DaveNovember 15, 20111min024
နိုဝင်ဘာ ၁၅ရက်နေ့ နံနက်(၅)နာရီလောက်မှစတင်၍ မန္တလေး မဟာမုနိဘုရားပရိဝုဏ်အတွင်းရှိ မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီးထဲတွင် သံဃာတော်(၅)ပါး ဆောင်ကာ ပြည်တွင်းငြိမ်းချမ်းရေး၊နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး၊လွတ်လပ်မှုရရှိရေးနှင့် ပြည်တွင်းစစ်ရပ်စဲရေးတို့အတွက် တံခါးပိတ်အရေးဆိုကြသည်။ တောင်းဆိုချက်စာတန်းများကို မဟာဗုဒ္ဓဝင်ပြတိုက်အရှေ့ဘက်တွင် ချိတ်ဆွဲထားသည်။ဆရာတော်များက အသံချဲ့စက်ဖြင့် လာရောက်အားပေးသည့် ပရိသတ်များကို ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဟောပြောလျက်ရှိသည်။ပရိသတ်များကလည်း သံဃာတော်များအတွက် ရေ၊ဆွမ်းနှင့် အခြားလှူဖွယ်များလည်း ဆက်ကပ်လှူဒါန်းလျက်ရှိသည်။ မွန်းလွဲ ၂နာရီခွဲနောက်ပိုင်းတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်းမှ တစ်ဆင့် တိုက်ရိုက်ဆွေးနွေးရန် စီစဉ်ထားသည်။ နံနက်ပိုင်းတွင် လာရောက်အားပေးသော ပရိသတ်များကို သက်ဆိုင်ရာကအနှောက်အယှက်မပေးဘဲ စောင့်ကြည့်လျက်ရှိသည်။၂၀၀ရခုနှစ် ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းတွင် မန္တလေးမြို့၌ ပထမဆုံးအကြိမ် အစိုးရအား အရေးဆို ဆန္ဒပြခြင်းဖြစ်ကြောင်းသိရသည်။


winkyawaungNovember 15, 20111min012
´´ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ စာနယ်ဇင်းများနှင့် သတင်းမီဒီယာများအား တိုင်းပြည်အတွက် စတုထ္ထမဏ္ဍိုင် အဖြစ် ထားရှိပြီး အားကိုးကြောင်း မိန်းခွန်းများမှာ ကြားသိနေရပါတယ်။ ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်တိုးတက် ကောင်းစားရေး အတွက် ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုုင်ကြီးများ(၃)ခု အား စတုထ္ထမဏ္ဍိုင် ဖြစ်တဲ့စာနယ်ဇင်းသမားများမှတဆင့် (ပဉ္စမမဏ္ဍိုုင်ဟု ခေါ်ဆိုနိုင်သော ပြည်သူများ)၏ အသံကို ကြားချင်ကြပါတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ပြည်သူ့အသံ၊ လွှတ်တော်အသံ။ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ။ ဖြစ်စေရမည်ဟု ယခုနိုင်ငံတော်အစိုးရသစ်အဖွဲ့ နှင့် ပြည်သူ့လွှတ်တော်များမှသံဓိဌာန်ချမှတ်ပြီး အကောင်အထည်ဖော်၍ ဆောင်ရွက်နေ ကြပါတယ်ခင်ဗျာ..