black chawNovember 29, 20111min029
လွန်ခဲ့တဲ့ နာရီဝက်ခန့်က ဖြစ်ခဲ့တဲ့ ယဉ်တိုက်မှု တစ်ခုအကြောင်းသတင်းလေးပါဗျို့။ ဖြစ်တာက ရွာမကြောင်းလမ်းနဲ့ ဗဟိုလမ်းဆုံလေးတည့်တည့်မှာပါ။ မနက် ၉း၃ဝ သာသာလောက်မှာပါ။ ရန်ကုန်တိုင်း စာရင်းစစ်ရုံးက ကားကြီးက ဆိုက်ကားတစ်စီးနဲ့ ညိပြီး ဆိုက်ကားပေါ်ထိုင်လိုက်လာတဲ့ အမျိုးသား(လူကြီး) ရဲ့ ခေါင်းဟာ ကားနောက်ဘီးရဲ့ တက်ကြိတ်ခြင်းကို ခံရပြီး တစ်ခါတည်းပွဲချင်းပြီးပါတယ်ဗျာ။ ယဉ်တိုက်မှုဖြစ်တဲ့အချိန်မှာ ဘလက်က ဗဟိုလမ်းဘက်ကနေ ရွာမကျောင်းလမ်းဘက်ကို ချိုးပြီး အင်းစိန်လမ်းမဘက်ထွက်မလို့ လုပ်နေတဲ့ အချိန်ပါ။ ဓါတ်ပုံတွေကတော့ သတ္တိမွေးပြီး ရိုက်ခဲ့တာပါ။ ကားမောင်းသူတွေလည်း ဆင်ခြင်ကြပါ။ ဆိုက်ကားနင်းသူတွေလည်း ဆင်ခြင်ကြပါ။ ဆိုက်ကားစီးတဲ့ လူတွေ ရှိခဲ့ရင်လည်း သတိလေးနဲ့ စီးကြဘို့ အကြံပေးချင်တယ်ဗျာ။ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်မိပါတယ် အရပ်ကတို့။ ယဉ်ထိန်းရဲတွေရော ရဲတွေပါ ရောက်နေပါပြီ။ အံ့ဩစရာကောင်းတာက ဆိုက်ကားနင်းသူ ဘာမှမဖြစ်ဘူးလို့ပြောပါတယ်။


DaveNovember 25, 20111min04
မန ္တလေးမြို့ မစိုးရိမ်ကံတက်ကုန်း ကျောင်းတိုက်တွင် ယနေ့ နိုဝင်ဘာ၂၅ ရက်နေ့ မွန်းလွဲ ၂နာရီက ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲအစီအစဉ်ကို နယ်မြေလုံခြုံမှုမရှိသော ဒေသများရှိ ကလေးသူငယ်များသို့ ထောက်ပံ့ကူညီသော အခမ်းအနားနှင့် ယှဉ်တွဲကျင်းပသည်။ မန ္တလေးမြို့ရှိ သီးခြားလူမှုကူညီရေး အဖွဲ့အစည်းများက ကလေးချစ်သူများကွန်ရက်ဟူသော အမည်ဖြင့် ပေါင်းစည်းကာ နယ်မြေလုံခြုံမှုမရှိဘဲ ပြည်တွင်းလက်နက်ကိုင်တိုက်ခိုက်မှု ဖြစ်ပွားနေသဖြင့် လူမှုဒုုက္ခခံစားနေရသော ကလေးသူငယ်များအတွက် ဆုတောင်းကာ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း အရေးဆိုကြသည်။ အထူးသဖြင့် ကချင်ပြည်နယ်မှ ပြည်တွင်းစစ်ဘေးကြောင့် ကလေးအခွင့်အရေး၊လူမှုအခွင့်အရေးမရဘဲ ရှင်သန်နေထိုင်ကြရသော ကလေးသူငယ်များအတွက် ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းသော အစီအစဉ်ကိုလည်း ထိုအခမ်းအနားတွင် ထည့်သွင်းကျင်းပသည်။ ဗုဒ္ဒဘာသာ၊အစ္စလာမ်ဘာသာထုံးစံအရ ကလေးများအတွက် ပရိသတ်များက ဝိုင်းဝန်းဆုတောင်း ပေးကြသည်။ထူးခြားသောအစီအစဉ်များအဖြစ် ကဗျာဆရာကြီး ကိုလေးအင်းဝဂုဏ်ရည်က ငြိမ်းချမ်းရေးအတွက် အရေးဆိုခြင်း၊ မန ္တလေးတိုင်း […]


