May BeauteJune 30, 20121min08
Skincare နဲ့ makeup တွေဝယ်တော့မယ်ဆို ကိုယ့်အသားအရေအမျိုးအစား(skin type) ကဘာအမျိုးအစားလဲ သိဖို့လိုပါတယ်။ ကိုယ့်အသားအရေက ဘယ်အမျိုးအစားထဲပါလဲ သိဖို့ထက် အသားအရေအမျိုးအစား ဘယ်နှစ်မျိုး ရှိတယ်၊ ၎င်းတို့ရဲ့ အားသာချက်၊ အားနည်းချက် တွေကိုအရင် သိဖို့လိုပါတယ်။ ကဲကြည့်လိုက်ရအောင်နော်… ခြောက်သွေ့အသားအရေ(Dry Skin) ခြောက်သွေ့အသားအရေပိုင်ဆိုင်ရင်တော့ ဝမ်းသာရတော့မှာပါဘဲ။ အသားအရေက ခြောက်သွေ့နေလို့ ထိန်းသိမ်းရတာ နည်းနည်း သက်သာပါတယ်။ ဒါပေမယ့် ခြောက်သွေ့ အသားအရေကို ထိန်းသိမ်းမှု မလုပ်ဘဲ ဒီအတိုင်းထားရင် အသားအက်ကွဲမှု၊ ပါရေတွန့်မှု နဲ့ အသားအရေ ပျက်ဆီးမှုတွေဖြစ်နိုင်ပါတယ်။ အဆီပြန်သောအသားအရေ(Oily Skin) တချို့ကျပြန်တော့ ဒီအသားအရေအမျိုးအစားကို ကြိုက်ပါတယ်။ သူက အမြဲပြောင်ပြောင်လေး ဖြစ်နေလို့ပါ။ ပြောင်ပြောင်လေး ဖြစ်နေတိုင်းလဲကောင်းတာ မဟုတ်သလို အမြဲဂရုစိုက်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ မျက်နှာမှာရှိတဲ့ ချွေးပေါက်လေးတွေက […]


May BeauteJune 30, 20121min00
တချို့တွေက ကိုယ့်အသားအရေ အမျိုးအစားကို ဘယ်လိုခွဲရမလဲ ဆိုတာအခက်အခဲရှိပါတယ်။ shopping mall တို့ beauty salon တို့သွားစရာမလိုဘဲ ကိုယ်ဘယ်အသားအရေ အမျိုးအစားကို ပိုင်ဆိုင်လဲဆိုတာ အောက်မှာ ဖောပြထားတဲ့ အချက်တွေနဲ့ ကိုက်မကိုက် ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ ကဲ ကြည့်လိုက်ရအောင်နော်… Dry Skin (၁) မျက်နှာ အသားအရေက အပြင်ကနေ ပြန်ရောက်တဲ့အခါ တင်းတင်းကြီးဖြစ်နေတယ်လို့ ခံစားရတယ်။ (၂) cream တခုခု လိမ်းလိုက်ရင် အသားတင်းတင်းကြီး ဖြစ်နေတာကနေ သက်သာသွားတယ်လို့ ခံစားရတယ်။ (၃) ဘာလိမ်းထားထား ကိုင်လိုက်ရင် နူးညံ့တောက်ပြောင် နေတယ်လို့မခံစားရဘူး။ (၄) ရေကူးကန်က ပြန်လာရင် cream လိမ်းနေကျ ထက်၂ဆလိမ်းမှ အသားထဲ ဝင်သွားတယ်လို့ ခံစားရတယ်။ (၅) ဆီးခနခနသွားနေတယ်။ […]