linpin zawJune 13, 20121min016
ဒီမှာရှိတဲ့ ရွာသူရွာသားတွေမှာ ဗဟုသုတပြည့်စုံကြလိမ့်မယ်လို့ ထင်ပါတယ်။အခုပြောချင်တာက မျက်နှာမှာရှိတဲ့ ကျောက်ပေါက်ခွက် ဒဏ်ရာကိုပျောက်အောင် ဘယ်လိုလုပ်ရမယ်ကို ပြောကြပါ။အကူအညီပေးကြပါ။ဒီမှာရှိတဲ့ ရွာသူရွာသား ထဲမှာ ကျောက်ပေါက်ခွက်ရှိတဲ့ ရွာသူရွာသား တွေ ပါပါ လိမ့်မယ်။အားလုံးရဲ့ကိုယ်စား ဆေးနည်းကိုတောင်းလိုက်ပါတယ်။


etoneJune 13, 20121min035
ဟိုးတလောက(ကြာတော့ကြာပြီ) အီးမေးလ်ထဲကနေ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတစ်ခု ဖတ်ခဲ့ရတယ် …. တရုတ်နိုင်ငံမှာ လမ်းဘေးရေဆိုးရေညစ်တွေနဲ့နောက်ဖေးလမ်းကြားက ထမင်းဟင်းကျန်တွေကနေ ကြိုချက်ပြီး အဆီပြန်ချက်ယူတဲ့ သတင်းပါပဲ …ဓါတ်ပုံနဲ့ တကွပြုလုပ်ပုံအဆင့်ဆင့် ပါတာကြောင့် အကြံပက်စက်လေချင်းဆိုပြီး … အော့နှလုံးနာခဲ့မိပါတယ် ။ အဲ့ဒီလို ညစ်ပတ်နေတဲ့ ရေဆိုးမြောင်းတွေထဲက စစ်ယူပြီး… ကြိုချက်ထားတဲ့ အမှိုက်တွေထဲက ဆီတွေ ၊ ကျွန်မတို့နိုင်ငံရဲ့ ဈေးကွက်ထဲ ပါကင်ကောင်းကောင်းနဲ့ ရောက်နေမလားလို့လည်း စိတ်ပူမိခဲ့ပါသေးတယ် အဲ့ဒီဆီတွေက အကြော်ခံပြီးပုံးလိုက်ရောင်းတာမျိုးလို ့လည်း အဲ့ဒီမေးလ်ထဲရေးထားတာ ဖတ်လိုက်ရသေးတယ် … ။ ဈေးနှုန်းအားဖြင့်လည်း သက်သာတယ်ရေးထားပေးမယ် … ဘယ်လောက်ဈေးရှိသလဲဆိုတာ ရေးသားထားခြင်းမရှိပါဘူး … အဲ့ဒီစာဖတ်ပြီးကတည်းက တရုတ်ကအဖြစ်ပျက်ပေမယ့် … အပြင်စာတွေစားတိုင်း ဆီသန့်ရဲ့လားဆိုတဲ့ စိတ်မျိုးနဲ့ ဇီဇာကြောင်ခြင်းတွေ ကျွန်မကိုယ်ထဲ စွဲကပ်လာခဲ့တယ် … […]


KyaemonJune 11, 201241min015
 အူး ကြောင် ကြီး အတွက် ဟာသ လက်ဆောင် လေး ပါ —————————- Sharapova ရှာရာဗိုဘာ သတို့သား Sasha စရှာ ရဲ့ ဒေါသသံ ——– ကျနော်က Lakers basketball လေကာ ဝါသနာ အိုး ဖြစ်လို့ တချိန်တုန်းက Lakers လေကာမှာကစားဘူးတဲ့  Sasha Vujacic စရှာ နဲ့ သိကျွမ်းခဲ့တာ၊ မကြာမီက Sasha စရှာ က ကျနော့ ဆီကို ဖုန်း ဆက်လာတာ၊ Turkey တူရကီ ကနေ ဆက်တာပါ၊ ကျနော် နဲ့အဆက်ပြတ်တာ ကြာ ပါပြီ၊ တယောက်ယောက် က သူ့ကိုပြောလို့ဖြစ်မှာပါ၊ သူက တခါမှ စိတ်မဆိုး တတ် ပေမဲ့ […]


