လူတိုင်း အသက်ရှူနေကြရတယ်။ ရှူသွင်းလိုက်တဲ့လေထဲက အောက်စီဂျင်ကို သုံးပြီး သွေးကို သန့်အောင် လုပ်ပေးဘို့ပါ။ သွေးထဲမှာ သွေးနီဥရှိတယ်။ သွေးနီဥမှာ အောက်စီဂျင်ကို အသုံးချနိုင်တဲ့ (ဟီမိုဂလိုဘင်)ဆိုတာက သံဓါတ် နဲ့လုပ်ရတာ။ ဒါ့ကြောင့် သံဓါတ်နည်းတာကို သွေးအားနည်းတယ်လို့ ယေဘူယျခေါ်တယ်။ သွေးစစ်ရင် “HB နည်းနေသည်”လို့ အဖြေ ထွက်မယ်။ ပုံမှန်ဆိုရင် အမျိုးသမီးတွေမှာ ၁၁ မှ ၁၂၊ နဲ့ ယောက်ျားတွေမှာ ၁၃ မှ ၁၄ g/dl ရှိရပါတယ်။ သွေးအားနည်းရောဂါက တမျိုးမကရှိတာ။ ရက်တိုနဲ့ နာတာရှည်။ နည်းနည်းဆိုးတာနဲ့ များများဆိုးတာ။ ဖြစ်ရင် မျက်ခွံ၊ နုတ်ခမ်း၊ အသားအရေ အရောင်ဖြူလျော့နေမယ်၊ မောလွယ်မယ်၊ အသက်ရှူမဝ၊ နှလုံးခုန်မမှန်၊ ရင်ပတ်နာ၊ ခေါင်းမူး၊ ခြေလက်အေးစက်၊ ခေါင်းကိုက်။ […]
