ဆူးMarch 9, 20111min07
အိနိ္ဒယ သွားတုန်းက ဖြစ်ရပ်လေး တခုပါ။ သွားတဲ့ အချိန်က ဒီဇင်ဘာ ဖြစ်နေတော့ ရာသီဥတာ အေးအေး နဲ့ ဆိုတော့အနွေးထည် ဦးထုတ် မချွတ်ရအောင် မမြဲဝတ်ဆင်ထားရပါတယ်။ဗုဒ္ဓဂါယာ သွားတဲ့ ခရီးစဉ်မှာ ပါတဲ့ အဒေါ်ကြီး တယောက်က အမြဲတမ်း အကြောင်း တခုခု ရှာပြီး အမြဲ ရစ်တတ်ပါတယ်။ ရစ်တတ်ပုံများကတော့ ခရီးစဉ်မှာ ပါတဲ့ ခရီးသွားတိုင်းက သူ့ကို လန့်ကြတယ်။ သူဆောင်းနေကျ ဦးထုတ်က အခု ပုံမှာ ပါတဲ့ စတော်ဘယ်ရီ ပုံဦးထုတ်မျိုးပါဘဲ။ သူကို တခြားလူတွေ မသိအောင် တိ်တ်တိတ်လေး စတော်ဘယ်ရီလို့ နာမည်ပေးထားပါတယ်။ သူကလည်း ခေသူ မဟုတ်ဘူးလေ။ တချိန်က ဘာဆိုလား ညာဆိုလား သူ့ရဲ့ အိမ်မှာ အားလုံးက ဒူးထောက် […]


bigbirdMarch 9, 20111min02
ယုန်နဲ ့လိပ်ပုံပြင်က ကျနော်တို ့ငယ်ငယ်တုန်းက သင်ခဲ့ရလို ့ အမြဲမှတ်မိနေကြပြီး သင်ခန်းစာကောင်းပေးတဲ့ ပုံပြင်လေးပါ။ ခေတ်တွေအဆက်ဆက်ပြောင်းကုန်ပြီမို ့ခေတ်သစ်ယုန်နဲ ့လိပ်ပုံပြင်ဟာ Software ဗားရှင်းတွေလို (Version 4) ပုံပြင် လေးလောက် ရောက်ခဲ့တာကို အားရဝမ်းသာ တွေ ့လိုက်ရပါတယ်။ ဒါကြောင့် ကျနော် ဒီယုန်နဲ ့လိပ်ပုံပြင်ကို ဗားရှင်းတပ်ခေါ်လိုက်တာပါ။ ဒီယုန်နဲ ့လိပ်ပုံပြင်တွေဟာ နောက်ပိုင်းဖတ်ခဲ့ရတဲ့ပုံပြင်ေ တွမှာ ခေတ်တွေအညီပြောင်းလဲလာတဲ့ အတွေးအခေါ်ကို သင်ခန်းစာလှလှပေးတာမို ့ကျနော် အရမ်းသဘောကျမိလို ့ဆီလျှော်အောင် ဘာသာပြန်လိုက်ပါတယ်။ ဟောပြောပွဲတစ်ခုမှာလည်း ဆရာမတစ်ယောက်လည်း ဒီလိုပုံပြင်လေးကို ဟောဖူးလို ့ကျနော်ပိုပြီး အမှတ်ရသွားဖူးတာပါ။ ယုန် Vs လိပ် ဗားရှင်း (တစ်) ဒီပုံပြင်လေးက ကျနော်တို ့အားလုံး သိပြီးသား ပုံပြင်လေးပါ။ တစ်ခါတုန်းက […]


