Registration of NLD for party politics in military-ruled Burma

timothyNovember 15, 20111min01

ရောင်းရင်းတို့ရေ။

အင်န်အယ်လ်ဒီပါတီကလာမဲ့သောကြာနေ့မှာနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ဘို့မဲခွဲဆုံးဖြတ်မယ်လို့ကြားရတယ်။

စစ်တပ်ရဲ့ထောင်ခြောက်ထဲကျတော့မယ်။ စစ်တပ်ကအေဆီယံဥက္ကဌရာထူးလိုချင်လို့လမ်းဖွင့်ပေးနေတာ။ နောက်တော့အကုန်ပြန်ဖမ်းပြီး၊

စစ်တပ်အာဏာသိမ်းလိုက်မှာဘဲ။ ဘယ်တုံးကမှယုံကြည်လေးစားစရာတကွက်မှမရှိတဲ့စစ်အစိုးရကိုမယုံသင့်ကြဘူးလို့ပြောတဲ့လူတွေလဲရှိတယ်။

ကျွန်တော့အမြင်ကတော့NLD အနေနဲ့လုပ်သင့်လုပ်ထိုက်တဲ့၊ကာလံဒေသအချိန်အခါနဲ့လဲလိုက်လျောတဲ့မှတ်ပုံတင်ဖို့ဆုံးဖြတ်၊ရွေးကောက်ပွဲဝင်သင့်တယ်။

ဖွဲ့စည်းပုံဥပဒေကိုပြင်ရမယ်။ဖမ်းဆီးခံထားရတဲ့နိုင်ငံရေးသမားများအားလုံးလွတ်မြောကိရေး၊တိုင်းရင်းသားများနဲ့အပြစ်အခါတ်ရပ်စဲရေး၊

အမျိုးသားညီလာခံနဲ့ပြန်လည်သင့်မြတ်ရင်ကြားစေ့ရေး Truth and Reconciliation Conference တွေလုပ်ဘို့ရှိတယ်။

ဒါတွေအားလုံးကိုအခုအချိန်မှာစစ်တပ်ကလိုက်လျှောတုံးအခွင့်ကောင်းယူပြီးအတွင်ကဝင်လုံးရမှာဘု။

ဒီအဆင့်အထိရောက်လာရအောင်ပြည်တွင်းပြည်ပဖိအားအမျိုးမျိူးနဲ့တွန်အားပေးခဲ့ကြလို့ဖြစ်ပျက်အစဉ်ရောက်ခဲ့ကြတာဘဲ။

စစ်တပ်ထဲမှာလဲအမှားကိုမြင်လာတယ်၊ အရှေ့အလယ်ပိုင်းဒေသကအာဏာရှင်များတယောက်ပြီးတယောက်ပြုတ်ကုန်တာတွေကလဲ၊

စစ်အာဏာရှင်များအတွက်ရင်လေးစိုးရိမ်စရာဘဲ။

အားလုံးညီညီညွတ်ညွတ်နဲ့အမေစုရဲ့ခေါင်းဆောင်မှုကိုခံယူပြီးရှေ့ဆက်ရှောက်ဘို့ဘဲရှိတယ်။

လူထုအင်အား၊စည်းလုံးညီညွတ်မှုရဲ့အကျိုးကြောင့်ကျုပ်တို့လိုချင်တဲ့ဒီမိုကရေစီကိုရအောင်ယူကြရမယ်။ရလဲရမှာဘဲ။

တိုက်ပွဲကဆက်တိုက်ကြရဦးမယ်။NLD က ပါလီမံထဲမှာဝင်ပြီးပါလီမံပီပီသသဖြစ်အောင်လုပ်ယူရမယ်။

အတိုက်အင်္ခကအင်အားတောင့်တောင့်လာရင်မတရားတဲ့ဥကဒေတွေကိုပြင်လာနိုင်မယ်။

အမေစုနောက်မှာပြည်သူလူထုကဆက်လက်ပြီးမားမားမတ်မတ်နဲ့ရပ်တည်ပေးနိုင်ရင်၊

အခုလိုအခွင့်အရေးပေးတုံးအတွင်းကဝင်ပြီးတိုက်လိုက်ရင်စစ်အစိုးရကိုအလဲထိုးနိုင်မှာဘဲ။

စစ်အစိုးရကစိတ်ဖေါက်ပြန်ပြီးအာဏာသိမ်းဘို့လုပ်လာရင်လဲအင်အားကြီးတဲ့အတိုက်အခံNLD နဲ့ရင်ဆိုင်ရမယ်။

အတိုက်အခံခေါင်းဆောင်အမေစုကအဲဒီအချိန်ကြရင်တိုင်ပြည်နဲ့စစ်တပ်ကိုအရားဝင်အမိန့်ပေးလာနိုင်မယ်။

အခုအခြေအနေနဲ့ဘာမှမဆိုင်တော့ဘူး။

NLD ရဲ့ဆုံးဖြတ်မှုအတိုင်းတတိူင်းပြည်လုံးစည်းလုံးညီညွတ်စွာနဲ့တိုက်ပွဲဆက်ဝင်ကြပါစို့။

အင်အားကြီးမားတဲ့အတိုက်အခံနိုင်ငံရေးပါတီNLD ကိုထူထောင်ကြပ်စို့။

 

 

One comment

  • သားငယ်

    January 5, 2012 at 3:17 am

    အတိုက်အခံ အင်အား ကောင်းမကောင်းထက် လူတော်လူကောင်းတွေ အင်အား ကောင်းဖို ့ဘဲ
    ဖြစ်စေချင်ပါတယ် ..လွတ်တော်ထဲက လူအားလုံးကလဲ လူဆိုးတွေ မဟုတ်သလို အပြင်က အတိုက်အခံ
    အားလုံးကလည်း လူကောင်းတွေတော့ မဟုတ်ကြပါဘူး သိုက်တူးမယ့်သူတွေကြားထဲမှာ
    ကျနော်တို ့ပြည်သူတွေ အတူးမခံ ချင်တော့ပါဘူး..ခေတ်အဆက်ဆက် မကောင်းမှု ့တွေဘဲ အင်အားကြီး
    စိုးလာတဲ ့ကျနော်တို ့နိုင်ငံမှာ လူကောင်းတွေ ကြီးစိုးမယ့် အချိန်ကို မျှော်လင့်မိပါတယ်..အခွင့်အရေး မရခင်
    အတိုက်အခံလုပ်နေပေမယ့် တကယ်အခွင့်အရေးရတဲ ့အခါမျိုးမှာ ငြိမ်ပြီးတော့ တစ်ကိုယ်ကောင်း အိပ်ထဲ
    ထည့်မယ့်လူမျိုးတွေ တတ်လာမှာကိုဘဲစိုးမိပါကြောင်း

    Reply

Leave a Reply

Your email address will not be published.