ၾကယ္ေလးJanuary 26, 20111min02
မောက္ခ မှ ကူး ယူဖော်ပြသည် http://www.maukkha.org/index.php?option=com_content&view=article&id=1298:2011-01-26-05-56-29&catid=120:2010-10-11-07-37-22&Itemid=374 ခေတ်သစ်ကမ္ဘာကြီးကို  ဒို်င်းနမစ်ဖြစ် တဲ့ နေရာအများစုနဲ့ နိုးကြားထကြွမှု မရှိ အသေဖြစ်နေတဲ့ နေရာအချို့လို့ နှစ်ပိုင်းခွဲကြည့်ရင်၊  တူနီရှားနိုင်ငံ ဆစ် ဒီဘိုဇဒ်မြို့က ဒုတိယအထဲမှာ ပါဝင် သည်။ ထိုမြို့ကို တူနီရှား အသံလွှင့် ဌာနကပင် စိတ်မဝင်စား လို့ မိုးလေဝသခန့်မှန်းချက်တွင် ဖော်ပြလေ့မရှိခဲ့။ တော်လှန်ရေးတစ်ခု ပေါ်ထွက်ဖို့ ဘယ်တုန်းကမှ စိတ်ကူးလို့ မရနိုင်တဲ့ အဲဒီမြို့မှာပဲ၊ ၂၀၁ဝ ဒီဇင်ဘာ၁ရ ရက်နေ့တွင်တော့ အာရပ်ကမ္ဘာကို ကိုင်လှုပ်မယ့် တော်လှန်ရေးကြီးတစ်ခု အစပျိုးခဲ့သည်။ အသက် ၂ရ နှစ်ရှိ ဘွဲ့ရလူငယ် မိုဟာမဒ်ဘိုအာဇီဇီ နဲ့  သူ့ထက် နည်းနည်းကြီးသူ တူနီရှားရဲမေ ဖာဒါဟမ်ဒီ တို့နှစ်ဦး ပြဿနာက စတင်လိုက် ခြင်း […]


nyimalayJanuary 26, 20111min00
ရင်မခုန်နိူင်လို့ပါ…. တခါတုန်းက … ကောင်မလေးတစ်ယောက် အချစ်ဆိုတာ ဂရုစိုက်မှု၊ အလိုလိုက်မှု၊ သူ့မှသူဆိုပီး စွဲစွဲလမ်းလမ်းရှိမှ… ချစ်သူထားမယ်ဆိုပြီး စိတ်ကူးယဉ်ခဲ့လေရော…. တစ်မနက်… ကလင် ကလင်… ဖုန်းမြည်သံကြောင့်ကောင်မလေးလန့်နိူးသွားတယ်… ကောင်မလေး။ ဟဲလို… ကောင်လေး။ မြတ်နိုးသူလား… ကောင်မလေး။ မဟုတ်ပါဘူး…လူမှားနေပီထင်တယ် ခုပြောနေတာဘယ်သူပါလဲ… ကောင်လေး။ ဟုတ်လား…ခုပြောနေတာ မြတ်နိုးသူမဟုတ်ဘူးလား ကောင်မလေး။ မဟုတ်ရပါဘူး ကောင်လေး။ ဆောရီးနော် …မမ … ကျွန်တော်မှားခေါ်လိုက်ပီ…ကျွန်နော် …. ပါဆြိုပီး မိတ်ဆက်ရင်း… ကျွန်တော် တောင်းပန်ပါတယ် မမရယ် … ကောင်မလေး။ အော် ရပါတယ်… ကောင်လေး။ ကျေးဇူးတင်ပါတယ် မမ…။ ဆိုပီး ဖုန်းတကယ်မှားခေါ်ခဲ့တာလား…တော့မပြောတတ်ပေမဲ့…ခင်မြင်မှုတော့ အစပြုခဲ့ရှာတယ်…။ ဒီလိုနဲ့… ကောင်းမလေး လိုင်းပေါ်မှာ မတွေ့ရရင်ဖုန်းခေါ်ပြီး စောင့်နေတတ်တယ်… ကောင်မလေးနဲ့ စကားမပြောရရင် […]