မှောင်မည်းနေသော လွင်ပြင်တစ်ခုလို့ သူ အစက မြင်နေမိသည်။တကယ်တမ်း အမှောင်ထဲ၌ ကျင့်သားရလာသောအခါ မျက်စိထဲတွင် ဖြူဖြူဖွေးဖွေး အုတ်ဂူများကို သူမြင်လိုက်ရတော့ ကြက်သီးမွှေးညှင်းတွေ ထသွားပြီး ခေါင်းကြီးသွားရသည်။ ဒါဆိုရင်တော့ သူရောက်နေသည်မှာ သုသာန် တစ်ခုလား။ ဒီအချိန်ကြီး သူဘာကြောင့် သုသာန်ထဲရောက်နေရသနည်း။ သူတစ်ယောက်တည်းဆိုသောအသိနှင့်အတူ အမှောင်ကို သူကြောက်လာပါသည်။ ထိုစဉ်- “ဟေ့ မောင်ရင် “ ခေါ်သံနှင့်အတူ သူ့ပခုံးပေါ်သို့ အေးစက်စက် လက်ကြီး၏ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသည်။ သူ တစ်ချက် တွန့်ခနဲဖြစ်သွားရသည်။ သူလှည့်ကြည့်တော့- “ မင်းဘာလာလုပ်တာလဲကွ“ “ ဗျာ ဒီကိုလား“ “ ဟုတ်တယ်လေ မင်းမို့ ဒီနေရာကိုလာတယ် ဒီနေရာက ဘယ်သူမှမလာချင်တဲ့နေရာကွ“ “ ဒါလား ခင်ဗျား ပြောမှလား  ကျနော်လည်း လာချင်လို့လာတာမှ […]


(၁) တွေးကြည့်လိုက်ရင် ရှက်စရာကောင်းပါလားလို့ သူမတွေးနေမိတယ်။ဟုတ်တယ်လေ။ ရေလာအောင် သူမပဲမြောင်းပေးမိတာကို။ မနေ့ညကမှ သေသေချာချာ စေ့စေ့စပ်စပ်တွေးမိတော့တယ်။ သူမပဲ ထိုကောင်လေးကို စကြိုက်ခဲ့သလိုလိုပြောလိုက်မိတာက ကိုယ့်ထောင်ချောက်ထဲကို ခုန်ဆင်းမိသလိုဖြစ်နေခဲတာလေ။တကယ်ဆို သူမနဲ့ ထိုကောင်လေးက သူငယ်ချင်းတွေပါ။ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းကခင်ခဲ့တာတော့မဟုတ်။ ဆယ်တန်းအောင် တက္ကသိုလ်ပထမနှစ်တက်ခါမှ နဖူးစာရွာလည်ချင်လို့ ထိုကောင်လေးနဲ့ခင်ခဲ့ရတာလို့ သူမက ယူဆတယ်။ ထိုကောင်လေးကလည်း သူမကိုဆို မင်သေသေနဲ့ ဖမ်းစားလိုက်တာများ ခုတော့ သူမကပဲ မိန်းမ မတန်မယ့် ချစ်စကားစ ပြောမိပါရောလား။ ဇာတ်လမ်းက မသန်းလို့ပြောရမလို ဖြစ်နေတဲ့အချိန်မှာ သူမက ကလေးကို မုန့်ပေးကြိုက်တယ်လို့ တစ်ရုံးလုံးကပြောနေကြပြီ။ သူမကလည်း ခုအချိန်မှာ အပျိုကြီးအရွယ်သို့ ချင်းနှင်းဝင်ရောက်ရန် မသေချာသေပေမယ့်လို့ ထိုကောင်လေးနဲ့ ယှဉ်လိုက်ရင်တော့ ငါးနှစ်ကြီးများတောင်ကွာတယ်လေ။ အချစ်ဆိုတာကလည်း မျက်စိလည်လမ်းမှားတတ်သတဲ့။ ခုချိန်မှာ မျက်စိလည်လမ်းမှားတာက အချစ်မဟုတ်ပဲ […]