။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို အလေးထားဆောင်ရွက်ပေးခြင်းဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ (ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကြီး) အား ရပ်ဆိုင်းပေးလိုက်ခြင်းက သက်သေပြနေပါတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့်ကိုလည်း နေပြည်တော် ပြည်သူလွှတ်တော်များ အတွင်းအထိ ပြည်တွင်း၊ပြည်ပမှ […]


KyaemonNovember 11, 20117min011
ဗုဒ်ဓဟူး နေ့တွင် ရန်ကုန်ကလေးဆေးရုံ ကြီးမှာ ဒေါက်တာ ထူးဟန် နဲ့အဖွဲ့တို့က နှစ် နှစ်ခွဲ အရွယ်ရှိ အမွှာသမီးကလေး အင်ကြင်း ခိုင် နဲ့ အင်ကြင်း လှိုင် တို့ကို ဤ ကဲ့ သို့  အောင်မြင်စွာ ခွဲစိတ် ခဲ့တယ်လို့သိရတယ်၊ ဒါဟာငါးကြိမ်မြောက်ဖြစ်ကြောင်းရေးထား   Myanmar surgeons successfully separate fifth conjoined twins http://news.xinhuanet.com/english2010/health/2011-11/10/c_131239022.htm   YANGON, Nov. 10 (Xinhua) — Myanmar surgeons have successfully separated the fifth conjoined twin baby girls, official media reported Thursday. The […]


နဝတ တက်ခါစ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ်မြင့်အောင်တို့ ခေတ်ကောင်းစဉ်က မြို့တွေမှာ မြို့မနာရီစင်များ အပြိုင်အဆိုင် ဆောက်ကြတာ မှတ်မိကြပါလိမ့်မယ်။ ဝန်ကြီးတွေ နယ်ဆင်းရင် မြို့မိမြိုဖများနဲ့တွေ့ပြီး အာဝါဒခြွေလေ့ရှိတယ်။ လူကြီးနားကပ်ချင်သူများက ဝန်ကြီးပြောချင်တာ ပြောပြီးရင် မြို့လူကြီးအနေနဲ့ ကျေးဇူးတင်ကြောင်းနဲ့ ရပ်ရွာလိုအပ်ချက်များ တင်ပြကြတယ်။ တီဗွီထဲ ပါတယ်ဆိုတော့ နည်းတဲ့ အခွင့်အရေး မဟုတ်ဘူး။ ပြောကလည်းပြောချင် အမှားပါမှာလည်း စိုးသေးတော့ ဘေးလွတ်ရန်လွတ် ဖြစ်တာကိုပဲ ရွေးပြောတယ်။ မြို့တိုင်းမှာ နာရီစင် ဆောက်နေရင် နာရီစင်ဆောက်ပေးပါ ခင်ဗျားပေါ့။ အဲဒီအခါ ဝန်ကြီးက နာရီစင် လိုချင်ရင် ငါး တတန် ရအောင်မွေး၊ သစ်တတန် ရအောင်စိုက် ဘာညာပေါ့လေ၊ သူ့အရပ်နဲ့ သူ့လူ ဇာတ်တိုက်စရာ မလိုအောင် အပီအပြင် ကကြတယ်။ မြို့သေးရင် […]


KyaemonNovember 7, 201114min016
