BayoteMay 11, 20111min08
အရင်အိမ်ရှင် နှစ်ခါ လုပ်ပေးခင်းတုံးက ဆုတံဆိပ် အများဆုံးနဲ့ ပထမ နှစ်ခါရခဲ့ပါတယ်။ အခု အစိုးရသစ် လက်ထက်မှာ ပထမရနိုင်လိမ့်မယ်လို့  စာဖတိပရိတ်တို့ ထင်ကြပါသလား…. ဒုသမ္မတ ကတော့ ပြောသွားလေရဲ.။ ပထမရအောင် အစီအစဉ် စနစ်တကျ ဆွဲထား ပြုလုပ်သွားကြ ဖို့။ ဒါပေမဲ့ဗျာ အစည်းဝေးတိုင်း Monitor လေးတွေတော့ power ဖွင့်ထားကြပါလို့ TV မှာကြည့်ရတာ Monitor လေးတွေ ပလပ်စတစ်ကာဗာတွေ ကပ်ပြီး မှောင်မဲနေတယ်။ keyboard mouse လည်းမပါ။ အလှပြထားတာလား။ မသုံးတတ်တာလား မသိ။ ဘာပြမလို့ တင်ထားတာလည်း။ ဪ ကြည့်လုပ်ကြပါ။


erosMay 9, 20116min017
ဘင်လာဒင် သတင်းစုများ အမေရိကန်အစိုးရမှ အယ်လ်ကိုင်းဒါးခေါင်းဆောင် ဘင်လာဒင်အား အလိုရှိနေခဲ့သည်မှ ကြာပြီဖြစ်သည်။ နောက်ဆုံး ၂၀၁၁ ခုနှစ် မေလ ၂ရက်နေ့တွင် အနှစ်နှစ်အလလ ရှာဖွေနေသော ဘင်လာဒင်အား အဆုံးစီရင် နိုင်ခဲ့လေသည် ထို့အတွက်ကြောင့် ကမ္ဘာပေါ်ရှိဘာသာစကားမျိုးစုံဖြင့် ထုတ်ဝေနေသော သတင်းစာ ဂျာနယ်များတွင် မျက်နှာဖုံးသတင်းအဖြစ်ပါလာသည်။ ယခု eros မှ ပြည်တွင်းသတင်းများထဲမှ လက်လမ်းမှီရာ ဘင်လာဒင် သတင်းစုများအားဖော်ပြလိုက်ပါသည်။ ဘင်လာဒင် ဟုတ်မဟုတ် ဘယ်လိုစစ်ခဲ့သလဲ http://www.news-eleven.com/index.php?option=com_content&view=article&id=8257:2011-05-04-07-41-41&catid=79:internationalnews&Itemid=156 အိမ်နီးချင်းများ ပြောပြတဲ့ အိမ်ကြီးရှင်တို့ အကြောင်း http://www.news-eleven.com/index.php?option=com_content&view=article&id=8256:2011-05-04-07-35-40&catid=79:internationalnews&Itemid=156 ရှာပုံတော်ဖွင့်ခြင်း http://www.news-eleven.com/index.php?option=com_content&view=article&id=8255&Itemid=156 ပါကစ္စတန်မြို့တော် အနီးတွင် အမေရိကန်တို့ ဘင်လာဒင်ကို အသေဖမ်းမိ http://www.news-eleven.com/index.php?option=com_content&view=article&id=8250:2011-05-04-05-11-02&catid=79:internationalnews&Itemid=156 ဘင်လာဒင် ရုပ်အလောင်းပုံ ထုတ်ပြန်မည်ကို ကမ္ဘာတစ်ဝန်း စောင့်ဆိုင်းနေ http://www.news-eleven.com/index.php?option=com_content&view=article&id=8284:2011-05-04-19-34-46&catid=79:internationalnews&Itemid=156 အိုစမာဘင်လာဒင်ကို ရှာပုံတော်ကြီး […]


