သံတွဲ မီးဘေး နောက်ဆက်တွဲ

မီးစတင်လောင်ကျွမ်းချိန်မှယနေ ့၁၂ ရက်နေ ့နေ ့လည်ထိ ဘယ်သို ့ကြောင့်လောင်ကျွမ်းသွားသည်၊မည်သူ ့ကြောင့်ဟု သတင်းလဲမထုတ်ပြန်နိုင်သလို၊သိလဲမသိရပါ။

မနေ ့ နေ ့လည်ကပင် ပြည်နယ်စည်ပင်ဝန်ကြီးအပါအဝင်၊တိုင်းမှူး၊အစိုးရအရာရှိများ လာရောက်ကြည့်ရှုကြသည်။ယာယီဈေးတစ်ခု အမြန်နေရာချထားရေးနဲ ့ မီးဘေး

ဆိုင်ခန်း ပိုင်ရှင်များအတွက် မည်သို ့မည်ပုံဆောင်ရွက်မည်ကို စိတ်ဝင်စားမိသည်။

သို ့သော် ယခုမီးလောင်ရာသို ့လာရောက်ကြည့်ရှုသူများအပေါ်ကျနော့်အမြင်မှာ မောင်ကြည့် ဟုသာ နာမည်တပ်ပေးချင်မိသည်။အဘယ်ကြောင့်နည်းဟုဆိုသော်

အရေးနဲ ့အကြောင်းနဲ ့ဆိုလျှင် ဖြေရှင်းနိုင်သော ဉာဏ်စွမ်း၊ဉာဏ်စ နည်းသူများ၊ကိုယ်ပိုင်ဖြတ်ထိုး ဉာဏ်နည်းသူများ အများစုသာ လူကြီးဟု ခေါ်တွင်နေရသော

ခေတ်မကုန်သေးသော ကြောင့်ပါ။

မီးစတင်လောင်ကျွမ်းချိန် မနက် ၅ နာရီကဘဲ ခေါ်ယူထားတဲ့ သံတွဲမီးသတ်မှ ကားများ စက်သုံးဆီမရှိခြင်း၊စက်နှိုးမရခြင်း၊ရောက်လာပြန်တော့ ရေပါမလာခြင်းတို ့

အစဉ်အဆက်ကပင် အားနည်းချက်ဖြစ်နေလေသည်။ဘယ်သို ့ပြုပြင်ကြမည်လဲဗျာ။

 

မီးသတ်ကားအိုတွေ

 

 

 

 

 

 

 

 

 

 

 

 

 

 

မီးလောင်ပြီးနောက်တော့

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပြည်နယ်စည်ပင် ဝန်ကြီးနဲ ့တာဝန်ရှိတယ်ဆိုသူ အချို ့

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မီးလောင်ပြင်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မီးလောင်ပြင်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မီးလောင်ပြင် ငုတ်တို

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အကုန်သယ်နေကြပီ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အားလုံးဟာ ခုမြင်ခုပျောက်

 

9 comments

  • water-melon

    February 12, 2012 at 1:03 pm

    အဆန်းတော့ အဆန်းကြီးဘဲ
    မြန်မာနိုင်ငံက ဈေးကြီးတော်တော်များများ မီးလောင်တာဆိုတော့ တစ်မျိုးဘဲဗျ ( ရှို့မီးလား)
    မပူကြပါနဲ့
    ဈေးသစ်ကလေးကို new version နဲ့ မြင်ရလိမ့်မယ်
    ဒို့မန်းလေးက Diamond ပလာတာတောင် တော်တော်မိုက်တယ်
    ညည်းတဲ့ သံတွဲဈေးလဲ ရေလည်လန်းလာလိမ့်မယ်။

    Reply

  • maetu

    February 12, 2012 at 1:18 pm

    ဈေးသစ်ဆောက် မယ်ဆိုပြီးဈေးဆိုင်ခန်း ပိုင်ရှင်တွေကိုသဘောထားတောင်းတော့
    အားလုံးက ငွေကြေးမတတ်နိုင်သေးလို ့ခဏနေပေးဖို ့တောင်းဆိုနေကြလို ့ခတ္တနား
    ထားကြတာပါ။ခုလို မျိုးဖြစ်ပြီးမှ ဈေးသစ်ကြီးမြင်ရမယ်ဆိုတော့ စိတ်တော့ကောင်းဘူး
    လေနော်။ခုချိန်ထိ လက်သည်မပေါ်တာကတော့ စဉ်းစားရ ဝေခွဲရခက်စေခဲ့ပြီ။ဈေးကို
    ယာယီအနေနဲ ့ချထားပေးထားပြီးပြီ။ဘောလုံးကွင်းဟောင်းမှာလို ့ကြားထားတယ်ဗျ။
    နောက်ပြီး တံတားဦးက ဈေးလေးမှာလဲ ဈေးဆိုင်လေးတွေ ချရောင်းနေကြပါပီ။တော်
    တော်လေး ပြန်လည်မတည်ရပါတော့မယ်။ကျနော်တို ့မြို ့မှာ အသက်(၉၀)ဆယ်ကျော်
    ရှေ့မှီနောက်မှီလူကြီးတွေက မီးသုံးကြိမ်ဘဲလောင်ဖူးကြောင်းနဲ ့ယခုအကြိမ်အဆိုးဝါးဆုံး
    ဟုပြောကြပါတယ်ဗျ။