etoneMarch 3, 20111min015
ကြောင်တော်တော်များများ အသား ၊ ငါး ကြိုက်ကြတာ ရှေးရှေးကတည်းကပါ။ တစ်ချို့ ကြောင်တွေကတော့ အသား၊ ငါး ကို မကျော်ချက်ရသေးတဲ့ အစိမ်း ငြီနံ့ ပြင်းပြင်း အသားကို ပို ကြိုက်ပါတယ် … ။ အသား မစားတဲ့ ကြောင်ဆိုလို့ ကိုကြောင်ကြီးပဲ ရှိပါတယ် 😀 အနည်းနဲ့ အများတော့ ကြောင်တွေ အသားစားတယ်ပေါ့ … ။ အခု နောက်ပိုင်း ဈေးကွက်ထဲမှာ တွင်တွင် ကျယ်ကျယ် ရောက်ရှိလာတဲ့ ကြောင်စာတွေကြောင့် ကြောင်စာ ပြင်ဆင်ပေးရခြင်း သက်သာခဲ့တယ်လေ ။ တစ်ချို့ အိမ်တွေမှာ ဆို ကြောင်က များလွန်းတဲ့အတွက် ငါးဖယ် အရေခွံတွေကို ဈေးမှာ သွားဝယ်ပြီး ပြုတ်ကာ ထမင်းနဲ့ နယ်ကျွေးရတယ်လို့ […]


etoneMarch 3, 20111min023
ငေးတိငေးတိုင်ထိုင်ရင်း ကွန်ပျူတာကိုသာ မမှိတ်မသုန်ကြည့်ကာ တောင်စဉ်ရေမရ တွေးတောနေစဉ် ထမြည်လာသော ဖုန်းသံကြောင့် ကျမ အသိစိတ်ပြန်ဝင်လာခဲ့ရသည် ။   ” မြန်မာတိုင်းမ်ကပါ … မနက်ဖြန်  ထရိတ်ဒါးမှာ နေ့လည်စာ စားဖို့ရှိပါတယ် …  ဆယ့်နှစ်နာရီ အရောက်လာပေးပါ ။ ”   အမ် … လူှ မှားပြောနေခြင်းထင်ပါသည် … ။ ကျမလည်း စိတ်မရှည်သည့် လေသံဖြင့် ..။   ” အစ်မ ဘယ်သူနဲ့ ပြောမှာလဲ ”   ”  xxx နဲ့ပါ ”   ” ဟုတ်ကဲ့ xxx ပြောနေပါတယ်.. ။ ”   ” မြန်မာတိုင်းမ်ကပါ […]


manawphyulayMarch 2, 20111min03
တနေ့က ဆရာတော်ကြီးတပါးကို အိမ်မှာ ဆွမ်းကပ်နေတုန်း ဧည့်သည်လာတယ်ဆိုလို့ ထွက်တွေ့တော့ ဧည့်သည်က ရန်ကုန်က အမေတို့ မိတ်ဆွေများရဲ့ မြေးကလေး မောင်နှမ ဖြစ်နေတယ်။ ဒါနဲ့ အမေက ဘယ်တုန်းက လာကြသလဲ၊ ဘယ်မှာတည်းသလဲ မေးရင်း “အဘွား ဆရာတော်ကြီး… ကို ဆွမ်းကပ်နေတယ်၊ ကြုံတုန်း ဆရာတော်ကို ဖူးသွားကြ၊ ဝင်ကန်တော့ကြ” လို့ ခေါ်တော့ မိန်းကလေးက “တော်ပြီအဘွား” တဲ့။ “ဟဲ့၊ ဘာလို့တုန်း” လို့ တအံ့တဩ ပြန်မေးမိတော့ “ဘုန်းကြီးနဲ့ စကားမပြောတတ်လို့” တဲ့ ရယ်လို့။ ဒီစကားကို ဒီကလေးမလေးက ရှက်ကိုးရှက်ကန်း ပြောတာလည်း မဟုတ်ပါဘူး၊ ရိုးရိုးအေးအေးပဲ ထမင်းစားရေသောက်လို ပြန်ပြောလိုက်တာပါ။ ကြားရတဲ့ အမေ့အဖို့သာ “ဪ ကလေးတွေ ဒီလို ဖြစ်နေပြီကိုး” […]


