ပြောင်သူလွှတ်တော်က နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေ ပြင်ဆင်ချက် အတည်ပြုလိုက်တယ်လို့ RFA သတင်းမှာ ဖတ်ရလို့ လက်တန်းကောက်ရေးလိုက်တယ်။ ပြင်လိုက်တဲ့ အဓိက အချက်သုံးချက်မှာ (၁) အရင် ဥပဒေမှာ သတ်မှတ်ထားတဲ့ ထောင်ဒဏ်ကျခံနေရသူ နိုင်ငံရေးပါတီဝင် မဖြစ်ရဆိုတဲ့ အချက် ဖျက်သိမ်းပြီး၊ (၂)၂၀၀၈ အခြေခံဥပဒေကို “ထိန်းသိမ်း စောင့်ရှောက်ရေး” အစား “လေးစားလိုက်နာရေး” နဲ့ အစားထိုးတယ်။ (၃) မှတ်ပုံတင်မယ့် ပါတီတခုဟာ အနည်းဆုံး မဲဆန္ဒနယ်မြေ (၃) ခု ကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ရမယ်လို ့ ပြောင်းလဲထားတယ်။ ကြားဖြတ်ရွေးဂေါက်ပွဲမှာ ကိုယ်စားလှယ်နေရာ ၅ဝ လစ်လပ်တယ်။ http://www.rfa.org/burmese/news/parliament-10272011235203.html မဇ္ဈိမသတင်းမှာတော့ နေရာသုံးနေရာ သတ်မှတ်ချက်ဟာ ရွေးကောက်ပွဲဝင်လွန် နိုင်ငံရေးပါတီများနဲ့ မသက်ဆိုင်လို့ ရေးထားတယ်။ […]
