အာဆင်နယ်မြန်မာမှ ဦးစီးပြီး ဘောလုံးဝါသနာရှင်များအတွက် ပြိုင်ပွဲကျင်းပပေးမည်ဖြစ်ပါသည်။ ပြိုင်ပွဲကျင်းပပုံ အဆိုပါပြိုင်ပွဲကို ရာသီပြီးဆုံးချိန်အထိ အပတ်စဉ် ပရီးမီးယားလိဂ်ပွဲစဉ်များ ရှိတိုင်း ဆက်တိုက်ကျင်းပပေးသွားပါမည်။ ပြိုင်ပွဲဝင်များသည် ခေါင်းစဉ် ၃ခုအောက်တွင် ယှဉ်ပြိုင်ကြရပါမည်။ ၁။ ပွဲတွင် ပါဝင်ကစားမည့် ၁၁ယောက်ကို ခန့်မှန်းကြရပါမည်။ ၂။ ပွဲရလဒ်ကို ခန့်မှန်းကြရပါမည်။ ၃။ အပိုဆု အဖြစ် အသင်းမှ စိတ်ကြိုက်ကစားသမားသုံးယောက် ကို ရွေးချယ်ရပါမည်။ ထိုကစားသမားများ စွမ်းဆောင်ရည်ပေါ်မူတည်၍ အမှတ်များ ထပ်မံရရှိပါမည်။ စည်းကမ်းချက်များ မည်သူမဆို လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။ပြိုင်ပွဲဝင်တိုင်းသည် ArsenalMyanmar.com တွင် register ပြုလုပ်ထားသော အကောင့် နာမည်တစ်ခု ရှိရပါမည်။ (ထိုသို့ပြုလုပ်ခြင်းမှာ အလွန်လွယ်ကူသောကြောင့် အကောင့်လုပ်ဖို့ ပျင်းပြီး ဝင်မပြိုင်ပဲ မနေပါရန် တိုက်တွန်းအပ်ပါသည်။) လုံခြုံရေးအခြေအနေအရ သော်လည်းကောင်း၊ ပြိုင်ပွဲဝင်များ အဆင်ပြေချောမွေ့စွာ […]