bigbirdFebruary 27, 20111min06
သူငယ်ချင်းတို့ေ၇… ဒီစာလေး ဖတ်ပေးပါအုံး…. သိပ်ကောင်းတဲ့ စာလေးပါ….ဒီစာလေးဖတ်ပြီ ဒဏ်ရာတွေများရှိနေလို့ ပျောက်ခဲ့မယ်ဆိုရင်………….. ဒီစာလေးကို ကျေးဇူးပြုပြီ ဆုံးအောင်ဖတ်ပေးပါ………. ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ဝင်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။ အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ဝင်းထရံတိုင်မှာ သံပေါင်း ၃ရချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ဝင်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူစိတ်သူထိန်းနိူင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ဝင်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။ အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိူင်တဲ့နေ့ကို ရောက်လာရော။ ကောင်လေးကပြေးပြီး […]


manawphyulayFebruary 20, 20111min02
ကံကိုစမ်းတာလား ကုသိုလ်ကိုစမ်းတာလားဆိုတာ မသိပေမယ့် ကျွန်မကတော့ ကံစမ်းမဲဆိုတာနဲ့ အမေရိကန်ဒီဗွီပေါက်ပြီးထဲက လန့်ပြီး နောက်တွန့်နေမိပါတယ်။ အဝတ်အထည်ဆိုင် သွားတော့လည်း အမရေ ကံစမ်းမဲပါတယ်နော် တစ်ထည် ဝယ်ရင် တစ်ထည် လက်ဆောင်ဆိုတာနဲ့ ကြည့်ပြီး မဝယ်ပဲ ပြန်ထွက်ခဲ့တဲ့နေရာတွေလည်း ရှိလာပါတယ်။ နောက် ကော်ဖီဝယ်သွားတော့လည်း Gold Rose မှာ ကံစမ်းမဲပါပြန်ရော မဲကတော့ ၁၀၀ဝ ကျပ်တန်တို့ ကော်ဖီမစ်ထုပ်တို့ ပေါက်ပြန်ရော။ ထီကျတော့ထိုးလားဆိုတော့လည်း မထိုးခဲ့တာ နှစ်နဲ့ချီကြာနေတာ ခုချိန်တိုင်ပါပဲ။ ထီထိုးမယ့် ပိုက်ဆံကို တရားပွဲတွေလှူ၊ မိဘမဲ့ကလေးတွေလှူ၊ ကြွလာတဲ့သံဃာတွေလှူနဲ့ပဲ နေလာခဲ့တာ။ အဲ ဟိုတစ်လောက သူငယ်ချင်းများဖိုရမ်ကနေ တွေ့ဆုံပွဲလုပ်မလို့ လာခဲ့ပေးပါဆိုလို့ ကျောင်းကနေ အပြေးလေးတစ်ပိုင်းနဲ့သွားလိုက်ပါတယ်။ တာမွေမွန်းမှာလုပ်တာဆိုတော့ အချိန်တော့ နည်းနည်းပေးရတာပေါ့။ ဟိုရောက်တော့ လာတဲ့ မန်ဘာတွေ အချင်းချင်းမိတ်ဆက် […]