DaveNovember 25, 20111min04
ထိုင်းနိုင်ငံ သံဃရာဇာ၊မဟာကုတချုလာလောင်ကွန်းတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ကြီးက မြန်မာနိုင်ငံ ရွှေကျင်နိကာယာဓိပတိ မဟာနာယက ဓမ္မသေနာပတိ စုဒ္ဒသမရွှေကျင်နိကာယ သံဃရာဇာ ဇယမေဒနီ ဝါဆိုဆရာတော်ကြီး ဘဒ္ဒန ္တအဂဃိယအား ပညာပါရဂူ Ph.D ဘွဲ့ကို နိုဝင်ဘာ ၂၃ရက်နေ့ နံနက် ဂနာရီက မန ္တလေးမြို့ မန ္တလေးတောင်ခြေ ရွှေကျင်ကျောင်းတိုက်တွင် အခမ်းအနားဖြင့် ဆက်ကပ်ပူဇော်တော်မူသည်။ မြန်မာနှင့်ထိုင်းနှစ်နိုင်ငံ သာသနာရေးဆိုင်ရာ ကူးလူးဆက်ဆံမှုသမိုင်းတွင် ထိုင်းသံဃရာဇာ ဆရာတော်ကြီးက မြန်မာသံဃရာဇာဆရာတော်ကြီးအား ပထမဆုံးအကြိမ် ဂါရဝပြု ပူဇော်ဦးခိုက်သော အစဉ်အလာဖြစ်သဖြင့် ထူးခြားကြောင်း မြန်မာသာသနာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။ သက်တော်(၉၅)နှစ်ရှိပြီဖြစ်သော ဝါဆိုဆရာတော်ဘုရားသည် ပညာပါရဂူဘွဲ့ လက်ခံရယူသော အချိန်တွင် ကျန်မာရေးကောင်းမွန်လျက်ရှိပြီး သက်တော်ရှည်ဆရာတော်ကြီး အဖြစ်ဖြင့် ကြည်ညိုစွာဖူးတွေ့ကြရသည်။ ဘွဲ့ဆက်ကပ်သော အခမ်းအနားသို့ မဟာကုတချုလာလောင်ကွန်းတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ကြီးနှင့်အတူ မြန်မာနိုင်ငံသို့ […]


အန်အယ်ဒီပါတီ ရွေးကောက်ပွဲဝင်ဖို့ နေပြည်တော်မှာ မှတ်ပုံတင်ခြင်းဆောင်ရွက်နေပါပြီ။ ကြားဖြတ်ရွေးကောက်ပွဲ အမှတ်တံဆိပ်အဖြစ် ပါတီအလံကို အနည်းငယ်ပြင်ဆင် အသုံးပြုမယ် ဆိုပါတယ်။ မူလအမှတ်တံဆိပ် ခမောက်ကို အန်ဒီအက်ဖ်ပါတီက ယူသွားလို့ အသစ်ရွေးရမှာပါ။ တိုင်းရေးပြည်ရေး ဘယ်တော့မှာ လက်မနှေးလေ့ရှိတဲ့ ရွာသားများလည်း မိမိနှစ်သက်ရာ အမှတ်တံဆိပ်ကို အခုမဟုတ်တောင် နောက်ပိုင်းကာလမှာ အသုံးပြုဖို့ ရွေးချယ်ဆန္ဒပြုပေးကြရင် ကောင်းမယ်ထင်ပါတယ်။ ဘယ်အကြောင်းကြောင့် ဘာကိုရွေးတယ်ဆိုတာပါ ရေးပေးနိုင်ရင် ပိုအထောက်အကူ ပြုပါလိမ့်မယ်။ ရွေးကောက်ပွဲ ဥပဒေအရ လူနာမည်၊ လူပုံများ (ဥပမာ – ဒေါ်စုဓာတ်ပုံ၊ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ) သုံးခွင့်မရှိပါဘူး။ ကျနော်လည်း ဘယ်လိုဝင်နှောက်ရမလဲ စဉ်းစားနေတုံးပါ။ 👿 လက်ရှိအမည် – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (national league for democracy) လက်ရှိတံဆိပ် – ခမောက် အမျိုးသားဒီမိုကရေစီအဖွဲ […]


