manawphyulayJanuary 14, 20111min00
မနက်လင်းလို့ အိပ်ရာထ အလုပ်သွားဖို့ ပြင်ဆင်ရ စီးမယ့်ရထား မှီဖို့အရေး ပြေးလွှား လှုပ်ရှားရင်း ရထားကြီးက တဂျုန်းဂျုန်း လိုက်ပါရစေဦး ခရီးသည်များ များပြားလာ တိုးကာဝှေ့ကာပါ အလုပ်ရောက်ဖို့ တို့အရေး ပြေးကာ တက်ကာ မနှေး လိုရာရောက်ရင် ဆင်းကြတာ ခရီးသည်များပါ ရထားကြီးက ပို့ဆောင်မြဲ ခရီးဆုံးထိပဲ….


manawphyulayJanuary 14, 20111min08
တစ်ဖက်သားကို နွေးနွေးထွေးထွေး ချစ်ခင်တတ်ရင် ကိုယ့်ကို နွေးနွေးထွေးထွေး ချစ်ခင်မဲ့သူ ပေါ်လာမှာပါ…………….. တစ်ဖက်သားကို မြတ်မြတ်နိုးနိုး ကြင်နာတတ်ရင် ကိုယ့်ကို မြတ်မြတ်နိုးနိုး ကြင်နာမဲ့သူ ရောက်လာမှာပါ……….. တစ်ဖက်သားကို ထွေးထွေးပိုက်ပိုက် ယုယတတ်ရင် ကိုယ့်ကို ထွေးထွေးပိုက်ပိုက် ယုယမဲ့သူ ရှိလာမှာပါ……………… တူသော အကျိုးပေးတတ်တဲ့ ကံတရားကို ဘယ်သူများ ဟန့်တားနိုင်တာ မှတ်လို့ …………..နော် ဟိဟိ မနော ပြောတာ မဟုတ်ဘူးနော်………. အရှင်ဆန္ဒာဓိက ပြောတာပါ။


manawphyulayJanuary 14, 20111min09
ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့သူ လူအများကိုလည်း လေးစားတဲ့သူရဲ့မျက်နှာဟာ အင်မတန် ကျက်သရေရှိတယ်။ ခင်မင်စရာ လေးစားစရာကောင်းတယ်။ ဒီလိုလူဟာ စိတ်လည်း ပိုအေးချမ်းတယ်။ နူးညံ့တယ်။ ဒီလိုလူဟာ လူ့အသိုင်းအဝိုင်းရဲ့ ကျက်သရေဆောင်လည်းဖြစ်တယ်။ သူများကို ထိခိုက်သွားအောင် ပြောနိုင် ဆိုနိုင် လုပ်နိုင်မှ ကိုယ့်ကိုယ်ကိုယ် တော်တဲ့သူ စွမ်းတဲ့ ထက်တဲ့သူလို့ ခံစားရသလား။ သူများကိုယ်ကို ကြောက်နေမှ ကိုယ့်ကိုယ်ကိုယ် စွမ်းအားကြီးတဲ့သူလို့ ခံစားရသလား။ သူများ ဂုဏ်သိက္ခာကျသွားမှ ကိုယ့်ဂုဏ်သိက္ခာတက်မှာလား။ ဒီမေးခွန်းတွေကို သေသေချာချာ စဉ်းစားသင့်တယ်နော်။ တကယ် လွတ်လပ်တဲ့သူ၊ စိတ်အေးချမ်းတဲ့သူ ဖြစ်ချင်ရင် ဒီမေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေကြည့်စေချင်ပါတယ်။