မမေလးMay 6, 20111min013
F4 ချစ်သူ အခွေကို သိကြတဲ့ အတိုင်းပဲ တရုတ် F4 ချစ်သူ ၊ ဂျပန် F4 ချစ်သူ နဲ့ ကိုရီးယား F4 ချစ်သူ ဆိုပြီးတော့ရှိရာမှာမှ ကိုရီးယား F4 ချစ်သူ က လျှမ်းလျှမ်းတောက်အောင်နာမည်ကြီးသွားတယ် …. ခု မြန်မာ F4 ချစ်သူ လာပါတော့မယ် ။ ဒါရိုက်တာတစ်ယောက်က F4 မင်းသားနဲ့ တူတဲ့ မင်းသား မင်းသမီးကို အပြင်လောကမှာလိုက်ရှာတာ ခုဆို မင်းသားလေးယောက်နဲ့တူတဲ့ လူလေးယောက်တွေ့နေပါပြီတဲ့ … ကိုရီးယား F4 ချစ်သူ အတိုင်းကို တူအောင်ပြန်ရိုက်မှာလို့ ကျူရှင်ကနေပြီးကြားလာပါတယ် ။ ဂျာနယ် တစ်စောင်မှာပါတယ်လို့ပြောတာပဲ … တစ်ကယ်လို့သူတို့နဲ့တော်တော်တူတယ်ဆိုရင်တော့ ခုလက်ရှိမင်းသားတွေ ဘယ်ချောင်မှာသွားနေရမယ်မှန်းတောင်သိမှာမဟုတ်ဘူးနော် …


မမေလးMay 4, 20111min015
“ရန်ကုန်မြို့တော်သစ်” အကောင်အထည်ဖော်ရေး စီမံကိန်းအတွက် တရုတ်ကုမ္ပဏီ Zhuhai Zhong Zhu Holding ကုမ္ပဏီနဲ့ မြန်မာအစိုးရတို့ အခု လဆန်းက နေပြည်တော်မှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်မှာ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရို အမြဲတမ်း ကော်မတီဝင်နဲ့ တရုတ်င်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ရဲ့ (၁၁) ကြိမ်မြောက် အမျိုးသားကော်မတီ ဥက္ကဌ မစ္စတာ ကျာချင့်လင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်တဲ့ ခရီးစဉ်မှာ အဆိုပါ သဘောတူ တွေ စာချုပ်တွေ လက်မှတ်ထိုးခဲ့တာပါ။ လက်ရှိ ရန်ကုန်မြို့ဟာ လူဦးရေ ထူထပ်သိပ်သည်းလာခြင်း၊ မြို့တွင်းက ကားသွားလာတဲ့ အဓိက ပင်မလမ်းတွေ ကျဉ်းမြောင်းလာခြင်း၊ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုကြုံတွေ့လာခြင်း စတဲ့ […]


မမေလးMay 4, 20111min020
၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂ဝ၁၃ ခုနှစ်မတ်လအကြား ကာလ အတွင်း နေနှင့်ကမ္ဘာကြား ဂြိုဟ် ကြီးတစ်လုံး ဖြတ်သန်းမှုကြောင့် ကမ္ဘာပေါ်တွင်ပြင်းထန်သောသဘာဝ ဘေးအန္တရာယ် များ ဖြစ်ပေါ်ကာ လူသန်း ၄ဝဝဝ ခန့် သေကျေပျက်စီး နိုင်သည်ဟုပါဝင်သောသတိပေးစာရွက် များမှာ ရန်ကုန်မြို့နေ ပြည်သူလူထု အကြားပျံ့နှံ့လျက်ရှိကြောင်းသိရသည်။ အဆိုပါစာရွက်အား ကမ္ဘာတစ် ဝန်းရင်ဆိုင်နေရသော သဘာဝ ဘေးအန္တရာယ်များကို ကျော်လွှား နိုင်ရန်အတွက် ကမ္ဘာစောင့်နတ်၊ သာသနာ စောင့်နတ်များမှ တိုက်တွန်းနှိုးဆော်လွှာ ဟု အမည်ပေး ထားပြီးအမည် မသိသောလူအချို့မှ လိုက်လံဖြန့်ဝေ နေခြင်းဖြစ်သည်။ ထိုစာရွက်တွင် ၂ဝ၁၁ ခုနှစ် မတ်လလယ်လောက်မှစတင်၍ စစ် ကိုင်း၊ တောင်ငူနှင့်ပဲခူးမြို့များတွင် ငလျင်များစတင်လှုပ်ရှားလာမည် ဖြစ်ကြောင်း၊ မြန်မာပြည်ကြီး အန္တရာယ်မှကင်းဝေး စေရန် ဆရာ တော်သံဃာတော်များမှ […]


