မိဘမဲ့ကလေးများ ရန်ပုံငွေ IC ရှိုးပွဲ ခွင့်ပြုချက်မရ

နွယ်ပင်April 27, 20111min02

နပြည်တော် ပျဉ်းမနား၌ ဧပြီ ၂၆ ရက် ယနေ့တွင် မိဘမဲ့ကလေးများ ရန်ပုံငွေပွဲအဖြစ် ကျင်းပမည့် နာမည်ကြီး အဆိုတော်များနှင့် IC တေးဂီတဝိုင်း၏ စင်တင်ဖျော်ဖြေပွဲကို အာဏာပိုင်များက ခွင့်ပြုချက်မပေးသောကြောင့် ပွဲပျက်သွားခဲ့သည်။

အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သူ ဦးတေဇ ၏ ပုဂံဖျော်ဖြေရေး အဖွဲ့မှ စီစဉ်ကာ ပျဉ်းမနားမြို့ရှိ စမ တောင်မှ မိဘမဲ့ကလေးများ ရန်ပုံငွေပွဲအဖြစ် ကျင်းပမည့် IC ရှိုးပွဲကို အာဏာပိုင်များက လုံခြုံရေး အကြောင်းပြချက်ဖြင့် ပွဲမိန့် မပေးသောကြောင့် ပွဲပျက်ခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူ တဦးက“အစက ပွဲမိန့်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကကော ပြည်ထဲရေးဝန်ကြီး ဌာနကပါ ပေးတယ်။ နောက် သတင်းတပ်ဖွဲ့နဲ့ တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) က လုံခြုံရေးကြောင့် ပွဲမိန့်မပေးသင့်တဲ့အကြောင်း ကန့်ကွက်ရာက ပွဲပျက်သွားတယ်လို့ သိရ ပါတယ်”ဟု ပြောပြသည်။

“ကျနော်တို့ဆို လက်မှတ်ဝယ်ပြီး ကြည့်ဖို့ အားခဲထားတာ။ ၂၅ ရက်နေ့ ညနေမှ အကြောင်းအမျိုးမျိုးကြောင့် ပွဲပျက်သွားတယ် ဆို တာ ကြော်ငြာလိုက်ကပ်မှ ပွဲ မဖြစ်တော့ဘူး ဆိုတာ သိရတယ်”ဟု ပျဉ်းမနားမြို့ခံလူငယ်တဦးကလည်း ပြောသည်။

ယင်း ရှိုးပွဲ လက်မှတ်ခများကို ကျပ် ၂၀၀၀၀၊ ၁၅၀၀ဝ နှင့် ၇၀၀ဝ သတ်မှတ်ထားပြီး လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ လင်းလင်းနှင့် ချမ်းချမ်းတို့ ဖျော်ဖြေသွားမည်ဟု ကြော်ငြာ တွင် ပါရှိသည်။

ထိုသို့ ပွဲပျက်သွားသည့်အတွက် ကြိုတင်လက်မှတ် ဝယ်ယူထားသူများကို လက်မှတ်ဖိုး ငွေများ ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

Ref;Irrawaddy

2 comments

  • နိုင်နိုင်

    April 27, 2011 at 7:33 am

    ဟဟ..ဘာကိုကြောက်နေတာလဲ
    အတားအစီးများတဲ့ တို့ပြည်မြန်မာဟေ့
    ဟိုဟာဆိုလဲ ပိတ် ဒီဟာဆိုလဲ တား
    ကိုတိုင်ကလဲ ကောင်းအားမလုပ်နိုင် တောက်….
    တွေးကြည့်တာနော် ဘယ်သူမှမသိအောင် . မသိကြဘူးမလား

    Reply

  • cobra

    April 27, 2011 at 8:00 am

    ဒီတခါတော့မောင်တေဇဘာမှမတတ်နိုင်တော့ဘူးလား။

    Reply

Leave a Reply

Your email address will not be published.