မန်းဂေဇက်အလှူပွဲကြီးအောင်မြင်စွာပြီးဆုံးပါပြီ …

fattyFebruary 12, 20121min054

ကြည့်မြင်တိုင် RC 3 ရှေ့မှာဆုံရပ်လုပ်ပြီး လူစုခဲ့ကြပါတယ်။ အဲဒီကမှ ကားကူညီပေးသူတွေဆီကကားနဲ့
လိုက်ပါသူတွေမျှတင်ပြီး ကိုကျော်သူတို့နာရေးကူကူညီမှုအသင်းရှိရာကိုထွက်လာကြပါတယ်။
အားလုံးလှူဒါန်းငွေ တဆယ်သုံးသိန်းကျော်ပါ … ။ ထူးခြားတာလေးတွေကတော့
မန်းဂေဇက်မှာရေးနေကြသူမှားသာမက စာဖတ်သူများပါ ပါဝင်လိုက်ပါ အားပေးကြခြင်းပါဘဲဗျာ ..။
ကဲကျနော်ကတော့သတင်းလေးဘဲရေးတာပါ အပြည့်အစုံကိုတော့တယောက်ယောက် က တင်ပေးကြပါအုံးလို့ ..။

အဲ ကိုဘလက်ချောကြီးကတော့ ၁၃ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့အထိမ်းအမှတ်အနေနဲ့
ကားလဲအကူအညီပေးသဗျ။ ကျနော့ကို ထမင်းလဲကျွေးသဗျား အားလုံးကိုအအေးနဲ့ ဒါနပြုပါသဗျား ။
ပိုပြီးစာစုံသွားအောင် ဝိုင်းဝန်းရေးသားပေးကြပါ။ ပိုစ်သပ်သပ်တင်ချင်တင်ပေးကြပါလို့ … ။

အလှူငွေပေးအပ်လှူဒါန်းသည့် group ပုံ ကျနော်ထံတွင်မရှိပါ ။ လုလင် တို့ကိုချောတို့ထံတွင်ရှိမည်ထင်ပါသည်။ တင်ပေးကြပါရန်မေတ္တာရပ်ခံပါသည်။

54 comments

  • ရွှေဘိုသား

    February 13, 2012 at 11:51 am

    အားလုံးသော ရွာသားများ အလှူဖြစ်မြောက်အောင် ဦးဆောင်ကြသော မအိတုံနှင့် ကိုရွှေတိုက်စိုး ပေါက်ပေပု အသင်းတို့နှင့်တကွ ရွာသားများအားလုံး ယခုလို လှူရသောအကျိုးကြောင့် နောင်ဘဝများမှာ ယခုလို တကိုးတကွဲ ဖြစ်မနေပဲ ရွာတစ်ရွာ သို့ မြို့တစ်မြို့ထဲမှာ စိတ်တူကိုယ်တူ ပူးပေါင်းလှူနိုင်တန်းနိုင်ပါစေဗျာ ကျနော့် အလှူငွေ လာမလှူနိုင်သဖြင့် အလှူငွေအတွက် စိုက်လှူပေးတဲ့ ကိုရွှေတိုက်စိုးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း

    Reply

  • မောင်ဘလိူင်

    February 13, 2012 at 1:02 pm

    သာဓုပါဗျာ..သာဓု…သာဓု ..
    ဣစိ္ဆတံ ပတ္တိတံ (တုယှံ) ခိပ္ပမေဝ သမိဇ္ဈတု..

    ကုသိုလ် ပြုသူအပေါင်းနှင့် သာဓုအနုမောဒနာ ပြုသူ
    အပေါင်းတို့၏ စားမှု သောက်မှု ဝတ်ဆင်မှု လုပ်ကိုင်မှု
    ဟူသမျှတို့၌ မပူမပင် မကြောင့်မကြ မတောင့်မတရဘဲနှင့်
    ဣစိ္ဆတံ ပတ္တိတံ တုယှံ ခိပ္ပမေဝ သမိဇ္ဈတု အလိုရှိအပ်သော
    ဆုတို့သည် မကြာချက်ချင်း ယခုလက်ငင်း ပြည့်စုံကြပါစေသတည်း…

    Reply

  • aungnng87

    February 13, 2012 at 2:49 pm

    ကျော်သူနဲ့စကားပြောနေတဲ့ မျက်မှန်ကြီးကဘယ်သူတုန်း။ မြင်းကျားဝမ်းစက်ဝတ်ထားတာရောဘယ်သူလဲ။etone လား။ သိချင်လိုက်တာနော်…ဓါတ်ပုံထဲကလူတွေအားလုံးကို…..

    Reply

  • fatty

    February 14, 2012 at 10:25 am

    မျက်မှန်ကြီးနဲ့က ကျနော်ပါဗျ အဟဲ …
    ဘောင်းဘီလက်ရှည်နဲ့ဟိုဘက်လှည့်ပြီးကင်မရာရိုက်နေတာက ကိုဘလက်ချော

    Reply

Leave a Reply

Your email address will not be published.