စေနDecember 3, 20101min012
မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေးများ ထားရှိသည့် အနုပညာရှင်များအား အနုပညာဖျော်ဖြေခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။ ပိတ်ပင်ခံရသည့် အနုပညာရှင်များမှာ ကိုရဲလွင်၊ ဆောင်းဦးလှိုင်၊ ကျားပေါက်၊ အနဂ္ဂ၊ သံသာဝင်း၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ မင်းထင်ကိုကိုကြီး၊ ချိုတူးဇော်၊ ကျော်သူ၊ ရွှေဇီးကွက်၊ နှင့် သန်းမြင့်အောင်တို့ ဖြစ်ပြီး၊ အချို့မှာ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးထားခြင်းကြောင့် ဖြစ်ကြောင်း သိရပြီး၊ အချို့မှာ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေး မရှိသော်လည်း၊ အဆိုပါ အမွေးများ ထားရှိသူများနှင့် ဆက်သွယ်ခြင်း စသည့် အကြောင်းပြချက်များဖြင့် ပိတ်ပင်ခြင်း ခံရတာ ဖြစ်ကြောင်း သိရသည်။ အဆိုပါ သတင်းကြောင့် မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး၊ နှုတ်ခမ်းမွေးထားရှိသည့် အချို့အနုပညာရှင်များသည် သူတို့၏ အမွေးများ အားလုံးကို အလျင်အမြန် ရိတ်သိမ်းလျက် ရှိနေကြကြောင်း […]


BayoteDecember 3, 20101min09
၂၀၁ဝ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(ခ)ရဲ့ ပွဲစဉ်တွေကို ဒီဇင်ဘာလ(၂)ရက်နေ့ညနေပိုင်းက ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာစတင်ကျင်းပခဲ့ရာမှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ဗီယက်နမ်အသင်းကို (၇-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး၊ စင်ကာပူနဲ့ ဖိလစ်ပိုင်အသင်းတို့ရဲ့ ပွဲစဉ်ကတော့ (၁-၁)ဂိုးသရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ မကြာခင်ကကျင်းပပြီးစီးသွားတဲ့ ၂၀၁ဝအာရှအားကစားပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့ဟာ ရွှေတံဆိပ်(၂)ခုအပါအဝင် ဆုတံဆိပ်ပေါင်း (၁၀)ခု ဆွတ်ခူးနိုင်ခဲ့ပြီး၊ အာဆီယံ အားကစားအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ရဲ့ အထက်မှာရပ်တည်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အာရှအားကစားပြိုင်ပွဲမှာ တခြားအားကစားနည်းတွေကြောင့် မြန်မာအားကစားလောကရဲ့ အနေအထားဟာ ပြန်လည်ဦးမော့လာခဲ့ပေမယ့် တစ်ချိန်က အာရှအဆင့်မှာ ထိပ်တန်းအသင်းတစ်သင်းအဖြစ် ရပ်တည်ခဲ့တဲ့ မြန်မာဘောလုံးအသင်းကတော့ လက်ရှိအချိန်မှာ အရှေ့တောင်အာရှမှာတောင် ခြေစွမ်းအဆင့်အတန်းမမီတဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ်။ မြန်မာဘောလုံးလောကကို အပျော်တမ်းကနေ ပရိုစနစ်ကိုကူးပြောင်းခဲ့တဲ့ MNL ပြိုင်ပွဲကြောင့် မြန် မာ့လက်ရွေးစင်အသင်းအပေါ် မျှော်လင့်ချက် မြင့်မြင့်မားမားထားရှိခဲ့တဲ့ မြန်မာပရိသတ်တွေရဲ့ မျော်လင့်ချက်တွေဟာ ၂၀၁ဝအာဆီယံဆူဇူကီးဖလားပြိုင်ပွဲ၊ […]