erosMay 2, 20113min036
ဓာတ်ဆီပိုမို ထုတ်လုပ်နိုင်ရန် မြင်းခြံမြို့တွင် ရေနံချက် စက်ရုံအသစ် တည်ဆောက်ရန်စီစဉ်၊ ပုဂ္ဂလိက ကဏ္ဍအတွက် လစဉ်ဓာတ်ဆီဂါလန် ကိုးသန်းခန့် ရောင်းချပေးလျက်ရှိ အထက်ပါခေါင်းစဉ်ဖြင့် weekly eleven သတင်းဂျာနယ်ဆိုက်တွင် မြန်မာနိုင်ငံ၏လက်ရှိဓာတ်ဆီဖြန်ဖြူးရောင်းချမှု အခြေအနေများနှင့် လက်ရှိအချိန်တွင် ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့် ဓာတ်ဆီပမာဏနှင့် ပုဂ္ဂလိကပိုင်းမှ သုံးစွဲနေမှုပမာဏမှာ လုံလောက်မှု မရှိသောကြောင့် ပြည်တွင်း၌ ဓာတ်ဆီပိုမို ထုတ်လုပ်နိုင်ရန် တရုတ်နိုင်ငံနှင့် ပူးပေါင်းကာ မြင်းခြံမြို့တွင် ရေနံချက်စက်ရုံတစ်ရုံကို တည်ဆောက်နိုင်ရန် စီစဉ်မှုများ ပြုလုပ်လျက်ရှိကြောင်း နှင့် လက်ရှိဓာတ်ဆီဖြန့်ဖြူးမှုမလုံလောက်သည့် အတွက် နောင်အနာဂါတ်အတွက် စီမံကိန်းများကို ဖော်ပြသွားသည်။ သတင်းအကျယ်သို့ http://www.news-eleven.com/index.php?option=com_content&view=article&id=8198:2011-05-01-04-32-31&catid=45:2009-11-10-07-45-41&Itemid=113 ကျွန်းပေါ်နေ ရေလုပ်သားများ၏ နေ့စဉ် စားဝတ်နေရေးမှာ ရေသယံဇာတများအပေါ် များစွာ တည်မှီနေပြီး မျှတသော သတ်မှတ်ချက်များကို လိုအပ်ကြောင်း သိရ မြိတ်ကျွန်းစုနေ […]


fattyMay 2, 20111min026
အားလုံးသိကြတဲ့အတိုင်း MFTB ရှေ့ ငွေလဲတဲ့အခါ လူလိမ်လူကောက်တွေများလှပါတယ် ..။ ပိုက်ဆံ တသိန်းထုတ်ကို တရွက်ကိုနှစ်ရွက်ပုံစံမျိုးနဲ့ ခေါက်ထားပြီး လာလဲတဲ့သူကို အဖမ်းအဆီးများတဲ့အကြောင်း ခပ်မြန်မြန် ပိုက်ဆံ ရေတွက်ဖို့ပြောလေ့ရှိပါတယ် ..။ အများအားဖြင့်တော့လောလော လောလောနဲ့ရေတွက်ပြီး ယူသွားလိုက်ကြတာ အိမ်ရောက်မှပြန်ရေတော့ တသောင်းအုပ် ၁ဝ အုပ်မှာ ၁ဝရွက်ပျောက်နေပါတယ် ..။ အဲဒီလိမ်နည်းက လူသိများနေပါပြိ ဒါပေမဲ့အခုထိ လုပ်တုန်းပါဘဲ ..။ ကျနော်ကြတော့နည်းသစ်နဲ့ခံလိုက်ရပြန်ပါတယ် ..။ ပိုက်ဆံအုပ်လိမ်နည်းကိုသိလို့ အေးအေးဆေးဆေးရေတွက်ရအောင် လက်ဘက်ရည် ဆိုင်တဆိုင်ကိုခေါ်သွားလိုက်ပါတယ် ..။ သူတို့ပေးတဲ့ အုပ်ရေကို အကုန်လုံးပြန်ဖြည်ခိုင်းပြီးရေတွက်ပါတယ် ..။ သူတို့လဲမတတ်သာဘူး အကုန်ပြန်ဖြည်ရပါတယ် ..။ ကျနော်ကလည်း ဘာရမလဲငါ့ကိုလာလိမ်လို့ ဆိုတဲ့ပုံစံနဲ့ပေါ့ ..။ သူတို့ပိုက်ဆံ ပြည့်တဲ့အခါ ကျနော် US 100 တန် ငါးရွက်ကိုသူတို့လက်ထဲထည့်လိုက်ပါတယ် […]

