စဆရ ႀကီးSeptember 11, 20111min014
ရန်ကုန်သို့ရောက်ပြီး ၂ နှစ်ခန့်အကြာတွင်ဖြစ်ပါ၏။ ထိုစဉ်က ကျွန်တော်သည် နေ့စဉ် ဘီယာရီဝေဝေဖြင့် ဘဝကို ပေလယက်ကန်ဖြတ်သန်းနေချိန်လဲဖြစ်၏။ ၁။ စက်ရုံသို့ ပုလင်းများသွင်းသော စော်ဘွားကြီးကုန်း ကုလားများ၏ လူယုံမှာ ကိုဝင်းဦးဆိုသော မြန်မာအမျိုးသားဖြစ်သည်။ ထိုသူမှာလည်း ဘီယာအတော်ကြိုက်တတ်သောသူ ဖြစ်သောကြောင့် ကျွန်တော်နှင့် အတော်ပင် ပလဲပနံသင့်လေသည်။ ပုလင်းကားတစ်စီးဆိုက်သည်နှင့် ပုလင်းများချနေချိန်တွင်လည်းကောင်း၊ ပုလင်းများ ရွေးချယ်စီစစ်နေစဉ်တွင်လည်းကောင်း ရောက်တတ်ရာရာ စကားများကို ပြောဆိုတတ်ကြလေသည်။ ထိုစဉ်က ကျွန်တော်သည်ကား အရွယ်အားဖြင့် ၁၉ နှစ်သာသာ ရှိသေးသော်လည်း ကိုဝင်းဦးမှာ အသက် ၂ရ အရွယ်တိုင်အောင် ရှိနေပြီဖြစ်သည့်အတွက် ၎င်းထံမှ အတွေ့အကြုံများကို နားထောင်ရုံသက်သက်သာဖြစ်သည်။ တစ်ရက်တွင်မတော့မူ ကျွန်တော်သည်လည်း ထိုစက်ရုံတွင် မဖြစ်စလောက်လစာလေးဖြင့် လုပ်ကိုင်နေရသည်ကို စိတ်ပျက်မိကြောင်းပြောရာမှ တစ်ဆင့် ကိုဝင်းဦးနှင့် အလုပ်အကြောင်းများ ဆက်စပ်မိလေသည်။ ဘော်တယ်ကုလားလောကသို့ […]


တညင္သားSeptember 10, 20111min010
ဒီအကြောင်းလေး ပြောခြင်နေတာကြာပြီ  အခုမှ တိုက်ဆိုင်လာလို့ … အတိုချုံ့ပြီး ပြောရရင်တော့ ငယ်ငယ်တုန်းက ကျွန်တော်တို့ အိမ်ကို တကိုယ်လုံးအသားမဲနေတဲ့ မြန်မာနိင်ငံသားတစ်ဦး ဆိတ်ကြီး တစ်ကောင်ဆွဲပြီးရောက်လာတယ် .. သူပြောတဲ့စကားတွေကလဲ မနဲ နားထောင်ရတာပေါ့ဗျာ.. ကျွန်တော်အဖေနဲ့ စကားတွေပြောပြီး ပြန်သွားတော့မှာ အဖေက အကြောင်းစုံပြောပြတယ် .. နံမည်က သံဂွန်း လယ်လုပ်ပါတယ် မပြေလည်ဘူးဆိုပါတော့ တစ်နေ့ ကျွန်တော်အဖေ အဲဒီ သံဂွန်းဆိုတဲ့ သူရဲ့ တဲကိုရောက်ခဲ့တယ်. .စားပင်လေးတွေစိုက်ဖို့  ဘဲလေး၊ ကြက်လေး မွေ ဖို့  စသဖြင့် အကြံဉာဏ်လေးနဲနဲပေးခဲ့တယ် ..အခု (၅)နှစ်လောက်ကြာတော့ သူပြေလည်နေပြီ ဆိုတဲ့အကြောင်း သီးပင် စားပင် အစုံရှိတယ် ၊ ဘ ဲ၊ကြက် အပြင် ဆိတ်မလေး တစ်ကောင်ကနေ အခုအများကြီးဖြစ်နေပြီ ဆိုတဲ့အကြောင်းတွေ ပြောရင်းနဲ့ […]


