ပဲ အမျိုးအစားများစွာရှိပါတယ်၊ ကောက်ပဲသီးနှံ၊ အစေ့အဆန်တွေကလည်း လူ့ကျန်းမာရေးကို အထောက်အကူပြုပါတယ်၊ အဲဒီထဲမှက ကျွန်တော်ဖတ်ဖူးတဲ့ တိုလီမိုလီစာပေစုထဲမှာတွေ့တဲ့ ပဲနှင့်အစေ့အချို့မှ ကျန်းမာရေးကိုဘယ်လို အကျိုးဖြစ်စေလဲဆိုတာ ဗဟုသုတအဖြစ်ဝေဌရေးသားပေးပါရစေ။ ပဲတီစိမ်း – ကိုယ်တွင်းအပူအပုပ်ရှင်းထုတ်ပေး၊ ဆီရွှင်ပြီး အဖောအရောင်ကျစေတယ်၊ နေပူလျှပ်တာ၊ စိတ်ဂနာမငြိမ်ဖြစ်တာ သက်သာစေတယ်၊ အသားအရေနဲ့ အတွင်းကလီစာတွေကို ရွှမ်းစိုစေတယ်၊ သရက်ရွက်ကိုအားပေးတယ်၊ သွေးရည်ထဲ ကိုလက်စထရောနဲ့ အဆီဓာတ်တွေစုပုံတာကို ရှင်းထုတ်ပေးနိုင်လို့ နှလုံးနဲ့ သွေးကြောရောဂါများ မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ပဲနီလေး – ကျောက်ရောဂါ၊ နှလုံးရောဂါနဲ့ ရေဖျဉ်းစွဲရောဂါတွေကို သက်သာစေတယ်၊ ပဲနီလေးမှအစာအမျှင်ဓာတ်ကြွယ်ဝစွာပါလို့ ဝမ်းမှန်စေတယ်၊ သွေးတွင်းကအဆီဓာတ်နဲ့ အချိုဓာတ်ထိန်းပေးတယ်၊ သွေးတိုးကျစေတယ်၊ ကိုယ်တွင်းအဆိပ်အပုပ်များရှင်းထုတ်ပေးပြီး ကင်ဆာရောဂါ ကာကွယ်ပေးတယ်၊ အဆီချပိန်ကျစွမ်းရှိတယ်၊ ပဲနီလေး အစားများရင် ကိုယ်တွင်းအပူကြီးတတ်လို့ သင့်တင့်စွာသာ စားသင့်ပါတယ်။ ပဲပုပ်ပဲ – သွေးထဲကအဆီကိုထိန်းညှိခြင်း၊ […]