P1010008-600x450.jpg

ယနေ့ မေလ(၁) ရက် ၂၀၁၁ခုနှစ် တနင်္ဂနွေနေ့ နံနက် ၁ဝနာရီမှ ညနေ ၄နာရီအထိ (ခန့်မှန်း) နယူးယောက်မြို့ ကွင်းစ်အရပ် ဝုဆိုက်ဒ်မြို့နယ်ရှိ ပီအက်စ်၁၂ မူလတန်းကျောင်းတွင် ၂၀၁၁ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ရံပုံငွေရှာပွဲ ဈေးရောင်းပွဲနှင့်အကပဒေသာ တင်ဆက်ဖျော်ဖြေခြင်းတို့ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ အစားအသောက် ဈေးရောင်းပွဲတွင် မြန်မာ့အစားအစာ အမျိုးအမည် ၃ဝခန့် ရောင်းချခဲ့ပြီး ခန့်မှန်းခြေ လူတထောင်ခန့် ဈေးရောင်းပွဲသို့ လာရောက်ခဲ့ပြီး မြန်မာ့ စားသောက်ဖွယ်ရာများကို ဝယ်ယူအားပေးကြသည်။ မုန့်ဟင်းခါး၊ မုန့်တီ၊ ဝက်သားဒုတ်ထိုး စသည် အမယ်များမှာ တပွဲငါးဒေါ်လာ၊ တို့ဟူးသုပ်၊ သာခွေယိုင် တို့မှာ တပွဲ သုံးဒေါ်လာ၊ လဘက်ရည် ကျောက်ကျော တဒေါ်လာ အသီးသီးရောင်းချကြသည်။ ပဏာမရွေးချယ်ခံရသူ ပုဂ္ဂိုလ်အယောက်နှစ်ဆယ်ထဲမှ မိမိနှစ်သက်ရာ ငါးဦးခန့်အား ဆန္ဒပြုမဲပေးခြင်း […]

bur-newspaper1.jpg

သဂျီးခင်ဗျား ကျနော်လည်း ရွာသား eros လို တပတ်အတွင်း သတင်းကဏ္ဍတခု တင်ဆက်ချင်ပါတယ်။ သူနဲ့ခေါင်းစဉ် မတူအောင် စီစဉ်ထားပါတယ်။ သူ့လိုပဲ Sticky ပို့စ်တင်ပေးပါ။ တင်းမပေးရင်တော့ သဂျီးက နအဖသူလျှို၊ ဖော်လံဖား ဖြစ်ရမယ်၊ ဝိုင်းချကြပါဗျို့….. ၁။ ဒယ်ဒီ့သားအာဘော – ဒေသဖွံ့ဖြိုးရေး တံတားများတိုးမြှင့်တည်ဆောက်၊ တံတားများ ရေရှည်တည်တံ့ရေး အားလုံးဝိုင်းဝန်းထိန်းသိမ်း ၂။ မွန်ပြည်နယ် သစ်ခုတ်ဝံကြီး စိုက်ခင်းများကြည့်ရှုစစ်ဆေး ဝန်ကြီးဦးဝင်မော်ဦး … မွန်ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ တွေ့ဆုံမှာကြား….. ၃။ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ပြည်ပကိုယ်စားလှယ်တွေ့ဆုံ အဖွဲ့ဝင်၂၂ဦးပါဝင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့….. ရင်းနှီးစာ ဆွေးနွေး… ၄။ ယဉ်မတော်တဆမှု အစဖျောက်ရေး ကျိုင်းတုံမြို့၌ ကွင်းဆင်းစစ်ဆေး ကုန်းလမ်းညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး….စည်းကမ်းလိုက်နာရေး.. ကွင်းဆင်းစစ်ဆေးခဲ့… […]


gyinkalayApril 29, 20111min02
ကျွန်မကိစ္စရှိလို့ မေမြို့ကနေရန်ကုန်ကို ရောက်လာပါတယ်၊ အရင်အခေါက်တွေတုန်းက ဟိုတယ်မှာသာ တည်းခိုဖြစ်ပေမဲ့ ဒီအခေါက်ကတော့ ရန်ကုန်ကအဒေါ်က တိုင်ပင်စရာ အကြောင်းကိစ္စရှိနေတာကြောင့် အဒေါ်အိမ်မှာ သွားရောက်တည်းခိုဖြစ်ပါတယ်။ အဒေါ့်အိမ် ရောက်တာနဲ့ ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်း ဆိုသလိုပါပဲ စိတ်မကောင်းစရာ အဖြစ်အပျက်နဲ့ တည့်တည့်တိုးပါတော့တယ်၊ ကျွန်မအဒေါ်အိမ်မှာ ကူဖော်လောင်ဖက်အဖြစ် ကောင်မလေး၂ယောက် ခေါ်ထားပါတယ်၊ တစ်ယောက်က ၁၈နှစ် တစ်ယောက်က ၁၁နှစ်ပါ ကျွန်မရောက်တဲ့ အချိန်မှာ ၁၈ နှစ်တစ်ယောက်က ပြန်သွားတာ ၃လလောက်ရှိနေပြီး ကျန်ခဲ့တဲ့ ၁၁နှစ်အရွယ် ကောင်မလေးကို သူမ ကျွန်မအဒေါ်အိမ်က ခိုးယူဖွက်ထားတဲ့ ပစ္စည်းတွေနဲ့အတူ တွေ့လိုက်ရတာပါပဲ ကျွန်မအဒေါ်တို့က ပေါ့လျှော့ကြပါတယ် အိမ်ကကြီးမားပြီး ပစ္စည်းတွေကလည်း ပေါများတော့ ပျောက်နေလို့ ပျောက်နေမှန်းလည်း မသိကြပါဘူး၊ ဒီတစ်ခေါက် မိလိုက်တာကလည်း အဒေါ်က သူ့မြေးအတွက် မွေးနေ့လက်ဆောင်ဝယ်ပေးဖို့ […]


