ယနေ့ မွန်းလွဲပိုင်းက မုံရွာမြို့တွင်ကြုံခဲ့ရသော ” Storm “

sonicwaveMay 21, 20111min08

ဒီနေ့ မွန်းလွဲပိုင်းက ရေဦးမြို့ကနေ မန္တလေးမြို့ကို အပြန်မှာ တွေ့ကြုံခဲ့ရတဲ့ မုန်တိုင်းဖြစ်ပါတယ်။ အလုံတပ်မြို့ကိုအဝင်မှာ အင်အားတော်တော်ပြင်းထန်တဲ့ မုန်တိုင်းက စတင်တိုက်ခတ်လာပါတယ်။ ဒါပေမယ့် မုန်တိုင်းက အိမ်တွေကိုတော့ ပျက်စီးမှုနည်းပါခဲ့ပါတယ်။ သစ်ပင်တွေကတော့ လမ်းပေါ်မှာရော လမ်းဘေးမှာပါ တော်တော်များများလဲကုန်ပါတယ်။ သစ်ပင်တွေလဲတဲ့အတွက် အလုံမြို့နဲ့ မုံရွာမြို့တွေမှာ လမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့တဲ့အတွက် မုန်တိုင်းစဲသွားချိန်မှာတော့ တပ်မတော်သားများကို တိုင်းမှူးကိုယ်တိုင်ဦးဆောင်ကာ လမ်းမပေါ်ပိတ်နေသော သစ်ပင်များကိုရှင်းလင်းခဲ့ပါတယ်။ သစ်ပင်များတော်တော်များများလဲကျသော်လည်း လမ်းမကြီးပေါ်မှာတော့ ထိခိုက်မိသူများကို မတွေ့ခဲ့ရပါဘူး။ သွယ်တန်းထားသောဓာတ်ကြိုးများကတော့ သစ်ပင်တွေလဲတဲ့အတွက် ပျက်ကျကုန်ပါတယ်။ ဒီနေ့မွန်းလွဲပိုင်းက ဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်…………

8 comments

  • မမလေး

    May 25, 2011 at 4:49 pm

    အိမ်နားလေးမှာ ဖုန်း ဖုန်း ဖုန်း ဆိုပြီး ၃ ချက်တောင်မြည်ပြီး မီးပျက်သွားတယ် … လျှပ်စီးလက်လိုက်တာ ကြောက်စရာကြီး … ပြီးတော့လည်း သူမဟုတ်တဲ့အတိုင်းပဲ …

    Reply

    • sonicwave

      May 26, 2011 at 5:05 pm

      အခုတော့ အိမ်မှာ မီးတွေပြန်လာနေပြီ မဟုတ်လား။ အဲဒီနေ့က ဓာတ်ကြိုးတွေလည်း အကုန်ပျက်ကျတာလေ။

      Reply

  • kai

    May 26, 2011 at 11:50 pm

    မနေ့ကပဲ.. တီဗီမှာ ယူအက်စ်- အိုကလာဟိုးမားမြို ့ထဲ.. လေပွေဝင်တာ… ထရပ်ကားကြီးတစင်း တစစီဖြစ်သွားတာ ပြတယ်..။
    http://www.fox19.com/story/14725728/tornado-demolishes-semi-truck-in-oklahoma
    ဒီရာသီက လေပွေရာသီတဲ့လေ…။

    Reply

  • AKKO

    May 27, 2011 at 10:14 am

    မုန်တိုင်းဝင်တာ ဘယ်လောက်ကြာကြာဝင်သွားလဲ… ။
    မုန်တိုင်းဝင်နေတုန်း ဓါတ်ပုံလေးရိုက်ထားလိုက်နိုင်လျှင် အလွန်ကောင်းမယ် … ။
    ဒါမှ မဟုတ်လည်း လဲနေတဲ့ သစ်ပင်၊ ပြန့်ကျဲနေတဲ့ပုံတို့ မှတ်တမ်းယူထားသင့်တာ … ။