BayoteDecember 3, 20101min03
ကောင်းကြသေးရဲ.လား။ ဗီယက်နမ်ကို ရဂိုး ၁ဂိုး ရှုံးတယ်တဲ့။ ကောင်းကြသေးရဲ.လား အရပ်ကတို.ရေ။ Foreigner နည်းပြ ထားတော့ တင်မြင့်အောင်က ဘာဖြစ်တယ်။ ညာဖြစ်တယ်နဲ.။ အခုတော့ အရှက်ကြီးကွဲပါတော့လား။ ဦးခင်မောင်ကြိုင် ရဲ. အာဖျံကွီး ခဲ့တာတွေ ဘယ်ရောက်သွားပြီလဲ။ သောက်သုံးမကျတဲ့ နည်းပြ။မကန်ချင် ကန်ချင် ကန်တဲ့ ဘောသမားတွေ။ ကလပ်တွေမှာဆို ကန်လိုက်တာ။ နိုင်ငံအတွက်ဆို ရုပ်ရှင်ရိုက်နေသလိုဘဲ။ နိုင်ငံတကာ အဆင့်ရှိတဲ့ နည်းပြ လိုအပ်တယ် ဆိုတာ ဘော်လုံး အဖွဲ.ချုပ် သိသင့်ပါပြီ။ တစ်ခါလာတိုင်း ခင်မောင်ကြိုင် အဖိုးကြီး၊ တင်မြင့်အောင် လို နည်းပြ အို၊ ဆန်းဝင်းလို ဘာမှ ပြောခွင့်မရှိသူတို.လို ဦးစီးနေသရွေ. ဘော်လုံးလောက မတိုးတက်နိုင်တော့ပါ။


fattyDecember 2, 20101min04
အင်တာနက်ဆိုင် များသို့ လာရောက်သုံးစွဲသူများ၏ နိုင်ငံရပ်ခြား ဆက်သွယ်မှုကို ထောက်လှမ်းနိုင်ရန် software တမျိုး တပ်ဆင်ကြရန် ထပ်မံ ညွှန်ကြားလိုက်ကြောင်း သိရသည်။ ဆိုင်ပိုင်ရှင်တချို့၏ပြောကြားချက်အရ ယခင်ကလည်း ထိုသို့တပ်ဆင်ရျ် နေ့စဉ် report ပေးခဲ့ရကြောင်း …. သို့သော် နေ့စဉ် အသုံးပြုနေမှုများအား စစ်ဆေးကြည့်ရာ .. ရည်းစားစကားပြောခြင်းများသာဖြစ်နေသဖြင့် သက်ဆိုင်သည့်အဖွဲ့အစည်းများမှ မဖတ်နိုင်ကြတော့ကြောင်း …။ သူတို့အနေဖြင့် မြို့တော် ခန်းမ အနီး internet ဆိုင်တွင် ဗုံးတွေ့သည်ဆိုခြင်းမှာ ထို software တပ်ခိုင်းရန်အတွက် အကြောင်းရှာခြင်းများလားဟုပင် ထင်ကြောင်း … ပြောကြားပါသည်။ အခြေအနေမဟန်ရင် mandalaygazette ကို ကြိုတင် နှုတ်ဆက်ထားရမည့်ပုံပင် ။


အာဂNovember 30, 20105min00
ကမာ္ဘ့ အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ဧရာဝတီ Tuesday, 30 November 2010 14:09 သတင်းတိုများ ၂၀၁ဝ ကမာ္ဘ့ထိပ်တန်း အတွေးအခေါ်သမားများ ၁၀ဝ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို Foreign Policy မဂ္ဂဇင်းကြီးက ထည့်သွင်းဖော်ပြလိုက်သည်။ “ဒီမိုကရေစီအရေး ဆောင်ရွက်မှု၌ မည်သည့်အခါကမှ ဇွဲမလျှော့ခြင်းအတွက်” ဟု ရည်ညွှန်းထားသော ဒေါ်အောင်ဆန်းစုကြည်ကို ကမာ္ဘ့အဆင့် ၇၅ တွင် ထည့်သွင်းထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ “လုပ်စရာတွေလည်း အများကြီး ရှိသေးတယ်” ဟူသော စကားကိုလည်း ကိုးကားဖော်ပြထားသည်။ Suu Kyi Among Top 100 Global Thinkers By LALIT K JHA Tuesday, November 30, 2010 WASHINGTON […]


အာဂNovember 30, 20101min03
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် နှီးနှောဖလုယ်ပွဲ ဖိတ်ကြားလွှာ ရန်ကုန်မှာ ရှိတဲ့ မိတ်ဆွေများ လာရောက်ကျမယ်လို့ မျှော်လင့်ပါတယ်။


