manawphyulayJanuary 8, 20111min00
ဒီကဗျာလေးကတော့ မေမေတစ်ယောက်ထဲမဟုတ်ပဲ သားသမီးတိုင်းအတွက် မိဘဆိုတာ အမေနဲ့ အဖေ ပံ့ပိုးမှုကြောင့် လူလားမြောက်ခဲ့ရတဲ့ သားသမီးတိုင်းအတွက် မနော ရေးစပ်ခဲ့တာပါ။ မွေးမိခင်က အဦးစ၍ ကြီးစွာ မှောင်သော ငါ့ခရီးတွက် မီးအိမ်တစ်လုံး ပေးလိုက်တယ် မိခင်ဆွဲပေး မီးအိမ်လေးကို ဝေးစွာကြာရှည် ထွန်းလင်းစေဖို့ ဆီဖြည့်ပြောင်းတပ် မီးစာမှန်မှန် ထပ်ထပ်ပြင်ကာ လမ်းမှန်မြင်ဖို့ ဖခင်က ပြင်ဆင်ပေးလိုက်တယ် သည်မီးအိမ်မှ အလင်းရအောင် လမ်းမှကြိုကာ မြတ်ဆရာက စောင့်ကြည့် သွန်သင်ပေးလိုက်တယ် သည်အလင်းများ ကွယ်မသွားအောင် ငါ့အား ငါ့အင် လုံ့လယှဉ်၍ အစဉ်စောင့်ကြည့် ဉာဏ်သတိနှင့် ငါ့ရဲ့ဘေးမှာ မြဲမကွာဖို့ ငါလေ မြဲမြံစေခဲ့တယ် ဪ ရှေ့ခရီးမှာ ဒုက္ခသုက္ခ ကြုံဆုံရလည်း ငါလေမမှု နှိုင်းတုမရ မွေးမိဘနှင့် မြတ်ဆရာ့ကျေးဇူး အထူးထူးကြောင့် ဦးတည်လျှောက်လှမ်း […]


manawphyulayJanuary 7, 20111min012
ခုတစ်လော ဘာမှ မလုပ်ချင် မကိုင်ချင်၊ အလုပ်မှာလည်း မပျော်…. စိတ်ညစ်တယ်ဆိုတာ ဘာကို ဘယ်လို ခေါ်လည်းဆိုတာတောင် ပြန်စဉ်းစားရပြီ။ စိတ်ညစ်တယ်ဆိုတာတောင် မညည်းတွားချင်တော့ဘူး။ ကိုယ့်ကြောင့်လည်း သူများတွေ စိတ်မညစ်စေချင်ဘူး။ ပျော်နေတယ်လို့ ထင်နေတာလား။ စိတ်ညစ်တယ်ဆိုတဲ့စကား မပြောချင်ပါဘူး။ အပြုံးရဲ့ နောက်ကွယ်မှာ စိတ်မချမ်းသာမှုတွေ အများကြီး ရောက်ရှိနေတယ်ဆိုတာ မြင်မှမမြင်ကြတာကိုး……. ပြောကြတယ်။ ခုတစ်လော ပြုံးပြုံးနေပါလားတဲ့။ ဟုတ်ပါတယ်။ ကျွန်မက သူများတွေမတူတာတစ်ချက်က အရမ်းစိတ်ညစ်ရင်ပဲ ဖြစ်ဖြစ် နည်းနည်းစိတ်ညစ်ရင်ပဲ ပြုံးနေတတ်တာ ကျွန်မအကျင့်ပါ။ ဒါကြောင့် ကျွန်မ အကြောင်းသိတဲ့သူတွေက သူ ပြုံးနေပြီ သတိထားတဲ့။ တချို့ကလည်း ပြုံးတော့ ပြုံးတဲ့ ပြုံးဖြဲဖြဲ မလုပ်နဲ့တဲ့။ ကျွန်မ ဘဝကို အရှုံးပေးတဲ့သူ မဖြစ်ချင်ဘူး။ လောကဓံကို အပြုံးနဲ့ ကြံ့ကြံ့ခံမယ်လို့ […]


