etoneAugust 10, 20101min04
ရုတ်တရက်လေဖြတ်ခံရသောလူနာကို သွေးဖောက်ပြီး အမြန်ကယ်ဆယ်ကုသနည်း (၁)။ ။လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သောနေရာမှ ရွှေ.ပြောင်းသယ်မခြင်း မပြုရပါ။ ထိုသို့ချက်ခြင်းရွှေ.ပြောင်းသယ် ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော လှုပ်ရှားခြင်းဒဏ်များကြောင့် ဦးနှောက်သွေးကြောငယ်များကို လျှင်မြန်စွာပေါက်ကွဲစေပြီး လူနာ၏အခြေအနေကို ပိုဆိုးစေပါသည်။ ထို.ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။ (၂)။ ။လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာထူမပေးပြီး ပြန်လဲမကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။ လူနာကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို.) လက်အပ်ဖြင့် လူနာ၏လက်ချောင်းဆယ်ချောင်းထိပ်ဖျားများကို (ပဲစေ့ခန်.) သွေးတစ်စက်စီထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို. သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည်သတိရလာပါလိမ့်မည်။ (၃)။ ။လူနာပါးစပ်ရွဲ.သွားပါက လူနာ၏နားရွက်နှစ်ဖက်ကို နီလာသည်အထိလက်ဖြင့် ပွတ်သပ်ပေးပါ။ နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့်နေရာ) […]


manawphyulayAugust 10, 20101min00
သူငယ်ချင်းများရဲ့ ကုသိုလ်အစုစုအတွက် အားလုံး သာဓုခေါ်လိုက်ကြရအောင်နော်။ ကျွန်မတို့သူငယ်ချင်းတွေ စကားပြောကြရင်းနဲ့ သူငယ်ချင်းတစ်ယောက်က ရွာသာကြီးစီးပွားရေးတက္ကသိုလ်မှာ ကျောင်းတက်ခဲ့တာဆိုတော့ သူကအရင်စပြောခဲ့တယ်… စိတ်ကျန်းမာရေးဆေးရုံကိုသွားလှူချင်တယ်တဲ့.. ဒါနဲပဲ သူငယ်ချင်းတွေ ကိုယ်တတ်နိုင်သလောက်လေးစုပီးတော့သွားလှူကြမယ်ပေါ့.. ကျွန်မကတော့ အွန်လိုင်းကသူငယ်ချင်းတွေရော ကိုယ့်လိုပဲ ဒါနလေးလုပ်ဖြစ်အောင်ဆိုတဲ့စေတနာနဲ့ သူငယ်ချင်းတစ်ချို့ကိုအလှူခံခဲ့ပါတယ်… ဒါနဲ့ပဲကျမအပါအဝင်သူငယ်ချင်း (10)ယောက် 7-3-2010(sunday) မှာ စိတ်ကျန်းမာရေးဆေးရုံကိုချီတက်ခဲ့ပါတယ်..  ဆေးရုံရောက်တော့ ရုံးခန်းမှာ စစ်စတာဒေါ်လဲ့လဲ့ဝင်းက အလှူငွေကိုလက်ခံယူပါတယ်.. ဂုဏ်ပြု မှတ်တမ်းပြန်လည်ပေးပါတယ်.. အရမ်းကို ဝမ်းသာကြည်နူးမိပါတယ်.. ဆေးရုံလာတက်တဲ့လူနာပေါင်း (800) ကျော်ရှိတယ်လို့ပြောပါတယ်.. အမျိုးသားဦးရေ (500)ကျော် နဲ့ အမျိုးသမီးဦးရေ (200)ကျော် တက်ရေ​ာက်ကုသနေတယ်လို့ စစ်စတာဒေါ်လဲ့လဲ့ဝင်းက ပြောပါတယ်… လာရောက်တက်ကြတဲ့လူနာတွေထဲမှာ အမျိုးသားများက အရ​က်ကြောင့်လာတက်ကြတာလဲများတယ်ပြောပါတယ်… စစ်စတာဒေါ်လဲ့လဲ့ဝင်းက လူနာများနေတဲ့ အဆောင်များကိုလိုက်ပြပေးပါတယ်.. အမျိုးသားဆောင် ရောက်တော့ သူတို့ကို တံခါးပိတ်ထားတာတွေ့ရတော့ စိတ်ထဲကမှာ တော်တော်လေး […]