minhtettharNovember 30, 20101min00
”အခုတလော အမေရိကန် ဒေါ်လာဈေးက ကျနေတော့ သွင်းကုန်တင်သွင်းတဲ့ သူတွေက တော်တော်များများ တင်သွင်းလာကြတယ်။ ဒေါ်လာဈေးကျတော့ တင်သွင်းရတာ တန်တယ်လေ။ ဒါပေမယ့် ပို့ကုန်သမားတွေကျတော့ ငွေပြန်ဖော်ရတာ မလွယ်တော့ သိပ်မပို့နိုင်ကြဘူး။ အခု အခြေအနေအရတော့ trade imbalance ဖြစ်စေတယ်”ဟု ကုန်တင်သင်္ဘော ဝန်ဆောင်မှု လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။ ထို့ပြင် ဒေါ်လာဈေး အတက်အကျ၊ အပြောင်းအလဲ ဖြစ်ပေါ်နေမှုများကြောင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ အနေဖြင့် လိုင်စင်လျှောက်ထားရာတွင် ငွေကြေးအမျိုးအစား ပြောင်းလဲလျှောက်ထားမှုများလည်း ရှိနေကြာင်း၊ လုပ်ငန်းရှင်များ ကိုယ် တိုင် လုပ်ရကိုင်ရ ခက်ခဲသော အခြေအနေများလည်း ရှိနေကြောင်း သိရှိရသည်။ အလားတူပင် ယင်းကဲ့သို့ အမေရိကန်ဒေါ်လာဈေး ကျဆင်းနေမှုကြောင့် သင်္ဘောခ နှုန်းထားများလည်း လိုက်ပါပြောင်းလဲနေပြီး ခရီးစဉ်တစ်ခုတည်း […]


နွယ်ပင်November 30, 20101min07
စစ်အစိုးရက ဖမ်းဆီးထားသော လူငယ် အဆိုတော် ဇေယျာသော် အပါအဝင် ၆ ဦး ကို လမ်းမတော်မြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ် ၅ နှစ် မှ ၆ နှစ် အထိ ချမှတ် လိုက်ကြောင်း အကျိုးဆောင်ရှေ့နေနှင့် မိသားစု ဝင်များက ပြောသည်။ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး(GW)ခေါင်းဆောင်နှင့် ဟစ်ပ်ဟော့ပ် အဆိုတော်တဦးဖြစ်သူ ဇေယျာသော် အသက်(၂၇) နှစ်ကို နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင်ဒဏ် ၁ နှစ်၊ တရားမဝင် အသင်းအဖွဲ့ ပုဒ်မ ၆/၈၈ နှင့် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပြီး ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ […]


နွယ်ပင်November 30, 20101min06
ယခုလက်ရှိ သ့သယဖြစ်နေသူ (2) ဦး ရန်ကုန် မြို့တော်ခန်းမ အနီးရှိ Star Net အင်တာနက်ဆိုင်အတွင်း ဗုံးထောင်ခဲ့သည်ဟု သင်္ကာမကင်း ဖြစ်ခံရသူ ၂ ဦး၏ ပုံများကို အာဏာပိုင်တို့က ပြောင်းလဲ ထုတ်ပြန်လိုက်သည်။ ပြန်လည်ရုပ်သိမ်းလိုက်သည့် ပုံထဲမှ အမျိုးသား ၂ ဦးမှာ ကုလသမဂ္ဂဝန်ထမ်း ဖြစ်နေသည်ဟု ဆိုသည်။ ပုံ ပြောင်းလဲရသည့် အကြောင်းရင်းကို အာဏာပိုင်တို့က ထုတ်ပြန်ခြင်း မရှိသေးပေ။ ပြောင်းလဲ ထုတ်ဝေသည့် ခပ်ဝါးဝါး ပုံတွင် အမျိုးသား ၂ ဦးကို တွေ့ရသည်။ ထိုပုံကို အင်္ဂါနေ့ ရက်စွဲဖြင့် ထုတ်ဝေသော TRUE NEWS သတင်းဂျာနယ်တွင် ဖော်ပြထားသည်။ ဤသို့ ပုံအပြောင်းအလဲ ပြုလုပ်သော်လည်း အာဏာပိုင်တို့ကို ယုံကြည်ခြင်း မရှိကြောင်း […]