နွယ်ပင်April 27, 20111min02
နပြည်တော် ပျဉ်းမနား၌ ဧပြီ ၂၆ ရက် ယနေ့တွင် မိဘမဲ့ကလေးများ ရန်ပုံငွေပွဲအဖြစ် ကျင်းပမည့် နာမည်ကြီး အဆိုတော်များနှင့် IC တေးဂီတဝိုင်း၏ စင်တင်ဖျော်ဖြေပွဲကို အာဏာပိုင်များက ခွင့်ပြုချက်မပေးသောကြောင့် ပွဲပျက်သွားခဲ့သည်။ အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သူ ဦးတေဇ ၏ ပုဂံဖျော်ဖြေရေး အဖွဲ့မှ စီစဉ်ကာ ပျဉ်းမနားမြို့ရှိ စမ တောင်မှ မိဘမဲ့ကလေးများ ရန်ပုံငွေပွဲအဖြစ် ကျင်းပမည့် IC ရှိုးပွဲကို အာဏာပိုင်များက လုံခြုံရေး အကြောင်းပြချက်ဖြင့် ပွဲမိန့် မပေးသောကြောင့် ပွဲပျက်ခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ အမည်မဖော်လိုသူပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူ တဦးက“အစက ပွဲမိန့်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကကော ပြည်ထဲရေးဝန်ကြီး ဌာနကပါ ပေးတယ်။ နောက် သတင်းတပ်ဖွဲ့နဲ့ […]


erosApril 27, 20111min030
B.O.T လမ်းပိုင်းအချို့တွင် လမ်းတံတား အသုံးပြုခနှုန်းထား သစ်များဖြင့် ကောက်ခံ လမ်းခရီးသွားလာမှု၊ ကုန်စည် ပို့ဆောင်မှုနှင့် ပတ်သက်သော အခွန်အခ သက်သာစေရန် B.O.T လမ်း ပိုင်းအချို့တွင် လမ်းတံတားအသုံးပြုခ နှုန်းထားသစ်များဖြင့် ကောက်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် များအရ သိရှိရကြောင်း၊ ရှမ်းြ%E


လင်းဝေApril 26, 20111min0
ဥရောပသမဂ္ဂကောင်စီ ကနေပြီးတော့ လုဇင်ဘတ်မြို့မှာ ဧပြီလ ၁၂ရက်၂၀၁၁ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ၃၀၈၂ ကြိမ်မြောက် နိုင်ငံတကာရေးရာ ကောင်စီအစည်းအဝေးမှာ ဆွေနွေးကာ ချမှတ်သောဆုံးဖြတ်ချက် ကို ဖတ်ရှုလေ့လာနိုင်အောင် မြန်မာလိုပြန်ဆိုထားတာကို တင်ပေးလိုက်ပါတယ်။ အကြမ်းအားဖြင့်တော့ ပိတ်ဆို့မှုကို တစ်နှစ် ဆက်လက်ထားရှိမှာဖြစ်တယ်လို့ ဆိုတာပါပဲ။ ၁။ ဥရောပသမဂ္ဂကောင်စီကမြန်မာနိုင်ငံသားများအရေးကို ခိုင်ခိုင်မာမာ ထောက်ခံအားပေးမြဲအားပေးဦးမည်ဖြစ်သည်။ဥရောပသမဂ္ဂကမြန်မာနိုင်ငံတွင်ဖွံဖြိုးရေးဆိုင်ရာလိုအပ်ချက်များရှိနေ သည်ကိုသဘောပေါက်နားလည်ထားပြီးဖြစ