မမေလးMay 25, 20111min014
မြန်မာနိုင်ငံအတွင်း အခြား သစ်တောနယ်မြေများရှိ တောရိုင်း တိရစ္ဆာန်များအား ဖမ်းဆီးမည်ဆိုပါ က သစ်တောဦးစီးဌာနတွင်အမဲ လိုက်ခွင့်လိုင်စင် လျှောက်ထားရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အမဲလိုက်ခွင့်လိုင်စင် လျှောက်ထားသူသည် သစ်တောဦးစီးဌာန၏ စစ်ဆေးမှုကို ခံယူရမည်ဖြစ်ပြီး အမဲလိုက်ခွင့်လိုင်စင် စည်းကမ်းချက်များနှင့် သတ်မှတ်ထားသည့် အမဲလိုက်ခွင့် လိုင်စင်ခကို ပေးဆောင်ရန်လိုအပ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် သစ်တောနယ် မြေ ၃၆ ခုကို သဘာဝ သစ်တောနယ်မြေများ အဖြစ် ထိန်းသိမ်းကာကွယ်ထားပြီး တောရိုင်းတိရစ္ဆာန်များကို အပြည့်အဝ(လုံးဝ) အကာအကွယ် ပေးခြင်း၊ သာမန်ကာကွယ်ပေးခြင်း နှင့် ရာသီအလိုက် အကာအကွယ်ပေး ခြင်းဟူ၍ အဆင့်သုံးဆင့်ခွဲခြားသတ်မှတ်၍ ကာကွယ်ထားကြောင်းနှင့် လက်ရှိအချိန်တွင် နို့တိုက်သတ္တဝါ မျိုးစိတ် ၅၃ မျိုး၊ ငှက်မျိုးစိတ် ၁၀၆ မျိုး၊ ကုန်းနေ၊ ရေနေနှင့် တွားသွား သတ္တဝါမျိုးစိတ် […]


ဆူးMay 25, 20111min06
ပလန်းနက်ယူဇာမောင်နှမများစုပေါင်းလှူတဲ့ ပဉ္စမအကြိမ်ကထိန်အလှူပဲဖြစ်ပါတယ်။ ပဉ္စမအကြိမ်ကထိန်ခင်းမယ့် ကျောင်းကတော့ ၁။ ပဓာန နာယကဆရာတော် ဘဒ္ဓန္တ ဉာဏ ( ဂိုဏ်းအုပ်ဆရာတော် မဟာဗောဓိဝိနည်းပြန်ဌာန ) ၂။ ကျောင်းအုပ်ဆရာတော် အရှင်ပညောဘာသ (ပန်းပျိုးလက်) တည်နေရာ အမှတ် (၁၇) ၊ ဝေဠုဝန် ဘုန်းတော်ကြီးသင် ပညာရေးပရဟိတကျောင်း ကျောက်တန်းရွာ ၊ ပဲခူးမြို.နယ် ဖြစ်ပါတယ်။ ပဉ္စမအကြိမ်ကထိန်အလှူကို တန်ဆောင်မုန်းလ ( ၆ – ၁၁ – ၂၀၁၁ ) မှာ ကထိန်အလှူကို ကျင်းပမှာဖြစ်ပါတယ်။ အရင်နှစ်တွေလိုပဲ အဝေးရောက်နေတဲ့ အွန်လိုင်းယူဇာတွေအတွက် ကထိန်အလှူငွေကို ဘဏ်မှသော်လည်းကောင်း ၊ တိုက်ရိုက်သော်လည်းကောင်း ့အလှူငွေ လွဲနိုင်ရန်အတွက် အောက်ဖော်ပြပါ သက်ဆိုင်ရာယူဇာများ၏ အမည်၊မှတ်ပုံတင် နှင့် ဂျီတော့လိပ်စာများကို ဆက်သွယ်နိုင်ပါတယ်။ […]


