winkyawaungFebruary 16, 20121min011
မိတ်ဆွေများခင်ဗျာ..။ ကျွန်တော်တို့ မြန်မာပြည်တွင်းက ယခင် စစ်အစိုးရလက်ထက်မှ လုပ်ကိုင်ခွင့်ပြုထားခဲ့တဲ့ စကို်င်းနက်(အင်တာနက်လိုင်း) မှာ အများပြည်သူများထံမှ ဈေးနှုန်းများကိုလည်း အများဆုံးယူထားပါတယ်။ ဝန်ဆောင်မှုပေးတော့ ဘလော့ပို့စ်များနဲ့ အခြား သတင်းမီဒီယာလိုင်းများကို ပိတ်ထားဆဲဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေး MPT ကတောင် ဘလော့ပို့စ်တွေ နိုင်ငံခြားသတင်းဌာန များ အားလုံးကိုဖွင့်ပေးနေပါပြီ..။ ယခုတော့ သူတို့က ဈေးကလဲ အများကြီးယူထားတယ်..။ ဝန်ဆောင်မှုကိုတော့ အင်တာနက်သုံးစွဲသူများ စိတ်ချမ်းသာအောင် ဆောင်ရွက်မပေးပါ။ ဒေါင်းလုပ်နေနေသာသာ အင်တာနက်လိုင်း အားလုံးလောက် ကို ဘန်းထားပါတယ်။ ယခုလို ခေတ်ပြောင်းနေတဲ့ အချိန်မှာ စကိုင်းနက် အင်တာနက်လိုင်းကို အသုံးပြုသူများ စိတ်ချမ်းသာအောင် သက်ဆိုင်ရာ ကုမ္ပဏီများက အလေးထားဆောင်ရွက်ပေးသင့်ပါပြီ..။ ယခု လာမည့် ၂၀၁၂/၂၀၁၃ ဘတ်ဂျက်အမှီ စကိုင်နက် အင်တာနက်လိုင်းကို ခေတ်နဲ့အညီ ပိတ်ထားတဲ့ ဝက်ဆိုက်များကို […]


Diamond KeyFebruary 16, 20121min035
လွန်ခဲ့တဲ့ ရက်တစ်ရက် (၁၀-၀၂-၂၀၁၂) က မန္တလေးမြို့ လမ်းတစ်နေရာမှာ ယာဉ်တိုက်မှု တစ်ခု ဖြစ်ပါတယ်။ လမ်းဘေးက ယာဉ်ရပ်နားရာ နေရာကနေ ထွက်လာတဲ့ မိန်းကလေးတစ်ယောက် စီးလာတဲ့ ဆိုင်ကယ်ကို လမ်းအတိုင်း မောင်းလာတဲ့ Light Track ကားတစ်စီးက ဝင်တိုက်မိတာပါ။ အတိုက်ခံရတဲ့ ဆိုင်ကယ်က ကျိုးပဲ့ပျက်စီးကာ စီးလာတဲ့ မိန်းကလေးက ခြေဖမိုးက အရေပြားလံကာ ခြေထောက်က သွေးသံ တရဲရဲ ဖြစ်နေပေမယ့် တိုက်တဲ့ကား ယာဉ်မောင်းသူက ဆေးရုံဆေးခန်း လိုက်ပို့ပေးဖို့ နေနေသာသာ “တိုင်ချင်ရာတိုင်” ဆိုပြီး မောင်းထွက်သွားလို့ ဘေးက လူတွေက ကားနံပါတ် လိုက်မှတ်ပေးကာ တိုက်သွားတဲ့ ကားနံပါတ်ကို မှတ်ထားလိုက် နိုင်ကြပါတယ်။ အဲဒါ သွေးသံတရဲရဲ ဖြစ်နေတဲ့ လူနာကို ဆေးရုံဝိုင်းပို့ပေးကြပြီး ယာဉ်ထိန်းတပ်ဖွဲ့ […]