manawphyulayJanuary 13, 20111min05
လူတွေသင့်ကို သဘောကျစေချင်ရင် နားထောင်ကောင်းသူတစ်ယောက်ဖြစ်ပါစေ။ တဖက်လူပြောချင်တာ ပြောအောင် အားပေးပါ။ နေမင်းကြီးဟာ မကွယ်ခင်မှာ ကိုယ်တိုင်လည်းတောက်ပ ၊ လောကကြီးလည်း အလှဆင်သလို လူဟာလည်း မသေခင်မှာ ကိုယ့်အကျိုး လည်း ဆောင်ရွက်၊ သူတပါးအကျိုးလည်း သယ်ပိုးကြရပါတယ်။ စိတ်ညစ်ခြင်းဟူသည် လူတွေအတွက် အလွယ်ကူဆုံး စိတ်ခံစားချက်ဖြစ်၍ ပျော်ရွှင်ခြင်းဟူသည်ကား အခက်ခဲဆုံး စိတ်ခံစားချက် ဖြစ်သည်။ လိုအင်ဆန္ဒ အနည်းဆုံးသူဟာ စိတ်အချမ်းသာဆုံးသူပဲ ..တဲ့။ဘယ်လောက်ပဲချမ်းသာ ချမ်းသာ လိုချင်တာတွေ များနေသရွေ့တော့ လိုအင်ဆန္ဒမပြည့်လို့ စိတ်ဆင်းရဲနေမှာပဲ…. အပြိုင်အဆိုင် လောကကြီးမှာရောက်နေတော့ ကိုယ်လည်းပြိုင်ပွဲဝင်နေရမှာပဲ ။ ပြိုင်တဲ့အခါ ပြိုင်တတ်ဖို့လိုတယ်။ မနေ့ကငါ၊ ဒီနေ့ငါ ၊ မနှစ်က ငါ၊ ဒီနှစ်ငါ။ ပိုတော်လာအောင်ပြိုင်ရမယ်။ သူများနဲ့ မပြိုင်နဲ့ ကိုယ်နဲ့ကိုယ်သာပြိုင်။ မပြုံးချင်ဘူးလား။ ပြုံးလို့မရဘူးလား။ဒါဆိုရင် မရရအောင်ပြုံးကြည့်ပါ။တယောက်တည်းနေတဲ့အခါ […]


manawphyulayJanuary 13, 20111min05
ချစ်သူရေ… ကို့ကို့ ….ကို ချစ်လားဟင် ချစ်တာပေါ့ ကိုကိုရယ် ။ ဘယ်လောက်ကြီး ချစ်သလဲ မိုးလောက်ကြီးချစ်ပါတယ် ။ ဘယ်ထဲက ချစ်တာလဲ နှလုံးသားထဲက ချစ်ပါတယ် ။ ဘယ်လောက်ကြာကြာချစ်မှာလဲ ကမာ္ဘတည်သ၍ ချစ်ပါ့မယ် ။ ကိုကို …ဘယ်သွားသွားလိုက်မှာလား လိုက်မှာပေါ့ ။ နတ်ပြည်သွားရင်ကော . . . လိုက်မှာပေါ့ ။ ငရဲပြည်သွားရင် ကော . . . လိုက်မှာပဲ ။ မြို့ ထဲက အနှိပ်ခန်းတွေ သွားရင်ကော သွားရဲသွားကြည့်. . . . အကြောင်းသိရမယ် ။


manawphyulayJanuary 11, 20111min03
ရွှေမော်ဓောဘုရားသည် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်၍ သင်တိုင်းစေတီခေါ် မကိုဋ်စေတီမျိုးဖြစ်သည်။ ပဲခူးမြို့၏ အရှေ့ပိုင်း ဟင်္သာကုန်းအစုတွင် အနောက်ဖက်ဆုံးကျသော ပဲကူး၊ သုဒဿန၊ မြင်းသီတ၊ မရင်သိန္န၊ မဓဝါ ဟူ၍ ခေတ်အလိုက် အမည်ပြောင်းခဲ့သော ကုန်းငယ်ပေါ်၌ ရွှေမော်ဓောစေတီတည်ရှိသည်။ ယခုအခါ၌မူ ထိုကုန်းကို ရွှေမော်ဓောကုန်းဟု အခေါ်များသည်။ ရွှေမော်ဓောစေတီ တည်သည့်နှစ်များနှင့် ဌာပနာသည့် ပစ္စည်းအကြောင်းကို အမျိုးမျိုးဆိုကြသည်။ အချို့က ဘုရား ပရိနိဗ္ဗာန် မစံမီကပင် တည်သည်ဟု လည်းကောင်း၊ အချို့က ဘုရား ပရိနိဗ္ဗာန်စံပြီးမှ တည်သည်ဟုလည်းကောင်း၊ အချို့က ဘုရားဆံတော်ကို ဌာပနာသည်ဟုလည်းကောင်း၊ အချို့က သွားတော်ကို ဌာပနာသည်ဟု လည်းကောင်း ရေးသားကြသည်။ သို့ရာတွင် ဘုရားဒါယိကာမ ဟံသာဝတီ ဘုရင်မ ရှင်စောပုနှင့် သားမက်တော် ဘုရားဒါယိကာ ဓမ္မစေတီမင်းတို့ […]