erosMay 25, 20114min011
ပုဇွန်တောင်တွင် အကြမ်းဖက်လုယက်မှုဖြစ်ပွား သတင်းထောက် ကျော်မြတ်ဇံ ရေးသားသော အဆိုပါ သတင်းတွင် ဧပြီ၂၆ရက်က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်(၇)ရပ်ကွက် အထက်ပုဇွန်တောင်လမ်းရှိ နေအိမ်တစ် အိမ်တွင် နေအိမ်ထဲသို့ မျက်နှာစိမ်းနှစ်ယောက်ပေးဝင်မိရာမှ အကြမ်းဖက် လုယက်ခံခဲ့ရသည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ သတင်းအကျယ်သို့ Home ရွှေအပေါင်ဆိုင်အချို့တွင် ရွှေပွတ်ခိုးခြင်းများ မကြာခဏဖြစ်ပေါ် ရန်ကုန်ရှိ အတိုးနှုန်းနှစ်ကျပ်ဖြင့်အပေါင်ခံသည့် ရွှေ အပေါင်ဆိုင်အချို့တွင် ရွှေပွတ်ခိုးခြင်းကိစ္စများ မကြာခဏဖြစ် ပေါ်နေကြောင်း သိရကြောင်း ကာယကံရှင်များ၏ ပြောစကားများကို ဖော်ပြထားသည့် သတင်းကို Yangon Media Group သတင်းဆိုက်တွင်ဖော်ပြထားသည်။ သတင်းအကျယ်သို့ Home ကျောင်းအပ်ရာတွင် အပိုကြေးတောင်းပါက တိုင်ကြားနိုင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းများတွင် ကျောင်းအပ်နှံပါက မည်သည့်အပိုကြေးမှ ပေးရန်မလိုအပ်ကြောင်းနှင့် အပိုတောင်းခံမှုများရှိ ကြောင်း သိရှိရပါက အရေးယူသွားမည်ဟု […]


thuratunMay 24, 20111min06
ယနေ့ညနေ ၃ နာရီ ၅ဝ မိနစ်အချိန်၌ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဒညင်းကုန်းရပ်ကွက် ဒညင်းကုန်းလမ်းဆုံအနီးရှိ အမှတ်(၁) အုတ်စက်ရုံတွင် ထရန်စဖော်မာသို့ မိုးကြိုးပစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုမီးလောင်မှုကြောင့် ထရန်စဖော်မာတစ်လုံး မီးလောင် ပျက်စီးခဲ့ပြီး ငွေကျပ် ၃၅ သိန်းခန့် ဆုံးရုံးခဲ့ကြောင်း သတင်းရရှိသည်။  

bar-fight1.jpg

ဒီနေ့ ဘီဘီစီ၊ အာရ်အက်ဖ်အေ သတင်းတွေမှာ အမေရိကန် ဒြုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးကို မြန်မာစစ်တပ် နိုင်ငံခြားရေးဝန်ကြီးက နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်ချင်ရင် အမေရိကန်ဖက်က ဘားမားဆိုတဲ့ နာမည်အစား မြန်မာလို့ခေါ်ဝေါ်သုံးစွဲဖို့ တောင်းဆိုတယ်လို့ မြန်မာတိုင်းမ်းဂျာနယ်ကို ကိုးကား ဖေါ်ပြထားတာ တွေ့ပါတယ်။ တိုင်းပြည်အမည်နဲ့ပတ်သက်ပြီး အငြင်းပွားနေတာ ကြာပါပြီ။ ကိုယ့်အသက်အရ သိမှီတာကိုပြောပါဆိုရင် ၁၉၈၈ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ကထဲကပါ။ တရားဝင်အမည်ကို ပြည်ထောင်စု ဆိုရှယ်လစ် သမတ မြန်မာနိုင်ငံကနေ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ပြောင်းခဲ့တယ်ထင်ပါတယ်။ အခုတော့ ပြည်ထောင်စု သမတ မြန်မာနိုင်ငံ ဖြစ်မှာပေါ့လေ။ အနောက်တိုင်း သိုးဆောင်းစကားနဲ့ဆိုရင် အရင်က Burma နောက်ပိုင်းမှ Myanmar ပြောင်းခဲ့ပါတယ်။ ကိုယ့်တိုင်းပြည်အမည်တောင် ကွဲကွဲပြားပြား မသိဘူးလားလို့ အပြစ်တင်လည်း ခံရမှာပါပဲ။ ကုလားကြီးနဲ့ အရာကြီးဖြစ်လို့ စိတ်မဝင်စားပါဘူး။ […]