weiweiSeptember 10, 20111min021
ဝါတွင်းသတ်သတ်လွတ်စားတဲ့ သူငယ်ချင်း ၂ ယောက် အိမ်ကိုလာလည်ကြမယ်ဆိုတော့ ဘာချက်ကျွေးရကောင်းမလဲ ခေါင်းစားရပါတယ်။ လက်စွမ်းလဲပြချင်သေးတာနဲ့ နဲနဲအလုပ်ရှုပ်တဲ့ အိမ်တွေမှာ လုပ်စားလေ့မရှိတဲ့ ကုလားဘယာကြော်သုတ် လုပ်ကျွေးဖို့ စိတ်ကူးပြီး လိုအပ်တာတွေ ဝယ်ခြမ်းပြင်ဆင်လိုက်ပါတယ် … အသေးစိတ်တစ်ခုချင်း အဆင့်ဆင့်ဓါတ်ပုံရိုက်ဖို့ အချိန်မရတာကြောင့် အားလုံးပြီးမှပဲ ဓါတ်ပုံရိုက်ဖြစ်ပါတယ် … လုပ်နည်းကို စာနဲ့ပဲ ရေးပြတော့မယ် … လိုအပ်သောပစ္စည်းများ .. ဘယာကြော် အတွက် ရယ်ဒီမိတ် မွှေးတံဆိပ် ဘယာကြော်မှုန့်ကို ရေအနည်းငယ်ဖြင့် တစ်နာရီခန့်စိမ်ထားပြီး ဆား၊ ကန်စွန်းရွက်နဲ့ကြက်သွန်နီရိတ်ရိတ်လှီး ထည့်နယ်ပြီး ဆီများများနဲ့ကြော်ပါတယ်။ ဆမူဆာကြော် အတွက် ဆမူဆာအရွက်ကို ရယ်ဒီမိတ် citymart က ဝယ်ပါတယ်။ အတွင်းအစာအတွက် အာလူးပြုတ်ပြီး ခပ်သေးသေးလှီး၊ ကြက်သွန်နီခပ်သေးသေးလှီးပြီး ငရုတ်သီးစိမ်းလှီး ဆီနဲနဲဖြင့် ကြော်ပြီး မဆလာဖြူးထားပါတယ်။ […]


နွယ်ပင်September 10, 20111min014
သုံးဆောင်ကြပါရှင် … ဟိုတစ်ပတ်က အိမ်ကို သူငယ်ချင်းတွေလာလည်မယ်ဆိုလို့ ဘာချက်စားရင်ကောင်းမလဲ စဉ်းစားတော့ မစားရတာကြာပြီ ဖြစ်တဲ့ ကော်ရည်ခေါက်ဆွဲလေးချက်စားဖြစ်တယ် ။ ချက်ရတာလဲ သိပ်ကရိကထ မများပဲ အိမ်မှာချက်စားတော့ စိတ်ကြိုက်လဲ စားလို့ရတာပေါ့ ။ နွယ်ပင်ချက်စားဖြစ်တဲ့ ကော်ရည်ခေါက်ဆွဲ နည်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ် ။ အရင်ဆုံး ကြက်သားကို ရေဆေး၊ ဆား၊ အချိုမှုန့်နဲ့ နယ်ပြီး အိုးတစ်လုံးထဲမှာထည့်၊ ဂျင်းကိုမညက် တညက် ထုထည့်၊ ကြက်သွန်ဖြူ ဒါးပြားရိုက်ထည့်၊ ရေထည့်ပြီး ပွက်ပွက်ဆူနေအောင် တည်ပါတယ်။ ကြက်သား နူးရင် ကြက်သားတုံးကို ဆယ်၊ အအေးခံပြီး အသားလေးတွေ နွှင်ထားပါ။ ပြီးရင်တော့ ကြက်အရိုး တွေကို အိုးထဲ ပြန်ထည့်ပြီး ဆက်တည်ပါတယ်။ ကြက်ရိုးထဲက အချိုရည်တွေ ထွက်ပြီး ဟင်းရည် […]