ယနေ့ကျင်းပပြူလုပ်သော Grand Slam ဂရင်းစလင်းမ် ပြင်သစ်အိုးပင်း ဗိုလ်လုပွဲတွင် ရှာရာပိုဗာကြောင်ကြီးဂ ပိုင်ဖက် အီတလီသူ ဆာရာအီရာနီအား ၆-၃ ၆-၂ နှစ်ပွဲပြတ် အနိုင်ရရှိကာ ၂၀၁၂ခုနှစ် ပြင်သစ်အိုးပင်း ချန်ပီယံဖြစ်သွားသည်။ ပြီးခဲ့သည့် သောကြာနေက ပြုလုပ်သော အကြိုဗိုလ်လုပွဲ အနိုင်ရအပီးတွင် ရှာရာပိုဗာဂလေး ကမာ္ဘ့အဆင့်တစ် တင်းနစ်မယ် ဖြစ်လာခဲ့ပီဖြစ်သည်။ ၂၀၁၂ခုနှစ် ပြင်သစ်အိုးပင်းပြိုင်ပွဲ အနိုင်ရဆုကြေးငွေမှာ ယူရိုဒေါ်လာ ၁.၂၅သန်း (တစ်သန်းနှစ်သိန်းငါးသောင်း)ဖြစ်ပီး ဒုတိယဆုကြေးငွေမှာ ယူရိုဒေါ်လာ ခြောက်သိန်းနှစ်သောင်းငါးထောင်ဖြစ်သည်။ ဂရင်းစလင်းမ် အိုးပင်းပြိုင်ပွဲများကို ဒဗလျူအေတင်းနစ်ပြိုင်ပွဲ ရာသီတနှစ်အတွင်း စုစုပေါင်းလေးကြိမ်ခန့်သာ ပြုလုပ်ပီး ကမာ္ဘ့ထိပ်တန်း တင်းနစ်သမားတိုင်း လိုချင်မက်မောသည့် ဂုဏ်ဒြပ်ဖြစ်သည်။ အခြား ဂရင်းစလင်းမ် တင်းနစ်ပြိုင်ပွဲသုံးခုမှာ ဩစတေးလျအိုးပင်း၊ ဝင်ဘယ်လ်ဒန် နှင့် ယူအက်စ်အိုးပင်း ပြိုင်ပွဲများဖြစ်သည်။ ရှာရာပိုဗာကြောင်ကြီး(၂၅နှစ်)သည် ၂၀၀၄ခုနျစ်တွင် […]


mipukayJune 9, 20121min08
ကြက်ကြော်မဆလာနှပ်(သို ့)ဟာရီကြက်နှပ် စာရေးသူတို ့နိုင်ငံတွင် အိမ်ရှင်မအတော်များများသည် ဈေးသွားလျှင်ကြက်သားကိုသာ အများဆုံးဝယ်လေ့ရှိကြပါသည်။ အကြောင်းမှာ ငါးကြိုက်သူအိမ်သားများ နည်းပါးခြင်း၊ ဝက်သားရှောင်သူရှိခြင်း၊ ဘဲဥချဉ်ရေဆိုနှာခေါင်းရှုံ ့တတ်သော အိမ်ဦးသခင်ကြီးနှင့်သခင် သခင်မကလေးများ ရှိခြင်း၊ အသီးအရွက်ဘဲပါပြီးအသားမပါပါက ညိုညင်တတ်သောသူများမရှားခြင်းတို ့ဖြင့် ဈေးခြင်းတောင်းကိုင်ကာချာချာလည်အောင် အကြပ်ရိုက်ရသောကြောင့်ဖြစ်ကြပါသည်။ သို ့ပါသော်လဲ ချက်ပြုတ်သော နည်းလမ်းအနည်းငယ်ဖြင့် သာမိရိုးဖလာစွဲဖြင့် ချက်ပြုတ်လေ့ရှိသောကြောင့် မိသားစုဝင်များ ငြည်းငွေ ့လျှက်ရှိသည်ကို သတိထားလေ့လာမိပါသည်။ တစ်ခါလာလဲ ကြက်ကြော်၊ တစ်ခါလာလဲ အချိုချက်၊ ငြုပ်သီးနဲ ့ချက်၊ ပြုတ်ကြော်လုပ်ချက်၊ သုတ်စား၊ ကြက်သားအာလူးရော၊ ကြက်သားငပိကြော်၊ ကြက်စွပ်ပြုတ်၊ ကြက်ချိုချဉ်၊ ကြက်ကုန်းဘောင် တို ့ဖြင့်လုံးလည်ချာလည်လိုက်လျှက်ရှိပါသည်။ ထို ့အတွက်ကြောင့်စာရေးသူအနေဖြင့် မြန်မာ့နည်းမြန်မာ့ဟန်ချက်ပြုတ်သောကြက်သားဟင်း များမှ အနည်းငယ် အထွန် ့တက်သော အရသာသစ်၊ ချက်ပြုတ်နည်းသစ်များကို […]


