fattyFebruary 12, 20121min054
ကြည့်မြင်တိုင် RC 3 ရှေ့မှာဆုံရပ်လုပ်ပြီး လူစုခဲ့ကြပါတယ်။ အဲဒီကမှ ကားကူညီပေးသူတွေဆီကကားနဲ့ လိုက်ပါသူတွေမျှတင်ပြီး ကိုကျော်သူတို့နာရေးကူကူညီမှုအသင်းရှိရာကိုထွက်လာကြပါတယ်။ အားလုံးလှူဒါန်းငွေ တဆယ်သုံးသိန်းကျော်ပါ … ။ ထူးခြားတာလေးတွေကတော့ မန်းဂေဇက်မှာရေးနေကြသူမှားသာမက စာဖတ်သူများပါ ပါဝင်လိုက်ပါ အားပေးကြခြင်းပါဘဲဗျာ ..။ ကဲကျနော်ကတော့သတင်းလေးဘဲရေးတာပါ အပြည့်အစုံကိုတော့တယောက်ယောက် က တင်ပေးကြပါအုံးလို့ ..။ အဲ ကိုဘလက်ချောကြီးကတော့ ၁၃ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့အထိမ်းအမှတ်အနေနဲ့ ကားလဲအကူအညီပေးသဗျ။ ကျနော့ကို ထမင်းလဲကျွေးသဗျား အားလုံးကိုအအေးနဲ့ ဒါနပြုပါသဗျား ။ ပိုပြီးစာစုံသွားအောင် ဝိုင်းဝန်းရေးသားပေးကြပါ။ ပိုစ်သပ်သပ်တင်ချင်တင်ပေးကြပါလို့ … ။ အလှူငွေပေးအပ်လှူဒါန်းသည့် group ပုံ ကျနော်ထံတွင်မရှိပါ ။ လုလင် တို့ကိုချောတို့ထံတွင်ရှိမည်ထင်ပါသည်။ တင်ပေးကြပါရန်မေတ္တာရပ်ခံပါသည်။


winkyawaungFebruary 12, 20121min04
မကွေးတိုင်းဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး( ဆိပ်ဖြူမြို့နယ်) မှ ဖိတ်ကြားချက်အရ ၄-၂-၂၀၁၂ နေ့ နံနက်(၁ဝး၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာဓမ္မာရုံသို့ စာရေးသူ သွားရောက်ခဲ့ ပါသည်။ ယင်းဓမ္မာရုံတွင်း၌ မကွေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး နှင့် မြေယာများကို မြန်မာဂို(လ်)ဒင်းစတားကုမ္ပဏီမှ မတရားသဖြင့် အသိမ်းခံထားရ၍ ပြန်လည်ရယူလိုကြသော မူလမြေပိုင်ရှင်များ (၂၃)ဦး တို့ တိုင်ပင်ဆွေးနွေးနေကြသည်ကို သတင်းရယူခဲ့ပါသည်။ စုစုပေါင်းအသိမ်းခံထားရသော မြေဧကမှာ(၃ဝ ဧက) ခန့်ဟုသိရပါသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး မူလမြေယာပိုင်ရှင် များလက်မှတ်ရေးထိုး ၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ(၂၀၁၁ ခု အောက်တိုဘာလ(၁၃)ရက်နေ့စွဲဖြင့် အသနားခံလွှာတင်ပြထားသော စာကို ဦးမြင့်စိုး(မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်) မှ ရှင်းလင်းဖတ်ကြားပွဲဖြစ်ပါသည်။ ဒီကိစ္စကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လွှတ်တော်မှာလည်း ဆက်လက်တင်ပြသွားမည်ဟု ဦးမြင့်စိုးမှပြောကြားပါသည်။ မြေယာအသိမ်းခံရသော မြေပိုင်ရှင်တချို့အား စာရေးသူမှ […]