manawphyulayFebruary 20, 20111min05
ကံစမ်းမဲတစ်ခါ ပေါက်ပြီးထဲက ကံစမ်းမဲဆိုတာ ဘာကြောင့်လုပ်တာလဲ၊ ဘယ်လိုလူတွေပေါက်တာလဲ စဉ်းစားမိရင်းနဲ့ ၂၀၀၆ ခုနှစ်မှာ အံ့ဩဖွယ်ရာ အကြီးအကျယ် ဖြစ်ရပ်တစ်ခု ထပ်မံဖြစ်ပွားခဲ့ပြန်ပါတယ်။ အဲဒါဘာလဲဆိုတော့ လူအတော်များများ စိတ်ဝင်စားတဲ့ အမေရိကန်ဒီဗွီလို့ ခေါ်တဲ့ အမေရိကန်ရဲ့ ကံစမ်းမဲလက်မှတ်ပဲ ဖြစ်ပါတယ်။ အရင်တုန်းကတော့ လမ်းဘေးမှာ စာအိတ်နဲ့ ထည့်ပြီး ရောင်းချတာကို တွေ့ရှိရပါတယ်။ လူတွေက ဝယ်ပြီး ဖောင်ဖြည့်ပြီး စာတိုက်က ထည့်ကြရပါတယ်။ သူငယ်ချင်းတွေက အင်တာနက်ခေတ်စားလာတော့ အကူညီတောင်းပါတယ်။ ထည့်ပေးဖို့ကို ပြောတော့ အေး လုပ်ပေးမယ်ပြောပြီး ဘာရယ်မဟုတ် သူတို့ကို ဖောင်ဖြည့်ပြီး ထည့်ပေးတဲ့ လုပ်ငန်းလုပ်တဲ့နေရာကို ခေါ်သွားပါတယ်။ နောက်ပြီး ဓာတ်ပုံကိုလည်း သူတို့က တိုက်ရိုက်တစ်ခါထဲ ပိုက်ဆံမပေးရပဲ ရိုက်ပေးပြီး တင်ပေးပါတယ်။ ကိုယ်က ခေါ်သာသွားတာ သိပ်စိတ်မဝင်စားဘူး။ သူငယ်ချင်းတွေက […]


manawphyulayFebruary 20, 20111min02
မနော ငယ်ငယ်တုန်းကတော့ ကံစမ်းမဲဆိုတာ ရှိသလား မရှိသေးဘူးလားဆိုတာ မမှတ်မိတော့ပေမယ့် သိတတ်စထဲက ဈေးကွက်စီးပွားရေးအတွက် စီးပွားရေးသမားများရဲ့ ရောင်းကုန်များကို မဝယ် ဝယ်ချင်အောင် လုပ်ဆောင်လာမှုတွေဟာ ခုချိန်ထိ ပိုမို ကျယ်ပြန့်လာတာကို တွေ့မြင်နေရပါတယ်။ တချို့ကတော့ ကုန်ပစ္စည်းအတွက်၊ တချို့ကတော့ ရွှေဆိုင်တွေမှာကျတော့ ဝယ်တဲ့ပစ္စည်းပေါ် မူတည်ပြီး ဗလာမပါ ကံစမ်းမဲဆိုပြီး လုပ်ကြတယ်။ လက်ဆောင်သဘောမျိုးလည်း ဖြစ်အောင် ဝယ်သူတွေလည်း စိတ်ဝင်စားပြီး ထပ်ပြီး ဝယ်ချင်အောင် ဆွဲဆောင်တဲ့နည်းတစ်မျိုးပဲလားဆိုတာ စီးပွားရေးသမားတွေအတွက် တွက်ခြေကိုက်တဲ့ နည်းတစ်မျိုးလားဆိုတာ ထင်စရာပါပဲ။ နောက် ဘာနေ့မို့လို့ လျော့ဈေးနဲ့ရောင်းတယ်ဆိုပြီး တစ်ခုဝယ် တစ်ခုလက်ဆောင်ဆိုပြီး နှစ်ခုစာ ဈေးနှုန်းတင်ထားသလားဆိုတာ ဝယ်သူတစ်ယောက်အနေနဲ့ မြင်မိမှာ မဟုတ်လောက်ဘူးထင်ပါတယ်။ မနောလည်း လူတွေထဲ လူတစ်ယောက်မို့ ဒီလို ကံကို စမ်းတဲ့အရာလေးတွေကို စိတ်ဝင်စားမိပါတယ်။ ဒါဟာ […]