kaiJune 9, 20126min034
အိပ်ထမတင်က ဗိုက်ချပ်တယ်ထင်သူများအတွက်.. သတင်းမကောင်းပါ။ အိပ်ထမတင်အကြိမ် ၂သိန်းခွဲလုပ်မှ ဗိုက်အဆီ ၁ပေါင်ကျသတဲ့လေ..။ အမျှ..အမျှ.. ဗိုက်ကြွက်သားနဲ့.. အပေါ်ကအဆီပြင်က..သီးသန့်ကြီးဖြစ်နေတာကို.. ဆိုတော့. ဗိုက်ကျချင်.အောက်က နည်း၃နည်း.. အတိုင်းလုပ်ပါတဲ့.. The 3-Step Strategy to a Flat Stomach By Rachel Cosgrove Tue, Jun 05, 2012 .. Step 1: Exercise But not so fast with the crunches! It takes 250,000 crunches to burn one pound of fat. And working those muscles underneath won’t […]


ကျွန်တော် ဒီရက်ပိုင်းအတွင်း မျက်စိနှစ်ကွင်းနဲ့ဖတ်လိုက်ရတဲ့စာတွေ မြင်လိုက်ရတဲ့ ပုံတွေတော်တော်များများ စိတ်မချမ်းသာစရာတွေပဲ ဖတ်ရ ကြားရ မြင်ရပါတယ်။ ကွန့်မန့်လေးပေးဖို့ကို ကြိုးစားလို့မရသလိုပါပဲ။ သူတို့ကိုပြောရင် ရမယ့်ပုံမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် အများအားဖြင့် ဒေါသ…တွေ..မာနတွေ.. အာဃာတတွေ ဝင်ပူးခံနေကြရသူတွေများလို့ ပါ။ မြတ်စွာဘုရားလက်ထက်တုန်းက အိမ်သာထဲမှာ ရေခွက်လေး လှန်ထားခဲ့ တဲ့ကိစ္စနဲ့ ရဟန်းအချင်းချင်းစကားများကြရာကနေ.. ဘုရားပြောလို့ကို မရတဲ့ အနေအထားဖြစ်လာခဲ့တယ်။ ဒီတော့ ဘုရားက ဘာမှ မပြောတော့ပဲ တောထဲကြွသွားခဲ့ပါတယ်။ ကျွန်တော်လဲ ဘာမှကို မပြောချင်ပဲ ခံစားလိုက်ရတယ်။ ဒီရက်ပိုင်းမှာ ခေတ်သစ် ဟင်္သာကိုးသောင်း ပုံပြင်စာအုပ်ကိုလဲ ဖတ်လိုက်မိတယ်။ ဒီတော့လဲ ကျွန်တော် စိတ်တော်တော်မကောင်း ဖြစ်သွားတယ်။ ဒီတော့ ကျွန်တော် စိတ်ပြေလက်ပျောက် လေးပဲ ရေးလိုက်ပါရစေ… ကျွန်တော်နဲ့သူနဲ့အကြောင်းလေးပေါ့။ ဟဲဟဲ.. တစ်နေ့… ကျွန်တော်မြို့ထဲကိုသွားရင်းနဲ့ […]


mipukayJune 5, 20122min011
စာရေးသူသည်မြန်မာလူမျိုးများ၏နေ ့စဉ်ဟင်းလျှာများနှင့်ဆင်တူသော နိုင်ငံခြားဖြစ်ဟင်းလျှာများကို စိတ်ဝင်စားမိသည့်ဝါသနာ ရှိသည့်အလျှောက်လက်တဲ့စမ်းကာ အာက်ပါအတိုင်းဘာသာပြန်ကာ ချက်ပြူတ်လိုက်ပါသည်။ အဆိုပါကြက်ချဉ်စပ်ဟင်းသည် မစ်စတာအဒမ်ရောဘတ်(Mr.Adam Roberts)၏ ဟင်းလျှာဖြစ်ပြီး အောက်ဖော်ပြ ပါအင်တာနက်စာမျက်နှာတွင် မူရင်းဆောင်းပါးကိုဝင်ရောက်ဖတ်ရှု နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။ Chicken Adobo (ကြာချိန်။ ။ ပြင်ဆင်ချိန် ၂ဝ မိနစ်+ ချက်ပြုတ်ချိန် ၄၅ မိနစ် = ၁ နာရီ ၅ မိနစ်) ပါဝင်ဘက်များ ၁။ ပဲဆီ ၁၅ ကျပ်သား ၂။ ကြက်သား ၁ ပိသာ (ရင်ပုံနှင့်ပေါင်သားများကို ၂”အရွယ်အတုံးများတုံးထားပြီးသား) ၃။ ကြက်သွန်ဖြူ ဥကြီး ၂ဥ (အမွှာများခွဲထားပါ၊ အခွံမချွတ်ပါနှင့်) ၄။ ကြက်သွန်နီ ဥကြီး ၄ ဥ (အခွံခွာ၍ ၈စိတ်ခြမ်းထားပါ။) ၅။ […]