kaiSeptember 9, 20117min049
တည့်တည့်ပဲ ခေါင်းစဉ်တပ်လိုက်တယ်… ချဉ်ပေါင်ဟင်းက.. ဗမာ့အော်ရီဂျင်နယ်မဟုတ်ဖူးခင်ဗျ..။ ပြီးခဲ့တဲ့ ၂ပါတ်က ကုလားဆိုင်( အိနိ္ဒယသားတွေဆိုင်) ဈေးဝယ်သွားရင်း.. အရွက်တွေကြားထဲ.. ချဉ်ပေါင်ရွက် အစည်းလိုက်ရောင်းနေတာမို့.. ဝယ်လာခဲ့တယ်..။ တပေါင်ကို ..၄ဒေါ်လာတဲ့..။ အဲဒါနာမည်မေးလာပြီး.. အင်တာနက်မွှေတာ.. သတင်းတွေ..ပုံတွေ..ရောင်းနေတဲ့ဆိုင်တွေ..တွေ့ရပါတယ်..။ ချဉ်ပေါင်ရွက်နာမယ်က.. Gongura တဲ့.. http://en.wikipedia.org/wiki/Gongura အိနိ္ဒယဇာတိဆိုပါတယ်..။ ဟိုးအရင်က.. ကုလအတွင်းရေးမှုးချုပ်လုပ်တဲ့ ဦးသန့်က.. နယူးယောက်က သူ့အိမ်မှာ ချဉ်ပေါင်ပင်စိုက်.. စားတာဖတ်ခဲဖူးတယ်..။ ဆိုတော့.. ဗမာအော်ရီဂျင်နယ် ဟင်းတခုလို့ ထင်ခဲ့တာပေါ့..။ သိတော်မူကြတဲ့အတိုင်း.. ဗမာဟင်းစစ်စစ်ဆိုတာ ..တော်တော်ရှားတာကိုး..။ နောက်ပိုင်းနှစ်(လွန်ခဲ့တဲ့၁ဝနှစ်) လောက်ကစလို့တော့.. အယ်လ်အေမှာ ချဉ်ပေါင်ရွက်လတ်လတ်ဆပ်ဆပ်ရပါတယ်..။ ရန်ကုန်ကမျိုးစေ့သွင်းပြိး စိုက်ကြသလားတော့မသိ.. ပူတဲ့ရာသီ.. ဧပြီလောက်ကနေ.. စက်တင်ဘာကုန်အထိလောက်က.. အယ်လ်အေမြေမှာ ချဉ်ပေါင်စိုက်လို့ရတယ်..။ ကချင်တယောက်ကတော့.. အယ်လ်အေနဲ့ မိုင် ၂၀ဝကျော်လောက်နေရာမှာ.. ခြံနဲ့..ချဉ်ပေါင်စိုက်ရောင်းတယ် ကြားဖူးတယ်..။ ဖမ်းမားမားကက်ခေါ်တဲ့.. […]


etoneSeptember 9, 20111min026
(၂၁) ” သမီး …လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ ဆိုပေမဲ့ … အသက်ရှင်စဉ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကိစ္စတွေကြောင့် သေတဲ့အခါ ကျန်ခဲ့တဲ့ က ိုယ်နာမည်အပေါ် ညစ်နွမ်းစေတာပဲ သမီး …  အန်တီစိုးပြောရလျှင် ဒီမှာ လူသားအားလုံး လက်ခံထားတဲ့ ကုရာနတ္တိ ဆေးမရှိဆိုတဲ့ ရောဂါဆိုးကြီးရှိတယ် … ။ အရင်ကလူတွေ ပြောကြတာ … ကုရာနတ္တိတဲ့လေ… ဟိုးတုန်းကပြောကြတာပါ … ရောဂါက တကယ်ဖြစ်လျှင် … သေတာများတာကိုး ……………..တကယ်တော့ ဒီခေတ်မှာ မကုနိုင်လျှင်တောင် ထိန်းပြီး လူတန်းစေ့ နေနိုင်နေပါပြီ …. ” ” ဟင် ဟုတ်လား အဲ့ဒီလောက် ကြောက်စရာကောင်းတဲ့ ရောဂါစိုးကြီး ရှိတယ်ပေါ့ … သမီးကိုပြောပြပါနော် အန်တီစိုး […]