padonmarFebruary 16, 20121min06
ပြည်သူ့ရင်ပြင်မှာ သာသနာနှစ် ၂၆၀ဝ အထိမ်းအမှတ် တရားအလှူပေးဖို့ ပြင်ဆင်နေတာတွေ တွေ့ရတော့ နိဗ္ဗာန် အကျိုးမျှော် နှိုးဆော်လိုက်အုံးမယ်လို့ ကင်မရာစုတ်ကလေးဆွဲပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ တရားဟောစင်မြင့်ကြီး ပြင်ဆင်နေဆဲပါ ။ပြည်သူ့ရင်ပြင် နေရာကျယ်ကြီးဆိုတော့ ပရိသတ်ပေါင်းများစွာ နာယူနိုင်ပါတဲ့ နေရာကောင်းပါပဲ ။နေရာရွေး စိတ်ကူးရတဲ့သူ၊တရားပွဲမတည်တဲ့သူ ၊ဝေယျာဝစ္စကူသူတွေကို သာဓုခေါ်မိပါတယ်။ ရွေတိဂံဘုရားကြီးကို မျက်နှာမူပြီး တရားနာရမှာ ကြည်နူးစရာပါ။ ပုံမှာပါတဲ့အတိုင်း ဖေဖော်ဝါရီ ၁ရ ရက်ကစလို့ ၅ည တိုင်တိုင် ည ရနာရီခွဲ စပါမယ်တဲ့။ တရားဟောဆရာတော်တွေကလည်း အသိရော အကျင့်ပါ လေးစားလောက်တဲ့ ဆရာတော်ကြီးတွေပါ။ ၁ရ ရက်နေ့- ယောဆရာတော်ကြီးဟာ တိပိဋကဆရာတော်ကြီး ဖြစ်ပေမယ့် ပါဠိတွေ မရွတ်ပဲ အများနားလည်စေဖို့ မြန်မာလို ရှင်းရှင်းလေးတွေကို ကဗျာလေးတွေနဲ့ နားဝင်အောင် ဟောလေ့ရှိပါတယ်။ ၁၈ရက်နေ့- […]


True AnswerFebruary 15, 20121min01
သစ္စာတရားများ နာကြားရန် အခွင့်ကောင်း သန်လျင်သဘာဝရိပ်သာဆရာတော်ဦးဥတ္တမသာရသည် ၂၀၁၂ ခု ဖေဖော်ဝါရီလ ၂၂ မှ မတ်လ ၈ ရက်နေ့ထိ မလေးရှားနိုင်ငံတွင်လည်းကောင်း မတ်လ ၉ ရက်မှ မတ်လ ၂ဝ ရက်နေ့ထိ စင်ကာပူနိုင်ငံတွင်လည်းကောင်း သစ္စာတရားများဟောကြားမည်ဖြစ်ပါသည်။ မတ်လ ၃ ရက်မှ မတ်လ ရ ရက်နေ့တွင် Chempeka Buddhist Lodge, No.60, Jalan SS23/25, Taman Sea Petaling Jaya 47400, Kuala Lumpur malaysia တွင် ဆရာတော်မှ တရားစခန်းဖွင့်လှစ်ကျင်းပ တရားပြသပေးမည်ဖြစ်ပြီး တရားစခန်းဝင်လိုသူ၊ နေ့ချင်းပြန် တရားနာ၊ တရားအားထုတ်လိုသူများ အဆိုပါ တရားစခန်းရက် အတွင်း လာရောက်နိုင်ပါသည်။ တရားစခန်းဝင်လိုသူများ အထပ်ပါ […]


CharTooLanFebruary 15, 20121min049
အရမ်းကြီးဆန်းနေသလား ဘာလားတော့မသိဘူး ကိုယ့်ခေါင်းစဉ် ကိုယ်တော့သဘောကျနေတယ် 😀 ဒီအကြောင်းရေးပီး ခေါင်းစဉ် စဉ်းစားနေတာ တော်တော်ကြာတယ် နောက်ဆုံးတော့ ဆြာအေကေကေအိုရဲ ့ အမျိုးသမီးရောဂါဆိုင်ရာ (အဖြူဆင်းခြင်းအကြောင်း) ဆိုတဲ့ခေါင်းစဉ်ကိုတန်းမြင်မိလို့ မြှီငမ်းပေးလိုက်တာ။ အမျိုးသားတွေအတွက် ဒါကလဲရောဂါပဲ မစားရမနေနိုင်တဲ့ရောဂါ စားပြီးရင် ဖြစ်လာမယ်နောက်ဆက်တွဲတွေကလဲ ရောဂါတွေပဲ ဘာတစ်ခုမှကိုကောင်းကျိုးမပေးတာ။ ဒါကိုပဲ တန်းတန်းစွဲစားနေကြတာ။ အဖြစ်ကဒီလို…..တနေ့..မနက်စောစောစီးစီးရုံးသွားဖို့ ဝတ်စုံပြည့်နဲ့ အိမ်ကနေ ကားမှတ်တိုင်ကို ကိုယ့်ကိုယ်ကို သရဏဂုံတင်ရင်း သွားနေကျလမ်းအတိုင်း ထွက်လာခဲ့တယ်။ တာမွေမီးပွိုင့်မီးနီနေတုန်း ကားတွေရပ်ထားတာမို့ စိတ်အေးလက်အေးနဲ့ကူးလာလိုက်တာ တစ်ဖက်လမ်းလဲရောက်ရော ၃၃လိုင်းကာကြီးပေါ်ကနေ အနီတွေဒလဟော ဝေါခနဲဆင်းချလာလိုက်တာများ ချာတူးလန်တစ်ယောက်ရှောင်ချိန်တောင်မရခဲ့လိုက်ဘူး။ ဟာ………သွားပါပီ ရွံစရာကောင်းလိုက်တာများ                    ဘယ်ဘက်ပုခုံးတစ်ခြမ်းလက်တွေနဲ့ လွယ်အိတ်မှာပါ မြင်မကောင်းလောက်အောင် ပေပွသွားတဲ့ ကွမ်းတံတွေးတွေကို ကြည့်ပီး ရွတ်ဖတ်လာတဲ့ သရဏဂုံတွေပျောက် ဒေါသတွေ ဟုန်းခနဲ့ တောက်သွားတယ်။ ဒီလောက် […]