manawphyulayAugust 9, 20101min01
ဒေါက်တာ မြင့်ဦး (ဂျီပီ) တုပ်ကွေးရောဂါ ကုသရာမှာ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးရတာ အပြင် အရည်များများသောက်ပြီး အနားယူပေးဖို့ တိုက်တွန်းထားတာကို တွေ့ရှိရပါတယ်။ ရေသောက် ခြင်းဟာ အစွမ်းထက်တဲ့ ဆေးကုသခြင်းတစ်မျိုးဖြစ်တာကြောင့် ဒီတစ်ပတ်မှာ ရေသောက်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးအာနိသင်တွေကို တင်ပြပေးပါ့မယ်။ ဘာလို့ရေသောက်ဖို့လိုအပ်ပါသလဲ လူ့ခန္ဓာကိုယ် အသွေးအသားတွေ တည်ဆောက်ထားရာမှာ ၆ဝ ရာခိုင်နှုန်းက ရေဓာတ်တွေ ဖြစ်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်လည်ပတ်နေစေဖို့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေဓာတ်တွေ သူ့နေရာနဲ့သူ အချိုးအစားမျှတစွာ ရှိနေဖို့ လိုအပ်ပါတယ်။ သွေးထဲမှာ ရေဓာတ် ၉၅ ရာခိုင်နှုန်းပါဝင်နေရပြီး ကြွက်သားတွေထဲမှာ ၇၅ ရာခိုင်နှုန်း၊ ခန္ဓာကိုယ်အဆီအပြင်တွေထဲမှာ ၁၄ ရာခိုင် နှုန်းနဲ့ အရိုးတွေထဲမှာ ၂၂ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ ဦးနှောက်၊ အဆုတ်၊ အစာအိမ်၊ […]


Yin Nyine NwayAugust 8, 20101min04
ကျန်းမာချမ်းသာစွာဖြင့် ဘဝနေနည်း 1. ရေများများသောက်ပါ။ 2.မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့ သူတောင်းစားလို စားပါတဲ့။ 3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊။ 4. ဘဝမှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathyတို့ဖြစ်ပါတယ်။ 5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်းပြုလုပ်ပေးသင့်ပါတယ်။ 6. ကစား ခုန်ကစားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။ (ခုန်ရင်သတိထားပါ ပြုတ်ကျမယ်။) 7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။ 8. တစ်ရက်မှာ 10 မိနစ်လောက် […]


Zaw WonnaAugust 5, 20101min00
ပဲပိစပ် (Soybean) သည် အရိုးပွခြင်းကို ကာကွယ်ပေးသည့်အပြင်ကလေးငယ်များအတွက် သင့်တော်သော အစားအစာ တစ်ခုအဖြစ် လက်ခံထားကြသည်။ သို့သော် ပဲပိစပ်သည် မြုံခြင်းနှင့် ကင်ဆာအပါအဝင်  ရောဂါမျိုးစုံတို့နှင့် ဆက်စပ်နေခဲ့သည်။ ထိုသို့ ကျန်းမာရေးနှင့် ပတ်သက်သော ပြဿနာများစွာရှိသော်လည်း ပဲပိစပ် စိုက်ပျိုးရေး လုပ်ငန်းသည် အကျိုးအမြတ် ကြီးမားသောကြောင့် ကမ္ဘာပေါ်တွင် ကျယ်ပြန့်စွာ စိုက်ပျိုးလျှက် ရှိကြသည်။ ပဲပိစပ်နှင့် ပတ်သက်သော ထုတ်ကုန်များနှင့် မျိုးရိုးဗီဇ ပြုပြင်ထားသော ပဲပိစပ် နှစ်မျိုးစလုံးသည် ကျန်းမာရေးအပေါ်တွင် အကျိုးသက်ရောက်မှု ရှိပါသည်။ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှုသည် ပုံမှန်မဟုတ်သော ပရိုတိန်းနှင့် အဆိပ်ဓါတ်ကို သာမန်အပင်များထက် ပိုမိုထုတ်လုပ်စေသည်။ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားသော ပဲပိစပ်များသာမက သဘာဝ ပဲပိစပ်သည်လည်း ကျန်းမာရေးအတွက် အန္တရာယ်ရှိသည်။ မျောက်ငယ်များကို ပဲပိစပ်ကျွေးကာ စမ်းသပ်ရာတွင် […]