sonicwaveMay 21, 20111min08
ဒီနေ့ မွန်းလွဲပိုင်းက ရေဦးမြို့ကနေ မန္တလေးမြို့ကို အပြန်မှာ တွေ့ကြုံခဲ့ရတဲ့ မုန်တိုင်းဖြစ်ပါတယ်။ အလုံတပ်မြို့ကိုအဝင်မှာ အင်အားတော်တော်ပြင်းထန်တဲ့ မုန်တိုင်းက စတင်တိုက်ခတ်လာပါတယ်။ ဒါပေမယ့် မုန်တိုင်းက အိမ်တွေကိုတော့ ပျက်စီးမှုနည်းပါခဲ့ပါတယ်။ သစ်ပင်တွေကတော့ လမ်းပေါ်မှာရော လမ်းဘေးမှာပါ တော်တော်များများလဲကုန်ပါတယ်။ သစ်ပင်တွေလဲတဲ့အတွက် အလုံမြို့နဲ့ မုံရွာမြို့တွေမှာ လမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့တဲ့အတွက် မုန်တိုင်းစဲသွားချိန်မှာတော့ တပ်မတော်သားများကို တိုင်းမှူးကိုယ်တိုင်ဦးဆောင်ကာ လမ်းမပေါ်ပိတ်နေသော သစ်ပင်များကိုရှင်းလင်းခဲ့ပါတယ်။ သစ်ပင်များတော်တော်များများလဲကျသော်လည်း လမ်းမကြီးပေါ်မှာတော့ ထိခိုက်မိသူများကို မတွေ့ခဲ့ရပါဘူး။ သွယ်တန်းထားသောဓာတ်ကြိုးများကတော့ သစ်ပင်တွေလဲတဲ့အတွက် ပျက်ကျကုန်ပါတယ်။ ဒီနေ့မွန်းလွဲပိုင်းက ဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်…………


ဆူးMay 20, 20111min06
ရွှေပြည်ဟိန်း ကျောင်း၊ ပြည်သာယာ ဘောက်ထော် ရန်ကင်းမြို့နယ်။ (ကျိုက္ကဆံ စူပါဝမ်း၊ တာမွေလေး၊ သံလမ်း အနီး) ဖုန်း ၅၄၁၄၉၃၊ ဝ၉၅၁၀၂၁၉၇။ မေလ ၂၁ ရက်နှင့် ၂၂ ရက်တွေမှာ စက္ခု ဝေဒနာရှင်များအား ဒါနပြု ခွဲစိပ် ကုသပေးမှာ ဖြစ်ပါတယ်။ သတင်းစာထဲမှာလည်း ပါတတ်ပါတယ်။ သိချင်ရင်တော့ လိပ်စာက ဖုန်းနံပါတ်ကိုသာ မေးမြန်းပြီး စုံစမ်းကြည့်ပါ။ အသိထဲမှာ မျက်စိ ဝေဒနာရှင် နွမ်းပါးသူများ အလကား ကုသပေးနေပါတယ်။ တနေ့က အလှူငွေ သွားလှူခဲ့တဲ့ အတွက် သတိတရ တင်ပေးလိုက်ပါတယ်။ နီးစပ်ရာ အတိဒုက္ခရောက်နေတဲ့ လူ ပုဂ္ဂိုလ် ရဟန်း စတာတွေကို တိုက်တွန်း နိုးဆော်ပေးကြပါအုန်း။


မမေလးMay 17, 20111min020
ယနေ့ည ၈း၄၅ မိနစ်ခန့်လောက်မှစမြင်လိုက်တာပေါ့နော် … ရွှေတိဂုံဘုရားရဲ့ အရိပ်ကောင်းကင်မှာ ပေါ်နေပါတယ် …  ပေါ်နေတာက အမဲရောင် ကောင်းကင်မှာ အဖြူရောင် အကွကလေးဖြစ်ပြီးတော့ စိန်ဖူးတော်က သက်သက်တစ်နေရာ ၊ စိတ်ဖူးတော် ပေါ်နေတဲ့ နေရာရဲ့ ၁ဝ ပေ အကွာလောက်မှာ စိတ်ဖူးတော် မပါပဲစိန်ဖူးတော်ရဲ့ အောက်ပိုင်းက ဘုရားနဲ့ အဝေးမှာ ယှဉ်ရက်သားလေး ထင်ဟက် နေတာ လူတွေအားလုံး နိုင်ငံခြားသားတွေရော ဓါတ်ပုံတွေရိုက်ကြ အရိပ်ကိုရှိခိုးကြနဲ့ … ၉ း ၁၁ လောက်ကျတော့ မိုးပေါက်လေး တွေရွာချလာပြီး ၉ း ၃ဝ လောက်မှာ အရိပ်က ပျောက်သွားတယ် … မတွေ့ရတော့ပါဘူး …  မိုးပေါက်ကျနေတာတောင် နိုင်ငံခြားသားတွေရော ဓါတ်ပုံတွေရိုက်နေကြတယ် … ရွှေတိဂုံဘုရား […]


