လုပ်ရက်လေခြင်း တင်မြင့်အောင် ဆိုသူနဲ. အပေါင်းပါတို.ရယ် မြန်မာ ၁ – ရ ဗီယက်နမ်

BayoteDecember 3, 20101min03

ကောင်းကြသေးရဲ.လား။ ဗီယက်နမ်ကို ရဂိုး ၁ဂိုး ရှုံးတယ်တဲ့။ ကောင်းကြသေးရဲ.လား အရပ်ကတို.ရေ။ Foreigner နည်းပြ ထားတော့ တင်မြင့်အောင်က ဘာဖြစ်တယ်။ ညာဖြစ်တယ်နဲ.။ အခုတော့ အရှက်ကြီးကွဲပါတော့လား။ ဦးခင်မောင်ကြိုင် ရဲ. အာဖျံကွီး ခဲ့တာတွေ ဘယ်ရောက်သွားပြီလဲ။ သောက်သုံးမကျတဲ့ နည်းပြ။မကန်ချင် ကန်ချင် ကန်တဲ့ ဘောသမားတွေ။ ကလပ်တွေမှာဆို ကန်လိုက်တာ။ နိုင်ငံအတွက်ဆို ရုပ်ရှင်ရိုက်နေသလိုဘဲ။

နိုင်ငံတကာ အဆင့်ရှိတဲ့ နည်းပြ လိုအပ်တယ် ဆိုတာ ဘော်လုံး အဖွဲ.ချုပ် သိသင့်ပါပြီ။ တစ်ခါလာတိုင်း ခင်မောင်ကြိုင် အဖိုးကြီး၊ တင်မြင့်အောင် လို နည်းပြ အို၊ ဆန်းဝင်းလို ဘာမှ ပြောခွင့်မရှိသူတို.လို ဦးစီးနေသရွေ. ဘော်လုံးလောက မတိုးတက်နိုင်တော့ပါ။

3 comments

  • bigcat

    December 3, 2010 at 5:23 am

    ပေးဂိုးတဒါဇင် မပြည့်သ၍ ကြိုးစားကြပါအုံးလို့ ပြောချင်ပါတယ်။ း)

    Reply

  • etone

    December 3, 2010 at 5:51 am

    မနက်က ဈေးထဲမှာလည်း အဲ့ဒီအကြောင်းတွေပဲပြောနေကြတယ် ။ အသုတ်ရောင်းတဲ့ မိန်းမကတောင် ဝက်ဝက်ကွဲရုံးခဲ့တယ်လို့ အပြစ်တင်နေလေရဲ့… ။

    Reply

  • moethidasoe

    December 3, 2010 at 6:27 am

    ဗီယက်နမ် နည်းပြက အားကစား ဝတ်စုံနဲ့ ကွင်းဘေးမှာ အော်ဟစ် အားပေးနေတုန်း
    မြန်မာနည်းပြကတော့ အနောက်တိုင်း ဝတ်စုံ .. နွမ်းသွားမှာစိုးလို့ ထင်တယ် .. အသာလေး ရပ် ကြည့်နေတယ် ..
    နောက်ဆုံးတော့လဲ .. စုပေါင်းလေ့ကျင့်မှု နည်းပါးတာရယ် .. ငါ့မြေမှာတော့ ငါသာ အကောင်းဆုံး ဆိုပြီး အစေးမကပ်ကြတာ ပါလိမ့်မယ် ..

    Reply

Leave a Reply

Your email address will not be published.