ဆူးAugust 4, 20101min02
မျက်လုံးနှစ်လုံး၏ မျက်ခွံကို ပိတ်လိုက်ခြင်းဖြင့် အိပ်ရာထဲတွင် အိပ်နေပြီဟု သတ်မှတ်၍မရပေ။ နိစ္စဓူဝ လှုပ်ရှားနေကြသည့် လူသားများ၊ ညပိုင်းအိပ်ချိန်ရောက်သည်နှင့် အိပ်ကြသည်မှာ ထူးဆန်းသော အပြုအမူ မဟုတ်ပေ။ အိပ်မပျော်တာဘာအရေးလဲဟု ပေါ့ပေါ့ဆဆပြောနေကြသူများ ရှိ၏။ အိပ်ပျော်ခြင်း၊ မပျော်ခြင်းကို လူအများစုက အလေးမထားကြသော်လည်း အိပ်ပျော်ခြင်းကြောင့် ကျန်းမာရေးအတွက် အကျိုးရှိသည့် အချက် များကို သဘောပေါက် မည်ဆိုလျှင် အိပ်ချိန်နှင့် အိပ်ခြင်းကို ဂရုပြုကြပေမည်။ ထို့ကြောင့် အိပ်ပျော်ခြင်းနှင့် ဆက်စပ်သော အကြောင်းတို့ ကို ဗဟုသုတအဖြစ် တင်ပြလိုက်ပါသည်။ အိပ်ပျော်ခြင်းဆိုင်ရာ ဇီဝကမ္မ အိပ်ပျော်နေသူတစ်ဦး၏ အိပ်ပျော်ခြင်းကို လေ့လာပါက အဆင့်(၅)ဆင့် ရှိ၏။ ၁။ အိပ်ပျော်စအချိန်မှ ပထမ ၁၀-မိနစ်သည် အိပ်ပျော်ခြင်းအဆင့်(၁)နှင့်(၂)ဖြစ်၏။ထိုအဆင့်၌ မျက်နှာရှိ ကြွက်သားများ အနားရခြင်း၊ မျက်နှာ၌ စိုးရိမ်မှုပုံရိပ်များ […]