manawphyulayJanuary 11, 20111min011
မာသာထွီစာဟာ အိန္ဒိယနိုင်ငံရဲ့ ကြီးမားတဲ့ မိဘမဲ့ကျောင်းကြီးကို တည်ဆောက်ပြုလုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သူဟာ လူအများ ပြုလုပ်နိုင်စွမ်း မရှိတဲ့အရာကို ပြုလုပ်နိုင်စွမ်းရှိတဲ့သူဖြစ်တဲ့အတွက် လေးစားအားကျ အတုယူသင်ပါတယ်။ ကျွန်မတို့ဝန်းကျင်မှာလည်း ဒီလိုလူမျိုးတွေ ရှိနေမှာပါ။   ကျွန်မလည်း မိဘမဲ့တွေ၊ အသက်ကြီးတဲ့ ဘိုးဘွားတွေ ပြီးတော့ အနာကြီးရောဂါသည်တွေ အားလုံးကို တစ်ဖက်တစ်လမ်းကနေ ကူညီချင်ပါတယ်။ အင်း ခုပြောချင်တာကတော့ မာသာကြီး မရှိတော့တဲ့နောက်မှာ နောက်ဆုံး သူ့မှာ ကျန်ရှိခဲ့တဲ့ စည်းစိမ်ဥစ္စာဟာ ပန်းခြင်းတစ်ခုရယ်၊ သူ့ရဲ့ဝတ်စုံရယ်၊ ခုဖော်ပြမယ့် စကားသာလျှင် သူ့ဘဝအတွက် ကျန်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့စာသားတွေကို လူငယ်တွေ ဖတ်ရှုမှတ်သားပြီး လိုက်နာနိုင်ဖို့ ကျွန်မ တင်ပြလိုက်ပါတယ်။ ခုစာသားကို မြန်မာလို့ ဘာသာပြန်သူကတော့ သိက္ခာတော်ရ ဦးလှမြင့်ဖြစ်ပါတယ်။ စာသားတွေကတော့… ဘယ်လိုပဲဖြစ်ဖြစ် အကျိုးအကြောင်းမရှိ၊ ယုတ္တိမဆန် မိမိကိုယ်ကို […]


manawphyulayJanuary 11, 20111min05
လောကကြီးကို ဖြန့်ကျက်ကြည့်လိုက် ဟောဟိုက လူူတချို့ရဲ့လက်ထဲမှာ လိုရာစေနိုင်တဲ့ နည်းပညာတွေက ပြိုးပြိုးပြက်ပြက် ပညာ ဘယ်ကိုလဲ ပညာ ဘာအတွက်လဲ ပညာ ဘာလုပ်ရသလဲ မြင့်မြင့်ပျံရင် ဝေးဝေးမြင်တယ်တဲ့ နည်းပညာတိုးတက်နေတဲ့ခေတ် တစ်ကမ္ဘာလုံးကို မြင်နိုင်ပြီ နည်းပညာက ခိုင်းစေမှာလား လူသားတွေက စေခိုင်းမှာလား မဝေဝါးပဲ အသေချာစဉ်းစား ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက် ဦးနှောက်တစ်ခုစီ ပိုင်ဆိုင် လူသားတိုင်းအဖြစ် ဖိနပ်နဲ့ ဝတ်စုံကောင်းပါလျက် ပန်းမဝင်နိုင်သေးတဲ့ ကမ္ဘာကြီးအတွက် ရှိပြီးသား အင်အားတွေကို တို့အားလုံး မျှဝေကြရအောင်


