珠海 zhu hai ကျူးဟိုင် အပိုင်း ၂

ဆူးFebruary 3, 20111min03


နဂါး မင်းကြီး အရုပ်

ကျူးဟိုင် အမှတ်အသား ပုလဲရွက်ထားတဲ့ အမျိုးသမီး ရုပ်နဲ့ ပတ်သတ်တဲ့ ပါးစပ် ရာဇဝင်လေးတွေ ရှိပါတယ်။
နဂါးပြည်ကလာတဲ့ နဂါးမကလေးက နဂါးတိုင်းပြည်မှာ နေရတာပျင်းတာနဲ့ တခြားပုံပြင်တွေ နဲ့ ထပ်တူပါဘဲ လူ့ပြည်က လူတွေကို ရေပေါ်တက်ပြီးတော့ လာချောင်းပါတယ်။ တံငါသည် ရေလုပ်သား ဆင်းရဲသား သနားကမားလေးကို တွေ့ပြီး မြင်မြင်ချင်း ချစ်ခင် နှစ်သက် ဆုံမက်လိုတဲ့ အတွက် လူအသွင်ဖန်ဆင်းပြီးတော့ ချင်းကပ်ပါတယ်။ တံငါသည် လုလင်က သနားဂရုဏာသက်ပြီးတော့ စောင့်ရှောက်ဖို့ ခေါ်ထားလိုက်တယ် အိုးချင်းထား အိုးချင်းထိ ပြီး နှစ်ကိုယ်တူ ချစ်ကြိုက်သွားပြီး လင်မယား ဖြစ်သွားကြတာပေါ့။ အဲဒီ အချိန်မှာ နဂါးမင်းကြီးက သိသွားပြီး ဒေါသပုန်ထပါတယ်။ လူပြည်ကို လိုက်ခေါ်ခိုင်းတဲ့ အခါ နဂါးမလေး ပြေးမလွတ်ဘဲ ပါသွားပါသတဲ့။ နဂါးမလေးရဲ့ ခင်ပွန်းက သူဇနီး နဂါးမ ဖြစ်တဲ့ အကြောင်း လိုက်ခေါ်တဲ့ အခါမှ သိသွားတော့ သူလည်း စိတ်ညစ်သွားတယ်။ ဒီတသက် ပြန်တွေ့ဖို့ မလွယ်တော့ဘူး ဆိုပြီး စိတ်ညစ်ညစ်နဲ့ ငိုပြီး ဆုတွေ တောင်းပါတယ်။ တနေ့မှာ အဘိုးကြီး တယောက် လာပြောတယ် မင်း မိန်းမ ကို တကယ် ပြန်ခေါ်ချင်လား သူ ပြန်လာအောင် လုပ်နိင်တဲ့ နည်းရှိတယ်။ တံငါသည် လင်ယောကျား သိပ်ပျော်သွားတယ်။ သူဇနီး ပြန်ခေါ်နိုင်မယ်ဆိုရင် ဘာမဆို လုပ်ပါ့မယ်လို့ ကတိပေးလိုက်ပါတယ်။ အဲဒီမှာ အဘိုးအိုကြီးက ကောင်းပြီ မင်း တွေ့ချင်တဲ့ မိန်းမ မင်း အနား ပြန်ရောက်စေရမယ်လို့ ပြောပြီး ဆေးမြစ် တခု သွားရှာ ခိုင်းပါတယ်။ အလွန်ရှားပါးပြီး ရနိုင်ခဲတဲ့ ဆေးမြစ် ဖြစ်ပေမဲ့ ဇွဲကောင်းတဲ့ တံငါသည်က ရအောင် ရှာပြီး ယူပေးလိုက်ပါတယ်။ အမှန်တော့ တံငါသည် တွေ့တဲ့ အဘိုးအိုကြီးက နဂါးမင်းကြီး ဖြစ်နေပြီးတော့ သမီး လုပ်တဲ့သူက တနေ့တနေ့ ငိုငိုနေလို့ သနားပြီး စိတ်စမ်းချင်တာနဲ့ အခက်အခဲ တွေ များတဲ့ ဆေးမြစ်ကို ရှာယူခိုင်းတာပေါ့ကွယ်။ ဆေးမြစ် ကို ပေးနိုင်တဲ့ အတွက် ကတိအတိုင်း သမီးတော် ကို ပြန်လွတ်ပေးလိုက်တယ်။ သမီးတော်ကိုတော့ စကားတခုပြောပါတယ်။ လူ့ပြည်မှာ လူတွေနဲ့ နေမယ်ဆိုရင် နဂါးတို့ရဲ့ တန်ခိုးတွေ ဆုံးရှုန်းမယ် သက်တမ်းတွေ လျော့သွားပြီး လူတွေ အသက်လောက်ဘဲ နေရမယ် နေနိုင်မလား မေးပါတယ်။ တံငါသည်နဲ့ တူတူနေရမယ်ဆိုရင် အသက်တွေ လျော့ချင်လျော့ပါစေ နေမယ်ဆိုပြီး ပြောတဲ့ အတွက် ရင်ထဲမှာ ရှိတဲ့ ပုလဲလုံးကြီး ထုတ်ပေးခိုင်းပါတယ်။ နဂါးမလေးက လိုအင်ပြည့်ဝ ပုလဲလုံးကြီး ထုတ်ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာတော့ နုပျိုလှပ နေတဲ့ တံငါသည် ရဲ့ ဇနီ နဂါးမလေးက အသက်အရွယ် အတန်အသင့်ရနေတဲ့ မိန်းမကြီး ဖြစ်သွားပါတယ်။ တံငါသည်နဲ့ သေတဲ့ အထိ ပေါင်းသင်းသွားလေ သတည်းပေါ့။
ရုပ်ထုကတော့ နဂါးမလေး ရင်ထဲက ပုလဲလုံးကို ထုတ်ပြီး မြောက်ထားတာ ကို သရုပ်ပြဖော်ထားတဲ့ အရုပ် ဖြစ်ပါတယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါဘဲကွယ်။ ကျူးဟိုင် သွားတုန်းက ဂိုက်ပြောတာတွေကို မှတ်မိသလောက် ရေးပေးလိုက်တာ ဖြစ်ပါတယ်။

3 comments

  • hee.. hee… tharr lal na garr ma layy see htar tal… dar pay mal kan ma kg tar ka.. thu mhar palal lone lal ma shi woo… nar tha kwar… no moh so … di lout kyee tal palal lone jee… yaung sarr yin taw taw ya mhar… 😀

    Reply

  • ဆူး

    February 3, 2011 at 3:34 pm

    တောင်ငူသား ဝတုတ်လေးကတော့ လုပ်တော့မယ် ဂွင်ဖန်ချင်နေပြန်ပြီ။
    ပုံပြင်ပြောရတာ လက်ညောင်းတယ်။

    Reply

  • Oo Oo

    February 4, 2011 at 3:47 pm

    မြို့လေးကလဲလှပါတယ်…ပုံပြင်လေးကလည်းကောင်းပါတယ်
    အဲ့မှာဈေးဝယ်လို့လဲကောင်းတယ်…ပေါလို့
    အိမ်ဈေးတွေကတော့တယ်ကြီးတယ်ဆိုပဲ..

    Reply

Leave a Reply

Your email address will not be published.