ဆူးAugust 4, 20101min05
မြေ​ပဲ​သည် အ​သက်​အ​ရွယ်​ကြီး​ရင့်​လာ​ချိန်​တွင်​မှတ်ဉာဏ်​ ယုတ်​လျော့​ကျ​ဆင်း​သည့်​ အယ်​ဇိုင်း​မား​ ရော​ဂါ ဖြစ်​နိုင်​ခြေ​ကို​ လျော့​နည်း​ ကျ​ဆင်း​စေ​ကြောင်း​ သု​တေ​သီ​များ​က ​ပြော​ကြား​လိုက်​သည်​။ မြေ​ပဲ​တွင်​ပါ​ဝင်​သည့်​ဗီ​တာ​မင်​ e​ က​ အယ်​ဇိုင်း​မား​ကို​ တိုက်​ဖျက်​ရာတွင် အ​ကျိုး​ ကျေး​ဇူး​ များ​ပြား​ကြောင်း​ သု​တေ​သ​န​ရ​လဒ်​များ​က​ဖော်​ပြ​လျက်​ ရှိ​သည်​။ ယင်း​ဗီ​တာ​မင်​ဓာတ်​ကို​မြေ​ပဲ​ အ​ပြင်​သစ်​သီး​အ​ချို့​၏​အ​စေ့​များ​နှင့် သံ​လွင်​ဆီ​တို့​တွင်​လည်း​တွေ့​ရ​သည်​။ ​ဗြိ​တိန်​တွင်​အယ်​ဇိုင်း​မား​ ဝေ​ဒနာ​ရှင် လေး​သိန်း​ကျော်​ရှိ​ပြီး​နေ့​စဉ်ငါး​ရာ​ကျော်​မျှ​ဝေ​ဒ​နာ​ခံ​စား​ရ​သူ​ အ​ရေ​အ​တွက် တိုး​ပွား​လျက်​ရှိ​သည်​။​ ဆွီ​ဒင်​နိုင်ငံ​မှ​သု​တေ​သီ​များ​သည်​အ​သက်(​၈၀) ​ကျော် လူ​ပေါင်း(​၂၃၂)ဦး​၏​သွေး​ထဲ​တွင်​ဗီ​တာ​မင်​ e ​ပါ​ဝင်​မှု​နှင့်​ အယ်​ဇိုင်း​မား​ရော​ဂါ ဆက်​စပ်​ ခံ​စား​ရ​သည့်​အ​ခြေ​အ​နေ​တို့​ကို​စ​နစ်​တ​ကျ​သု​တေ​သ​န​ပြု​လုပ်​ ခဲ့​သည်​။ (​၆)​နှစ်​ကြာ​လေ့​လာ​မှု​များ​အပြီး​တွင်​ယင်း​တို့​အ​နက်​(​၅၇)​ရာ​ခိုင်​ နှုန်း​သည် အယ်​ဇိုင်း​မား​ဝေ​ဒ​နာ​ကို​ခံ​စား​လာ​ရ​ပြီး​ယင်း​တို့​အား​လုံး​မှာ​အယ်​ ဇိုင်း​မား မ​ဖြစ်​သူ​များ​ထက်​ဗီ​တာ​မင်​ e​ သိ​သိ​သာ​သာ​ချို့​တဲ့​နေ​ကြောင်း​သိ​ရ​သည် ​။ ဆွီ ​ဒင်​နိုင်ငံ​၊​ စ​တော့​ဟုမ်း​မြို့​တော်​ရှိ​ ကာ​ရို​လင်​စ​ကာ​ ပ​ညာ​ရေး​ ဌာ​န​မှ ဦး​ဆောင်​သု​တေ​သီ​ဒေါက်​တာ​ဖ​ရန်​ဆက်​စ​ကာ​မန်​ဂ​လက်​ချီ​က​အယ်​ဇိုင်း​ မား​ရောဂါ စ​တင်​ဖြစ်​တည်​လာ​သည့်​အ​ကြောင်း​ရင်း​ကို​ရှာ​ဖွေ​ဖော်​ထုတ်​ရန်​အ​ခက်​အ​ ခဲ​များ […]


manawphyulayAugust 4, 20101min03
ဆေးလိပ်ဖြတ်ရာတွင် အစားထိုး အသုံးပြုနေကြတဲ့ နီကိုတင်းဓာတ်ပါတဲ့ ပီကေ (Chewing gums ) နှင့် ငုံဆေးပြား (Lozenges) များစားသုံးခြင်းကြောင့် ခံတွင်းနှင့် လည်ချောင်း ကင်ဆာဖြစ်ပွားစေကြောင်း လန်ဒန်ကွင်း မေရီ တက္ကသိုလ်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်သုတေသနဌာန ပညာရှင်များက လေ့လာစမ်းသပ်တွေ့ ရှိခဲ့ရကြောင်း အင်တာနက်သတင်းများမှာ ဖော်ပြထားပါတယ်။ ဆေးလိပ်သောက်သူတွေဟာ စီးကရက်ထဲမှာပါတဲ့ ဆေးရွက်ကြီးများရဲ့ ဆိုးကျိုးအန္တရာယ်အဖြစ် ကင်ဆာ ရောဂါအမျိုးမျိုးနဲ့ နှလုံးရောဂါများ ဖြစ်ပွားစေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်သူများဟာ ဆေးလိပ်အစားထိုး ပီကေနဲ့ ငုံဆေးများကို ရေရှည်သုံးစွဲခြင်းဖြင့် ခံတွင်းနဲ့လည်ချောင်း ကင်ဆာများဖြစ်စေကြောင်းကို လူနာ (၂၅) ဦး အား သုတေသနပြုလေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်အစားပီကေငုံဆေးပြားများ သုံးခြင်းဖြင့် ခံတွင်းမှာထိခိုက်ပွန်းပဲ့အနာ(Oral Lesion) ဖြစ်ပေါ်စေပြီး၊ ခံတွင်း ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ပိုရှိနိုင်ကြောင်း သုတေသီတို့က […]