  “တတိယ ဝင်ရိုးစွန်းသို့ ရောက်ခဲ့သော တတိယမျက်ဝန်းပိုင်ရှင်များ၏”     တစ်ရက်ဖိတ်စာလေးတစ်စောင်ရောက်လာပါတယ်။ ကြည့်လိုက်တော့ ရွာထဲက မိတ်ဆွေ။ မနှစ်သင်္ကြန်မတိုင်ခင်က သူ ဧဝရက်တောင်တက်မယ်ပြောထား။ ရင်ထဲမှာအားကျစိတ်တွေနဲ့ပေါ့။ သူတစ်ကယ်သွားဖြစ်လို့ပြန်လာတဲ့အခါမှာတော့ သူ့အတွေ့အကြုံတွေကြားရတာ ဓါတ်ပုံပိုးရှိတဲ့ကျနော်မှာ စိတ်တွေယား။ အားကျလို့ပေါ့.။ ဂျာနယ်တွေထဲမှာလဲ သူတို့ လေးယောက် ဧဝရက်တောင်ရောက်တာကို ဝေဝေဆာဆာ။   နောက်တော့လဲမေ့မေ့ပျောက်ပျောက်။ ဟိုတစ်လောကတော့ စာအုပ်လေးလက်ဆောင်ပေး။ တနေ့နည်းနည်းခြင်းဖတ်လို့မှာ အားမရ မပြီးသေးခင် ဖိတ်စာလေးရောက်လာ။ အဲတော့ မိတ်ဆွေတစ်ဦးရဲ့မှတ်တိုင်လေးကို မုဒိတာပွားများလို့ မျှဝေပေး။ ကျန်တာတွေတော့ စာစောင်တွေထဲပါလာမှာကိုစော င့်ဖတ်နော်။ တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့ကလဲ လူပြောများလွန်းတဲ့ ဗယ်လင်တိုင်းနေ့……………………………….. ကိုပေါက်လက်ဆောင်  မုဒိတာ (14-2-2012)


winkyawaungFebruary 14, 20121min0
`ဆိပ်ဖြူမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာ၊ကိုင်းမြေနုကွန်း ကွင်းအမှတ်(၁၁၁၈) ၏ ပြဿနာ´ ၄-၂-၂၀၁၂ နေ့ နံနက်(၁၁)နာရီအချိန်၊ ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာဓမ္မာရုံတွင် ကိုးတောင့်ကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးဝင်း နှင့်တွေ့ဆုံခဲ့ပါသည်။ ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး မှ ယခင် ၂၀၀၈ ခုနှစ် ထုတ်ပြန်ထားသော မြန်မာဂို(လ်)ဒင်းစတား (MGS) စိုက်ခင်းတာဝန်ခံ၏ တားမြစ်ထားသောစာ နှင့် ၂၀၁၁၊ ဇွန်လ(၂၇)ရက်နေ့တွင် ဆိပ်ဖြူမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ထံအစီရင်ခံတင်ပြ ထားသော စာ(၂) စောင်ကို တင်ပြလာပါသည်။ ထို့နောက် အောက်ပါအတိုင်း ရင်ဖွင့်ပြောဆိုသွားပါသည်။ ဤကိစ္စအား မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး၏ အကူအညီဖြင့် အစိုးရအသစ် သမ္မတကြီး ဦးသိန်းစိန်ထံသို့ လည်း တင်ပြထားပြီးကြောင်း ပြောကြားပါသည်။ ရေလယ်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးဝင်း၏ ပြောကြားချက်။ ကျွန်တော်တို့ရွာက […]