manawphyulayJanuary 26, 20111min036
Group ဆိုတာ ဘာကိုခေါ်တာလဲ ကျောင်းမှာ ပရောဂျက်စပြီဆိုတော့ အဖွဲ့ ဖွဲ့ကြရပါတယ်။ တစ်ဖွဲ့ကို ၅ ယောက်လုပ်ဖို့ ဆရာက ဖွဲ့ခိုင်းပါတယ်။ အဖွဲ့ဆိုတာ ဘာလဲ။ ဘာကြောင့် အဖွဲ့ဖွဲ့ခိုင်းတာလဲ။ အဖွဲ့ရဲ့ ရည်ရွယ်ချက်တွေက ဘာတွေလဲဆိုတာ သုံးသပ်ကြည့်မိပါတယ်။ “စည်းလုံးခြင်းသည်အင်အား”ဆိုသော မနောတို့ မြန်မာလူမျိုးတိုင်းက သိကြပြီးသားဖြစ်ပါတယ်။ စည်းလုံးခြင်းဆိုတဲ့ နေရာမှာ အတူတကွ ပူးပေါင်းပါဝင်မှသာ စည်းလုံးခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ဖော်နိုင်မှာဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်အားနဲ့ လုပ်ကိုင်လို့ မရတဲ့နေရာတွေမှာ အားလုံးပူးပေါင်း ပါဝင်ပြီး လုပ်ကိုင်မှသာ အောင်မြင်မှုတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ပူးပေါင်းပါဝင်မှုဆိုတာ တိုင်းတာနိုင်တဲ့ ပေတံတစ်ခုကို ဖော်ပြလိုက်ပါတယ်။ အမှန်တကယ် ပူးပေါင်းပါဝင်မှုကို ဖော်ပြတဲ့ အနေအထား (၆)ရပ် ရှိပါတယ်။ ၎င်းတို့မှာ…………. ၁)စုပေါင်းသိရှိမှုရှိခြင်း၊ ၂)စုပေါင်းတွေးခေါ်မှုရှိခြင်း၊ ၃)စုပေါင်းလုပ်ဆောင်ကြခြင်း၊ ၄)စုပေါင်းကောင်းကျိုးခံစားကြခြင်း၊ […]


etoneJanuary 24, 20114min00
2009 လောက်ကတည်းက ရလာတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ … ။ဖတ်ရင်းနဲ့   မျက်ရည် တောင် ဝဲ မိတဲ့အထိ ပြောင်မြောက်တဲ့ စာကောင်းလေးတစ်ပုဒ်ပါပဲ ။ ကြိုက်လွန်းလို့ မေးလ်ထဲမှာပဲ သိမ်းထားရာကနေ အခု ပြန်ရှာတွေ့လို့ ရွာသူ၊ ရွာသားများအတွက် share ပေးလိုက်တယ်နော် ။ ” I LOVE YOU MOM ” ============================= My mom only had one eye. I hated her… She was such an embarrassment. . She cooked for students & teachers to support the family. […]


