ဆူးDecember 3, 20101min07
အသက်အားဖြင့် ၂၁နှစ် အရွယ်ကလေးမလေးပါ။ နာမည်ကတော့ အေးအေး သူနေတဲ့ ဇာတိက မကွေးတိုင်းဒေသကြီးထဲက ရွာလေး တရွာမှာနေတာပါ။ ရွာသွားတဲ့ လမ်းက ကားလမ်းမပေါက်ဘူး စက်ဘီး ဆိုင်ကယ်နဲ့ သွားရပါတယ်။ သူမ ငယ်စဉ် အခု ၂နှစ်ခွဲလောက်မှာ သူ့ဖခင် သေသွားပါတယ်။ သူများ အသတ်ခံရတာပါ။ ရွာက လယ်ယာ စိုက်ပျိုးဖို့.. ဆည်ရေကို အားကိုးရတယ်။ ဆည်ရေ မြောင်းထဲ သွယ်တာ သူသူ ငါငါ လုရင်းနဲ့ ထိုးကြိတ်ရင်း နီးစပ်ရာ ဓါးနဲ့ အခုတ်ခံရလို့.. သေသွားခဲ့တာပါ။ သူ့ မှာ မောင်နှမ ၈ယောက် ရှိတယ် သူ့အောက်မှာ အငယ် နှစ်ယောက် ရှိတယ် အငယ်ဆုံး ကလေးက ဗိုက်ထဲမှာ ရှိတဲ့ အချိန် သူတို့ […]


စေနDecember 3, 20102min01
မြန်မာရာဇဝင်ကျမ်းဂန်များ၊ ကျောက်စာ၊ ပေစာ၊ ပုရပိုက် မှတ်တမ်းတွေမှာ မွန်လူမျိုး ဖြစ်ကြောင်း အခိုင်အမာ ဖော်ပြထားတဲ့  “ငရမန်ကန်း” ဆိုတဲ့ ပုဂံခေတ်က ပေါ်ထွန်းခဲ့တဲ့ ဥဿာမြို့စားနဲ့ ပတ်သက်လို့ သမိုင်း သီအိုရီသစ် တစ်ရပ်ကို အိန္ဒိယ မဟာမေဒင် သမိုင်း ပညာရှင်များက ပို့စ်မော်ဒန်နည်းနဲ့ တင်ပြလိုက်ပါတယ်။ သူတို့က “င-ရမန်ကန်း” ဆိုတဲ့ ပုဂ္ဂိုလ်ဟာ Mr Rahman Khan ဆိုတဲ့ ဆော်ဒီအာရေဗျ နိုင်ငံက လာရောက်တဲ့ မဟာမေဒင် အာရပ် လူမျိုး တစ်ဦးဖြစ်တယ်လို့ ဒီနေရာမှာ ရေးသားလိုက်တာကို တွေ့ရပါတယ်။ သူတို့က (င=Mr, ရမန်=Rahman, ကန်း=Khan) ဆိုပြီးတော့ အသံထွက် နီးစပ်မှုအရ အဓိပ္ပါယ် ဖွင့်ဆိုတာ ဖြစ်ပါသတဲ့။ အဲဒီ သီအိုရီသစ် ပေါ်ထွက် ခဲ့ပြီးနောက်ပိုင်းမှာတော့ ဘေဂျင်း တက္ကသိုလ်က သမိုင်း […]


manawphyulayDecember 1, 20101min02
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခါနိးကာလ၊ နှစ်ဟောင်းကို စွန့်ခွာပြီး နှစ်သစ်မှာ ခြေမချခင် လမ်းဆုံမှာ ခြေစုံရပ်ပြီး ဆင်ခြင်သုံးသပ်ရပါမယ်။ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းခွင့်ရတာဟာ နှစ်ဟောင်းမှာ ငါ မသေခဲ့လို့ပဲ၊ နှစ်ဟောင်းမှာ မသေခဲ့ပေမဲ့ နှစ်သစ်ကိုရောက်တာနဲ့ ငါ့အသက်တစ်နှစ်ကြီးလာပြီ၊ သေဖို့ တစ်နှစ် ပိုနီးလာပြီ။ နှစ်သစ်ရဲ့ ရက်စွဲတစ်ခုခုမှာ ငါသေချင်သေသွားနိုင်တယ်။ နှစ်ဟောင်းမှာ သေခြင်းတရားကို လွန်မြောက်ခဲ့ပေမဲ့ နှစ်သစ်မှာ လွန်မြောက်ချင်မှ လွန်မြောက်မယ်။ နှစ်ဟောင်းမှာ ငါဘာတွေ လုပ်ခဲ့လဲ။ ငါ့အတွက် ဘာအကျိုးတွေ ခံစားရလဲ။ စဉ်းစားဖို့ လိုလာပြီနော်။ ပြီးတော့ နှစ်သစ်မှာရော အချိန်တွေ ဖြုန်းမှာလား။ အချိန်တွေ သုံးမှာလား။ ကိုယ်လုပ်ချင်တဲ့ အလုပ်၊ ကိုယ်လုပ်သင့်တဲ့ အလုပ်ဆိုတာ မသေခင်ကာလလေးမှာပဲ လုပ်ပိုင်ခွင့်ရှိပါတယ်။ သေပြီးရင် ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ပါဘူး။ ခုလို […]