    Reply

  • စိန်ပေါက်ပေါက်

    February 12, 2012 at 1:22 pm

    ဈေးသစ်တော့ ရမပေါ့ဗျာ
    ဒါပေမဲ့ ကုန်ဘီလေ ရှိသမျှစည်းစိမ်
    ဘိုလုပ်ရမလဲ..
    ခင်ဗျားတို ့ ဈေးကိုမီးနဲ ့မရှို ့လဲ ဖယ်ပေးဆို ဖယ်ပေးပါ့မယ်လို ့ ပြောပြောကစောရမှာ 😀

    အမရေ
    နစ်နာဆုံးမရှုံးမှုများအတွက်
    စိတ်မကောင်းလှပါဘူးဗျာ….

    Reply

    • @maetu ကျေးဇူးပါဗျာ ကွနမန် ့လေးကထိရောက်ပါတယ်ဗျာ။
      @မပေါက်ရေ မြင်ရတွေ ့ရတဲ့ ကျနော်တို ့အဖို ့တော့ စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်။
      ကိုယ်တိုင်မှာ မဆုံးရှုံးပေမယ့် ဆုံးရှုံးသွားသူတွေအားလုံးဟာ ညီကိုသားချင်းတွေမို ့လို ့၊
      ဝမ်းနည်းထပ်တူပါ။ယာယီဈေးဖွင့်လှစ်ဖို ့ကို ဘောလုံးကွင်းဟောင်းမှာ လျာထားတယ်
      လို ့ကြားရပါတယ်။ဆိုင်ခန်းအဖြူထည်တစ်ခန်းကို ကျပ်ငွေ(၃)သိန်းကျသင့်မယ်လို ့လဲ
      ကြားရပါတယ်။အဲဒီနားပတ်ချာလည်က မူလပေါက်ဈေး(၉)သိန်းဝန်းကျင်ရှိတဲ့ ဆိုင်ခန်း
      တွေက သိန်း(၇၀)တောင်းနေကြပါပီ။မီးလောင်ရာ လေပင့်သပေါ့ဗျာ။

      Reply

  • koyinmaung

    February 12, 2012 at 2:33 pm

    စိတ်မကောင်းစရာမြင်ကွင်းပါလား……….

    Reply

  • Thanlwinoo

    February 13, 2012 at 11:19 am

    စိတ်မကောင်းပါဘူး ကိုသန်းထွဋ်ဦးရေ..
    သံတွဲမြို့သူမြို့သားများရဲ့ စီးပွားရေး ပြန်လည်တည်ဆောက်နိုင်ပါစေ..။
    သံတွဲမြို့နဲ့တကွ ရခိုင်ပြည်တစ်ခုလုံး ရန်သူမျိုး(၅)ပါးဘေးမှ ကင်းဝေးပါစေ..။

    Reply

  • ကြောင်ကြီး

    February 13, 2012 at 12:38 pm

    ရှစ်လေးလုံး ဖြစ်ခါနီးနှစ်တွေမှာ အခုလို မီးလန့်တာ ခဏခဏဖြစ်တာ သတိရမိဒယ်…။

    Reply

  • aungnng87

    February 13, 2012 at 12:55 pm

    အကုန်ကုန်သွားတာဘဲ…

    Reply

  • etone

    February 13, 2012 at 2:53 pm

    အရင်ကတော့ .. ရှို့မီးတို့ .. မီးကွင်းပစ်တာတို့ ကြားခဲ့ဖူးတယ် .. ဒါပေမယ့် ဒီဘက်ခေတ်ရောက်တော့ သိပ်မကြားရတော့ပဲ … ဝိုင်ယာရှော့ဆိုပြီး … အဖြစ်များတယ် … ။ တကယ်တမ်း … မီးလောင်ပြီဆိုကတည်းက ဆုံးရှုံးနစ်နာမှုတွေ ကပ်ပါလာပြီလေ .. ဘယ်လိုကြောင့်ပဲ လောင်လောင် ကောင်းကျိုးဘာတစ်ခုမှ မရှိဘူး … ဒီတော့ မဖြစ်ခင်ကတည်းက သတိနဲ့ ထားပြီး .. ကာကွယ်သင့်တာပါ … ။

    မီးသတ်ဆေးဗူးလေးတွေ ဈေးသိပ်မရှိပါဘူး … တစ်အိမ်တစ်လုံးဆောင်ထားသင့်တယ်လို့ အကြံပေးလိုက်ချင်ပါတယ် … ။

    Reply

Leave a Reply

Your email address will not be published.