erosMay 17, 20115min015
ရန်ကုန်တိုင်းဒေသကြီးအစိုးရက မီဒီယာများနှင့် ပုံမှန်တွေ့ဆုံမည် သတင်းထောက် ဆန်းဦး ရေးသားထားသော အထက်ပါ ခေါင်းစဉ်နှင့်သတင်းအား မြန်မာတိုင်း(မ်) မြန်မာဘာသာ သတင်းဆိုက်တွင်ဖော်ပြထားသည်။ သတင်းတွင် အစိုးရ အဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် မီဒီယာ သမားများပြောစကားကို ပါ ဖော်ပြထားသည်။ သတင်းအကျယ်သို့ http://www.myanmar.mmtimes.com/2011/news/517/news02.html ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် ယခုထက် ပိုမိုမြန်ဆန်ရန်လိုအပ် အထက်ပါ သတင်းခေါင်းစဉ်ဖြင့် သတင်းထောက် ဂျူးလိယက် ရေးသားထားသော သတင်းအား မြန်မာတိုင်း(မ်) မြန်မာဘာသာ သတင်းဆိုက်တွင်ဖော်ပြထားသည်။ သတင်းတွင်မြန်မာနိုင်ငံအတွင်း ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုနှင့် အခြားစီးပွားရေးလုပ်ငန်းများအတွက် ကုမ္ပဏီတည်ထောင်ရန် မှတ်ပုံတင်ရာတွင် ယခုထက်ပိုမို လျင်မြန်စွာ စီစဉ်ဆောင်ရွက်သင့်ကြောင်း၊မြန်မာနိုင်ငံတွင် လက်ရှိကုမ္ပဏီ မှတ်ပုံတင်ရန် ခြောက်လခန့် အချိန် ကြာမြင့်တတ်ပြီး ထိုသို့ ဖြစ်ရခြင်းမှာ လိုအပ်သည်ထက် ပိုမိုသည့် စစ်ဆေးမှုများ၊ […]


True AnswerMay 13, 20111min09
ဓမ္မမိတ်ဆွေများခင်ဗျား- သစ္စာတရားကုထုံး (သို့) သန်လျှင်သဘာဝရိပ်သာနှင့် ပတ်သက်ပြီး ယောဂီအများမှ ပေးစာများကို စုစည်းတင်ပြထားသော တရားစာအုပ်လေး ဓမ္မဒါန မျှဝေအပ်ပါသည်။ အပူ နှင့် အအေး၊ အလင်း နှင့် အမှောင်၊ ဒေါသ နှင့် မေတ္တာ၊ ဝန်တိုမှု နှင့် စေတနာ၊ မနာလို မှု နှင့် မုဒိတာ၊ ပူလောင်မှု နှင့် အေးငြိမ်းမှု၊ နှောင့်ယှက်ဖျက်ဆီးမှု နှင့် ကူညီရိုင်း ပင်းမှု၊ ဓမ္မ နှင့် အဓမ္မ စသည်ဖြင့် ဆန့်ကျင်ဘက် သဘာဝများသည် သဘာဝတရားတွင် အမြဲ ယှဉ်တွဲ ဖြစ်ပေါ်နေလေသည်။ အဆိုပါ ဆန့်ကျင်ဘက်တရားများသည် ပဋိပက္ခ သဘော ဆောင်နေ သော်လည်း..မှန်မှန်ကန်ကန် နားလည် အသုံးချတတ်သူများကိုမူ အကျိုးကျေးဇူး များစေလေသည်။ ဤစာအုပ်တွင် […]