    Reply

    • sonicwave

      May 28, 2011 at 1:19 am

      အဲဒီတုန်းက အလုပ်ကိစ္စနဲ့ပြန်လာတာဆိုတော့လေ ကင်မရာကမပါဘူး ၊ ပြီးတော့ ကားကလည်းစက်ရပ်လို့မရဘူး ၊ အလုံမြို့အဝင်ကနေ မုံရွာအထွက်ကို ၃ နာရီလောက်ကြာအောင် မောင်းပြန်ခဲ့ရတယ်။ အဲဒါကြောင့် ပါ

      Reply

      • etone

        May 28, 2011 at 3:23 am

        ဟုတ်ပါတယ် …တကယ်တမ်းနှဖူးတွေ့ ဒူးတွေ့ ကြုံရလျှင် ဓါတ်ပုံရိုက်ဖို့ မေ့နေတတ်တယ်….။
        etoneတောင် တခြားမြို့ကို သွားတုန်းက လေဆင် နှာမောင်း ကားရှေ့မှာ တည့်တည့်တိုးတာ မှတ်တမ်းမတင်ထားမိဘူး … ကြောင် ကြည့်နေမိတယ်… ။ တော်သေးတယ်… ကားနားရောက်တော့မှ သူ့လမ်းကြောင်းပြောင်းသွားလို့ … လယ်ကွင်းတွေဘက် ကွေ့သွားတာ… ။
        နာဂစ်တုန်းကတော့ အကြာကြီး တိုက်တာမို့ အချိန်ရလိုက်တယ်လေ… ။ ကိုယ့်အိမ်လည်း အမိုးတွေ ကုန် … ရေတွေလည်း ခြေမျက်စိလောက်မြုပ်ကုန်တယ်… … သူများတွေက အမိုးတွေ လန်လို့ စိတ်ညစ်နေချိန် etone က အိမ်ခေါင်မိုးပေါ် ထီးဆောင်းတက်ပြီး ဓါတ်ပုံရိုက်လို့…. မုန်တိုင်းပြီးတော့ အရိုက်ခံရတဲ့အိမ်က ရန်လာတွေ့သွားတယ် အဟီး 😛 😛 (ကံကောင်းချင်တော့ အီဖေကိုယ် အိမ်မှာ မရှိဘူး မြို့ထဲ လမ်းလျှောက်ပြီး ဆက်ရိုက်နေလို့ )

        Reply

        • sonicwave

          May 28, 2011 at 3:06 pm

          ဟုတ်တယ်ဗျို့ ဖြစ်တဲ့အချိန်မှာဆိုရင် ဓာတ်ပုံရိုက်ဖို့နေနေသာသာ ကားကို သစ်ပင်လွတ်တဲ့နေရာ ရှာပြီးရပ်ထားရတယ် မဟုတ်ရင် ကားပေါ်သာ သစ်ပင်ကျိုးကျရင်သွားပြီဗျို့

  • etone

    May 27, 2011 at 10:19 am

    နာဂစ်တိုက်တုန်းကတော့ etone က အိမ်ခေါင်မိုးပေါ်တက်ပြီး ဓါတ်ပုံရိုက်တာ … က ံကောင်းလို့ ခေါင်းမကွဲတာ… ။ ဒါလည်း အမှတ်မရှိဘူး … ။ မုန်တိုင်းလေငြိမ်တော့… ကင်မရာယူပြီး ကျိုးကျနေတဲ့ သစ်ပင်တွေ ၊ လမ်းပိတ်နေတာတွေ မှတ်တမ်းတင်ခဲ့သေးတယ်… ။ စမ်းချောင်းကနေ မြို့ထဲကို ခြေလျှင် လျှောက်ရတဲ့နေလေ… ကားတွေ ရွှေ့လို့မရအောင်ကို လမ်းတွေ ပိတ်နေခဲ့တာ… ။

    Reply

Leave a Reply

Your email address will not be published.