Good IdeaNovember 30, 20101min05
အကြည်တော်    ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။ ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။ ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။ ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီးဖြတ်တိုက် သွားသည်။ ဒါကိုမြင်သော အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ဝင်ရှုပ်သွားတာပဲ။ အပျိုကြီးအတွေး – တွေ့လား၊ ကြက်မက ကြက်ဖကိုမကြိုက်လို့ သူ့ ကိုယ်သူ အဆုံးစီရင်သွားတာ။ လူပျိုလေးအတွေး – တောက် – ဒီကောင်တော့ တစ်သက်လုံးနေရ ခက်နေတော့မှာပါ။ လူပျိုကြီးအတွေး – ကြက်ဖ ပေမယ့် အတွေးကောင်းရှာတယ်။ ဟို စကားပုံအတိုင်းပေါ့။ တစ်ရက် ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊ တစ် […]


ဆူးNovember 28, 20101min017
သူငယ်ချင်းပြောပြတဲ့ သူအိမ်မှာ အိမ်ဖော်ကိစ္စနဲ့ ပတ်သတ်လို့.. ကြားမိတာလေး မျှဝေလိုက်တယ်။ အိမ်အလုပ်တွေ မနိင်နင်း ဖြစ်လို့ ခေါ်ဖို့ လိုအပ်တာနဲ့.. ပွဲစားကနေ တဆင့်ခေါ်လိုက်တယ် ဆိုပါတော့.. ခေါ်လိုက်တဲ့ ခလေးမလေးက အသက်ကတော့ ၁၂ နှစ် ၁၄ နှစ် ဝန်းကျင်ပေါ့ သူကိုယ်တိုင်လည်း အသက် သေချာ မသိ မရေမရာ နဲ့ ပြောတာ မို့.. ခန့်မှန်းချေပေါ့။ ရန်ကုန်မြို့ကဘဲ နေရာ ကတော့ မေ့သလိုလို တောင် ဖြစ်နေပြီ.. ရန်ကုန် မြို့ အစွန်အဖျား တနေရာရာ ဆိုပါတော့။ အိမ်ဖော် ကောင်မလေးကို ရှာပေးတဲ့ ပွဲစားက နေတဆင့် ခလေးမလေး မိခင်နဲ့ တွေ့ပေးလိုက်တယ်။ ခလေးမလေး မိခင် က ၃လစာ လခ […]


manawphyulayNovember 27, 20101min00
ထွက်ခွာခဲ့ရ ပြုံးမျက်စနဲ့ ကရုဏာမျက်ဝန်း အကြင်နာ သွင်ပြင် အိုင်တီရပ်ဝန်း တိုးတက်စေဟု စိတ်မှာ ရည်မှန်း အပြုံးများနဲ့ ဘီလ်ဂိတ်ရေ….. ၁၉၅၅ တွင် အိုင်တီရပ်ဝန်း အောင်မြင်ရေးအတွက် မွေးဖွားလာသူ ၁၉၇၆ မှ အစပြုလို့ မိုက်ခရိုဆောဖ့်အဖြစ် အမည်ပေးခဲ့ ကြိုးစားမှုနဲ့ ၁၉၈၁ တွင် မိုက်ခရိုဆောဖ့်အတွက် ဦးဆောင်လုပ်ကိုင်ခဲ့သူ အပြိုင်အဆိုင် အထိုးအနှက်တွေကြား အပြုံးမပျက် ကြံ့ကြံ့ခိုင် ကြိုးစားရင်း ဖြတ်သန်းခဲ့တဲ့ နှစ်များအတွင်း အောင်မြင်မှုပေါင်းများစွာနဲ့ ရက်သတ္တပတ်ပေါင်း ၁၇၀ဝ ပတ်ကျော် ကြိုးစားခဲ့တဲ့ ရက်တွေအတွက် ကျွန်မတို့တစ်တွေ မိုက်ခရိုဆောဖ့်ကို သုံးနေသမျှ ကာလပတ်လုံး အမှတ်ရအောင်းမေ့လျှက် ထာဝရနှုတ်ဆက်ခြင်း မဟုတ်ပေမယ့် အိုင်တီရပ်ဝန်းတစ်ခုလုံးကိုယ်စား ကျွန်မပြောချင်တာကတော့ ကျေးဇူးပါပဲ Bill Gates ရေ…. (Bill Gates ကိုမှ […]