မြင့်မားသော တောင်တန်းကြီးများကိုကျော်လွန်လာပြီး လမောင်ဆိုသည့်ရွာလေးကို သူငယ်ချင်းတစ်စုရောက်ခဲ့ကြသည်။ တောင်ကုန်းမို့မို့ပေါ်မှာတော့ ဘုရားတစ်ဆူကို ပြီးလုပြီးခင် အနေအထားနှင့်တွေ့မြင်ကြရသည်။ သည်လို တောခေါင်ခေါင်နေရာမှာ ထူးခြားမှုကို အထူးတလည်ရှာနေစရာမရှိလောက်ဘူးဟု ထင်မြင်မိသည်မှာ ကျနော့်ရဲ့ မဟာအမှားပေါ့။ လမောင်ရွာ လေးကတော့ သူ့ဆီကို လာလည်သည့် လူတစ်စုကို အသိအမှတ်မပြုတာလား တော့မသိ။ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်သက်လို့နေသည်။ လေအေးတဖြူးဖြူးနှင့်မို့ ပတ်ဝန်းကျင်၏ အလှတွေကို ရှုစားလို့ကောင်းသည်ကတော့ အမှန်ပင်။ သူငယ်ချင်းတစ်ယောက်ကပြောလာသည်။ မင်းတို့ကို ဒီခေါ်လာတာကတော့ ငါထူးထူးဆန်းဆန်းပြစရာရှိလို့ ခေါ်လာတာ ဘာကိုပြမယ်လို့ မင်းတို့ထင်လဲ သိဘူးလေ ဗြူးကောင်းလို့ခေါ်လာတာမဟုတ်လား ကောင်းသားပဲကွ မျက်စိပသာဒဖြစ်တယ် အာအဲဒါကိုပြောတာမဟုတ်ဘူး ဘာကို ထူးထူးဆန်းဆန်းပြမလဲလို့ထင်လဲလို့မေးတာ ဘာကိုမှကြိုမပြောတာ ဘယ်သိမလဲ ဒီင်္မယ် ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု လမောင်ရွာမှာ ထူးခြားတာရှိလို့ ခေါ်လာတာ ဟုပြောလာတော့ အနည်းငယ်တော့ စိတ်ဝင်စားမိတာအမှန်ပင်။ […]


အာဂNovember 29, 20101min025
ယနေ့ မျက်မှောက် ခေတ် နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲ ကဏ္ဍတွင် Online သုံးစွဲသူ လူထုသည် နိုင်ငံရေးနှင့် မိမိတို့၏ လွတ်လပ်ခွင့်ကို အထူးအရေးပေးတိုက်ပွဲ ဝင်လာကြသည်ကို တွေ့ရှိရသည်။ ထို့အတူပင် နှစ်ပေါင်းများစွာတိုင် အာဏာရှင် စနစ်အောက် ရိုက်သွင်းခြင်းခံရသော အချို့သော ဦးနှောက်များသည်လည်း လတ်တလော မိမိတို့ကောင်းစားရေးအတွက် Online မှနေ၍ ဒီမိုကရေစီဘက်တော်သားများ ကို တိုက်ခိုက်လာသည်ကို ပူးတွဲတွေ့ရှိလာရပါသည်။ အထူးသဖြင့် ကျွန်ုပ်တို့ ၏ ချစ်ကြည်ရင်းနှီးစွာ ပျံသန်းနေသော (မန္တလေးဂေဇက် ) လွတ်လပ် သောကောင်းကင်ပေါ်တွင် စစ်အာဏာရှင် တို့၏အစေအပါးများ၏ မီးခိုးမှိုင်းများ တစ်ခါတလေ စွန်းထင်းလာသည်ကို တွေ့ရှိနေရပါသည်။ လွတ်လပ်သော အဖြူရောင် ဒီမိုကရေစီ ကောင်းကင် တွင် ထိုသော အမှိုက် များသည် ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် […]


နွယ်ပင်November 29, 20101min011
၂၀၁ဝ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် နံနက် ၁၁းဝဝ နာရီအချိန်တွင် ရုပ်ရှင် သရုပ်ဆောင် ဒါရိုက်တာ ဦးကျော်သူ နှင့် ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်၊ အဆိုတော် အနဂ္ဂ၊ သံသာဝင်း၊ဟန်ထူးလွင် (ကျားပေါက်) နှင့် ဇနီး၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး စသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာမောင်နှမများသည် တောင်ဒဂုံရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် လူငယ်အမျိုးသမီးခေါင်းဆောင် မဖြူဖြူသင်း ထူထောင်ဖွင့်လှစ်ထားသော HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာသို့ သွားရောက်လှူဒါန်းခဲ့ပြီး ရက်သတ္တပါတ်အတွင်းမှာပင် အခုလို ပိတ်ပင်ခံရတာ ဖြစ်ပါတယ်။ အနုပညာမောင်နှမများရဲ့ လူသားချင်းစာနာမှု အကြင်နာ၊ ဂရုဏာ၊ မုဒိတာပွားများမှုများကို မြန်မာနိုင်ငံ ဆင်ဆာအဖွဲ့နဲ့ စာပေးစိစစ်ရေး အဖွဲ့က ယခုလို့ တုန့်ပြန်လိုက်တာပဲဖြစ်ပါတယ် […]