MyitthaNovember 20, 20115min02
ရန်ကုန်မြို့ တရုပ်တန်းရပ်ကွက်  စဥ့်အိုးတန်း အောက်လမ်း နဲ့ကမ်းနား လမ်း ထိတ်ရှိ  ခိန့်ဟုတ်ဗုဒ်ဓဘာသာ ဘုရားကျောင်းတွင်၊ မကြာခင် ရက်ပိုင်းကပင် နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယင်းအခမ်းအနားက ဓာတ်ပုံများကို မန်းတလေးဂေဇက် ရွာသူရွာသား များ ရှုစားနိုင်ရန်တင်လိုက်တာပါ ပုံအကြီး ကြည့်ချင်ရင် ပုံများကို “ကလစ်” ကစား ပါ၊    ပဌမတွင် ပုံသေးသွားပြီး နောက်ထပ် ကလစ်လုပ်ရင် ပုံအကြီးကြီးထွက်လာမယ်             Email တခုမှ


ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား… 🙁 ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်နဲ့ သံမဒဂျီးဦးသိန်းစိန် အင်တာဗျူးမှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တို့နဲ့ဆိုင်တဲ့ ကောက်နုတ်ချက်ပါ။ သံမဒဂျီးက ဘာတခုမှ အာမခံချက်ပေး မသွားဘူးနော်။ ဒီမိုကရေစီလမ်းကြောင်းဖော်ဆောင်နေပါတယ်ဆိုသူက ယုံကြည်ချက်ကြောင့် အဖမ်းခံရသူဆိုတာ လက်မခံဘူးတဲ့။ နိုင်ငံရေးအကျဉ်းသားဆိုတာ ခိုးဆိုးလုယက် ရာဇဝတ်သားတွေနဲ့ အတူတူပဲလား။ မီးတုတ်မရှို့ရလို့ ကျနော် စကားနာ ထိုးနေတာ မဟုတ်ဘူးနော်။ စစ်အုပ်စုရဲ့ ခြေလှမ်းတွေကို ပြောပြနေတာ။ နောက်ဆုံး နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်တောင် ဥပဒေချိုးဖောက်ထားသူ များအနေနဲ့ လွှတ်ပေးမှာ။ နိုင်ငံရေးမှာ အသိအမှတ်ပြုမှုသည် အရေးကြီးဆုံးပဲ။ အရင်ကတော့ စစ်ယူနီဖောင်း ဝတ်ထားလို့ လုပ်ချင်တာလုပ်တာ မတားနိုင်ဘူးဆိုရင် အခုလို အရပ်သားအစိုးရပုံစံဖမ်းနေချိန်မှာ ဒီစကားမျိုး ပြောတာ အရမ်းထူးဆန်းနေတယ်။ အကြောင်းမဲ့ ပြောတာမဟုတ်ဘူး။ အဓိပါယ် […]


MAUNGNovember 19, 20111min014
ဟင်း…. လို့ဘဲ သက်ပြင်းချရတော့ မယ် ။ မလေး ဝမ်း ဇီး တဲ့ း( ရှစ်ပေ စလောင်းကမရှိ ။ ရှိတဲ့စလောင်းက မပြ ။  Soccer myanmar မှာညီအစ်ကို တစ်ယောက်ရေးတဲ့ comment လေးကျေးဇူးနဲ့ VTV2 ကနေ live stream လေးကြည့်ခွင့်ရတော့တော်တော် ပျော်သွား တာ။ ပွဲ စစချင်း ကစားပုံ ၊ အရှိန် ၊ အထိန်းအသိမ်း လေးတွေကြည့် ရင်း နဲ့မမြင်ရတာ အခိုက်အတံ့ တစ်ခုထိကြာပြီဖြစ်တဲ့ မြန်မာ့ခြေ ကို အတိုင်းအတာတစ်ခုအထိ ကျေနပ်၊ မျှော်လင့်မိပါတယ် ။ အဲ ။ပွဲစဉ်တစ်လျှောက် လုံးပြင်နိုး ၊ပြင်နိုး နဲ့ ပွဲသာပြီးသွားတယ် ၊မပြင်ခဲ့တဲ့ အားနဲချက်ကလေးတွေ […]


