကို အသုံးချခြင်း GSA 2025 ဆွေးနွေးပွဲတွင် University of Central Florida မှ သုတေသီများဖြစ်ကြသည့် Dr. Ladda Thiamwong နှင့် Ph.D ဘွဲ့ကြိုကျောင်းသူ Chitra Banerjee တို့က ဒစ်ဂျစ်တယ်ကျန်းမာရေးစနစ်၏ သယ်ဆောင်ရလွယ်ကူမှုနှင့် အချိန်နှင့်တပြေးညီ အချက်အလက်ပေးပို့နိုင်မှုတို့သည် ကျန်းမာရေးဆေးကုသမှုခံယူရန် […]


kaiDecember 23, 20253min00
by SweSwe Aye အမေရိကား (United States) သည် ယခင်က မတွေးဝံ့စရာဖြစ်ခဲ့သည့် လူဦးရေ ရေရှည်လျော့နည်းလာမည့် ခေတ်သစ်တစ်ခုသို့ စတင်ဝင်ရောက်နေပြီဖြစ်သည်။ မွေးဖွားနှုန်း ကျဆင်းလာခြင်း၊ လူဦးရေ အိုမင်းမင်းလာခြင်းနှင့် လူဝင်မှုနှေးကွေးလာခြင်းတို့သည် နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော “လူဦးရေဆိုင်ရာ ထွက်ပေါက်” ကို ပိတ်ပစ်နိုင်သည့် အန္တရာယ်ရှိနေသည်။ American Community Media က ဒီဇင်ဘာ ၁၂၊ ၂၀၂၅ တွင် ဦးစီးကျင်းပသော ဆွေးနွေးပွဲတွင် ပညာရှင်များက လူဝင်မှု အလွန်နည်းပါးသည့် အခြေအနေမျိုး၌ လက်ရှိတွင် ၃၄၃ သန်းရှိသော အမေရိကန် လူဦးရေသည် ၂၁၀၀ ပြည့်နှစ်တွင် ၂၂၆ သန်းအထိ ထိုးဆင်းသွားနိုင်ကြောင်း သတိပေးခဲ့ကြသည်။ ဤအခြေအနေသည် အရှေ့အာရှနှင့် ဥရောပနိုင်ငံများရှိ အလားအလာများနှင့် ဆင်တူနေသော်လည်း […]