အရာရှိဖြစ်ရတာလည်းမနိပ်ပါဘူးဗျာ… ရဲဘော်ဘဝတုန်းကမှ အဆင်ပြေသေးတယ်။” “ဘာဖြစ်လို့လဲဗိုလ်ကြီးရ …” “ဘာဖြစ်ရမတုုံး……ရဲဘော်ဘဝမှာတုန်းက ကျနော့်မိန်းမက တပ်ထဲမှာ အသုပ်စုံရောင်း တယ်။ ရတဲ့အမြတ်အစွန်းလေးနဲ့ အပိုမစုမိပေမဲ့ ဆွဲရေး (စားရေးသောက်ရေး) အဆင် ပြေတယ်။ ကလေးကျောင်းစရိတ်လည်း သိပ်မပူရဘူး။ ခုတော့ဗျာ… အရာရှိကတော် ဖြစ်နေတော့ အရင်ကလို အသုပ်ရောင်းလို့လည်း မသင်တော်ဘူး။ ရိပ်သာက အခြားအ ရာရှိကတော်တွေကြားမှာ မျက်နှာငယ်ရတယ်။ အဆင်မပြေတာကို ဒီအတိုင်းပဲ ကြိတ် မှိတ် နေရတယ်ဗျာ။” ဒီလိုဒီလိုမျိုးမကြာခဏ ညည်းတွားပြောဆိုတတ်သူကတော့ တပ်မတော် (ရေ) အရာရှိ တဦး ဖြစ်တဲ့ ဗိုလ်ကြီးမျိုးသန်း (ရေ/ ၃၉၁၆) ဖြစ်ပါတယ်။ သူနဲ့ ကျနော် အရင်က မသိ ကျွမ်းဖူးခဲ့ပါ။ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုကို သူပြောင်းရွှေ့ရောက်ရှိလာတဲ့နောက် ပိုင်းမှာ […]


ဆူးDecember 25, 20101min010
ကျမလေ မွေးကတည်းကနေ အခု အချိန်အထိ မှတ်မိ သလောက် တခါမှ သေချာ နားနား နေနေ နေရတယ် ဆိုတာ မရှိဘူး။ အိမ်အကြီးကြီးထဲမှာ မိသားစုဝင်တွေ အများကြီးနဲ့ နေရပေမဲ့ အထီး အမ ခွဲခြားတာတွေ သိပ်လုပ်တာ ခံရတာဘဲ။ ကျမ တို့ ညီ အမတွေကတော့ ပင်ပန်းပေမဲ့ မငြီးပါဘူး။ အလုပ်ကို အလုပ်မှန်း သိသိ တာဝန် သိသိ မရှောင်မလွဲ ထမ်းဆောင်ပါတယ်။ ကျမ ငယ်စဉ်တုန်းက ကျမ ထက်အရင် မွေးတဲ့ မမကြီးတွေက ကျမကို ပြောတယ် အစာခွံကျွေးရင်းနဲ့ ပြောရှာတယ် အခု အေးအေး ဆေးဆေး စားနေရတုန်း စားကြ နှမငယ်လေးတို့ရေ.. အဲဒီ တုန်းကတော့ ကောင်းကောင်း နားမလည်ပေမဲ့ […]


manawphyulayDecember 25, 20101min00
(မောလျ မာန်ချသံနဲ့အတူ) လူသားအားလုံး ကိုယ့်ဦးနှောက်ကို ဖွင့်ဖောက် စစ်ဆေးကြ ကိုယ့်အရေပြားကို ပါးလွှာ သန့်ရှင်းကြ ရိုးသား ပွင့်လင်းကြ တန်ဖိုးထား လေးစားကြ အရှေ့ အနောက် တောင် မြောက် ဝဲယာ စကြဝဠာတစ်ခွင်လုံး လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး အပြုသဘောဆောင် ချစ်ခြင်း အနှောင်အဖွဲ့တွေနဲ့ အဆွေခင်ပွန်းကောင်းဖြစ်စေ ရန်ဘက်တွေ ငြိမ်းအေးစေ ဆန့်ကျင်ဘက်တွေ ပေါင်းစည်းစေ ဝေးစေ အမုန်း အငြိုး အတေး အမှတ် သံသယ ကြက်ခြေခတ်တွေ ကန့်သတ် ဘောင်ခတ် အတိတ်ဆိုးတွေ လုံးဝ မရှိစေရ ဥပဒေတစ်ရပ် (မေတ္တာရပ်ခံ ပန်ကြားချက်တစ်ရပ်) သတ်မှတ် ပြဋ္ဌာန်းလိုက်သည် ဒီဇင်ဘာ ၃၁ ည ၁၂ နာရီသို့ တည်စေသော်။