စဆရ ႀကီးSeptember 8, 20111min018
ကန္တာရ၏ နံနက်ခင်းနေကား ပူလောင်လှပါဘိ။ ယနေ့မှ ကြို/ပို့ကားမရှိသဖြင့် နေပူကျဲကျဲတွင် ဆယ်မိနစ်ခန့်လမ်းလျှောက်ရုံမျှဖြင့် ရောက်ရှိနိုင်သော ကေအက်(ဖ်)စီ (ကန်တပ်ကီ ကြက်ကြော်ဆိုင်) သို့ ချွေးတစ်လုံးလုံးဖြင့် အဖော်မပါ တစ်ယောက်တည်းခြေလှမ်းများဖြင့် ခပ်သုတ်သုတ် လှမ်းခဲ့မိလေသည်။ ယနေ့နံနက်ပိုင်းတွင် VZO မှတစ်ဆင့် စကားဖောင်ဖွဲ့နေသည်မှာ အလုပ်ချိန်တိုင်မှကွန်ပျူတာရှေ့မှ ခွာမိသဖြင့် ၁ဝ မိနစ်ခန့် အလိုအလျောက်ပင် နောက်ကျနေပြီဖြစ်သည်။ ကိစ္စမရှိပါ.. အမြဲတမ်းနောက်ကျနေတတ်သဖြင့် ထူးပြီး ဆန်းမလာတော့ပါ။ ဆိုင်သို့အရောက်တွင် India ဖွားအမျိုးသား Jeejish မှ မျှော်လင့်တစ်ကြီးဖြင့် စောင့်မျှော်နေသည်ကို တွေ့ရသည်။ ဆိုင်ကို စတင်ဖွင့်လှစ်ရသည်မှာ သူနှင့်ကျွန်တော် နှစ်ဦးသာဖြစ်သည့်အတွက် သူတစ်ယောက်တည်း ဆိုင်ထဲသို့ဝင်ရန် မဖြစ်နိုင်ပေ။ လုပ်ငန်းသဘာဝအရ ဆိုင်ရှိတံခါးများ ပွင့်နေ/မနေကို လိုက်လံ စစ်ဆေးရသည်။ ဆိုင်မှာ မှန်များဖြင့်သာ အများအားဖြင့်ကာရံထားသော်လည်း မည်သည့်အခါမျှ […]


etoneSeptember 7, 20111min04
  “ရက်လည်လည်း လုပ်ပြီး ပြီဆိုတော့ … ငါလည်း ပြန်ဦးမယ် စန္ဒာရေ … အငယ်နှစ်ယောက်ကို ငါခေါ်ပြီး ညည်းတို့ အဖွားအိမ်ပို့ပေးရလျှင် ကောင်းမလား .. ” ” အာ… နေပါစေ အန်တီဝေရယ် … မေမေတောင် ကိုယ့်မာနနဲ့ ကိုယ်မို့ … ကျွန်မကပဲ ကလေးတွေ အတွက် ရှာကျွေးဖို့ အလုပ်လုပ်မှာပါ … လောလောဆယ်တော့ ဘုန်းကြီးကျောင်းမှာပဲ နေဦးမယ် …. မေမေပြန်လာလျှင် အတူပြန်နေမဲ့ အိမ်လေးကိုလည်း ပြန်မသွားချင်သေးဘူး …အ ရာရာတိုင်း မေ့မေ့အရိပ်တွေပဲမို့ … ဒီမှာနေတာ အကောင်းဆုံးဖြစ်မယ် အန်တီဝေရယ်… ဒါနဲ့ … မေမေဆုံးပြီဆိုတော့ … မေမေအလုပ်လုပ်တဲ့ အိမ်က လူလိုမှာပေါ့ … တခြားလူတော့ […]


etoneSeptember 5, 20111min010
(၁၇) “ဟဲ့မိချို မိချို … ခေါ်လို့လည်း မကြားပါလား … နေမြင့်နေပြီ မထသေးဘူးလား … ” “ဦးဇော်ရေ လာပါဦး ဒီမှာ မိချို ခေါ်လို့ မရလို့ …. ” သူခေါ်တာမရသဖြင့် မမစိုးက ယောကျာ်းဖြစ်သူကိုပါ အကူညီပေးရန် လှမ်းခေါ်လိုက်ခြင်းဖြစ်သည် … ။ ” ဟဲ့ကောင်မလေး မိချို … မိချို ….. ” ဝုန်း… ဒိုင်း … ဝုန်း … ဒိုင်း …. ” တံခါးဖျက်မှ ရမယ်ထင်တယ် အစိုးရေ … ” “အင်း ဒါဆိုလည်း မြန်မြန်လုပ်ပါ … အထဲမှာ ဘာများဖြစ်နေလဲ မသိဘူး … ” […]


