ဒါရိုက်တာ (2)ဦး နှင့် သရုပ်ဆောင်၊အဆိုတော်များ မီဒီယာ တွင် ဖော်ပြခွင့်ပိတ်ပင်

၂၀၁ဝ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် နံနက် ၁၁းဝဝ နာရီအချိန်တွင် ရုပ်ရှင် သရုပ်ဆောင် ဒါရိုက်တာ ဦးကျော်သူ နှင့် ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်၊ အဆိုတော် အနဂ္ဂ၊ သံသာဝင်း၊ဟန်ထူးလွင် (ကျားပေါက်) နှင့် ဇနီး၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး စသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာမောင်နှမများသည် တောင်ဒဂုံရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် လူငယ်အမျိုးသမီးခေါင်းဆောင် မဖြူဖြူသင်း ထူထောင်ဖွင့်လှစ်ထားသော HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာသို့ သွားရောက်လှူဒါန်းခဲ့ပြီး ရက်သတ္တပါတ်အတွင်းမှာပင် အခုလို ပိတ်ပင်ခံရတာ ဖြစ်ပါတယ်။
အနုပညာမောင်နှမများရဲ့ လူသားချင်းစာနာမှု အကြင်နာ၊ ဂရုဏာ၊ မုဒိတာပွားများမှုများကို မြန်မာနိုင်ငံ ဆင်ဆာအဖွဲ့နဲ့ စာပေးစိစစ်ရေး အဖွဲ့က ယခုလို့ တုန့်ပြန်လိုက်တာပဲဖြစ်ပါတယ် ။
ဒါရိုက်တာမောင်မျိုးမင်းကိုတော့ နိုဝင်ဘာလ ၂၁ ရက်နေ့က သုဝဏ္ဏအားကစားရုံမှာ အစိုးရပိုင်းကို တိုက်ခိုက်တဲ့ ပြက်လုံးတွေနဲ့ ဖျော်ဖြေခဲ့တဲ့ ထာဝရနှင်းဆီ အငြိမ့်ကြောင့် ပိတ်ပင်ခံရခြင်းဖြစ်တယ် လို ့ Freedom News Group မှ သတင်းရရှိပါတယ်။
သီးလေးသီးအငြိမ့်ဖွဲ့ ပြီးတဲ့နောက်မှာ အခုထာဝရ နှင်းဆီ အဖွဲ့သားတွေက ပြောင်မြောက်တဲ့ ပြက်လုံးတွေပြက်ခဲ့တဲ့ အတွက် ပြည်သူတွေရဲ့ အားပေးမှုကိုခံရပြီးအတော်လေးကို အောင်မြင်တဲ့ အငြိမ့်ဖြစ်ပြီး ပြည်တွင်းမှာ နောက်ဆုံးကပြခဲ့ခြင်းလဲ ဖြစ်ပါတယ် ။

This Post Has 11 Comments

  1. moethidasoe

    ဆင်ဆာက လွှတ်ပေးချင်ပါတယ် .. သူတို့ကသာ အတ္တကို လာထိလို့ မလွှတ်တာပါ .. ငါအိမ် .. ငါ့ယာ .. ငါသာကောင်းစာရေးအတွက် ဆိုတဲ့လူတွေကသာ အရာရာကို ချယ်လှယ်ဖို့ ကြိုးစားတာပါ .. ဆင်ဆာအဖွဲ့တို့ .. ကော်မတီတို့ .. ကော်မရှင်တို့က ကြားခံ တန်ဆာခံ အဖွဲ့တွေပါ ..

  2. linnyones

    မြန်မာ့ဆိုရိုးစကားတွေ က တကယ်အဖိုးတန်တယ်နော်
    “ မှန်တာပြောရင် ရွာပြင်ထုတ်ခံရတတ်တယ် ” ဆိုသလိုပေါ့ဗျာ
    မှန်တာလေးပြောမိလို့ ဖြစ်သွားရတာပါ … ပရဟိတ လုပ်ကိုင်ခဲ့တဲ့ ဦးကျော်သူ နဲ့
    အနုပညာရှင် တွေရဲ့ စိတ်ထားကိုတော့လေးစားဂုဏ်ယူပါတယ် …

  3. etone

    အကျင့်ကိုကမှမကောင်းတာ ကောင်းတာလုပ်တဲ့လူတွေကိုကျတော့ ဟိုဟာပိတ်၊ ဒီဟာပိတ်နဲ့ ။ သူတို့ပထွေးတွေကတော့ ကောင်းစားနေတယ် ။

  4. cobra

    ဘယ်လိုဟာတွေလည်းသူတို့ကိုယ်တိုင်မလုပ်နိုင်တဲ့ဟာကိုသူများလုပ်တော့လည်းလက်မခံကြပါလား….။

  5. koyinmaung

    လူဆိုး သူခိုး လူယုတ်မာ ကတိုင်းပြည်ခေါင်းဆောင်ဖြစ်နေမှတော့ ကောင်းတာလုပ်တဲ့ သူတွေအပိတ်ပင်ခံရတာမဆန်းတော့ပါဘူး ။

  6. သီဟ

    ဟ တွေ့သမျှအပေါက်အကုန်လိုက်ပိတ်နေပါလား ဒီကောင်တွေတော့လုပ်နေတာတကယ်လွန်နေပြီ
    မင်းတို့ရဲ့ဟိုအပေါက်လည်းပိတ်ထားအုံး မကြာတော့ဘူး တတိုင်းပြည်လုံးလိုက်ထိုးတော့မှာ
    အဲ့ချိန်ကျမှ အမားတွေ ဘာဘားတွေမအော်နဲ့ မခံချင်လည်းတနေ့နေ့တော့သေချာပေါက်ခံရမှာပဲ

  7. paukpauk

    ကြက်တူရွေးကတော်တော် မယ်ဖော်က ကဲကဲဆိုတာ ဒါပဲပေါ့။
    တွေ့သမျှလူ မဲမဲမြင်သမျှလိုက်ဟောင်နေကြတာလေ။
    ဒီလိုလူတွေက လုပ်ပေးနေလို့ ဒီလိုဖြစ်နေကြတာပေါ့။
    ရှုံ့ချရမယ်.. ပြတ်ပြတ်သားသားကို…

    ရခိုင်မှာ ဘာကြောင့်ရခိုင်ပါတီနိုင်လဲ ဆိုတာ….
    cell တွေနည်းလို့.. အဲလိုလူမျိုးတွေ နည်းလို့ဆိုတာ
    ထင်ရှားနေပါတယ်။
    ခုတောင် ဒီထဲမှာ တစ်ယောက်ရောက်နေတယ်…
    Dislike မှာမဲလိုက်ပေးနေတယ်နော် …

  8. winkyawaung

    ခေတ်ကတော့ စာပေသမားများ အနုပညာသမားများ လုံးဝ ကံမကောင်းကြပါ။ သူတို့လုပ်ချင်ရာ လုပ်နေကြတာပါ။

  9. satan

    အော် …..အလှုဒါနပြုလို့ ကုသိုလ်ရတယ်ဆိုတာ ဒါလားဗျာ …..ရတဲ့ကုသိုလ်က အပိတ်ပင်ခံခြင်းလား?

  10. shwemanthar

    အင်း
    ဟုတ်တယ်

  11. Cuper

    တော်ပြီ ကြောက်ကြောက် ..

Leave a Reply