KingNovember 24, 20111min017
ဒီနေ့ တစ်နေ့လုံး အလုပ်တွေလည်းရှုပ် လူလည်း ငြီးစီစီဖြစ်လာသောကြောင့် ယနေ့ထုတ် ဂျာနယ်တစ်စောင်ကို လန်လောကာ သတင်းလေးများ ပုံမှန်အတိုင်းပဲ ဖတ်ကြည့်မိပါတော့တယ် … ကိုယ်ပဲ သည်ဂျာနယ်ကို မဖတ်တာကြာလို့လား မသိဘူး ထပ်တိုးလာတဲ့ ကဏ္ဍာကို အမှတ်တမဲ့ပါပဲ … ယခုဖတ်မိမှာပဲ သည်ကဏ္ဍလေးကို သဘောလည်း ကျမိပါရဲ့ဗျာ … ခေါင်းစဉ်တင်ပဲ တော်တော်စိတ်ဝင်စားဖို့ ကောင်းတာနဲ့ပဲ ဆက်ဖတ်ဖြစ်ခဲ့တယ်ဗျ .. ခေါင်းစဉ်ကတော့ ဆက်သွယ်ရေးမှ လူကြီးမင်းများ ခင်ဗျား .. ဆိုပြီးပေးထားလေရဲ့ ….. ကျွန်တော်လည်း အခုတစ်လော ဆက်သွယ်ရေးနဲ့ပတ်သက်လို့တော်တော်လေး စိတ်ညစ်နေတာဆိုတော့ …. စိတ်ညစ်ဆိုဗျာ အင်တာနက်လိုင်းသုံးလို့ရတဲ့အချိန်မှာ ဖွင့်လိုက်လို့ရှိရင် Notice စာကို အရင်ဖတ်ပဲ ဖတ်နေရတယ် ဒီစာက ဆက်သုံးဖို့ စိတ်ဓာတ်ကျစေတယ်ဗျာ …. အဲဒီစာလေး ပေါ်လာတာကိုပဲ […]


etoneNovember 24, 20111min041
မင်္ဂလာဒုံနေအိမ်တစ်ခုဧ။် သောက်တော်ရေတွင်းမှ ဗုဒ္ဓမြတ်စွယ်တော်ပေါ်လာသည့် အဖြစ်ပျက်ဖြစ်ပြီးနောက် …ဒီနေ့ နေ့လည် ထမင်းစားချိန်မှာ စက်ရုံထဲမှ ကလေးများ အုန်းအုန်းကြွတ်ကြွတ်ပြေးလွှားကာ ဘုရားပုံပေါ်သည်ဟု အလုယှက်ရေဗူးလေးများကို နေရောင်တွင်ထောင်ကာ ကြည့်နေကြတယ် ။ ကျွန်မလည်း မယုံတဝက်ယုံတစ်ဝက်နဲ့ လိုက်လုပ်ကြည့်တော့မှ … အလင်းပြန်တဲ့အရိပ်ကနေ ဘုရားပုံသဏ္ဍန်ဖြစ်နေတာ အံ့ဩစွာတွေ ့ရပါတယ် ။ လူတိုင်း ရေဗူးတိုင်းတွင် ပေါ်သည်မဟုတ်ပဲ  လူတစ်ချို့ဧ။် ရေဗူးတွင်းရေအပြည့်ထည့်ကာ စမ်းသပ်မှုတွင်မှ ပေါ်တယ်လို့ သိရပါတယ် ။ အလင်းပြန်လို ့ ပုံသဏ္ဍန်တူခြင်းလား ၊ သဘာဝလွန်ဖြစ်ရပ်တစ်ခုပဲလားကတော့ … မဝေခွဲတတ်အောင်ပါပဲ … ။ ပုံရိပ်ပေါ်တာ အမှန်ဖြစ်ပေမယ့် …. စိတ်ထဲမှာတော့ လက်မခံချင်သလိုချည်းလည်း ဖြစ်နေသေးလို့ … ရွာသူရွာသားတွေဆီက စကားသံကြားချင်တာကြောင့် တင်ပေးလိုက်ပါတယ် … ။   […]


