“ခုတော့လည်း တစ်ယောက်တည်း“ “မင်းက နေနိုင်သားပဲနော်“တဲ့။ ဘယ်နေနိုင်ပါ့မလဲလို့တော့ ပြန်မပြောဖြစ်တော့ပါ။ စိတ်ထဲမှာတော့ တနုံ့နုံ့နှင့် နေလို့ထိုင်လို့မကောင်းတာ ကိုယ်ကိုယ်တိုင်သာလျှင် အသိဆုံးပါ။ ဖြစ်နိုင်လျှင်ဒီနေ့ညဆိုတာကြီးကိုကြုံလည်းမကြုံချင်သလို ဖြတ်လည်းမဖြတ်ကျော်ချင်ပါ။ ရင်ဘတ်ကြီးတစ်ခုလုံး ဆို့နင့်ကြေကွဲနေသလို ခံစားနေရမှာတော့ ကနေ့ညဆိုတာကြီးကို ကျော်လို့ရလျှင်ကျော်ပြစ်လိုက်ချင်တာပါ။ အားလုံးရဲ့အကြည့်တွေမှာ သူကြေကွဲစွာဖြင့်တစ်ယောက်တည်းကျန်ရစ်ခဲ့ပါလားဆိုတဲ့တွေးတွေပါနေတယ်။ ဟန်ကိုယ်ဖို့ဆိုတာကို သူကောင်းကောင်းနားမလည်ပေမယ့် သူဟန်ဆောင်ကောင်းခဲ့တာ ကြာနေပါပြီ။ တစ်ယောက်တည်းကျန်နေရစ်ခဲ့ရတဲ့အရသာကို သူမကြိုက်ပေမယ့် သူ ဒီအရသာကို မကြိုက်ပါပဲ ခံစားလာရတာ ကြာနေခဲ့ပါပြီ။ သံယောဇဉ်ကိုတာကို မထားသင့်မှန်းသိပေမယ့်လို့ အလက်ကမ်းဆိုးမသိစွာ ၊ အမှတ်သည်းခြေမရှိစွာနှင့် သူ သံယောဇဉ်ဆိုတာကိုထားခဲ့မိပြီ။ မွေးကတည်းက အဖော်မပါခဲ့သော်ငြားလည်း လူမှုပတ်ဝန်းကျင်နယ်ပယ်မှာ အပေါင်းအသင်းကဏ္ဍဆိုတာကို ပစ်ပယ်ထားလို့မရခဲ့လေတော့ အရေးကြီးအခန်းကဏ္ဍကနေ မိတ်ဆွေ သူငယ်ချင်းဆိုတာကို ထိတ်ဆုံးကထားတတ်ကြတာ လူတိုင်းအသိ။ သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပေးဆပ်မှုတွေ၊ အနစ်နှာခံမှုတွေ၊ ယုံကြည်မှုတွေ၊ ကိုးစားမှုတွေ၊ အပြန်အလှန် […]