etoneSeptember 2, 20111min010
” အယ် မမစိုးရေ … ကျွန်မတို့ဆီမှာ အဲ့ဒါမျိုးမသိလို့ မွေးလိုက်ကြတာ ဟောတယောက် ၊ ဟောတယောက်နဲ့ …. ” “ဒါပေါ့မိချိုရယ် မသိတော့လည်း သားဆက်ခြားရမယ်ဆိုတာ နားမလည်ဘူးပေါ့ … ။ ဒါကြောင့်လည်း မမစိုးက သမီးတွေကို ရှင်းပြပေးနိုင်အောင် ဟောပြောပွဲတွေ လိုက်နားထောင်ထားရတယ်လေ … ။ ” ” နောက်တမျိုးနည်းနဲ့ သားဆက်ခြားလို့လည်း ရသေးတယ် မိချိုရဲ့ … ” “ဟုတ်လား မမစိုး အဲ့ဒါဘယ်လိုလဲဟင် … ” ” လက်မောင်းထဲကို ဆေးလုံးလေး မြှုပ်တာ ပါ … တခြား သားဆက်ခြားနည်းတွေထက် ဈေးလည်း ကြီးလို့ … ပိုက်ဆံရှိတဲ့လူတွေ လောက်သာ လုပ်ကြတာပါ … လက်မောင်းထဲမှာ […]


etoneSeptember 1, 20111min07
“မမစိုး ..ကလေးမရအောင် ဘယ်လို ကာကွယ်ရမလဲဟင် … ခုနက ပြောတဲ့ ရက်တွေမှာပဲ ဆက်ဆံလို့ ရတယ်ဆိုတော့ အိမ်ထောင် သည်တွေကြတော့ ရက်ရှောင်ဖို့ မလွယ်ဘူးလေ… ” ” ဒီလို မိချိုရဲ့ … ဒီခေတ်မှာ ကာကွယ်ဖို့ နည်းလမ်းတွေ အများကြီးပါ … ရက်ခြားတာကတော့ ခုဏက ပြောသလိုပေါ့ … နောက်ပြီး အကာကွယ်သုံး ပြီး လိင် ဆက်ဆံမယ်ဆိုလည်း ကလေးမရနိုင်ဘူး … ကွန်ဒုံးလို့ ခေါ်တဲ့ ပစ္စည်းလေးကို အမျိုးသားက အသုံးပြုပြီး ဆက်ဆံရင်လည်း ကိုယ်ဝန်မရနိုင်ဘူး … ဒါပေမဲ့ အသုံးပြုမှူ မှန်ကန်ရမယ်နော် … မဟုတ်လျှင် ကွန်ဒုံးသုံးပေမဲ့ … ပေါက်ပြဲတဲ့ အခါ … အသုံးပြုပုံမမှန်ကန်တဲ့ အခါ […]


etoneSeptember 1, 20111min05
(၁၁) ” ဟဲ့ မိချို ညည်းလည်း ငါတို့ အိမ်ရောက်ကတည်းက တမှိုင်မှိုင် တထွေထွေနဲ့ပါလား … ” “ဟုတ်တယ် မစိုးရယ် … ကိုယ်ဝန်ဖျက်ချထားတာ ဒီနေ့နဲ့ ဆို လေးရက်ရှိပြီ … သွေးဆင်းတာ ရပ်သွားပေမဲ့ ကိုက်ခဲနေတုန်းပဲ … ” “လူက အဖျားလည်း တတ်ချင်တယ် … ” “ဒါဆိုမဖြစ်ဘူးပဲ မိချိုရယ် နင့်အစ်မကိုခေါ်ပြီး ဆေးခန်းလေးဘာလေး ပြမှနော် … ငါ့သမီးတွေဆို .. ကိုယ်ပူတာနဲ့ ချက်ချင်း ငါဆေးခန်းသွားခိုင်းတာပဲ … ။ ” ” ရန်ကုန်မြို့မှာ ဆေးခန်းခက ဈေးကြီးပါတယ် မမစိုးရယ် ကျွန်မလုပ်ခနဲ့ ဆေးခန်းပြရလျှင် ကျန်မှာတောင် မဟုတ်တော့ဘူး … ဒါနဲ့ မမစိုးပြောသွားတဲ့ […]