  NLD ရုံးချုပ်ရှေ့ ကြွက်လ္ဘက်ရည်ဆိုင်မှ ချောင်းနေပုံဖြစ်ပါသည်။ပုံများကို ရဲရင့်ငယ် ကနေဒါမှရရှိပါသည်။ http://yeyintnge.com-News-burmaone ဘာတွေကို ဒီလောက်တောင်သဲသဲမဲမဲ လိုက်ပြီးချောင်းနေရတာလဲ…NLD ကို တရားဝင် အသင်းအဖွဲ့အဖြစ်အသိအမှတ်ပြုထားပါတယ်ဆိုပြီး ဒီလိုလုပ်ရပ်တွေက ဘာတွေလဲ…ဘာကြောင့်လုပ်နေရတာလဲ…စဉ်းတော့ စဉ်းစားစရာတွေရှိနေပါတယ်…အပြောနဲ့ အလုပ်တွေ ညီဖို့တော့လိုပါလိမ့်မယ်…    


အာဂFebruary 14, 20121min030
ထူးထူးခြားခြား အမျိုးသီးသန့် ယာဉ်လိုင်း ကား ယနေ့ရန်ကုန်မြို့မှာစတင်ပြေးဆွဲနေပြီဟုသိရပါတယ်။ ကားလိုင်းကတော့ မြန်မာ့စီးပွားရေးဦးပိုင်က ပါရမီ၊ အဓိပတိ ယာဉ်လိုင်းဖြစ်တယ်လို့သိရပါတယ်။ ကားရဲ့အရှေ့အနောက် ၊ဘေးပတ်ပတ်လည်မှာ အမျိုးသမီးများအတွက် သီးသန့်လို့ ဆိုင်းဘုတ်များရေးဆွဲထားတယ်လို့သိရပါတယ်။ ချစ်သူများနေ့ဖြစ်တာကြောင့် အကြောင်းမသိပဲတက်စီး မိတဲ့ စုံတွဲအချို့လည်း အနည်းငယ်ဒုက္ခရောက်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါယာဉ်လိုင်းမှာ မူလဆိုခဲ့ သလို အမျိုးသမီး ယာဉ်မောင်၊စပယ်ရာ တို့ထားရှိမယ်ဆိုပေမဲ့ ယခုလောလောဆယ်မှာတော့ အမျိုးသား ယာဉ်မောင်း၊စပယ်ရာတို့နှင့်သာ ပြေးဆွဲနေကြောင်းလည်းသိရှိရပါတယ်။ အမျိုးသမီးသီးသန့် ဆိုသော်ငြား အမျိုးသားကလေးငယ်များကိုတော့ စီးခွင့်ပေးထားပါတယ်။ထိုသို့အမျိုးသမီးသီးသန့် ယာဉ်လိုင်း စီးခမှာ ၂၀ဝကျပ်ဖြစ်ပြီး အမျိုးသမီးထုအများ စုကတော့ ထောက်လှမ်းရေး ရန်ကကင်းဝေပြီးဖြစ်လို့ ဝမ်းမြောက်စွာကြိုဆိုကြတယ်လို့လည်းသိရှိရပါတယ်။


Diamond KeyFebruary 14, 20121min021
ဘဏ်တစ်ခု ရဲ့ Customer သစ်တွေအပေါ် လုပ်ခဲ့တဲ့ လုပ်ရပ်တစ်ခု မန္တလေးမြို့မှာ ဒီရက်ပိုင်းက ဖွင့်လှစ်ခဲ့တဲ့ ဘဏ်တစ်ခုဟာ ဘဏ်ငွေစုငွေ ရရှိစေရန် ဘဏ် ဝန်ထမ်းများကို အသုံးပြုကာ အပြောနှင့်မညီသည့် လုပ်ဆောင်မှုတစ်ခု ပြူလုပ်သွားကြောင်း လက်တွေ့ကြုံခဲ့ရသူများ၏ ပြောပြချက် အရ သိရှိရပါတယ်။ ထိုဘဏ်က ဝန်ထမ်းမိန်းကလေးတွေက ၎င်းဘဏ်ဖွင် ့ပွဲနေ ့နဲ့ အကြိုနေ့တွေမှာ account  ဖွင့် လိုသူများ ရှိပါက အိမ်တိုင်ယာရောက် (သို ့) ရုံးတိုင်ယာရောက်ဝန်ဆောင်မှုပေးမည်ဖြစ်ပါကြောင်း၊ Account ဖွင့်မည် ့ Customers များအား T-Shirt တစ်ထည် ။ note book တစ်အုပ် နှင့် note pad တစ်ခုစီ လက်ဆောင်ပေးမည်ဖြစ်ပြီး ကျပ်ငွေ 10000 နှင့် […]