ဒုသမတ  Dr. Sai Mauk Kham   နဲ့အဖွဲ့တို့က လေဆိပ်မှာ ကြိုဆိုပြီး၊ ရွှေတိဂုံပုံတူ  Uppatasanti  စေတီတွင် သမတဦးသိန်းစိန်၊ ဘုန်းကြီး အ ပါး ၆၀၀ဝ နဲ့ဒါယကာ ဒါယိကာမများ ကြွရောက် ဖူး မျော် ကြတယ်လို့သိရ Chinese Buddha sacred tooth relic arrives in Myanmar_XINHUANET     Chinese Buddha sacred tooth relic conveyed to Myanmar for obeisance http://news.xinhuanet.com/english2010/culture/2011-11/06/c_131231898.htm NAY PYI TAW, Nov. 6 (Xinhua) — A Chinese Buddha sacred tooth […]


လောကကြီးရဲ့ ဆန့်ကျင်ဖက် သဘောတရားတွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်၊ သူတို့ကပဲ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ တည်ငြိမ်မှု၊ လှုပ်ရှားမှုများကို ဆောင်ကြဉ်းပေတယ်။ ဒါကိုပဲ ဘုရားသခင် အလိုတော်၊ သဘာဝတရား ထိန်းညှိမှု၊ အညမည ဆက်နွယ်မှု သဘောတရားလို့ အမျိုးမျိုး သမုတ်ကြတယ်။ တရုတ်တွေရဲ့ ဖုန်းရွှေပညာရပ်မှာတော့ ရင် ယမ် ခေါ်တဲ့ဓာတ်မျိုး ဖြစ်မယ်ထင်တယ်။ ဘယ်လိုပဲ ခေါ်ခေါ်ပါ၊ သူက ရှိနေမှာမို့ သဘောသဘာဝကို နားလည်ထားဖို့ပဲ လိုတယ်။ ကောင်းသလား ဆိုးသလားထက် လိုက်လျောညီထွေ ရှိရင် အပေါင်းလက္ခဏာ ဆောင်မယ်၊ ကန့်လန့်တိုက်နေရင် အနုတ်ခံရမယ်။ ဥပမာပေး ပြောရရင် အိမ်ထောင်တခုမှာဗျာ မိဘနှစ်ပါးစလုံးက တပုံစံထဲဖြစ်နေရင် သိပ်မနိပ်ဘူး။ ခလေးတွေကို ထိန်းကျောင်းရာမှာ တဦးကတင်းရင် နောက်တဦးက ချော့မော့စည်းရုံး တတ်ရမယ်။ တဦးက […]


သံမဒဂျီး ဦးသိန်းစိန်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ချက်ကို လက်မှတ်ထိုး အတည်ပြုလိုက်ပါပြီ။ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အင်္ဂါနေ့မှာ မှတ်ပုံတင်ရေး မတင်ရေး ပါတီတွင်းဆွေးနွေးပြီး ဗဟိုအလုပ်မှုဆောင်ကော်မတီအဖွဲ့မဲနဲ့ ဆုံးဖြတ်ကြမယ်လို့ သတင်းများမှာ ဆိုပါတယ်။ သတင်းတပုဒ်မှာ ဒေါ်စုက မှတ်ပုံတင်ရေး ထောက်ခံပြီး ရွေးကောက်ပွဲတောင် ဝင်ဖွယ်ရာ ရှိတယ်၊ ဦးဝင်းတင်ကတော့ မပြတ်သား ဖြစ်နေတယ်လို့ ဖတ်ရတယ်။ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမတ်နှစ်ဦး၊ ဒေါ်နော်အုံးလှတို့ အန်အယ်ဒီအဖွဲ့ဝင် ၃၃ဦးကတော့ ဆန့်ကျင်ကြောင်း ကြေငြာချက်ထုတ် ထားပါတယ်။ အခုအချိန်အထိ ဒေါ်စုနဲ့ ဦးသိန်းစိန်တို့ ဘာတွေကြိတ် သဘောတူထားတယ် မသိရသေးပါဘူး။ ဒေါ်စု အနေနဲ့ တဦးထဲ သွားနေပုံရတယ်။ ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ချက်သုံးခုမှာ (၁) ထောင်ချခံရသူတွေကို ပါတီဝင် […]