weiweiDecember 11, 20102min040
ညီလာခံသဘင် … ဆင်ဆရာကြွက်ဖြူများရှင် အကြီးအကဲကြီးမှ စီးတော်ယာဉ်ပြသနာအတွက် ညီလာခံသဘင် ကျင်းပနေပုံ … အကြီးအကဲကြီးက ထိုင်ခုံတစ်ခုပေါ်တွင် မှုန်ကုတ်သော မျက်နှာတော်ဖြင့် ထိုင်နေပါသည်။ လက်ဝဲဘက်တွင် လက်ရုံးရည်နဲ့ပြည့်စုံသော ကြောင်တစ်ကောင်ကဲ့သို့ပေါ့ပါးသော သိုင်းပညာတတ်ေသော လက်ဝဲရံ ဗိုလ်ကြောင်၊ လက်ယာဘက်တွင် ဆဲနည်း၊ တွယ်နည်း၊ ချော့နည်း၊ ခြောက်နည်းမျိုးစုံဖြင့် နှလုံးရည်ပြည့်ဝသော လက်ယာရံ ဗိုလ်ပု၊ အနောက်တည့်တည့်တွင် တန်းစီပြီး အသင့်အနေအထားဖြင့် ရပ်နေကြသော သူရဲကောင်းလေးယောက် (အာဂ၊ ဘုန်းလှံ၊ ကြယ်လေး၊ ပေါက်ဖော်)၊ အကြီးအကဲကြီး၏ အရှေ့ဘက်တွင် ဘဏ္ဍာတော်ထိန်း၊ စားဖိုမှူးနဲ့ အကြံပေးရာထူး ၃ မျိုးကို တစ်ဦးတည်းမောင်ပိုင်စီးထားသော ဝေဝေနှင့် ရွာရိုးကိုးပေါက် အကုန်လိုက်စပ်စုပြီး သူမသိတာမရှိ၊ နေရာတကာပါတတ်သော ဘွားတော်ဆူး၊ အရှေ့ဘေး တစ်ဖက်တစ်ချက်စီမှာတော့ ထိုင်ခုံပေါ်ထိုင်ပြီး ငိုက်မျဉ်းနေကြသော သက်တော်ရှည် […]


ဆူးDecember 11, 20102min027
တနေ့မှာ ရွာထဲက သဂျီး ထမင်းစားဖိတ်ခံရတာနဲ့.. ထမင်းစားသွားတယ်ပေါ့ကွယ်.. ထမင်းစား ဘယ်သူဖိတ်သလဲ ဆိုရင် သဂျီးရဲ့ မိန်းမ ရွာထဲမှာတော့ first lady ပေါ့လေ.. သူမရဲ့ ညီမ မဝေ က ရွာထဲက ဆူး ရှာဖွေ တွေ့ရှိတဲ့ ငါးမွှေ နဲ့ ငါးခေါင်းဟင်းချိုကို စမ်းချက်ပြီး ကြက်ဥအလွယ်ကြော် တပွဲလည်း ပါတယ်။ စားပြီးရင် သုံးဆောင်ဖို့ စတော်ဘယ်ရီ ကြက်ဥ ပူတင်းလေးလည်း လုပ်ထားတယ်။ သဂျီး ကတော် ပါ ခေါ်ပြီး လာခဲ့ပါလို့ ဖိတ်တော့ သဂျီးကတော်က မီးလေးအိမ်မှာ ညဘက် တယောက်ထဲ အဖော်မရှိတာနဲ့ ညအိပ်သွားစောင့်နေတာနဲ့ တပည့်ကျော် အောင်ပုနဲ့ အတူတူ ထမင်းစား သွားတီးမယ်လို့ ကြံပြီး ကားတစီး နဲ့ […]