Mobile HouseNovember 19, 20111min013
အဖေါက်ခံ ရသော ဆိုင် အတွက့်ကျွှန်တော် တို့ Mobile House ဝမ်းနည်းမိပါတယ် ။ကျွှန်တော် တို့ ဖုန်း ဆိုင် ဖွင့် တဲ့ သူ အချင်းချင်း စာနာ သော အားဖြင့် ဒီ က ရှိ တဲ့ သူတွေကို လဲ အကူညီတောင်း ခံချင်ပါတယ် ။ ဒီကြားထဲ လာရောင်းသော ဖုန်း များ ၊Accessories များ လဲ မဝယ်မိစေ ရန် သတိပေး လိုက် ပါတယ် ခင်ဗျာ ။ အကူညီတောင်းခံခြင်း မန်းလေးမြို့ ၊ မဟာအောင်မြေ မြို့ နယ် ၊ ၇၈လမ်း ၊ ၄၁ – ၄၂လမ်း ကြားရှိ […]


winkyawaungNovember 19, 20111min019
ခရီးသွား လုပ်ငန်း ဥက္ကဋ္ဌ ဦးခင်ရွှေ မှ ပြည်တွင်းမီဒီယာများကို ပြင်းထန်စွာ ဝေဖန် ရန်ကုန်၊ နိုဝင်ဘာ ၁၅ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများတွင် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ (MPT)၏ ဥက္ကဋ္ဌဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေက ၎င်း စီစဉ်ကျင်းပသော ASEAN- Japan Business Meeting သတင်းအပါအဝင် ဝန်ကြီးများရုံးအား ထိန်းသိမ်း သင့်သည်ဟူသော သတင်းများနှင့် ပတ်သက်ပြီး ပြည်တွင်း မီဒီယာများတွင် ဖော်ပြထားချက်များကို ပြင်းထန်စွာ ဝေဖန်ပြောကြားလိုက်သည်။ ရန်ကုန်မြို့တော် ယုဇနဂါးဒင်း ဟိုတယ်တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သော (၂၈) ကြိမ်မြောက် မဟာမဲခေါင် […]


DaveNovember 18, 20111min011
မန္တလေးမြို့မှ သံဃနာယကဘုန်းတော်ကြီးများက ငြိမ်းချမ်းရေးလှုပ်ရှားမည့် ဦးဇင်းလေး၅ပါးကို နိုဝင်ဘာ ၁ရရက်က မန္တလေးတွင် ဆက်မနေရန် အကြပ်ကိုင်ပြောကြား ပြီး နေရပ်သို့ပြန်ကြွကြရန် ဖိအားပေးသည်။ ရေတော်ကျောင်းတိုက်တွင် တစ်ညတာ သီတင်းသုံးခဲ့ပြီး ထိုနေ့မွန်းမတည့်မီ မစိုးရိမ်တိုက်ဟောင်းသို့ တိုင်းသံဃနာယကအဖွဲ့က ဦးဇင်းများကိုခေါ်ယူပြီး နောက်ဆုံးအကြိမ် ဆုံးဖြတ်ချက်ချကာ မန္တလေးမှ ထွက်ခွာရန် စီစဉ်ခဲ့ကြသည်။ နာရီအနည်းငယ်ကြာ ဆွေးနွေးခဲ့ပြီးနောက် ကားတစ်စင်းပေါ်ဇွတ်တင်ပေးလိုက်ခြင်းဖြစ်ပြီး မူလ ရည်မှန်းထားသော ငြိမ်းချမ်းရေး လှုပ်ရှားမှုအစီအစဉ်ကို စွန့်လွှတ်လိုက်ကြရသည်။ နိုင်ငံတော် မဟာသံဃနာယကအဖွဲ့က ဦးဇင်းများကို ရပ်ဝေးသို့နှင်ရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ကြားသိရသည်။ မုံရွာဖက်သို့ ထွက်ခွာလာခဲ့ပြီး ဇောတိကကျောင်းတိုက်က ဦးဇင်းများကို လက်ခံမည်ဟု ကြိုဆိုသော်လည်း ဒေသအာဏာပိုင်များက မြို့အဝင်တွင် ဟန့်တားကာ အဝင်မခံခဲ့သဖြင့် နောက်ဆံးတွင် နှစ်ပါးက ယင်းမာပင်ဖက် ကျန်သုံးပါးက ကန္နီဖက်သို့ ဆက်သွားခဲ့ကြကြောင်း ငြိမ်းချမ်းရေးဦးဇင်းတစ်ပါးက […]