ဒီနေ့ Kyaymon နဲ့ တရုတ်ပြည်အကြောင်း ရန်ဖြစ်ပြီးသကာလ ဒေသအတွင်း တရုတ်ပြည်ရဲ့ လွှမ်းမိုး ဩဇာသက်ပုံကို စဉ်းစားမိတာလေး ရေးချင်တယ်။ ပညာရှင် မဟုတ်လို့ အရပ်သားလို ခပ်တိမ်တိမ်ကလေး တွေးပါတယ်။ ဆရာသစ်မင်းတို့လို ပညာရှင်များ၏ ထောက်ပြဝေဖန်စရာများကို ကြိုဆိုပါသည်။ တွေးမိပုံကဒီလိုပါ…. အာရှတိုက်မှာ အရှေ့နဲ့အနောက် ရေမြေတောတောင် ရာသီဥတု ယဉ်ကျေးမှုများ ကွာခြားတာကို သတိပြုမိတယ်။ အနောက်ဖက်ဒေသ အာရပ်ကမာ္ဘကတော့သိတဲ့အတိုင်း ပူပြင်းခြောက်သွေ့တဲ့ သဲကနာ္တရ ဒေသဖြစ်တယ်၊ အစ္စလာမ်ဘာသာ၊ အာရပ်ယဉ်ကျေးမှု ထွန်းကားတယ်၊ မြေကြီးထွက် ရေနံနဲ့ စီးပွားဖြစ်တယ်။ အရှေ့ဖက်မှာတော့ မြန်မာနိုင်ငံပါတဲ့ အရှေ့တောင်အာရှ (အာဆီယံ)၊ အရှေ့မြောက်အာရှ (တရုတ်၊ ဂျပန်၊ ကိုရီးယား)၊ တောင်အာရှ (အိန္ဒိယတိုက်ငယ်) ပါတယ်။ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဂျပန်၊ တောင်ကိုရီးယား […]


ဦး ဂ်စ္November 3, 20111min032
7 DAY NEWS  ဂျာနယ်သည် ပုဂ္ဂလိက ဆိုင်ရာ အတင်းအဖျင်းများ၊ တိုင်ကြားချက်များ ကို လက်ခံ၍ သတင်းအဖြစ် တင်ပြ နေပါသော  ဂျာနယ် ဟုတ်နေပါသလားခင်ဗျာ ။ အများရဲ့ကိုယ်စား တစ်ခုတော့ပြောပြချင်မိလို့ပါ ။ OCTOBER 27 , 2011 နေ့ထုတ်ဝေသော သတင်းလေးတစ်ပုဒ်ကိုဖေါ်ပြပေးပါမည် ။ သံတွဲခရိုင်ရှိ ဝက်ထီးတောင် ကျေးရွာအုပ်စုမှ လှေကြီးချိုင်ကျေးရွာအုပ်ချုပ်ရေးမှုးအကြောင်း တိုင်ကြားချက်များကို ရေးသား ဖေါ်ပြထားခြင်းသည် သင့်တော်၏  ၊ မသင့်တော်၏ စဉ်းစားစရာ ရှိနေပါသည်။ ဂျာနယ်တွင်ရေးထားသည့်ခေါင်းစဉ်မှာ အုပ်ချုပ်ရေးမှုးအား သံတွဲခရိုင်သားများက တိုင်ကြားခြင်းဟု ပါရှိပါသည်။ အမှန်သော် ၎င်းကျေးရွာမှ အုပ်ချုပ်ရေးမှုးအားမလိုလားသူ လူ ဆယ်ဦးခန့် တိုင်ကြားချက်သာလျှင်ဖြစ်နေပါသည်။ လှေကြီးချိုင်ကျေးရွာမှာ အိမ်ခြေ ၄၀ဝ ခန့် ရှိနေပါသော ရွာတစ်ရွာဖြစ်ပါသည်။ […]


kaiNovember 3, 2011114min052