ဂနေ့ …. ကပေ့ရဲ့ ဘောကျောင်းတွေဂို သတိရဒါနဲ့ ပီးမီးယားလိရဲ့ ခြန်ပယံတွေကို တင်လိုက်ဒယ် … ၁၉၉၂ – ၉၃ ဘောယာဒီကစလို့ ပီးခဲ့ဒဲ့ ၂၀၁၁ – ၁၂ ရာသီထိ ခြန်ပယံတွေဂို တင်လိုက်ဒယ်ဂျာ … ကိုင်း …. ရှုစားကြပါကုန်လော့ အရပ်ကတို့ … ၁။ မန်ယူ (၁၉၉၂ – ၉၃) ဒီရာသီမှာတော့ မန်ယူအသင်းက အက်စတွန်ဗီလာ အသင်းကို (၁၀) မှတ်တိတိဖြတ်ပြီး ၈၄ မှတ်နဲ့ ပီးမီးယားလိ ဖလားကို သိမ်းပိုက်ခဲ့ပါတယ်။ အဲ့အချိန်က မန်ယူမှာ ပေါလ်အင့်၊ မာ့ခ်ဟူးကတ်၊ ရိုင်ယန်ဂစ်တို့ ရှိတယ်။ စုစုပေါင်း (၄၂) ပွဲ ကန်ခဲ့ဒယ် (ပီးမီးယားလိမှာ)။   ၂။ […]


etoneJune 1, 20121min031
ခေတ်ကြောင့်လား စနစ်ကြောင့်လား မဝေခွဲတတ်ပေမယ့် ကူးစက်ရောဂါတစ်ခုလို ပျံ ့နှံ ့နှုန်းမြန်စွာနဲ့ ယောကျာ်းတွေကြားထဲ ကူးစက်လာတဲ့ အကျင့်ကတော့ စိတ်ဓါတ်နိမ့်ကျခြင်း၊ တာဝန်မယူတတ်ခြင်းပါပဲ ။  ယောကျာ်းတိုင်းမှာ ကူးစက်တာမျိုးတော့မဟုတ်ပေမယ့် ဆယ်ကျော်သက်တချို့တွေကြား ၊ ပြည်ပနေ ငရှုပ်တွေကြား ၊ အရှိန်ဟုန်ပြင်စွာနဲ့  …. ကူးစက်လို့ …. စိတ်ဓါတ်တွေနိမ့်ကျလာ ကြတာ … လူရုပ်ပျောက်လို့ လေးဘက်ထောက်တော့မလိုပါပဲ ။ နှမချင်းမစာနာတဲ့ အမျိုးယုတ်ယောကျာ်းတွေ ဒုနဲ့ဒေးရှိလာပြီမို့ မိန်းကလေးတွေ ဆင်ခြင်နိုင်မှ တော်ကာကြမယ့်ခေတ်ပါ ။  ကြိုက်လို့စားတာမဟုတ်ပါဘူး နှာခေါင်းမပါလို့ ချီးစားတာပါလို့ ပြောချင်တဲ့ အမျိုးသမီးတွေအတွက်ကတော့ ၊ ကိုယ့်ထိုက်နဲ့ က ိုယ့်ကံမို့ ၊ အလှူတန်းရက်ရောသူလို့ သဘောထားပြီး ဘာမှ မပြောလိုတော့ပါဘူး ။   တကယ်ပါ ပြောရလျှင်လည်း […]