thatoeJanuary 24, 20111min00
`အပမ်းဖြေခရီးစဉ်` ဟူသော ခေါင်းစဉ်အောက်မှ သည်ရီးသည် ပျော်ရွှင်ကြည်နူးစရာ၊ မမေ့နိုင်စရာ အမှတ်တရများစွာ တို့ဖြင့် အတိပြီးပြည့်စုံနေလိမ့်မည်ဟု သေချာစွာ ယုံမှတ်မျှော်လင့်ထားခဲ့မိသည်။ ခရီးဝေးသွားခဲလှသော ကေ့အတွက်တော့ လမ်းဘေးဝဲယာ မြင်ကွင်းများသည်ပင် အဆန်းအကြယ် ဖြစ်နေပြန်တော့သည်။ ညောင်တုန်း၊ ကျောင်းကုန်း စသော မြို့အဝင်များကို လှမ်းငေးကြည့်ရုံမျှဖြင့် ကျော်လွန်ပြီးခဲ့ပြီ။ ပြီး…ကားလမ်းမ နံဘေးက ရွာကလေးတွေ…။တချို့ကတော့ ကားလမ်းနဲ့ ဝေးလှမ်းလွန်းလှသည်ဖြစ်ရာ အုန်းပင်တန်းရှည် ညို့ညို့ကိုသာ လှမ်းငေးရတော့သည်။ မြင်ကွင်းများစွာကတော့ ရှုမျှော်မဆုံးတော့သော စိမ်းတစ်ကွက်၊ ဝါတစ်လှည့် လယ်ကွင်းများသာပင်။ “ဟဲ့…လယ်တွေတောင် ပြန်စိုက်နေရပြီလား´´ “နွေစပါးလေဟယ်…ငတုံးမရဲ့´´ “ဟို…ဝါနေတဲ့ လယ်ကွက်တွေက ဘာဖြစ်တာလဲ´´ `ရေငတ်လို့ ဖြစ်မှာပေါ့ ´´ ခရစ်စမတ်အမီ စီစဉ်ခဲ့သော ကေတို့၏ သည်ခရီးစဉ်သည် အလုပ်ရှင်သူဋ္ဌေး၏ နိုင်ငံခြားခရီးစဉ် ရုတ်တရာက်ပေါ်လာသောကြောင့် သူပြန်ရောက်အောင် စောင့်ပေးနေရပြန်သည်။ သူဋ္ဌေးပြန်ရောက်လာချိန်မှာ […]


manawphyulayJanuary 23, 20111min03
ဆီးချိုရောဂါ ကာကွယ်ရန်မှာ လူတစ်ဦးချင်းဆီ၏ တာဝန်သာဖြစ်သည်။ အဝလွန်စေမည့် အစားအသောက်များကို ဆင်ခြင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်နိုင်ပါသည်။ ယုတ်စွအဆုံး ဓာတ်လှေကား အသုံးပြုမည့်အစား ရိုးရိုးလှေကား အသုံးပြုခြင်းသည်ပင် ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေပါသည်။ ကလေးငယ်များသည်လည်း TYPE – 2 ဆီးချိုရောဂါဖြစ်ပွားမှု တိုးတက်လျက်ရှိသဖြင့် မိဘများက မိမိသားငယ်၊ သမီးငယ်များကို ကွန်ပျူတာ၊ ရုပ်မြင်သံကြား၊ ဗီဒီယိုရှေ့တွင် အချိန်မကုန်စေရန်၊ ကိုယ်လက်လှုပ်ရှားမှုပြုရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကိုသာ စားသောက်ပြီး ဆင်ခြင်စရာရှိသည်တွေကို ဆင်ခြင်ဖို့ ပြောဆို သင်ယူရန် လိုအပ်ပါသည်။ ဒါကြောင့် ဆီးချိုရောဂါများ မဖြစ်စေရန် ဖြစ်နေသော သူများကလည်း ဆောင်ရန် ရှောင်ရန်များကိုပြောပြပြီး ဆင်ခြင်စရာများကို ဆင်ခြင်စေရန် ပြောစေချင်ပါသည်ရှင့်။