***************************************************************** BURMA RELATED NEWS – NOVEMBER 01-02, 2011 ***************************************************************** AFP – Myanmar seeks outside help to build ‘green economy’ Reuters AlertNet – ACT Alliance Alert: Flash Floods in Myanmar Asian Correspondent – Kachin fighters claim Burma Army using chemical weapons The Japan Times – Myanmar’s new guardian? Bernama – Play More Active Role In Asean, Tun […]


mg wineNovember 1, 20111min07
ဘာသာတွေထဲမှာဂေါပကပြဿနာရှိကြပါတယ်။အများစုကတော့အစ္စလာမ်ဘာသာမှာအဖြစ်များပါတယ်။ဧရာဝတီတိုင်းအိမ်မဲမြို့နယ်မှာဂေါပကကိစ္စကြောင့် ပြဿနာဖြစ်ပုံသတင်းတခုတင်ပြပါရစေ။ ဖြစ်စဉ်မှာအိမ်မဲမြို့နယ်အထက်ပိုင်းရပ်ကွက်ဗလီကြီးဂေါပကသက်တမ်းပြည့်သည့်အပေါ်ဘာသာဝင်များမှပြန်လည်ရွေးချယ်ပေးပါရန်အိမ်မဲ မြို့နယ်အစ္စလာမ်ဘာသာရေးအဖွဲ့လေးဖွဲ့ထံစာဖြင့်တင်ပြခဲ့ပါသည်။ဘာသာရေးအဖွဲ့၄ဖွဲ့ကလည်းမြို့နယ်သာသနာရေးဦးစီးမှူးထံတင်ပြလမ်းညွှန်မူခံယူ ခဲ့ပါသည်။အုပ်ချုပ်ရေးမှူးထံစာဖြင့်တင်ပြပေးပိုခဲ့ပါသည်။ ဂေါပကဥက္ကဋ္ဌဖြစ်သူမှထွက်ပေးရန်ဆန္ဒမရှိပါ။ဘာသာရေးအဖွဲ့များကဂေါပကသက်တမ်းကို၃နှစ်သတ်မှတ်ထားသော်လည်းအထက်ပိုင်းမြို့မဗလီ ဂေါပကသက်တမ်းမှာ၆နှစ်ရှိပါပြီ။်ရွေးချယ်ရန်ဘာသာရေးအဖွဲ့လေးဖွဲမှဗလီတွင်ကြေငြာစာကပ်သောအခါ    ဂေါပကဥက္ကဋ္ဌဖြစ်သူမှအာဏာပိုင်ထံနည်း မျိုးစုံဖြင်ချည်းကပ်ပါတော့သည်။မြိုနယ်အုပ်ချုပ်ရေးမှူးမှအိမ်မဲမြိုနယ်ဘာသာရေးအဖွဲ့များဖြစ်သောအိုလမာအစ္စလာမ်သာသနပညာရှင်များအဖွဲ့၊မြန်မာမွတ်စလင် လူငယ်များ(ဘာသာရေး)အဖွဲ့၊အစ္စလာမ်သာသနာရေးရာကောင်စီ၊၊မြန်မာမွတ်စလင်အမျိုုးသားရေးရာအဖွဲ့တို့ကို “မြို့နယ်အဆင့်ဖြင့်မရွှေးချယ်ဘဲတိုင်းအဆင့် ဘာသာရေးအဖွဲ့များဖြင့်သာရွေးချယ်ရန်စာဖြင့်ညျွန်ကြားခဲ့ပါသည်။တိုင်းအဖွဲ့မှလာရေက်ရွေးမည်ဆိုသောအခါ။မြိုနယ်အုပ်ချုပ်ရေးမှူးမှဘာသာရေးဂေါပကစည်းမျည်း ရေးဆွဲပြီးမှရွေးပါရန်ညှိနှိုင်းပါသည်ဆိုပြီးစာထုတ်ပြန်ပါသည်။၁၉.၅.