DaveNovember 18, 20111min05
ယနေ့ နံနက် ၁ဝနာရီက အမရပူရ တောင်သမန်အင်းစောင်းရှိ တောင်လေးလုံးကျောင်းတိုက်တွင် ကဗျာဆရာတင်မိုးအောက်မေ့ဖွယ် ကျောက်တုံးဖွင့်လှစ်ပွဲကျင်းပသည်။ ဆရာမောင်သစ်လွင်လူထုနှင့် ဆရာဦးအေးမြင့်တို့က ဆရာတင်မိုးအောက်မေ့ဖွယ် ကျောက်တုံးကို ဖွင့်လှစ်ပေးကြသည်။ … အခမ်းအနားမှူးအဖြစ် ရွှေနောင်ရိုးကဆောင်ရွက်ပြီး တက်ရောက်လာသူများအနက်မှ မောင်သစ်လွင်(လူထု)၊ ဦးအေးမြင့်(မြန်မာ့ရိုးရာဒီဇိုင်း)၊ တက္ကသိုလ်တေဇာလင်း၊နေဝင်းမြင့်၊ညီစေမင်း၊ဆူးငှက်၊သိုက်ထွန်းသက်၊စိုးနိုင်(မန်းတက္ကသိုလ်)၊ ညီပုလေး၊ကိုထွန်းဦး(ထွန်းဦးစာပေ)တို့က အလွမ်းစကားများ ပြောကြားကြသည်။ ကဗျာဆရာကိုသင်းပန်က ဆရာတင်မိုး၏ ကဗျာများကို ရွတ်ဆိုသည်။ ထိုအစီအစဉ်တွင် တောင်လေးလုံးကျောင်းတိုက်မှ ဆရာတော် ကိုပညာ၊လူထုသတင်းစာမှ သတင်းစာဆရာကြီးများဖြစ်ကြသည့် မောင်သစ်လွင်(လူထု)၊ နတ်မောက်ထွန်းရှိန်တို့နှင့် တကွ ဒေသခံစာနယ်ဇင်းဆရာများ၊ကဗျာဆရာများတက်ရောက်ကြသည်။ ဆရာတင်မိုး၏ ဇာတိရွာ ကန်မြဲတွင် အထိမ်းအမှတ်လုပ်ခွင့်မရသဖြင့် ထိုအစီအစဉ်ကို တောင်လေးလုံးတွင်သာ ကျင်းပခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။


koyin sithuNovember 18, 20111min02
ကချင်ပြည်နယ် – မှတ်ပုံတင်ထောက်ခံ၊ ကြားဖြတ်ရွေးကောက်ပွဲကို မထောက်ခံ ကရင်ပြည်နယ် – အများသဘောအတိုင်းလက်ခံမည်ဟုပြော ချင်းပြည်နယ် – မှတ်ပုံတင်ထောက်ခံ၊ စစ်ကိုင်းတိုင်းဒေသကြီး – မှတ်ပုံတင်ထောက်ခံ၊ တနင်္သာရီတိုင်းဒေသကြီး – မှတ်ပုံတင်တင်သင့်ကြောင်းပြောကြား ပဲခူးတိုင်းဒေသကြီး – မှတ်ပုံတင်ထောက်ခံ၊ ကြားဖြတ်ရွေးကောက်ပွဲ ဝင်သင့်ကြောင်း ထောက်ခံဆွေးနွေး မကွေးတိုင်းဒေသကြီး – မှတ်ပုံတင်ထောက်ခံ၊ ကြားဖြတ်ရွေးကောက်ပွဲ ဝင်သင့်ကြောင်း ထောက်ခံဆွေးနွေး မွန်ပြည်နယ် – မှတ်ပုံတင်သဘောတူ မန္တလေးတိုင်းဒေသကြီး – မှတ်ပုံတင်ခြင်း ရွေးကောက်ပွဲဝင်ခြင်းကို အဖွဲ့ချုပ်သဘောထားအတိုင်း အတူရှိမည် ရခိုင်ပြည်နယ် – ခေါင်းဆောင်၏ဆုံဖြတ်ချက်ကို ထောက်ခံမည်။ မှတ်ပုံတင်ရေး ရွေးကောက်ပွဲဝင်ရေးထက် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ဦးစားပေးစဉ်းစားသင့်ကြောင်းပြော ရှမ်းပြည်နယ်၊ ကယားပြည်နယ် – မှတ်ပုံတင်ထောက်ခံ၊ရွေးကောက်ပွဲဝင်ရန် ထောက်ခံ ဧရာဝတီတိုင်းဒေသကြီး – […]