pitiMay 13, 20111min014
ပြည်ပအသံလွှင့်ဌာနတွေဖြစ်တဲ့ BBC, VOA, RFA လို အသံလွှင့်ဌာနတွေက မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းကြီးမြင့်ရတာဟာ လမ်းအသုံးပြုခကောက်ခံတဲ့နှုန်းထား ကြီးမြင့်တာကြောင့်လို့ ဆိုကြ၊ ပြောကြလွန်းလို့ထင်ပါတယ်။ မြန်မာနိုင်ငံအစိုးရသစ် ပြည်သူလူထုတွေအတွက် အဆင်ပြေစေဖို့ ရည်ရွယ်ချက် ကြီးကြီးမားမားထားလို့ လမ်းအသုံးပြုခကောက်ခံတဲ့ဈေးနှုန်းတွေ လျော့ချဖို့ စီစဉ်နေတယ်လို့ဆိုကြပါတယ်။ ဆောက်လုပ်ရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးဟာ လမ်းအသုံးပြုခကောက်ခံခွင့် လေလံအောင်ထားတာ ၁ လကျော်ကျော်သာ ရှိသေးတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ ကန်ထရိုက်တွေကို နေပြည်တော်ကို ဆင့်ခေါ်ပြီး အစည်းအဝေးတစ်ခု မေလ (၁၂) ရက်နေ့က ဝန်ကြီးဌာနအဆောက်အဦမှာ ပြုလုပ်ခဲ့တယ်လို့ လမ်းကြေးအသုံးပြုခကောက်ခံခွင့်ရထားတဲ့ သူတွေဆီက သိရပါတယ်။ ဝန်ကြီးဟာ ကုန်ဈေးနှုန်းကျဆင်းစေဖို့ရည်ရွယ်ပြီး လမ်းအသုံးပြုခတွေကို လက်ရှိကောက်ခံနေတဲ့ နှုန်းထားကနေ အတော်လျော့ချထားတဲ့နှုန်းထားနဲ့ကောက်ခံဖို့ ညွှန်ကြားခဲ့ပါတယ်။ တစ်မိုင်ကို ပြားခြောက်ဆယ် နှုန်းနဲ့ ကောက်ခံဖို့ညွှန်ကြားခဲ့ပါတယ်တဲ့။ နှုန်းထားအသစ်ကို ကြားလိုက်ရတဲ့ ကန်ထရိုက်တွေဟာ […]

flying-potatoe.jpg

နှစ်ပေါင်းနှစ်ဆယ်အတွင်း မြန်မာနိုင်ငံမှာ နိုဝင်ဘာလက ပထမဆုံးပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပြီး အဓိပ္ပါယ်ရှိတဲ့ အပြောင်းအလဲတွေ တခုမှ မဖြစ်သေးဘူးလို့ မကြာသေးခင်ကမှ လွတ်မြောက်လာခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီအပတ်တွင်းမှာ ထုတ်လွှင့်မဲ့ အသံလွှင့်ချက်တခုတွင် ပြောကြားလိုက်သည်။ “အခုထိတော့ အဓိပ္ပါယ်ပြည့်ဝတဲ့ ပြောင်းလဲမှုမျိုး တခုမှ မတွေ့ရသေးဘူး” လို့ ဂျာမန် DW-TV တီဗွီသတင်းဌာနနဲ့ ဘာလင်မြို့အခြေဆိုက် Hertie အုပ်ချုပ်စီမံခန့်ခွဲမှုကျောင်းသားများကို တယ်လီဖုံး ပေါ်မှ အင်္ဂါနေ့က ပြောသည်။ “ရွေးကောက်ပွဲတော့ ကျင်းပခဲ့တယ် ဒါပေမယ့် တက်လာတဲ့ အစိုးရက ရွေးကောက်ပွဲမလုပ်ခင်က ရှိထားတဲ့ လူတွေအတိုင်းပါပဲ… စစ်မှန်တဲ့ အပြောင်းအလဲ ဟုတ်မဟုတ်ဆိုတာ စောင့်ကြည့်နေရဆဲပါ”။ အသက် ၆၅နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်အတွင်း အချိန်အများစုကို နေအိမ်အကျယ်ချုပ်ဘဝနဲ့ ကုန်လွန်ခဲ့ရပြီး နိုဝင်ဘာလအတွင်းက ပြန်လည် […]