manawphyulayJanuary 23, 20111min027
တကိုယ်တည်း အပျိုကြီးပေမယ့် ဟဲ့- တို့သွေးကို လာမစမ်းနဲ့ ပြာနှမ်းသွားမယ်။ မပူချင်တာကို မယူချင်လို့ မထင်စမ်းနဲ့ လာလာသမျှ ခါခါချနေရတာ စာဖွဲ့ပြမနေချင်ပါဘူး။ အပျိုကြီး … အပျိုကြီးနဲ့ ခနဲ့တဲ့တဲ့ စကားလုံး ပြုံးတုံ့တုံ့ မျက်နှာပေး အပျိုကြီးဖြစ်ခြင်း သူ့အဘ စီးပွားအိုး တုတ်နဲ့ထိုးမိသလား။ မနိုင်ဝန်ဒဏ် သူခံနေရလို့လား။ တို့မှာ သိက္ခာရှိတယ်။ မာနရှိတယ်။ (အပျိုကြီးဆိုတဲ့) ဂုဏ်ရှိတယ်။ ဝင်ငွေရှိတယ်။ ရည်ရွယ်ချက်ပန်းတိုင်ဆိုတာရှိတယ်။ လျှောက်ရမယ့်လမ်း စမ်းတဝါး ဖြစ်မနေဘူး အရူးတွေအလုပ် အရှုပ်ထုပ် တို့မလုပ် အဟုတ်ထင်မနေကြနဲ့။ တို့ဘဝမှာ အိမ်ရာထွက်လည် ချုပ်ချယ်မယ့်သူ ရှိဘူး။ ဒီကို ဟိုသွား တားမြစ်မယ့်သူ မရှိ စီးပွားတွက်ခက် ရိုက်နှက်မယ့်သူလည်း ဝေးတာမို့ ပူပင်ကင်းလှ အေးချမ်းလှတဲ့ ဒီဘဝကို နေသားကျခဲ့ပြီလေ…..


Dream28January 23, 20111min011
လွန်ခဲ့သောဆယ်စုနှစ်ကျော်ကျော်လောက် ကဆို မြန်မာပြည်ဂီတလောက ကို ဝင်ရောက်မည့် အဆိုတော် အသစ်များသည် ပရိုဂျူဆာ ရ ရင်ရ၊ မရရင်လည်း ကိုယ့်ငွေကို စိုက် ထုတ်ပြီး အခွေတစ်ခွေဖန်တီး ပြီးဈေးကွက်ထဲဖြန့်ရသည်။ ထိုအခွေသည်ပရိသတ် က နှစ်သက်ကြပြီ ဆိုလျှင်တော့ ထို အဆိုတော် ပေါက် ပြီ၊ အောင် မြင် ပြီ ဟုပြောလို့ ရသည်။ ထိုအခါထိုအဆိုတော် လည်း စတိတ်ရှိုးဆိုရ ၊နောက်အခွေအတွက် ပရိုဂျူဆာတို့ က လည်း ဝိုင်းဝိုင်းလည်အောင်ကမ်းလှမ်း ခံရပြီး ဝင်ငွေ ကအစ အစအစ အရာရာအဆင်ပြေသွားကြသည်။ ထိုသို့စီးဆင်းလျှက်ရှိသောဂီတလောက သည် 2006 ခုနှစ် 2007 ခုနှစ်နှောင်းပိုင်းတွင် အခြေ အနေ တမျိုးပြောင်းလဲ လာ သည်။ နည်းပညာထွန်းကားလာသည်နှင့် အမျှ […]


bigchefJanuary 21, 20111min02
အခုတလော သတင်းတွေမှာ ပင်စင်စားတွေ အသံကို ကြားနေရပါတယ်။ တကယ်ကတော့ ပင်စင်ရငွေကို တိုးပေးသင့် တာ အတော်ကြာနေပါပြီ။ မြန်မာပြည်မှာ ငွေတန်ဖိုး အဆမတန် ဖောင်းပွနေတာက တော်တော် ကြာနေပါပြီ။ ငွေတ ရာ၊ ငွေနှစ်ရာ ဆိုတာက ကလေးမုန့်ဖိုးပဲရှိပါတယ်။ ကျမအဖိုးက သွင်းကုန်ထုတ်ကုန်လုပ်ငန်းက ညွန်မှူးရာထူးနဲ့ ၁၉၈၂ လောက်က ပင်စင်ယူခဲ့ပါတယ်။ အဲဒီ အချိန်က အဖိုးရဲ့ ပင်စင်လစာက ၃၀ဝ ကျော်လောက်ရတယ်တဲ့။ အဖွားက ပြည်တွင်းအခွန်ကနေ ပင်စင်ယူလိုက်တော့ ပင်စင် လစာ ၂၀ဝ နီးပါးရပါတယ်။ အဖိုးနဲ့ အဖွားက ပင်စင်စားတွေအဖြစ် ဘယ်သားသမီးဆီကမှ လက်ဖြန့်စရာ မလိုဘဲ သူ တို့ဖာသာ နေထိုင်စားသောက်နိုင်ပါတယ်။ အဲဒီခေတ်က နေ့စားတယောက်ကို ၃ ကျပ် ၈၅ ပြား […]