သတင်းစာ များ၌ နာရေး ကြော်ငြာများ ကြည့်လျှင် အသက် ၅ဝ ဝန်းကျင် နှင့် သေဆုံးသူတွေ များနေကြောင်း တွေ့ရပါမည်။ ထိုသူများ မှာလည်း ဝန်ထမ်းများ နှင့် စီးပွားရေး လုပ်ငန်း လုပ်သူများ ဖြစ်ကြောင်း တွေ့ရမည် ဖြစ်သည်။ အလုပ်တာဝန် များစွာတာဝန်ယူ ထမ်းဆောင်နေရင်း သက်တမ်း မစေ့မီသေကြရသဖြင့်သတင်းစာ ပေါ်တွင် များစွာသော ဝမ်းနည်း ကြောင်း သဝဏ်လွှာများကို လည်းဖတ်ရှုနေကြရပါသည်။ အလုပ်တာဝန်များသူများ မှာ အလုပ်ပြီးအလုပ်ဆက်နေ သဖြင့် စားချိန် မမှန်၊ အိပ်ချိန် မမှန် အနားယူချိန်မရှိကြသည်ကများ ပါသည်။ စားဖို့အချိန်မပေးနိုင် သောအခါ လွယ်ကူစာ များကို သာ နေ့စဉ်စားသုံးကြသဖြင့် ရောဂါရခြင်း၊ အသက်တို ရခြင်း ဖြစ်နိုင်သည်။ “လွယ်ကူစာ”ဆိုသည်မှာအ ချိန်တိုအတွင်း […]


ဖခင် ဖြစ်လိုသူများ အင်တာနက် သုံးရင် သတိထား ဖခင် ဖြစ်လိုသူများ အင်တာနက် သုံးရင် သတိထားအာဂျင်တီးနား သိပံ္ပပညာရှင် များဟာ ကျန်းမာတဲ့ အမျိုးသား ၂၉ ဦးရဲ့ သုက်ရည် နမူနာ များကို Wi-Fi ဖြင့် အင်တာနက် ချိတ်ဆက် ထားတဲ့ လက်ပ်တော့ ကွန်ပျူတာ တင်ထားတဲ့ စားပွဲအောက်မှာ ထားခဲ့ပါတယ်။ ၄- နာရီ ကြာပြီးတဲ့ နောက်မှာ အဲဒီနမူနာ များထဲမှာပါဝင်တဲ့ သုက်ပိုး ကောင်ရေ ရဲ့ ၂၅ ရာခိုင်နှုန်းဟာ လှုပ်ရှားကူး ခတ်မှုမရှိတော့တာကို တွေ့ရ ပါတယ်။ တစ်ချိန်တည်းမှာပဲ တူညီတဲ့အပူချိန် အောက်မှာ Wi-Fi နဲ့ အင်တာနက် ချိတ်ဆက်ထားတဲ့ လက်ပ်တော့ရဲ့ အနီးမှာမဟုတ်ဘဲ အခန်းထဲမှာထားတဲ့ သုက်ရည်နမူနာများထဲမှာတော့ […]


weiweiMay 16, 20121min033
ရှမ်းခေါက်ဆွဲကို မနက်စာအနေနဲ့ စားလေ့ရှိပါတယ်။ ညကထဲကအဆင်သင့်ပြင်ထားမယ်ဆိုရင် မနက်စာကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် လုပ်စားလို့ အဆင်ပြေတာမို့ အလွယ်လုပ်နည်းလေး ပြောပြပေးချင်ပါတယ်။ (၄) ယောက်စာအတွက် ဆန်ခေါက်ဆွဲ (၁) ထုတ် ကြက်သားရင်ပုံသား ၂ဝ ကျပ်သားခန့် ခရမ်းချဉ်သီး ၂ဝ ကျပ်သားခန့် ကြက်သွန်နီ အနေတော် (၃) လုံး ကြက်သွန်ဖြူ အမွှာကြီး (၄) မွှာ ဆီ တစ်ဆယ်သားခန့် ငရုတ်သီးအစိမ်းမှုန့် လိုသလောက် ရှမ်းမဆလာ(သို့) တရုတ်မဆလာ အနဲငယ် ပဲငံပြာရည်အကြည် ပဲငါးပိ ကြက်သွန်မိတ် မုန်ညင်းချဉ် ဆား/သကြား မြေပဲ/နှမ်း/ကြက်သွန်ဖြူကြော် ချက်ပြုတ်ပုံအဆင့်ဆင့် မနက်စောစောစားမယ်ဆိုရင် ဆန်ခေါက်ဆွဲကို ညကထဲကြိုပြီးရေစိမ်ထားရပါမယ်။ ကြက်သားကိုပြုတ်ပြီး အသားတုံးလေးတွေကို သေးသေးလေးတွေလှီးရမယ်။ လှီးပြီးသားအသားကို ဆား၊ သကြားနဲ့ ရှမ်းမဆလာနယ်ပြီး ဆီနဲနဲနဲ့ […]