စင်ကာပူနိုင်ငံ၊ Serangoon Central, Block 420 နေ မရင်ငြိမ်းပွင့်သည် ယနေ့နံနက်ပိုင်းတွင် သူမနေထိုင်ရာ တိုက်ခန်းမှ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ တုန်လှုပ်ဖွယ်သတင်းသည် Facebook အပါအဝင် လူမှုရေးကွန်ယက်များမှတဆင့် အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး လူအများ အနေဖြင့် အကြီးအကျယ် အံ့အားသင့်သွားခဲ့ရသည်။ သူမ၏ Facebook ပေါ်တွင်လည်း “I Miss Being Happy” ဆိုသည့် စကားလုံးအား ပုံဖော်ရေးသားထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။ သူမအနေဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ရခြင်းမှာ သူမ၏ချစ်သူဖြစ်သူနှင့် ပြတ်သွားခဲ့ရခြင်းကြောင့်ဟု ယူဆရပြီး သေဆုံးချိန် တွင် သူမ၏ချစ်သူဟောင်းဖြစ်သူ၏ နာမည်အား ရင်ဘတ်ပေါ်တွင် tattoo ထိုးထားသည်ကိုလည်း တွေ့ရှိခဲ့ရသည်။ ထိုနည်းတူ ရဲတပ်ဖွဲ့အနေဖြင့် “Dear, why are […]


gyinkalayNovember 16, 20111min042
13 ရက်နေ ့ည 9 နာရီ ဝန်းကျင်ခန် ့တွင် ကောင်လေးနှစ်ယောက် ကောင်မလေးတစ်ယောက် အားလုံးပေါင်းသုံးယောက် ကန်ဘောင်တွင်စကား ပြောလမ်းလျှောက်လာပြီး ပြန်မယ် ဆိုပြီး နောက်ပြန်အလှည့် လူငါးယောက် အကောင်ကြီးကြီးတွေပဲ ဆံပင်အရှည်တွေ နဲ ့ ပုံစံတွေက rocker စတိုင်တွေလိုလိုဘာလိိုုလိုပေါ့ တစ်ယောက်က အရင် ပြေးထိုးကော..ဘာမပြောညာမပြောနဲ ့အဲ့ဒါနဲ ့ကောင်လေးတစ်ယောက်က ကန်ဘောင်ပေါ်က နေဒလိန် ့ခေါက်ပြုတ်ကျကော.. ရေထဲမကျလို ့တော်သေးတာပေါ့. နောက်ကောင်လေးတစ်ယောက်က ကျတော့ သူ ့ကောင်မလေးကိုထိမှာစိုး လို ့ကာရင်းနဲ ့သူပါ ဗေခံရကော….ဘေးပတ်ဝန်းကျင်မှာလဲ လူတွေ ရှိသေးတယ်..ဒါပေမယ့်သူတို ့ငါးယောက် က ရန်ဖြစ်တဲ့ပုံစံ နဲ ့လူမှားသလိုလို ဘာလိုလိုနဲ ့ဝင်ထိုးပြီးတော့ ကောင်မလေးရဲ ့ပိုက်ဆံအိတ် မသွားကော…လူတွေက တော့ရန်ဖြစ်တယ်ထင်ပြီး ဝိုင်းကြည့်နေကြကော..နောက်တော့မှ […]


DaveNovember 16, 20111min010
မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီးမှ မန္တလေး၊ ၈ရ လမ်း၊ ၃၆x၃ရ လမ်းကြားရှိ မန္တလေးမစိုးရိမ်ကျောင်းတိုက်ဟောင်းသို့ ရွှေ့ပြောင်းကာ တစ်ညတာသီတင်းသုံးခွင့်ရခဲ့သော ဆရာတော် ဦးသောပါက အပါအဝင် သံဃာငါးပါး၏ ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ကြည်ညိုထောက်ခံသော ဒါယိကာ၊ဒါယိကာမများစုပေါင်း၍ နိုဝင်ဘာ ၁၆ရက်နေ့တွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထိုသို့ ဆွမ်းဆက်ကပ်သည်မှာ မည်သည့် နိုင်ငံရေးအမြတ်ထုတ်မှုအတွက်မျှလည်း မဟုတ်ကြောင်း ထင်ရှားသည့်တိုင် တာဝန်ရှိသော ဆရာတော်များက ကြည်ဖြူပုံမပေါ်ကြောင်း တက်ရောက်ကြည်ညိုသူမန္တလေးဒေသခံတစ်ဦးက ပြောသည်။ သံဃာငါးပါး၏ ငြိမ်းချမ်းရေးတရားပွဲဒုတိယနေ့အဖြစ် မစိုးရိမ်ကျောင်းတိုက်ဟောင်း သုတ္တန်ကျောင်းဆောင်ရှေ့၌ ထိုနေ့ မွန်းလွဲတစ်နာရီတွင် ကျင်းပရာ ပရိသတ် ၃၀ဝ ခန့် တက်ရောက်ပြီး နေ့လယ် ၂ နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။အခမ်းအနားကို မေတ္တာသုတ်သံပြိုင်ရွတ်ဖတ်ခြင်း၊မေတ္တာပို့စာသားများ သံပြိုင်ရွတ်ဆိုခြင်းတို့ဖြင့် အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။ အခမ်းအနားအပြီးတွင် သမ္မတကြီးထံတောင်းဆိုထားသည့် အချက်သုံးချက်အပေါ် သဘောတူထောက်ခံကြသော ငြိမ်းချမ်းရေးလိုလားသူ […]


DaveNovember 15, 20111min012
ဘုရားကြီးမှ ၄နာရီခန့်တွင် ဦးဆောင်သံဃာတော် (၅)ပါးသည် ကားဖြင့် မစိုးရိမ်တိုက်ဟောင်းသို့ ကြွရောက်တော်မူကြသည်။ တိုင်း သံဃနာယကဆရာတော်ကြီးများနှင့် ညှိနှိုင်း၍ နိုင်ငံတော် သံဃနာယက အဖွဲ့မှ တစ်ဆင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ပြည်တွင်းစစ်ရပ်စဲပြီး စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန်နှင့် ရဟန်းတော်များနှင့် စာပေပညာရ…ှင်ကြီးများ ဟောပြောပွဲများကို ခွင့်ပြုမိန့် မတောင်ခံရဘဲ လွတ်လပ်စွာဟောပြောခွင့်ပေးရန်တို့ကို နိုင်ငံတော်သမ္မတထံတောင်းဆိုထားသည်။နိုဝင်ဘာ(၁၆)မွန်းလွဲ(၁)နာရီမှ (၂)နာရီထိ ငြိမ်းချမ်းရေး ဟောပြောပွဲ မစိုးရိမ်တိုက်ဟောင်းတွင် ကျင်းပမည်။နိုဝင်ဘာ(၁၈)ထိ (၃)ရက်ကြာ ကျင်းပမည်။“ဆရာတော်တို့အားလုံးက ရန်ကုန်မြို့မဟာကိုးဆူကျောင်းတိုက်ကဖြစ်ပါတယ်။ အခုလို ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ (၃)လခန့် အချိန်ယူခဲ့ရပါတယ်။စီစဉ်ခဲ့စဉ်က သံဃာတော် များစွာပါဝင်ခဲ့သော်လည်း အမှန်တကယ် ဆောင်ရွက်ရာမှာတော့ (၅)ပါးပဲ ပါဝင်ခဲ့ပါတယ်။မနက်က အစီအစဉ်စစချင်း ရင်တွေတုန်ခဲ့ပါတယ်။ တံခါးတွေပိတ်ရတာ ပစ္စည်းတွေကို တွန်းလှည်းနဲ့သယ်ယူခဲ့တာတွေ အချိန်ကိုက်မဖြစ်မှာကို စိုးရိမ်ခဲ့ရပါတယ်။ အခုအစီအစဉ် မအောင်မြင်ဘဲ ပျံလွန်ခဲ့ပါက ကောင်းရာသုဂတိလားမယ်လို့ ယုံကြည်ခဲ့ပါတယ်။ […]


