သင်ရော ဆီးချိုရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

manawphyulayJanuary 23, 20111min03

ဆီးချိုရောဂါ ကာကွယ်ရန်မှာ လူတစ်ဦးချင်းဆီ၏ တာဝန်သာဖြစ်သည်။ အဝလွန်စေမည့် အစားအသောက်များကို ဆင်ခြင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်နိုင်ပါသည်။ ယုတ်စွအဆုံး ဓာတ်လှေကား အသုံးပြုမည့်အစား ရိုးရိုးလှေကား အသုံးပြုခြင်းသည်ပင် ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေပါသည်။ ကလေးငယ်များသည်လည်း TYPE – 2 ဆီးချိုရောဂါဖြစ်ပွားမှု တိုးတက်လျက်ရှိသဖြင့် မိဘများက မိမိသားငယ်၊ သမီးငယ်များကို ကွန်ပျူတာ၊ ရုပ်မြင်သံကြား၊ ဗီဒီယိုရှေ့တွင် အချိန်မကုန်စေရန်၊ ကိုယ်လက်လှုပ်ရှားမှုပြုရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကိုသာ စားသောက်ပြီး ဆင်ခြင်စရာရှိသည်တွေကို ဆင်ခြင်ဖို့ ပြောဆို သင်ယူရန် လိုအပ်ပါသည်။ ဒါကြောင့် ဆီးချိုရောဂါများ မဖြစ်စေရန် ဖြစ်နေသော သူများကလည်း ဆောင်ရန် ရှောင်ရန်များကိုပြောပြပြီး ဆင်ခြင်စရာများကို ဆင်ခြင်စေရန် ပြောစေချင်ပါသည်ရှင့်။

3 comments

  • ဆူး

    January 23, 2011 at 2:44 pm

    အသက်ငယ်ငယ်လေးနဲ့ ဆီးချို ဖြစ်တယ်ဆိုလို့ သူငယ်ချင်းတယောက် အသက် ၂၂ လောက်တုန်းက တာဝ မှာ ကျောင်းတက်တော့ နေက ပြင်းပြင်းနဲ့ ပူလွန်းလို့ တနေ့ တနေ့ အချိုရည် ၅ပုလင်း သို့ မဟုတ် ၅ခွက်လောက် သောက်ဖြစ်တယ် ပြောတယ်။ တနေ့ မျက်စိတွေ မမြင်တော့ဘဲ မူးလဲလို့ ဆေးခန်း သွားပြမှ ဆီးချို ဖြစ်နေတာ သိတော့တယ်။ နောက်ပိုင်း ဆင်ခြင်နေမှ ဆီးချို ပြန်ကောင်းသွားတယ် ပြောတာဘဲ ဆေးသောက်စရာ အခုတော့ မလိုတော့ဘူးလို့ ပြောတယ်။ ဒါပေမဲ့ အချိုတော့ ရှောင်နေရတာပါဘဲ။ ရောဂါ ဆိုတာ မဖြစ်ရင် တော့ ဘာမှ မဖြစ်ဘူး။ ဖြစ်ပြီးရင် သတိအရမ်းထားရတယ်။

    Reply

  • unclegyi1974

    January 23, 2011 at 3:42 pm

    သူများကိုသတိပေးနေတဲ့ မနော ရေ
    ကွန်ပြူတာရှေ့အထိုင်များပြီ ကိုယ်တိုင်ရောဂါ
    ဖြစ်နေအုန်းမယ်နော် အသက်ဉာဏ်စောင့်သတဲ့
    ကိုယ်တိုင်လည်းသတိထားအုန်း

    Reply

  • manawphyulay

    January 24, 2011 at 3:33 am

    ဟီး တကယ်လည်း အဲလို ဖစ်နေတယ် အန်ကယ်ကြီးရဲ့

    Reply

Leave a Reply

Your email address will not be published.