manawphyulayJanuary 19, 20111min017
ဘဝရဲ့ ခါးသီးမှုပမာ မနောတို့ ဝေးခဲ့ကြပြီဆိုပါတော့ အားလုံးကို နှုတ်ဆက်ဖို့ရာ စကားလုံးတစ်လုံးတောင် ရှာမရခဲ့ဘူးဆိုပါတော့ ဝဋ်ရှိရင်လည်း ပြေပါစေ လူခြေတိတ်တဲ့ ထောင့်လေး တစ်နေရာမှာ တစ်ယောက်ထဲ ကြေကွဲနေပါ့မယ်….. လောကမာယာ အားလုံး ဖြတ်သန်း လရောင်ဆန်းတဲ့အချိန်မှာ မနော့ကို မေ့ထားလိုက်ပါလေ… အဆင်မပြေမှုတွေ များနေတဲ့အချိန် မနော့နာမည်ကို သတိရပါလေ….


ၾကယ္ေလးJanuary 17, 20111min08
မောက္ခ ပ ညာ ရေး မဂ္ဂဇင်း မှ ကူး ယူဖော်ပြသည် http://www.maukkha.org/index.php?option=com_content&view=article&id=1268:2011-01-15-18-38-29&catid=92:library-&Itemid=386 “လူတွေကလဲခက်တာပဲ၊ ကိုယ့်ပညာပဲ ကိုယ် တန်ဖိုးမထားကြတာလား၊ တန် ဖိုးထားချင်ရက်နဲ့ ဝမ်းရေးကြောင့် တန် ဖိုးထားခွင့် မရကြတာပဲလား။ အလုပ် လျှောက်ကြတဲ့အခါ မျှှော်မှန်းလစာ ဆိုတာကို တန်ရာတန်ကြေး ရဲရဲမတောင်းရဲဘူး။ အလုပ်ရှင်က တောင်း တာများတယ်ဆိုပြီး အလုပ်မခန့်မှာစိုးတာနဲ့ အလုပ်ရလိုဇောနဲ့ လျှော့ဈေးပေါ့ဈေးတွေ တောင်းကြတယ်။ အလုပ်ရှင်ဆိုတဲ့ လူတန်းစားကလဲ တန်ရာတန်ကြေးပေးဖို့ထက် လုပ်အားခ ဘယ်လိုဈေးနှိမ်ရမလဲပဲ တွက်ကြတာများတယ်။ ပညာတတ်(ဘွဲ့ရ)တွေ ဖေါင်းပွပြီး အလုပ်အကိုင်ရှားပါးတဲ့ခေတ်၊ ကုန်ဈေးနှုန်းတွေအစစ မြင့်မားနေတာကြောင့် ဝင်ငွေရှိနေတာတောင် နေရေးစားရေးလောက်ငှဘို့ မလွယ်တဲ့ခေတ် ဆိုတော့လဲ ပေါချောင်ကောင်း ဝန်ထမ်းရဖို့ပဲ စဉ်းစားနေတဲ့ အလုပ်ရှင်တွေအကြိုက် ဖြစ်နေတော့တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်လေ ဇော်ဇော်ထက်တို့ကတော့ ကိုယ့်ပညာကိုယ် […]