မီးစတင်လောင်ကျွမ်းချိန်မှယနေ ့၁၂ ရက်နေ ့နေ ့လည်ထိ ဘယ်သို ့ကြောင့်လောင်ကျွမ်းသွားသည်၊မည်သူ ့ကြောင့်ဟု သတင်းလဲမထုတ်ပြန်နိုင်သလို၊သိလဲမသိရပါ။ မနေ ့ နေ ့လည်ကပင် ပြည်နယ်စည်ပင်ဝန်ကြီးအပါအဝင်၊တိုင်းမှူး၊အစိုးရအရာရှိများ လာရောက်ကြည့်ရှုကြသည်။ယာယီဈေးတစ်ခု အမြန်နေရာချထားရေးနဲ ့ မီးဘေး ဆိုင်ခန်း ပိုင်ရှင်များအတွက် မည်သို ့မည်ပုံဆောင်ရွက်မည်ကို စိတ်ဝင်စားမိသည်။ သို ့သော် ယခုမီးလောင်ရာသို ့လာရောက်ကြည့်ရှုသူများအပေါ်ကျနော့်အမြင်မှာ မောင်ကြည့် ဟုသာ နာမည်တပ်ပေးချင်မိသည်။အဘယ်ကြောင့်နည်းဟုဆိုသော် အရေးနဲ ့အကြောင်းနဲ ့ဆိုလျှင် ဖြေရှင်းနိုင်သော ဉာဏ်စွမ်း၊ဉာဏ်စ နည်းသူများ၊ကိုယ်ပိုင်ဖြတ်ထိုး ဉာဏ်နည်းသူများ အများစုသာ လူကြီးဟု ခေါ်တွင်နေရသော ခေတ်မကုန်သေးသော ကြောင့်ပါ။ မီးစတင်လောင်ကျွမ်းချိန် မနက် ၅ နာရီကဘဲ ခေါ်ယူထားတဲ့ သံတွဲမီးသတ်မှ ကားများ စက်သုံးဆီမရှိခြင်း၊စက်နှိုးမရခြင်း၊ရောက်လာပြန်တော့ ရေပါမလာခြင်းတို ့ အစဉ်အဆက်ကပင် အားနည်းချက်ဖြစ်နေလေသည်။ဘယ်သို ့ပြုပြင်ကြမည်လဲဗျာ။ […]


nigimi77February 12, 20121min010
ဆန္ဒကို လှည့်ဖြားခြင်းဟာ မိုက်မဲရာကြတယ် ။ ဆန္ဒကို ရှောင်လွဲပေးဖို ့အတွက်ကို နည်းလမ်း ရှာဖွေခြင်းဟာ လူသားဆန် လိမ့်မယ် ။ ဘယ်သူတွေက ဆန္ဒကို လှည့်ဖြားအောင်မြင်ခဲ့လို ့ လူ ့အဖွဲ ့အစည်းကို တည်ဆောက်နိုင်ခဲ့ကြသလဲ ။ ဆန္ဒကို မှန်ကန်တဲ့ လူသားဆန်တဲ့ နည်းလမ်း နဲ ့ ရှောင်လွဲပေးခြင်းသာလျင် အောင်မြင်တဲ့ လူ ့ အဖွဲ ့အစည်း ဖြစ်တယ် ။ ================================= ဒီနေ ့ရဲ ့ ဖြစ်စဉ် အမှန်ကို လက်တွေ ့သိဖို ့ကြိုးစားကြည့်ပါ ။ မြန်မာနိုင်ငံရဲ ့ လက်ရှိ အနေအထားမှာ အလွန်ကျပ်တည်း ကျဉ်းမြောင်းလှတဲ့ လိုင်းကားတွေကို စီးနင်းရင်း အလုပ်အသွားအပြန် လုပ်နေကြတာ […]


nigimi77February 12, 20121min02
မဟုတ်တရုတ် လုပ်ရင် ဝီစီမှုတ်မယ် ဆိုတဲ့ ဗော်လန်တီယာများ ၊ လိင် ခွဲခြားမှု အခွင့်ကောင်း ယူလိုသူ အမျိုးသမီးများ ။ လူ ့သဘာဝ ပါတ်ဝန်းကျင်အား ငြိုးနွမ်း အရုပ်ဆိုးစေသော မယောင်ရာ ဆီလူး လူထင်ပေါ် များ ။ သို ့ …………………… ။ ================================================ သူတောင်းစား အစာဝရင် ………. ဆိုတဲ့ စကားက ရှိခဲ့တယ် ။ ခေတ်ကာလတွေက ပြောင်းခဲ့ပြီ ။ သူတောင်းစား မဟုတ်လည်းပဲ……အစာ မဝခဲ့ရင်လည်းပဲ……. အတွေ ့ အထိကို လွန်ဆန်နိုင်တဲ့ လူသားရှိခဲ့ရင်… ပုံမှန်မဟုတ်တဲ့ လူတစ်ယောက်လို ့ပဲ ယူဆရမယ် ။ အတွေ ့အထိ ဆိုရာမှာ ……… ၁ […]