timothyNovember 15, 20111min01
ရောင်းရင်းတို့ရေ။ အင်န်အယ်လ်ဒီပါတီကလာမဲ့သောကြာနေ့မှာနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ဘို့မဲခွဲဆုံးဖြတ်မယ်လို့ကြားရတယ်။ စစ်တပ်ရဲ့ထောင်ခြောက်ထဲကျတော့မယ်။ စစ်တပ်ကအေဆီယံဥက္ကဌရာထူးလိုချင်လို့လမ်းဖွင့်ပေးနေတာ။ နောက်တော့အကုန်ပြန်ဖမ်းပြီး၊ စစ်တပ်အာဏာသိမ်းလိုက်မှာဘဲ။ ဘယ်တုံးကမှယုံကြည်လေးစားစရာတကွက်မှမရှိတဲ့စစ်အစိုးရကိုမယုံသင့်ကြဘူးလို့ပြောတဲ့လူတွေလဲရှိတယ်။ ကျွန်တော့အမြင်ကတော့NLD အနေနဲ့လုပ်သင့်လုပ်ထိုက်တဲ့၊ကာလံဒေသအချိန်အခါနဲ့လဲလိုက်လျောတဲ့မှတ်ပုံတင်ဖို့ဆုံးဖြတ်၊ရွေးကောက်ပွဲဝင်သင့်တယ်။ ဖွဲ့စည်းပုံဥပဒေကိုပြင်ရမယ်။ဖမ်းဆီးခံထားရတဲ့နိုင်ငံရေးသမားများအားလုံးလွတ်မြောကိရေး၊တိုင်းရင်းသားများနဲ့အပြစ်အခါတ်ရပ်စဲရေး၊ အမျိုးသားညီလာခံနဲ့ပြန်လည်သင့်မြတ်ရင်ကြားစေ့ရေး Truth and Reconciliation Conference တွေလုပ်ဘို့ရှိတယ်။ ဒါတွေအားလုံးကိုအခုအချိန်မှာစစ်တပ်ကလိုက်လျှောတုံးအခွင့်ကောင်းယူပြီးအတွင်ကဝင်လုံးရမှာဘု။ ဒီအဆင့်အထိရောက်လာရအောင်ပြည်တွင်းပြည်ပဖိအားအမျိုးမျိူးနဲ့တွန်အားပေးခဲ့ကြလို့ဖြစ်ပျက်အစဉ်ရောက်ခဲ့ကြတာဘဲ။ စစ်တပ်ထဲမှာလဲအမှားကိုမြင်လာတယ်၊ အရှေ့အလယ်ပိုင်းဒေသကအာဏာရှင်များတယောက်ပြီးတယောက်ပြုတ်ကုန်တာတွေကလဲ၊ စစ်အာဏာရှင်များအတွက်ရင်လေးစိုးရိမ်စရာဘဲ။ အားလုံးညီညီညွတ်ညွတ်နဲ့အမေစုရဲ့ခေါင်းဆောင်မှုကိုခံယူပြီးရှေ့ဆက်ရှောက်ဘို့ဘဲရှိတယ်။ လူထုအင်အား၊စည်းလုံးညီညွတ်မှုရဲ့အကျိုးကြောင့်ကျုပ်တို့လိုချင်တဲ့ဒီမိုကရေစီကိုရအောင်ယူကြရမယ်။ရလဲရမှာဘဲ။ တိုက်ပွဲကဆက်တိုက်ကြရဦးမယ်။NLD က ပါလီမံထဲမှာဝင်ပြီးပါလီမံပီပီသသဖြစ်အောင်လုပ်ယူရမယ်။ အတိုက်အင်္ခကအင်အားတောင့်တောင့်လာရင်မတရားတဲ့ဥကဒေတွေကိုပြင်လာနိုင်မယ်။ အမေစုနောက်မှာပြည်သူလူထုကဆက်လက်ပြီးမားမားမတ်မတ်နဲ့ရပ်တည်ပေးနိုင်ရင်၊ အခုလိုအခွင့်အရေးပေးတုံးအတွင်းကဝင်ပြီးတိုက်လိုက်ရင်စစ်အစိုးရကိုအလဲထိုးနိုင်မှာဘဲ။ စစ်အစိုးရကစိတ်ဖေါက်ပြန်ပြီးအာဏာသိမ်းဘို့လုပ်လာရင်လဲအင်အားကြီးတဲ့အတိုက်အခံNLD နဲ့ရင်ဆိုင်ရမယ်။ အတိုက်အခံခေါင်းဆောင်အမေစုကအဲဒီအချိန်ကြရင်တိုင်ပြည်နဲ့စစ်တပ်ကိုအရားဝင်အမိန့်ပေးလာနိုင်မယ်။ အခုအခြေအနေနဲ့ဘာမှမဆိုင်တော့ဘူး။ NLD ရဲ့ဆုံးဖြတ်မှုအတိုင်းတတိူင်းပြည်လုံးစည်းလုံးညီညွတ်စွာနဲ့တိုက်ပွဲဆက်ဝင်ကြပါစို့။ အင်အားကြီးမားတဲ့အတိုက်အခံနိုင်ငံရေးပါတီNLD ကိုထူထောင်ကြပ်စို့။