manawphyulayJanuary 15, 20111min00
ဆောင်းဦးအဝင် မြူတွေဆိုင်းစ ကာလမှာ ပွင့်ကာစ ဆောင်တော်ကူးတွေရဲ့ ပန်းချီကားချပ်နှင့်အတူ မြက်ပင်ရှည်ရှည်တွေ လေယူရာယိမ်း ဖွေးလှုပ်နေတာ ငေးကြည့်ရင်း ကျွန်မ ပျော်မိတယ်… မမြင်နိုင်တဲ့ တစ်နေရာဆီက သခင့်ရဲ့သတင်းကို ဆောင်ယူလာခဲ့ လေပြည်တွေဟာ ကျွန်မကို နှုတ်ဆက်ပြီး ကျောခိုင်းသွားကြတယ်လေ… ကျွန်မရင်ထဲက လှုပ်ရှားပျော်မွေ့ရင်း ငှက်ကလေးတွေရဲ့ တေးဆိုသံဟာလည်း နားထဲမှာ ချိုမြနေတယ်… အရုဏ်ဦးကနေ ကြယ်ကလေးတွေ မြင်ရသည်အထိ သဘာဝရဲ့ အလှတရားတွေကို ကျွန်မ ခံစားနေမိတယ်…. ကျွန်မ သိခွင့်မရှိတဲ့ တစ်ချိန်ချိန်မှာ ကျွန်မအတွက် တောက်ပတဲ့နေ့ရက်တွေ ရောက်လာတော့မယ်ဆိုတာ ကျွန်မ သိနေခဲ့ပါတယ်… သည်အခါမှာ ကျွန်မတစ်ယောက်ထဲပဲ ကျေနပ်စွာ ပြုံးနေလိုက်တယ်… သည်အချိန်မှာ နှင်းငွေ့တွေဟာ ချစ်ခြင်းရနံ့တွေနှင့် သင်းပျံ့စွာ လှလို့ နေပါတော့တယ် သခင်ရယ်…


manawphyulayJanuary 15, 20111min01
ကန်တော်မင်းကျောင်းဆရာတော်ရဲ့ ကဗျာလေးဖြစ်ပါတယ်။ ပညာမျက်စိ မြင်မရှိဘဲ မသိတရား အယူမှားလျက် စီးပွားမမြော် ကျိုးမပေါ်သား သူတော်မဟုတ် ယုတ်သည့်စရိုက် လူသူမိုက်ကို မကြိုက်မချစ် ရန်သူစစ်သို့ မနှစ်သက်ဘဲ ဝေးစွာရှဲ၍ အမြဲခွာရှင်း ဖဲ့ကြဉ်မင်း တဲ့။ ” လောကမှာ ဖတ်ဖို့အလိုအပ်ဆုံး ဖတ်ဖို့အရေးကြီးဆုံး ဖတ်စာအုပ်နှစ်အုပ် ရှိတယ် ၊ တစ်အုပ်က ‘မိမိကိုယ်’ ဆိုတဲ့စာအုပ် ၊ နောက်တစ်အုပ်က ‘မိမိပတ်ဝန်းကျင်’ ဆိုတဲ့စာအုပ် ၊ အဲဒီစာအုပ်နှစ်အုပ်ကို သေသေချာချာဖတ်ပြီး အကြောင်းအကျိုး ဆက်စပ်တွေးမယ်ဆိုရင် လောကမှာ အောင်မြင်နိုင်တယ် ၊ မြတ်စွာဘုရားဆိုရင် မိမိကိုယ်ကို အဖတ်ကောင်းလို့ ဘုရားအဖြစ်ကိုရခဲ့တာပဲ” လို့ ဘုရားဟောထဲမှာ ဖတ်ဖူးပါတယ်။ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူများအတွက်လည်း အကျိုးယုတ်စေမဲ့ အလုပ်မျိုးကို လုပ်သောသူသည် လူဖြစ်သော်လည်း လူမမြည်တဲ့။ […]