မယ်လိုဒီ ၊ ဂျင်းနီး ၊ ချောရတနာ ၊ MAXဇော်ဇော် www.thithtoolwin.com  


ဒီဓါတ်ပုံတွေ ကို (11-2-2012)နေ့မနက်က ကျနော်သွားရိုက်လာတာပါ။ ဒါကတော့(24-12-2011)နေ့မှာ ကျနော်ရိုက်ပြီး ပိုစ်တင်ခဲ့တုန်းကပုံတွေပါ။   မဟုတ်တော့ဘူးပြောင်းသွားပြီ မန်းလေးက အာဇာနည်   ဒီစာလေးက ကတော့ ကိုသန့်ဇော် က မနေ့က သူ့ဖေစ်ဘုတ်စာမျက်နှာမှာတင်ထားတဲ့စာစု အာဇာနည်၁ရဦးဗိမာန် သန့်ရှင်းရေး ဂူဗိမာန်အပေါ်မှာ ကျဆုံးခဲ့တဲ့အာဇာနည် ၁ရဦးရဲ့ ဓါတ်ပုံများကို ပြသထားပါတယ် … အသက်အငယ်ဆုံး အာဇာနည်လေးပါ ကျဆုံးချိန်မှ ၁၂နှစ်သာရှိသေးပါတယ် … ‎(10-2-2012 နံနက် ရးဝဝနာရီမှာ မန္တလေးတမ္ပဝတီရပ်မှာရှိတဲ့ ၁ရဦးအာဇာနည်ဗိမာန်က ခြုံနွယ်ပိတ်ပေါင်းများကို စိမ်းရောင်စိုအဖွဲ့နဲ့ ချမ်းမြသုခနာမှုကူညီရေးအသင်းမှ ကမကထပြုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ နိုင်ငံရေးအဖွဲ့အစည်းများ သံဃာတော်များကျောင်းသား ကျောင်းသူများ ပရဟိတလူမှုရေးအဖွဲ့များ ဘာသာပေါင်းစုံအသင်းစတဲ့ အသင်း၂ဝကျော် လာ…ရောက်သန့်ရှင်းရေး ပြုလုပ်ကြပါတယ် … မန္တလေး စည်ပင်သာယာရေးကော်မီတီမှ ဝန်ထမ်းများ မီးသတ်များ […]


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေကို လစာနဲ့ အခြားအခွင့်အရေးတွေ အလျင်အမြန် တိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာကို ကြိုဆိုလိုက်ပြီး တစ်ပြိုင်တည်းမှာပဲ အကျင့်ပျက် လာဘ်စားပြီး ချမ်းသာ ကြွယ်ဝနေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း လိုအပ်ကြောင်း ဝေဖန် ပြောဆိုလိုက်ပါတယ်။“ဒီလို ပြည်သူတွေရဲ့အသံကို နားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ လုံလုံလောက်လောက် လခပေးရမယ်ဆိုတာ၊ ဒါတော့ လိုအပ်ပါတယ်။ နောက်ပြီးတော့ စည်းမျဉ်း စည်းကမ်းအရ မလုပ်ဘဲနဲ့ လာဘ်ပေးလာဘ်ယူ လုပ်တဲ့ ဝန်ထမ်းတွေကို တိတိကျကျ ဥပဒေအရ အရေးယူရမယ်။ နောက် တတိယ တစ်ခုကတော့ ဒီဟာတွေကို စိတ်ဓာတ်ရေးရာ အရလည်း ပြန်ပြင်ဖို့ လိုတယ်” အာအက်ဖ်အေက ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် […]


winkyawaungFebruary 10, 20121min01
` တောင်ငူမြို့မှ စာပေဟောပြောပွဲ ဂယက် အင်တာဗျူး´ စာရေးသူ ၂၀၁၂ ခုနှစ် ဇန်နဝါရီ(၂၆)ရက်နေ့တွင် စာရေးဆရာ အေးရွှေ(ကေတုမတီ) မှ တောင်ငူစာပေဟောပြောပွဲသို့ လာရောက်သတင်းယူရန် ဖိတ်ကြားပါသည်။ ထို့ကြောင့် မကွေးမြို့ သင်ကြားရေးဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာမြသောင်း (ခ) ကဗျာဆရာ သောင်းကေတု ၏ ကားကြုံဖြင့် တောင်ငူမြို့သို့ လိုက်ခဲ့ပါသည်။ (၂၆)ရက်နေ့ ည(၇)နာရီတွင် တောင်ငူမြို့သို့ ရောက်ပါသည်။ တောင်ငူစာပေဟောပြောပွဲမှာ (၂၆-၁-၂၀၁၂) နေ့ ညတွင် စတင်ကျင်းပရန် မူလက စီစဉ်ထားပါသည်။ သို့သော်လည်း ယင်းညမှာ စာပေဟောပြောပွဲကျင်းပရာ မိုင်နာဘောလုံးကွင်းထဲမှာ တရားပွဲ ရှိနေ၍ စာပေဟောပြောပွဲအား တစ်ရက်နောက်သို့ ဆုတ်ပေးလိုက်ရကြောင်း ကြားသိရပါ၏။ စာပေဟောပြောပွဲများကို (၂၇) ရက်နေ့မှ (၃၁-၁-၂၀၁၂) နေ့ အထိ (၅)ရက် ၊ […]