၂၀၁၁ရက်မှစတင်သောဂေါပကကိစ္စမှာအခုထိရွေးလို့မရသေးပါ။ မြု့ိနယ်သာသနာရေးဦးစီးမှူးမှဧရာဝတီတိုင်းသာသနာရေးမှူးထံစာဖြင့်ရွေးချယ်ရေးအတွက်ညွှန်ကြားပါရန်တင်ပြသော်လည်းမထူးခြားခဲ့ပါ။တဖန်အုပ်ချုပ် ရေးမှူးမှဘာသာရေးအဖွဲ့၄ဖွဲ့ကို၎င်းရုံးခန်းသို့ခေါ်ယူကာဆူပူငေါက်ငန်းပါသည်။စာဖြင့်ဆင့်ခေါ်ပြီးမြို့မဗလီဂေါပကဥက္ကဋ္ဌရှေ့တွင်ပြောဆိုကြိမ်မးမောင်းခြင်းဖြစ်သည်။ ထိုသို့ဂေါပကပြဿနာဖြစ်ပွားနေချိန်တွင်ဂေါပကအဖွဲ့ဝင်ဦးအေဇက်၏သားဖားလေးဆိုသူကဗလီပိုင်လေပန်ကာအပါအဝင်ပစ္စည်းများကိုခိုးယူ၍  မြို့မဗလီဂေါပက အတွင်းရေးမှူးဦးကျော်မြင့်မှရဲစခန်းတွင်ခိုးမူဖြင့်အမူဖွင့်ပါသည်။(ဒီအကြောင်းကိုဆက်လက်တင်ပြပါဥိးမည်)၊ အိမ်မဲအထက်ပိုင်းကစတင်လိုက်သောဂါပကပြဿနာသည်ကျေးရွာများသို့ပြန့်နံ့ကာမြို့နယ်ဘာသာရေးအဖွဲ့၏စီရင်ချက်များက်ုမနာခံကြတော့ဘဲ အာဏာပိုင်ထံချည်းကပ်ကာ ထင်ရာကြဲနေကြပါတော့သည်။ဘာသာရေးအဖွဲ့၃ဖွဲ့မှာဝတ်စားဆင်ယာဉ်မူကစ၍မြန်မာဆန်ကြပါသည်။ နိုင်ငံချစ်ရန်၊ဘာသာရေးအစွန်းမရောက်ရန်၊ရပ်ကျိုးရွာကျိုးထမ်းရွက်ကြရန်သင်ပြနေသောအဖွဲ့များဖြစ်ပါသည်။နိုင်ငံတော်ထမ်းရွက်သူများလည်းဖြစ်ကြပါသည်။ ရှေးယခင်ကတည်းကမြို့နယ်ဂေါပကေွးချယ်ရာတွင်အာဏာပိုင်မှပံ့ပိုးကူညီသည့်အစဉ်အလာရှိသော်လည်းယခုအခါ  မြို့နယ်အဖွဲများမှလုပ်ဆောင်မူ မအောင်မြင်တော့ကြောင်းဘာသာရေး၊အမျိုးသားရေးအဖွဲ့ခေါင်းဆောင်းများမှညည်းတွားပြောဆိုနေကြပါသည်။ဘာမှမဟုတ်သည့်ဗလီဂေါပကကိစ္စသည်မြို့နယ် အဆင့်တိုင်းအဆင့်ဘာသာရေးအဖွဲ့များဖြင့်မပြီးြ့ပတ်ဘဲယခုအခါဗဟိုအဆင့်ဘာသာရေးအဖွဲ့မျးမှခေါ်ယူညှိနှိုင်းနေကြရပါပြီ။ဆရာမောင်သာရစကားငှားပြောရရင် “ကြောင်ကိုဘယ်သူခြူဆွဲပေးပါသလဲ”လို့ပဲပြောချင်ပါတော့တယ်။ မှတ်ချက်။          ။ယခု(၁.၁၁.၂၀၁၁)ထိဂေါပကမရွေးချယ်ရသေးပါခင်ဗျား။သူ့ဆွေမျိုးကိုယ့်ဆွေမျိုးစွဲများဖြင့်တင်းမားမူများလည်းဘာသာဝင်အချင်းချင်း ဖြစ်ပေါ်ပြီးဘာသာရေးအဖွဲ့များအပေါ်တွင်လည်းလက်ရှိဂေါပကမှအမြင်မကြည်လင်မူတွေရှိနေပါသည်။


DaveOctober 31, 20111min03
အောက်တိုဘာ၂၉ရက်နေ့ က မန ္တလေး-ရန်ကုန်နှစ်မြို့က စာပေ၊ဂီတ၊NGO၊ကာတွန်း၊ပန်းချီ၊စာနယ်ဇင်း၊လူမှုရေးကွန်ရက်နဲ့နိုင်ငံရေးနယ်ပယ်အသီးသီးက ဧရာဝတီကို ချစ်မြတ်နိုးတဲ့ ရည်ရွယ်ချက်တူသူတွေ ၁၀ဝကျော်စုပြီး ခရီးလေးတစ်ခုသွားခဲ့ကြတယ်။ ၁ဝနာရီကျော်လောက်မှာ မရမ်းခြံဆိပ်ကနေ နဝရတ်နှစ်ထပ်မော်တော်နဲ့ အင်းဝမြို့ဟောင်းက ဆင်ကျုံးခံတပ်ရှိရာကို ထွက်ခဲ့ကြတယ်။ အိုးဘိုထောင်ကထပ်ပြီးလွတ်လာမယ့် ညီအစ်ကိုတွေနဲ့ ဆရာတော်တွေကို စောင့်ဆိုင်းရင်း ထွက်ခွာတာနောက်ကျသွားပေမယ့် အချိန်ကအတော်လောက်ပါပဲ။မဇ္ဈိမလှိုင်းအဖွဲ့သားတွေနဲ့ အတူ တေးဂီတတွေနားဆင်ခံစားရင်း ဧရာဝတီကြားအောင် သီချင်းတွေဆိုရင်း ယုံကြည်ရာ စကားတွေ ပြောဆိုရင်း ကဗျာတွေရွတ်ရင်းသွားကြတာပါ။ကိုရဲလွင်နဲ့ ကိုသားထွေးတို့က သူတို့ သီချင်းတွေကို မမောတမ်းသီဆိုကြတယ်။ ဂစ်တာတီးရင်း သီချင်းတွေဆိုရင်း ဒီလိုနဲ့ပဲ ဆင်ကျုံး ခံတပ်ကိုရောက်သွာကြတယ်။ ဆရာကိုလေး(အင်းဝဂုဏ်ရည်)က သောင်စပ်ထိဆင်းလာပြီး ငြိမ်းချမ်းရေးညီအစ်ကိုတွေကို လက်ကမ်းလို့ကြိုပါတယ်။ နေ့လယ်စာကိုမြက်ခင်းပေါ်မှာစားကြ၊ ပြီးတော့ သစ်ပင်ရိပ်အောက်မှာ ဧရာဝတီကို ကာကွယ်ဖို့ ပြောကြဆိုကြ ဟစ်ကြွေးကြ ကဗျာတွေရွတ်ကြတယ်။ ကိုငြိမ်းသစ်၊စံညိမ်းဦး၊ဟိန်းမြတ်ဇော်၊ ကိုသင်းမိုး၊တိုးနှောင်မိုးတို့ရဲ့ ကဗျာတွေ လွင့်ပျံသွားခဲ့တယ်။ […]


ko noOctober 28, 20111min02
မုန်တိုင်းနဲ့အတူ မိုးသည်းသည်းမည်းမည်းရွာပြီး ချောင်းရေကြီးခဲ့တာကြောင့် မကွေးတိုင်းပခုက္ကူမြို့မှာ လူ ၁၀ဝ လောက် ရေထဲမျောပါ ပျောက်ဆုံးခဲ့ပါတယ်။ လောလောဆယ်မှာ သေဆုံးသူ အနည်းဆုံး ၅ ယောက်ကို ရှာဖွေတွေ့ရှိထားပေမဲ့ သေဆုံးသူဦးရေဟာ ဒီထက်ပိုလာနိုင်မယ်လို့လည်း ကူညီရေး ဆောင်ရွက်နေသူတွေက ခန့်မှန်းပါတယ်။ ဒီလို ရေကြီးတာကြောင့် ပခုက္ကူမြို့က ရွှေချောင်း ချောင်းကူးတံတား ကျိုးပျက်ခဲ့သလို ချောင်းတလျှောက်က ရာနဲ့ချီတဲ့နေအိမ်တွေလည်း ရေနဲ့ မျောပါသွားပါတယ်။ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ရွာသွန်းခဲ့တဲ့မိုးကြောင့် ညောင်ဦးမြို့နယ်အတွင်းမှာလည်း ရှေးဟောင်းဘုရားနဲ့ အဆောက်အဦးတချို့ ပျက်စီးခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်း တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းရဲ့အရှိန်ကြောင့် မကွေးတိုင်းနဲ့ မန္တလေးတိုင်းတွေအတွင်းမှာ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာတွေ ဖြစ်ခဲ့တာပါ။ မကွေးတိုင်း၊ ပခုက္ကူမြို့မှာတော့ ကြာသပတေးနေ့ မနက်ခင်း ၂ နာရီ လောက်ကစတင်ပြီး ရွှေချောင်း […]