etoneNovember 24, 20111min037
မနေ့ညက အိမ်ရောက်တယ်ဆိုလျှင်ပဲ … မကြုံစဖူး လူစုံတတ်စုံ ဝိုင်းထိုင်စကားပြောနေကြတာ မြင်လိုက်ရပါတယ် ။ သူတို့ ဘာပြောမှန်းလည်း ကျွန်မမသိ ၊ သိလည်း မသိချင်ပေမယ့် ကျွန်မပြန်ရောက်လာတာမြင်တော့မှ အားလုံးမျက်နှာပိုးသပ်ပြီး အသံမထွက်ကြတော့ပဲ ပြုံးစိစိလုပ်နေကြပါတယ် … ။ ဒါဆိုသေချာပြီလေ ကျွန်မအကြောင်းပြောနေကြတာပေါ့ ။ ဒါနဲ့ သူတို့ဘာပြောနေကြသလဲ အစ်လိုက်တော့ … မင်္ဂလာဒုံမှာ သောက်တော်ရေခွက်ထဲက စွယ်တော်ပေါ်လာတဲ့အကြောင်းပြောနေကြတာပါတဲ့ လေ… ။ ထစ်ခနဲဆို စာရေးပြီး ပို့စ်တင်မယ် စိတ်ကူးတတ်တဲ့ ကျွန်မကို မကြားစေချင်တာလည်း ပါတာပေါ့ … ။ ကျွန်မအစ်ကိုက ပြည်တွင်း သတင်းဂျာနယ် သုံးလေးခုမှာ ဂျာနယ်လစ် လုပ်နေတာကြောင့် သူသတင်းသွားယူခဲ့တဲ့ ဆွယ်တော်အကြောင်းပြောနေကြတာပါ…. ။ မင်္ဂလာဒုံက အိမ်တစ်အိမ်ရဲ့ ဘုရားသောက်တော်ရေ ကပ်တဲ့ခွက်ထဲမှာ စွယ်တော်ပုံလေးပေါ်နေပါသတဲ့လေ […]


black chawNovember 21, 20111min011
သူကြီးရေ။ ဒီနေ့ မနက် ၁၁ နာရီ ကျော်ကျော် လောက် ကဗ္ဘောဇ ဘဏ်ဘက်ရောက်တော့ ယုဒသန် ဘုရားကျောင်းမှာ လူတွေ အများကြီးကို တွေ့ရပါတယ်။ ဒါနဲ့ ကျွန်တော်လည်း တွေ့တဲ့ လူတစ်ယောက်ကို မေးကြည့်တော့ NLD ပညာရေးကွန်ယက် ၁ နှစ်ပြည့် ရံပုံငွေ ဈေးရောင်းပွဲတော် ကျင်းပနေတာတဲ့။ ဒေါ်အောင်ဆန်းစုကြည်လည်း လာသွားပြီတဲ့။ ပြောပြတယ်။ နာလိုက်တာဗျာ။ နည်းနည်းစောရင် အမေစု နဲ့ ကြုံရမယ့် အခွင့်အရေးကြီးဗျ။ ဒါနဲ့ ဘာပဲဖြစ်ဖြစ် ငါလည်း ဝင်နွှဲမယ်ဆိုပြီး ဝင်ခဲ့လိုက်တယ်ဗျာ။ ဟောထဲမှာ ဆောင်းဦးလှိုင်ဦးဆောင်သော အဖွဲ့က ဖျော်ဖြေနေပါတယ်။ ကျွန်တော် ဝင်သွားတော့ ထူးအယ်လင်းနဲ့ မီးမီးခဲ စုံတွဲဆိုနေကြတယ်။ ဟော်လိုဂစ်တာလေးတွေတီးလို့ ဆိုတော့ ပလပ်မပါတဲ့ ဂီတ ဖြစ်ဘို့ များပါတယ်။ […]


gyinkalayNovember 21, 20111min07
ဒီနေ ့ဘုရားသွားတာ ထူးထူးဆန်းဆန်း…ဆုတောင်းစာလေး တွေ ့လို ့ဓါတ်ပုံ ရိုက်ခဲ့တယ်..ဖုန်းကင်မရာက သိပ်မကောင်းတော့ သီးခံပြီး ကြည့်ပေတော့…..နေလဘုရားဘေးနားက ဘုရား(နာမည်တော့ မမှတ်မိတော့ဘူး) ပန်းအိုးမှာ ကပ်ထားတာ သဘောကျလို ့ ဓါတ်ပုံ ရိုက်လာတာ….ရေးထားတာလဲ ကြည့်လို်က်အုံးလေ.. ( မြန်မာလက်ရွေးစင် ဘောလုံးသမားများ..Sea Games တွင် အောင်ပွဲဆင်နိုင်ရပါလို၏ အရှင်ဘုရား ………မြန်မာနိုင်ငံသူ/နိုင်ငံသားများ ) တဲ့