kanjosanFebruary 10, 20121min025
ဟိုတစ်လောက ဟိုတယ်တစ်ခုမှာ ပြည့်တန်ဆာကို ဟိုတယ်ထဲ မခေါ်ရလို့ စိတ်ဆိုးပြီး ဂျပန်က ဟိုတယ်ဝန်ထမ်း အမျိုးသမီးကို ပါးချလိုက်တဲ့သတင်း တော်တော်လေးပြန့်နေပါတယ်… ဒီကိစ ဖြစ်ပြီး ပါးချလိုက်တဲ့ ဂျပန်က သူ့သံရုံးကနေတစ်ဆင့် ဟိုတယ်ကို တရားစွဲတယ်လို့တောင် ကြားပါတယ်… ပါးချခံရတဲ့ မြန်မာအမျိုးသမီး ဟိုတယ်ဝန်ထမ်းကိုတောင် သူတို့ဘက်က စကားပြန်တွေ ရဲအရာရှိတတွေခေါ်လာပြီး တရားလိုသဘော စစ်ဆေးမေးမြန်းတာတွေ လုပ်တယ်လို့ ကြားပါတယ်… မိန်းခလေး တစ်ယောက်ရဲ့ ကာအိင်္နြေအဇော်ကား ခံရတဲ့ ဖြစ်ရပ်မို့ တရားပြန်စွဲမယ်ဆိုတော့ ရဲကသက်သေအထောက်အထားပါလား… ဆေးစာပါလားမေးမြန်းလို့ ရန်ကုန်ဆေးရုံးကြီးမှာ ဆေးစာသွားယူရပါတယ်… ဒီနေ့ကြားရတဲ့ သတင်းအရ ရဲချုပ်က ပြည်နှင်ဒဏ်ပေးဖို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို တင်ပြရာ ကာလုံကဘောတူတဲ့အတွက် ပြစ်ဒဏ် သတ်မှတ်လိုက်ပါတယ်… ကိုယု့်နိုင်ငံသားကို စော်ကားတဲ့ ဘယ်နိုင်ငံသားကိုမှ ငဲညှာပြီး ခွင့်မလွှတ်သင့်ပါဘူး.. ထိုက်သင့်တဲ့ ဥပဒေများ ထုပ်ပြန်ပြီး နိုင်ငံသားတိုင်းကို ကာကွယ်သင့်ပါတယ်… ဟိုတစ်နှစ်လောက်ကလည်း အာဖရိက လူမည်းအမျိုးသမီးက လှည်းတန်းမှာ ဈေးသည်ကို ပါးရိုက်ပြီး ရိုင်းပြစော်ကားတာ […]


Saw KayinlayFebruary 9, 20121min02
အခု တတိယပိုင်းကိုတော့ ဆောင်းပါးရှင်ကို သူပေးထားတဲ့ အီးမေးလ်လိပ်စာအတိုင်း ဆက်သွယ်ပြီး ဂေဇတ်မှာ တင်ဖို့ ကျနော် ခွင့်တောင်းခဲ့ပါတယ်။ သဘောတူတဲ့အတွက် အားလုံးဖတ်လို့ရအောင် တင်ပေး လိုက်ပါပြီ။ အစိုးရက လွှင့်တဲ့ သတင်းတွေဘဲ အမြဲကြားနေရတဲ့ ကျနော့်အဖို့တော့ အခုလို မတူတဲ့ ရှုထောင့်က ရေးသားထားလေးကို ဖတ်ရတာ တမျိုး အရသာရှိပါတယ်။   နောက်ပိုင်းဆိုရင် ကျနော် ကိုယ်တိုင် တိုင်းရင်းသားနယ်မြေအကြောင်း ရေးဖို့ ကြိုးစားသွားမှာပါ။ မြို့နေလူထုနဲ့ တိုင်းရင်းသားတွေနဲ့ အလှမ်းဝေးတဲ့ နေရာမှာရှိတဲ့ လူထုတွေ ဖတ်မိပြီး တမြေထဲနေ တိုင်းရင်းသားတွေရဲ့ နိမ့်ကျနေတဲ့ဘဝ (ရန်ကုန်၊ မန္တလေး၊…တို့လို့ မြို့ကြီး၊ ပြကြီးနဲ့ မတူဘဲ) ကို တစုံတရာ မျှဝေခံစားနားလည်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။   အခုခေတ်စားနေတဲ့ ၅၀၀ဝ တန်ဖုန်းလား၊ […]