ဆူးDecember 10, 20101min012
ကိုယ်တိုင်က မိန်းခလေး ဖြစ်နေတော့ မိန်းခလေးများ အကြောင်း သတိထားမိလို့ ရေးဖြစ်တာပါ။ မိန်းမ အများစုက ဗေဒင် ယတြာ ကို ယုံကြည်လက်ခံပြီး ကောင်းကျိုးအတွက်သော်လည်းကောင်း အညံ များ တားဆီရန် အတွက်သော်လည်းကောင်း လိုချင်တာလေး ဖြစ်မြောက်ပါစေ ဆိုသော ဆန္ဒအရသော် လည်းကောင်း ယုံကြည်စွာ လုပ်ဆောင်ကြသည်။ ဗေဒင်ဆရာများ ပြောစကားအရဆိုရင် မိန်းမငယ်ကလေးတွေ လာတယ်ဆိုရင် သေချာတယ် ဒါ အချစ်ရေး.. မိန်းမကြီးတွေ လာရင် စီးပွားရေး အိမ်ထောင်ရေးမှာ ယောကျား ခြေငြိမ်စေဖို့.. ယောကျားတွေ အရွယ်ကောင်းဆို.. မယားတရူး မိန်းမတွေ အရွယ်ကောင်းဆို လင်တာရူး နှစ်ယောက်တွဲလာရင် ပိုသေချာတယ်။ ဘယ်တော့ ယူရမလဲ ဘာတွေ အညံ ရှိတဲ.. မေးတော့မယ်။ မမေးခင်ကတည်းက လူမြင်တာနဲ့ ကြိုစဉ်းစားပြီးသား […]


ကိုရဲ ဟာ မကြည်ပြာနှင့်ချစ်ခြင်းနဂ္ဂတ စ်များဝထ္တုနဲ့ ကိုရဲဆိုတဲ့ စာရေးဆရာတယောက်ဖြစ်လာခဲ့ပါတယ်..။ သို့သော် မကွယ်လွန်ခင်စာအုပ်ပေါင်း၁၃အုပ်ကျော်ကိုရေးသားခဲ့ပြီး မရေးဖြစ်ဘဲကွယ်လွန်ခဲ့တာ ကြောင့်ရေးရန်စီစဉ်ထားသော ဇတ်ကွက်များ ပျောက်ဆုံးခဲ့ရလေပြီ…။သူရဲ့အကျင့်တခုက စာမရေးခင်ဇတ်ကြောင်း ကိုပြောပြ ဂရန်းရိုင်ရယ်နှင့်ဇိမ်ခံပြီး လန်ဒန်စီးကရက် ကို လက်ဖျား ကမချ အစီ ခံနားကပ်မှ  စီးကရက်တို ကိုထောင်ပြီး သောက်ထားသောဆေး လိပ်အစီခံများ အား စာပွဲပေါ်စီထားလေ့ရှိသည်။  ရိုက်ကွင်းများတွင် ဇတ်လမ်းကို ပေါ်လွင်စေရန် တခါတလေ ရိုက်ကွင်းသို့ဒါရိုက် မှခေါ်သွားလေ့ရှိသည်..။ ရိုက်ရင်း ဇတ်ညွှန်းရေးတာမျိုးလဲရှိပါသည်။ဘာဘဲဖြစ်ဖြစ် ၂ပတ်မှ၃ ပတ်ကျော်အောင်မည်သူမှရိုက်လေ့မရှိပါ စရိတ်များသောကြောင့်ဖြစ်ပေလိမ့်မည်..။တနေ့တွင် ဇတ်ကားရိုက်ရန်အတွက် ချောင်းသာသို့သွားကြလေ၏ ။နာမည်ကြီးမင်းသားလာသောကြောင့်ချောင်းသာတခွင်မင်း သားကိုကြွေးချင်ကြသောကြောင့် အစားအသောက်များမှာပင်လယ်စာတွေနှင့် အလျှံ အပယ်ရှိနေကြပါသည် မင်းသား၏မိန်းမမှ မစားခိုင်း သဖြင့်ဇတ်ပို့ များမှ ပိုက်ခွေးနမ်းတဲ့အထိပျော်ရွှင်နေကြလေသည်။၎င်း တို့အထဲတွင် အစီအစဉ်ရှိနေသူ ဟာသဇတ်ပို့များမှာစိတ်ကြိုုက် အရက်နှင့်ပင်လယ်စာတို့ကို အားရပါးရလွေးကြလေသည် […]