manawphyulayAugust 4, 20101min02
ဲပဲခူးတိုင်း၊အင်းတကော်မြို့နယ် ၊ အလိုင်နီဆည်ရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မိုးရာသီဖြစ်သည့်အတွက် ကလေးငယ်များ အလွန်အမင်းဖျားပြီး ဆေးဝါးလိုအပ်မှု နှင့်ကလေးတွေအတွက် ကျမ်းမာရေးစောင့်ရှောက်မှု လိုအပ်သည့်အခြေအနေများဖြစ်ပေါ်နေပါသည်။ ကျောင်းတွင် ကလေး အယောက် ၂၅ဝ ကျော်ရှိတာ အယောက် ၈ဝ ကျော်လောက်မှာ ဖျားနာနေကြသည်။ ထိုကြောင့်လိုအပ်သည့် ဆေးဝါးနှင့် ကျမ်းမာရေးပစ္စည်းများလှူဒါန်းနိုင်ကြပါသည် ကိုထွန်း အမှတ် (၁၅၉)၊ ၄၈လမ်း (အထက်)၊ ဗိုလ်တထောင်၊ ရန်ကုန်မြို့။ Ph: 09-8640206 ပိုစ့်ကိုဖတ်ချင်တော့ http://www.mmdailynews.com/ မှာဖတ်လို ့ရတယ် မနောဖြူလေး (http://manawphyulay.mmsarpay.org)


ဆူးAugust 3, 20101min00
အချိုရည်အမြောက်အမြား သောက်သုံးခြင်းက အလျင်အမြန် အိုမင်းစေဖွယ်ရှိသည်ဟု သိပ္ပံ ပညာရှင်တို့က သတိပေးပြောကြားခဲ့ကြောင်း သိရသည်။ သုတေ သနပြုချက်အရ ဘိလပ် ရည်တွင်ပါဝင်သော ပြင်းရှသောအရသာရှိသည့် ဖော့စဖိတ်က အိုမင်းခြင်းကို အရှိန်မြှင့် တင်ပေးခြင်းဖြစ်သည်။ ဖော့စဖိတ်သတ္တုဓာတ်သည် အသား၊ ကိတ်မုန့် နှင့် ပေါင်မုန့်ထဲတွင်လည်းပါဝင်ကာ စားသုံး သူ၏အသား အရေနှင့် ကြွက်သားတို့အား ညှိုးရော်ခြောက်သွေ့စေ သကဲ့သို့ နှလုံးနှင့် ကျောက်ကပ်လည်း ပျက်စီးစေကြောင်းသိရသည်။ဖော့စဖိတ်သတ္တုဓာတ်နှင့် ပတ်သက်၍ သုတေ သနပြုဖော်ထုတ်တင်ပြခဲ့သည့် ဂျာရယ်ဝစ်မန်း၏အဆို အရ ဆိုဒါက ကဖင်းဓာတ် ကိုပေး၍ ဖော့စဖရတ်သည် ဆိုဒါနှင့်အတူလိုက်ပါလာသော ခရီး သည်ဖြစ် သည်ဟု ဆိုခဲ့သည်။ အလားတူပင် ဘိလပ်ရည်အား ရက်သတ္တ ပတ်လျှင် နှစ်ပုလင်းသောက်သုံးခြင်းသည် အရိုးကင်ဆာ၊ ပန်က ရိယ ကင်ဆာ၊ အကြောသေခြင်းနှင့် […]


ဆူးAugust 3, 20101min05
တစ်ချို့လူတွေဟာ မကြာခဏ ဝမ်းချုပ်တတ်ကြပါတယ်. .. .ဝမ်းချုပ်ရင် နေရထိုင်ရတာ မအီမသာ ဖြစ်စေသလို နောက်ဆက်တွွဲ ကျန်းမာရေး ပြဿနာတွေကလည်း ဖြစ်နိုင်ပါတယ်. . မြန်မာစကားပုံတစ်ခုဖြစ်တဲ့ ” ဝမ်းတစ်လုံးကောင်း ခေါင်းမခဲဘူး ” ဆိုတဲ့ စကားပုံအတိုင်းပဲ လူတစ်ယောက်အတွက် ဝမ်းမှန်နေဖို့လိုပါတယ်. . . ဒါကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်မည့် နည်းလမ်းတွေရှိတဲ့ အထဲက ယောဂကျင့်စဉ်ဖြင့် ကာကွယ်နည်းကို ဖော်ပြလိုက်ပါတယ်. . . . အဆင့်(၁) ကြမ်းပြင်ပေါ်သို့ ဝမ်းလျားမှောက်လိုက်ပါ. . အဆင့်(၂) ခြေထောက် နှစ်ဖက်ကို အပေါ်ဘက်သို့ ကွေးနိုင်သမျှ ကွေးပြီး လက်နှစ်ဖက်ဖြင့် ကွေးထားသော ခြေကျင်းဝတ်များကို ဆုပ်ကိုင်ပါ. . နဖူးကို ကြမ်းပြင်နှင့် ထိထားပါ. . . […]