manawphyulayJanuary 11, 20111min00
အင်းဝခေတ် စာဆိုအမော် ရှင်မဟာသီလဝံသ ဖြစ်သည်။ ရှင်မဟာသီလဝံသသည် ပေလေးပင် ရှင်လေးပါးအဝင် ရဟန်းစာဆိုဖြစ်သည်။ ရှင်မဟာသီလဝံသသည် ခရစ်နှစ် ၁၄၅၃ ခုနှစ် (မြန်မာသက္ကရာဇ် ၈၁၅ ခုနှစ်) ဖွားဖြစ်ပါသည်။ တောင်တွင်းကြီးမြို့ မြောက်ဘက် မြို့လုလင်ရွာသား ဇာတိဖြစ်၏။ အဖ ဦးကြည်၊ အမိ ဒေါ်ဒွေး ဖြစ်သည်။ ငယ်မည်မှာ မောင်ညိုဖြစ်သည်။ အရွယ်ရောက်သော် တောင်တွင်းကြီးမြို့ နတ်မီးလင်းဆရာထံတွင် ပညာသင်ကြားသည်။  ဆယ့်ငါးနှစ်သားတွင် သာမဏေဘောင်သို့ ရောက်၏။ အသက် နှစ်ဆယ်တွင် ရဟန်းပြုသည်။ အသက် သုံးဆယ့်ရှစ်တွင် `ပါရမီတော်ခန်းပျို့´ကို စတင်ရေးသားသည်။ အင်းဝဘုရင် ဒုတိယမင်းခေါင်လက်ထက်တွင် အင်းဝသို့ရောက်လာ၏။ မင်း၏ ကိုးကွယ်ခြင်းကို ခံရသည်။ မြန်မာသက္ကရာဇ် ၈၅၈ ခုတွင် `မင်္ဂလာစေတီတော် မော်ကွန်း`ကို ရေးသည်။ `ဆုတောင်းခန်းပျို့`ကို ရေးပြန်ရာ […]


manawphyulayJanuary 9, 20111min09
ရနံ့သင်းတဲ့ ပင်ထက်မြင့်တဲ့ တစ်နှစ်တစ်ခါ ပွင့်လန်းလာတဲ့ သဇင်ပန်းလဲ မလိုချင်ဘူး ကင်းမဲ့နံ့ဆင်း ရောင်ဝါစုံသန်း စက္ကူပန်းလဲ မလိုချင်ဘူး နံ့သာထုံသင်း အဆင်းတွေဖြာ တင့်တယ်သာသော တစ်ပွင့်ထဲသော မေတ္တာပန်းဘဲ လိုချင်တယ်….


manawphyulayJanuary 9, 20111min07
အင်တာနက်ကို မိမိတို့ ဘဝတစ်စိတ်တစ်ဒေသအဖြစ် ယုံကြည် လက်ခံထားသော လူတော်တော်များ တိုးပွားများပြားလာကြတယ် နော်။ ‘ဒီလိုပဲ မကြာမီက ပေကျင်းမြို့တော် မှာ အွန်လိုင်းစွဲရောဂါ ကို ကုသဖို့ ဆေးရုံတောင် ဖွင့်ပြီး ဘေးထွက် အကျိုးဆက်ရှိကြောင်း အသိအမှတ်ပြုနေတယ်ဆိုဘဲ။ တချို့ကတော့ အင်တာနက်အစွဲ စိတ်ကစင့်ကလျားရောဂါ လို့လည်း သုံးနှုန်းကြတယ်။ နောက်ပြီး ဆိုက်ဘာစွဲရောဂါ ၊ အွန်လိုင်းအစွဲရောဂါ စသဖြင့် ခေါ်ကြတယ်။ မိတ်ဆွေရေ… ကျွန်မတို့ကော ‘ဒီရောဂါ စွဲကပ်နေပြီလား။ ဒါဟာ ပြန်စဉ်းစားရမယ့်အချက်ပဲနော်။ ဂျိုနသန်ဘီးရှော့ကတော့ ဒီအင်တာနက်အစွဲကို ရောဂါလို့ သူက မသတ်မှတ်ဘူးတဲ့။ အဲ သူက ပြောသေးတယ်။ သူ့အထင်ကတော့ လူတွေဟာ အင်တာနက်ကို အစွဲအလန်းကြီးတာလို့ မထင်ဘူးတဲ့။ အင်တာနက်က ပေးတဲ့ လူမူရေး အတွေ့အကြုံတွေကိုသာ စွဲလန်းတာပါတဲ့။ […]