ဆူးNovember 25, 20101min016
ပြီးခဲ့တဲ့ အပတ် ပိတ်ရက်မှာ.. နယ်ဘက်ကို သွားပြီး ဆွေမျိုးတွေ ဆီ အလယ်သွားတယ်။ နယ်က အဒေါ်က သူအိမ်နားက မိသားစု အကြောင်း ကြားခဲ့ရတာ စိတ်မကောင်း ဖြစ်လို့ ဒီမှာ ရေးပေးလိုက်တာပါ။ အဒေါ်အိမ်နားက ဦးဖိုးစိန်တို့ မိသားစုက ဆင်းရဲတဲ့ အထဲမှာတော့ မပါဘူး နယ်အနေနဲ့ ဆိုရင်တော့ ပိုက်ဆံရှိတယ် ချမ်းသာကြတယ်လို့ ပြောလို့ရတယ်။ ဦးဖိုးစိန်ကို စောင့်ရှောက်တာကတော့ သူ့ ချွေးမပေါ့.. သားကတော့ ဂျပန်မှာ အလုပ်သွားလုပ်နေတာ မကြာသေးခင်ကမှ အလည်ပြန်လာပြီး မကြာခင် ပြန်လာမယ်လို့ စီစဉ်ထားပါတယ်။ ၁ဝနှစ်အရွယ် ကလေး တယောက်လည်း ရှိတယ်။ တနေ့ ဦးဖိုးစိန် အသည်းအသန် နေမကောင်းဖြစ်တယ်.. ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး.. နာတယ် နာတယ် နဲ့ […]


manawphyulayNovember 25, 20101min09
လောကမှ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြချင်ပါတယ်။ လူတွေရဲ့ ပြောင်းလဲမှု မြန်ဆန်ပုံလေးပေါ့။ ကောင်မလေးတစ်ယောက်ရဲ့အကြောင်းပါ။ သူဟာ လူတွေအားလုံးကို မုန်းနေတယ်။ နောက်ဆုံး သူ့ကိုယ်သူလည်း မုန်းတယ်။ ဘာလို့လဲဆိုတော့ သူဟာ မျက်မမြင်လေးတစ်ယောက်မို့လို့ပေါ့။ ဒါပေမဲ့ သူမ မုန်းတဲ့ထဲမှာ မပါဝင်တာကတော့ သူမရဲ့ချစ်သူ ကောင်လေးတစ်ယောက်ပဲရှိတယ်။ သူ့ချစ်သူဟာ သူ့နားမှာ အမြဲတမ်းနေပေးတယ်လေ။ တစ်နေ့တော့ သူ့ချစ်သူကို ပြောတယ်။ သူသာ ကမ္ဘာလောကကြီးတစ်ခုလုံးကို မြင်ရရင် ရှင့်ကို လက်ထပ်ပါမယ်လို့ ပြောတယ်။ တစ်နေ့မှာ တစ်စုံတစ်ယောက်က သူ့မအတွက် မျက်စိတစ်စုံ လှူဒါန်းခဲ့တယ်။ သူမဟာ ကမ္ဘာလောကကြီးရယ်၊ သူ့ချစ်သူရယ် အရာအားလုံးကို မြင်ခွင့်ရခဲ့ပြီလေ။ သူ့ချစ်သူကောင်လေးက ပြောတယ်။ အခု မင်း မြင်ချင်တဲ့ ကမ္ဘာလောကကကြီးတစ်ခုလုံးကို မြင်ရပြီနော်။ မင်း ငါ့ကို လက်ထပ်မှာလားလို့ […]


manawphyulayNovember 24, 20101min05
စာမေးသော ဆရာသို့ ကျက်စာတွေ မင်းမကျက်ပါလ ကျက်ပါလဲ ညပ်စွာမရပါဟု ခက်ပါလှ တပည့်ရယ် “ဆရာ စိတ်မောပါဘိ ငေါက်သောအခါ မျက်ရည်လည်မိ အော်ခံရတော့ မျက်ရည်ကျရဲ့ မင်း ဘာကြောင့် ညံ့ရတယ်” ဆရာ မေးပြန်တော့ တပည့်ကလေး အဖြေ ထွက်လာတာ “နံနက်ဆို စောစောထရ အလုပ်သွားဖို့ ပြင်ဆင်ရနှင့် ကျောင်းတက်ရက်ရောက်ပြန်တော့ အချိန်ပိုင်းအလုပ်ပြေးရ အလုပ်ရှုပ်လို့ စာမကျက်သာတယ် ခက်ပါတယ် ဆရာရဲ့ ဝမ်းစာအရေး” တဲ့။ မနောဖြူလေး www.manawphyu.net