khunmyomyatAugust 2, 20101min00
Measles ဝက်သက်ရောဂါကို Rubeola ကို ဂျာမန်ဝက်သက်ဟု ခေါ်သည်။ Morbillivirus ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည်။ ပိုးပါသည့် အရေများ လူနာ၏ နှာခေါင်း-ပါးစပ်မှ အခြားလူ၏ အသက်ရှူလမ်းမှ ဝင်ခြင်းဖြင့် ကူးစက်သည်။ ပိုးဝင်ပြီး ၄-၁၂ ရက်အကြာ ရောဂါပေါ်သည်။ လက္ခဏာများ စပေါ်သည့်ရက်မှ အနီရောင်များပေါ်ပြီး ၃-၅ ရက်အကြာထိ သူများကို ကူးစက်စေနိုင်သည်။ Symptoms လက္ခဏာများ အဖျား၊ ချောင်းဆိုး၊ နှာရည်ယို၊ မျက်စိနာ၊ ပါးစပ်ထဲ၌ များမြင်ရ၊ အနီရောင်အစက်များ အရေပြားပေါ်ထွက်၊ ဦးခေါင်းပိုင်းကစထွက်၊ ယားတတ်သည်။ နီရာမှ ညိုသွားမည်။ ကုသရန် ပိုးသေမည့်ဆေး မရှိ။ လက္ခဏာများကိုသာ ကုပါ။ pneumonia နူမိုးနီးယား၊ diarrhea ဝမ်းပျက်၊ encephalitis ဦးနှောက်ရောင်၊ corneal ulceration […]


Yin Nyine NwayJuly 31, 20102min01
နေ့စဉ် 10 မိနစ်မှ မိနစ်30 အထိလမ်းလျှောက်ပါ။ လမ်းလျှောက်နေစဉ်အတွင်း သင့်မျက်နှာကို အတတ်နိုင်ဆုံးပြုံးထားပါ။ နေ့စဉ်အနည်းဆုံး 10မိနစ်ခန့် ဘာကိုမှာမတွေးပဲ ငြိမ်သက်စွာနေပါ။ မနက်အိပ်ယာထပြီဆိုတာနဲ့ ပုံမှန်လုပ်နိုင်ပါတယ်။ ဘယ်လောက်ပင်ပန်းအလုပ်ရှုပ်နေပါစေ ရရင်ရသလိုနေ့စဉ် 7နာရီပြည့်အောင်အိပ်ပါ။ E သုံးလုံးနဲ့အညီနေပါ။ (1) Energy (2) Enthusiasm (3) Empathy Game တွေကစားပေးပါ။ မနေ့ကထက် ဒီနေ့စာများများပိုဖတ်ပါ။ တရားထိုင်းခြင်း၊ ယောဂကျင့်ခြင်း စတာတွေအတွက် နေ့စဉ်အချိန်ပေး လုပ်ဆောင်ပါ။ သင့်ရဲ့အချိန်တွေထဲက အနည်းဆုံးမိနစ်30ခန့်ကို အသက် 70 အရွယ်တွေနဲ့ အသက် ်6နှစ်အောက်ကလေးငယ်များနဲ့ အချိန်ဖြုန်းနေပါ။ နိုးနေတာထက်အိမ်မက်(စိတ်ကူး)များများမက်(ယဉ်)ပါ။ အသားများများစားတာထက် အသီးအရွက်များများစားပါ။ ရေများများသောက်ပါ။ တစ်နေ့မှာ အနည်းဆုံးလူ 3ယောက်ကို နှစ်နှစ်ခြိုက်ခြိုက်ပြုံး ဖြစ်အောင်ပြုံးပြပါ။ အတင်းပြောခြင်းနဲ့ အချိန်တွေမဖြုန်းမိပါစေနဲ့။ အတိတ်က အမှားတွေကို […]