MyitthaNovember 20, 20113min03
    ရန်ကုန်မြို့ တရုပ်တန်းရပ်ကွက်  စဥ့်အိုးတန်း အောက်လမ်း နဲ့ကမ်းနား လမ်း ထိတ်ရှိ  ခိန့်ဟုတ် ဗုဒ်ဓဘာသာ ဘုရားကျောင်းတွင်၊ မကြာခင် ရက်ပိုင်းကပင် နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယင်းအခမ်းအနားက ဓာတ်ပုံများကို မန်းတလေးဂေဇက် ရွာသူရွာသား များ ရှုစားနိုင်ရန်တင်လိုက်တာပါ   E Mail တခုမှ   ပုံအကြီး ကြည့်ချင်ရင် ပုံများကို “ကလစ်” ကစား ပါ၊ ပဌမတွင် ပုံသေးသွားပြီး နောက်ထပ် ကလစ်လုပ်ရင် ပုံအကြီးကြီးထွက်လာမယ်    


MyitthaNovember 20, 20113min05
       ရန်ကုန်မြို့ တရုပ်တန်းရပ်ကွက်  စဥ့်အိုးတန်း အောက်လမ်း နဲ့ကမ်းနား လမ်း ထိတ်ရှိ  ခိန့်ဟုတ် ဗုဒ်ဓဘာသာ ဘုရားကျောင်းတွင်၊ မကြာခင် ရက်ပိုင်းကပင် နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယင်းအခမ်းအနားက ဓာတ်ပုံများကို မန်းတလေးဂေဇက် ရွာသူရွာသား များ ရှုစားနိုင်ရန်တင်လိုက်တာပါ E Mail တခုမှ ပုံအကြီး ကြည့်ချင်ရင် ပုံများကို “ကလစ်” ကစား ပါ၊ ပဌမတွင် ပုံသေးသွားပြီး နောက်ထပ် ကလစ်လုပ်ရင် ပုံအကြီးကြီးထွက်လာမယ်   


“ကဗျာချစ်သူများရဲ့ ကထိန်အလှူတော်” 20-11-2011 အမျိုးသားနေ့မှာ အမရပူရ မြို့ (မန်းလေးသားအခေါ်တောင်မြို့) တောင်သမန်အင်းစောင်းက ဆရာတော်ဦးပညာသီတင်းသုံးနေတဲ့ တောင်လေးလုံးကျောင်းမှာ “ကဗျာချစ်သူများ”ကစုပေါင်းလို့ကထိန်ပွဲလေး ကျင်းပခဲ့ပါတယ်။ ဒီကဗျာချစ်သူများက အဖွဲ့ဝင်များရဲ့ သာရေးနာရေး လူမူ့ရေးဆောင်ရွက်ဘို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ဘယ်လိုပွဲလမ်းမျုးိဘဲကျင်းပကျင်းပ ဖိတ်စာတွေတကူးတက မပို့ဘဲ မြန့်မာကျေးလက် က ရွာဆန်ဆန် ဗျို့ဟစ်ပြီးအကြောင်းကြားတဲ့အတွက် တစ်ယောက်စကားတစ်ယောက်နား ကြားသူတိုင်း လာရောက်ခွင့်ရှိတဲ့ အစီအစဉ်လေးဖြစ်ပါတယ်။ အခုပုံလေးတွေကတော့ တောင်လေးလုံးကျင်းမှာ ဒီနေ့မနက် တွေ့မြင်ရတဲ့ပုံလေးတွေပါ။ ကထိန်အလှူတော်မှာ လာရောက်တဲ့မိ်တ်ဆွေများကို ရိုးရာမပျက် ဝက်သားကသဲချက် ၊ခရမ်းချဉ်သီးချက်၊ပဲနှပ်၊ချဉ်ရေဟင်းတွေနဲ့ထမင်းကျွေးပါတယ်။ မြင်ကွင်းလေးတွေက ကြည်နူးစရာ။ ဆရာတော်ဦးပညာကိုဖူးမြင်ရတာ မောပန်းနွမ်းနယ်နေသလိုပါဘဲ။ တရားနာပရိတ်သတ်ကလဲအဆင့်သင့်။ တရားနာနေတဲ့ပ သီလပေးအပြီးမှာ ဆရာတော်က ဝမ်းသာအားရနဲ့ နောင်နှစ်တွေလဲ ဒီလိုလေးလာကျင်းပပေးဘို့မှာကြား။ ဆရာတော့ကျောင်းမှာ ပွဲမကျင်းပဖြစ်တာကြာပြီလို့သိရပါတယ်။ ဆရာဥက္ကာကျော်က ဟံသာဝတီဦးဝင်းတင်က ပို့ပေးတဲ့သဝဏ်လွှာကိုဖတ်ကြားသွားပါတယ်။ ဆရာတော်ကို […]