weiweiDecember 7, 20101min010
ဟိုးရှေးရှေးတုန်းက မြန်မာနိုင်ငံရဲ့မြို့တော် ရန်ကုန်မြို့လို့ ခေါ်တွင်တုန်းကပေါ့ … ရန်ကုန်မြို့ပေါ်က အဆင့်မြင့်ကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ အင်ဂျင်နီယာ အလုပ်လုပ်နေတဲ့ မမဝေလို့ အများကခေါ်ကြတဲ့ အမျိုးသမီးေချောချောလေးတစ်ယောက် ရှိသတဲ့။ မမဝေက သူ့အလှနဲ့ သူ့ပညာကို မာန်တက်ပြီး ဘယ်ယောက်ျားကိုမှ လူမထင်ပဲ တစ်ကိုယ်တည်း အပျိုကြီးဘဝနဲ့ ခပ်တင်းတင်းပဲနေနေသတဲ့။ သူ့ရဲ့ ဒုက္ခတွေကိုတော့ သူကိုယ်တိုင်ပဲ သိတာပေါ့။ အရာရှိ အင်ဂျင်နီယာမမက တစ်လမှ လစာ (တစ်သောင်းကျပ်)ပဲ ရရှာတာလေ … (၅) ပါးသီလကို ဘောင်းဘီဝတ်သလိုမြဲတဲ့သူဆိုတော့ တစ်ပြားတစ်ချပ်မှ အောက်စိုက်မရှာဘူးတဲ့ … (စက်ရုံထဲမှာက နေ့တိုင်း ဘောင်းဘီဝတ်ရတယ်).. တခြားအလုပ်မှာ စီမံခန့်ခွဲမှုတော်တာတွေကတော့ နားမလည်တဲ့သူတွေကိုရှင်းပြရင် အပိုဖြစ်နေမှာစိုးလို့ လစဉ်အသုံးစရိတ် စီမံခန့်ခွဲပုံလေးကိုပဲ ပြောပြတာပေါ့ကွယ် .. လစဉ် နယ်မှာနေတဲ့ မိဘ နှစ်ပါးကို […]

numbers.jpg

ဟိုးတလောက ရွာထဲမှာ နှစ်လုံးတွေ သုံးလုံးတွေ ခေတ်ထနေလို့ ဘိုးတော်ကြောင်ကြီးလည်း ဝင်ပြီးဖောရှော ပါရစေ။ ဘိုးတော်လို့ အစကထဲက ပြောထားတော့ နလပိန်းတုန်း သာမန်လူတွေလို ချဲထိုးချဲပေါက် ဒိုင်လျော်ဒိုင်ပြေးတွေ အကြောင်းပြောမှာ မဟုတ်ပါဘူး။ ဘိုးတော်ကြောင်ကြီးရဲ့ သမထ တန်ခိုးနဲ့ မက်တဲ့အိမ်မက်လေးကို သမုဒ္ဒရာ ဝမ်းတထွာအတွက် မမောနိုင်မပန်းနိုင် လှုပ်ရှားရုန်းကန် နေရတဲ့ သားတော်သမီးတော်များ အတွက် ပေးမှာပါ။ အိမ်မက်လေးက ဒီလိုပါ…… တနေ့ အိပ်မောကျစဉ် နတ်ပြည်ကို စိတ်ဇောကျ သွားမိပါတယ်။ နတ်မင်းကြီးက ကျနော်တို့ ချစ်စနိုးနဲ့ ခေါ်နေကြတဲ့ သဂျီးမင်း ဆိုသူပါ၊ အပါးတော်မြဲ အရာရှိချုပ်က လက်သံပြောင် ငပွကြီး ဆူးနတ်သမီး၊ စားတော်ကဲနတ်သမီးကတော့ ဟင်းချက်စာအုပ်ကိုဖတ်ပြီး ဆရာကြီးတဆူ လုပ်လေ့ရှိတဲ့ အန်တီဝေ ဖြစ်ပါတယ်။ နတ်မင်းဆီ အဝင်အထွက် […]