ဆူးNovember 24, 20102min07
@kai Theravada From Wikipedia, the free encyclopedia Theravada (Pāli: थेरवाद theravāda, Sanskrit: स्थविरवाद sthaviravāda); literally, “the Teaching of the Elders” or “the Ancient Teaching”, is the oldest surviving Buddhist school. It was founded in India. It is relatively conservative, and generally closest to early Buddhism,[1] and for many centuries has been the predominant religion of […]


ဆူးNovember 23, 20101min013
မြန်မာတွေဟာ ကမာ္ဘမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ??? မေတ္တာရှင် – ငါ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက – မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမာ္ဘမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။ သန်း – ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။ မေတ္တာရှင် – အကျဉ်းချုပ် ဖြေလိုက်တာက […]


weiweiNovember 22, 20101min04
အိမတို့မိသားစု … အိမတို့မိသားစုအကြောင်းရေးဖြစ်တဲ့ စိတ်ကူးကတော့ တယ်ရီယာခွေးမွေးတဲ့သူတွေအတွက် သိသင့်သိထိုက်တာလေးတွေကို ဗဟုသုတအနေနဲ့ ပြောပြချင်တဲ့ စေတနာကြောင့်ပါ။ ခွေးကလေးတွေ ၂ လ သားအရွယ်မှာတော့ သူတို့အတွက် ရောဂါကာကွယ်ဆေးထိုးရပါတယ်။ အဲဒီဆေးက အဓိက ကျောက်ရောဂါနဲ့ သွေးဝမ်းသွားရောဂါကိုကာကွယ်တဲ့ဆေးပါ။ ဈေးကြီးတာကိုတော့ အမှတ်ရနေပေမယ့် ဘယ်လောက်ပေးရလဲဆိုတာတော့ မမှတ်မိတော့ပါ။ ခွေးလေးတွေက ၆ ကောင်တောင်ဆိုတော့ ဆရာဝန်ကိုပဲ အိမ်ကိုပင့်ပြီး ကာကွယ်ဆေးထိုးရပါတယ်။ ခွေးဆေးထိုးရတာ သိပ်လွယ်ပါတယ် … ချိုင်းနေရာကနေ မြှောက်ထားပေးရုံပါပဲ … ဆရာဝန်က ခြေထောက်ကိုကိုင်ပြီး ဆေးထိုးလိုက်တယ် … အော်တော့အော်တယ် … ဆေးကလဲ နဲနဲတော့ပြင်းတယ် … သူတို့တွေ တစ်ရက်လောက် ခွေသွားကြပါတယ်။ အဲဒီအရွယ်မှာ သူတို့သွားလေးတွေက ချွန်ထက်နေပါတယ်။ တွေ့ကရာကို အကုန်ကိုက်ပါတယ်။ ကစားတာလဲ အလွန်အကျွံပဲ … […]


manawphyulayNovember 21, 20101min00
ခုတစ်လော စိတ်ညစ်နေတာကို ပျော်အောင် ဖျောက်ရင်း ကျောင်းတုန်းက သူငယ်ချင်းတွေကို သတိရနေမိတယ်။ နင်တို့ကရော ငါကို သတိမှရသေးရဲ့လား။ ကျောင်းတက်ခဲ့စဉ် လေးနှစ်အတွင်း ငါလေ ပျော်ရွှင်မှုဆိုတာ ဘာလဲလို့ ခံစားခဲ့ရတယ်သိလား။ ငါ့မှာ ငါ့အပေါ်အရမ်းကောင်းတဲ့ သူငယ်ချင်းတွေလို မောင်နှမတွေလို ဆက်ဆံတဲ့သူတွေနဲ့ တွေ့ခဲ့ရတယ်။ အဲဒီအချိန်တုန်းက ငါလေ နောင်တစ်ချိန်မှာ ဒီလိုဘဝကို ပြန်မရတော့ဘူးဆိုတာ သဘောပေါက်မိခဲ့ပါတယ်ဟာ။ ခုတော့ ကျောင်းကြီးကိုလည်း လွမ်းတယ်။ နင်တို့ကိုလည်း သတိရတယ်။ ငါ့အပေါ်မှာ ကျောင်းပြီးတဲ့အထိ ကလေးတစ်ယောက်လို နင်တို့ မြင်နေတုန်းနော်။ ဟော ဟိုတစ်လောက ထပ်တွေ့ကြတော့ နင်တို့က ငါ့ကို ပြောတယ်။ နင် ခုထိ လူကြီးမဖြစ်သေးပါလားတဲ့။ ဟွန်း ငါ တော်တော် စိတ်တိုသွားတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ တွေ့တဲ့လူတိုင်းက ငါ့ကို […]