နီကိုတင်းဓာတ်ပါသော ပီကေကြောင့် ခံတွင်းကင်ဆာဖြစ်နိုင်။

manawphyulayAugust 4, 20101min03

ဆေးလိပ်ဖြတ်ရာတွင် အစားထိုး အသုံးပြုနေကြတဲ့ နီကိုတင်းဓာတ်ပါတဲ့ ပီကေ (Chewing gums ) နှင့် ငုံဆေးပြား (Lozenges) များစားသုံးခြင်းကြောင့် ခံတွင်းနှင့် လည်ချောင်း ကင်ဆာဖြစ်ပွားစေကြောင်း လန်ဒန်ကွင်း မေရီ တက္ကသိုလ်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်သုတေသနဌာန ပညာရှင်များက လေ့လာစမ်းသပ်တွေ့ ရှိခဲ့ရကြောင်း အင်တာနက်သတင်းများမှာ ဖော်ပြထားပါတယ်။
ဆေးလိပ်သောက်သူတွေဟာ စီးကရက်ထဲမှာပါတဲ့ ဆေးရွက်ကြီးများရဲ့ ဆိုးကျိုးအန္တရာယ်အဖြစ် ကင်ဆာ ရောဂါအမျိုးမျိုးနဲ့ နှလုံးရောဂါများ ဖြစ်ပွားစေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်သူများဟာ ဆေးလိပ်အစားထိုး ပီကေနဲ့ ငုံဆေးများကို ရေရှည်သုံးစွဲခြင်းဖြင့် ခံတွင်းနဲ့လည်ချောင်း ကင်ဆာများဖြစ်စေကြောင်းကို လူနာ (၂၅) ဦး အား သုတေသနပြုလေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဆေးလိပ်အစားပီကေငုံဆေးပြားများ သုံးခြင်းဖြင့် ခံတွင်းမှာထိခိုက်ပွန်းပဲ့အနာ(Oral Lesion) ဖြစ်ပေါ်စေပြီး၊ ခံတွင်း ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ပိုရှိနိုင်ကြောင်း သုတေသီတို့က သတိပေးဖော်ပြခဲ့ပါတယ်။
အေးအေးမြ

3 comments

  • Yin Nyine Nway

    August 4, 2010 at 8:28 am

    အကူအညီ လိုလို့တောင်းမှ ပိုဆိုးနေသလိုဖြစ်နေပြီပေါ့

    Reply

  • winne

    August 4, 2010 at 8:37 am

    နီကိုတင်းကလည်း အဲလို ဒုက္ခပေးသလား။ သူလည်း ဆေးလိပ်ဖြတ်တော့ အဲလို စားတယ်ပြောတာဘဲ တတ်နိုင်ဘူး သတ္တဝါတခု ကံတခုဘဲ ဖြစ်တော့လည်းခံပေါ့

    Reply

  • onlinezz

    August 4, 2010 at 9:04 am

    တစ်ချို ့ကလေးတွေဆို ပီကေအရမ်းစားကြတယ်။သတိပေးအုံးမှ။ဒီပိုစ့် အတွက်ကျေးဇူးပါ မနောဖြူလေး …

    Reply

Leave a Reply

Your email address will not be published.