manawphyulayDecember 4, 20101min02
မနော ပုံပြင်လေးတစ်ပုဒ်ပြောပါရစေ………. ဒီပုံပြင်မှာ ရည်ရွယ်ချက် ရှိပါသည်။ လူဆိုတာ တစ်ယောက်ထည်း နေလို့ မရဘူး။ အသိုင်းအဝိုင်း၊ အပေါင်းအသင်းနဲ့ နေရတယ်။ အနည်းဆုံး ကိုယ့်မိသားစုနဲ့ ပေါင်းရတယ်။ သင်းရတယ်။ အမြဲတမ်း ထိတွေ့ဆက်ဆံနေရတော့ စိတ်ထဲမှာ အဆင်မပြေမှုတွေ၊ ပြဿနာတွေ၊ အားမလိုအားမရဖြစ်မှုတွေ ရှိနိုင်ပါတယ်။ ဒီပုံပြင်လေးဟာ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား၊ မိဘနဲ့ သားသမီးအကြား၊ ဆရာနဲ့ တပည့်အကြား၊ လင်မယား နှစ်ယောက်အကြား၊ သူငယ်ချင်း နှစ်ယောက်အကြားမှာ ထားသင့်ထားအပ်တဲ့ အတွေးတစ်ခုကို ပေးပါလိမ့်မယ်။ ********* တစ်ခါတုန်းက………. အလင်းမရှိဘဲ မှောင်နေတဲ့ အခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်ကလေး (၅)တိုင် ရှိတယ်။ အဲဒီ ဖယောင်းတိုင်တွေမှာ အလင်းကိုယ်စီနဲ့ပေါ့။ ဖယောင်းတိုင် (၅)တိုင်ရဲ့ အလင်းအားကြောင့် မှောင်မည်းနေတဲ့အခန်းဟာ လင်းထိန်နေတော့တယ်။ ဒီအခန်းထဲကို လေပြေပျော့လေး […]

fair-tale.jpg

ခလေးတို့ရေ ရှေးရှေးတုန်းက ချာလီဂေဇက် ဆိုတဲ့ရွာကြီးမှာ ရွှေစလွယ်နဲ့ ငှက်ကြီးတောင်ဓါး ကိုင်ခွင့်ရတဲ့ အမိန့်တော်ရမင်း သူကြီးဦးချားလ် ဆိုသူတဦး စီမံအုပ်ချုပ်တယ်။ နာမည်အရင်းကတော့ ဦးတိုင်ဆိုလား ဦးကွိုင်ဆိုလား၊ ဒါပေမဲ့ ချာလီအိန်ဂျယ်လ် ရုပ်ရှင်ကားထဲမှာ ဘော့စ်ဖြစ်သူ မျက်နှာကို ဘယ်တော့မှ မတွေ့ရသလို သူ့ကိုလည်း ဘယ်သူမှ မမြင်ဘူးကြလို့ ဦးချားရယ်လို့ အမည်တွင်သတဲ့၊ ရွာကိုတည်ထောင်သူ လည်းဖြစ်လို့ ဩဇာတိက္ကမ ပြည်စုံတဲ့အပြင် ဓနငွေကြေးပါ ကြွယ်ဝချမ်းသာလို့ ရွာနီးချုပ်စပ်သာမက ဇမ္ဗူဒီပါတောင်ကျွန်းတခွင် ကျော်ဇောသတင်းကြီး နေတာပေါ့။ ရွာသူရွာသားများအပေါ် ရင်ဝယ်သားသို့မခြား အုပ်ချုုပ်ပြီး ဆုပေးဒဏ်ပေး စနစ်ကျင့်သုံးလို့ မြန်မာပြည် ခေတ်မှီအုပ်ချုပ်ရေးစနစ်ကို ပထမဦးဆုံး တီထွင်သူရယ်လို့ ဝီခီပီးဒီးယား အင်တာနက် စွယ်စုံကျမ်းမှာအသိအမှတ်ပြု ထားရသတဲ့ကွယ်။ သူရဲ့စနစ်အောက်မှာ တရွာလုံးဟာ ငြိမ်ဝပ်ပိပြားပြီး ဗိုင်းကောင်း ကျောက်ဖိလေးများ ဖြစ်နေကြသတဲ့။ […]