black chawFebruary 13, 20125min039
မနေ့က မန်းဂဇက် ရဲ့ ပထမဆုံး အလှူပွဲ မှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်ဗျာ။ ပွဲအကြောင်းကတော့ ရေးစရာမလိုတော့ဘူးထင်လို့ မရေးတော့ပါဘူး။ မန်းဂဇက် မိသားစုတွေအားလုံး ပျော်ရွှင်စေလိုစိတ်နဲ့ တင်ပေးလိုက်တာပါဗျာ။


etoneFebruary 13, 201217min082
  မန္တလေးဂေဇက်ဧ။ ်ပထမဆုံး စုပေါင်းအလှူကို ယခင်သတ်မှတ်ထားသည့်အတိုင်း ၁၂-၂-၁၂ တွင် ၊ နာရေးကူညီမှုအသင်းချုပ်(မြောက်ဒဂုံ)သို့ စာဖတ်သူများ နှင့် ရွာသူ ရွာသားများ(စုစုပေါင်း ၂၄ယောက် ) အတူတကွ သွားရောက်လှူဒါန်းခဲ့ကြသည် ။ ကောက်ခံရရှိငွေ စုစုပေါင်းမှာ ဆယ့်သုံးသိန်း ရှစ်သောင်း (၁,၃၈၀,၀၀ဝ ကျပ်) တိတိဖြစ်ပြီး ၊ အကြွင်းကျန်မရှိ အကုန်လှူဒါန်းပြီးစီးခဲ့သည် ။ ဤအလှူအောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ပါဝင်အားဖြည့် ကူညီခဲ့ကြသူများအားလည်းကောင်း  ၊ သဒါ္ဓတရားယုံကြည်ထက်သန်စွာ အလှူငွေပါဝင်လှူဒါန်းခဲ့ကြပါသော စာဖတ်သူများ နှင့် စာရေးသူ ရွာသူရွာသားများအားလည်းကောင်း  ၊ အဝေးနိုင်ငံများမှ ငွေလွှဲပေးကြသော စာဖတ်သူ/မန်ဘာ များအားလည်းကောင်း၊  အလှူငွေလိုက်လံကောက်ခံပေးပါသော AKKO ,မန္တလေးမှ ပေါက်၊ပေ၊ပု အဖွဲ., ရွှေတိုက်စိုး ၊ ET နှင့် မသဲနုအေးတို့အားလည်းကောင်း […]


alinsettFebruary 12, 20121min015
ကျွန်မ ဟာ ပြဿနာတွေရဲ ့အဖြေကို မသိသေးလို ့သာ စာရေးဆရာဖြစ်နေတာပါ။ ပြဿနာတွေရဲ ့အဖြေကို သိရင် နိုင်ငံရေးသမား လုပ်မှာပေါ့ .။ ××××××××××××××××××- ကြွရောက်လာကြတဲ့ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စာပေဝါသနာရှင်များ၊ ကျောင်းသူကျောင်းသား များကို အခုလို မျက်နှာချင်းဆိုင်ပြီးတော့ ရင်းနှီးစွာ စကားပြောခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင် ဝမ်းမြောက်တယ်ဆိုတာ ပထမဦးစွာ ပြောကြားလိုပါတယ်။ (ဩဘာသံများ) ဒီကနေ့ည ကျမ ဟောပြောဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်က ‘ကျမ တော်တော်ညံ့ခဲ့ပါတယ်’ ဆိုတဲ့ ခေါင်းစဉ် ဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ကြားလိုက်ရတဲ့အခါမှာ ဒီစာပေဟောပြောပွဲကို တကူးတကန့် လာရောက်နားထောင်လိုတဲ့ ပရိသတ်အနေနဲ့ အံ့ဩချင် အံ့ဩမိမယ်။ စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ဒီစာပေဟောပြောပွဲကို လာပြီးတော့ နားထောင်တာဟာ နင်တို့တွေ၊ […]