manawphyulayNovember 21, 20101min00
တန်ဆောင်မုန်းလသည် မြန်မာလများမှာ ရှစ်လမြောက်ဖြစ်ပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ကျရောက်ပါတယ်။ ဒီလမှာ ကထိန်အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ကြာသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ရှင်မာလဲပွဲတော်တို့ကို ကျင်းပတဲ့ တန်ဆောင်မုန်းလဆိုလည်း မမှားပါဘူးရှင်။ ကထိန်လို့ဆိုတဲ့နေရာမှာ သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ ခင်းခြင်း စတဲ့ ကထိန်မှုနှင့် စပ်ဆိုင်တဲ့အရာအားလုံးကို ခြုံငုံပြီး သုံးစွဲတဲ့ ဝေါဟာရတစ်မျိုးဖြစ်ပါတယ်။ ကထိန်သင်္ကန်းအလှူဟာ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ကြိမ်သာ အချိန်အခါနှင့် ပြုရသော ကာလဒါနဖြစ်ပါတယ်။ ကထိန်ပွဲတော်ကို ပုဂ္ဂလိက ကထိန်ပွဲ၊ ဘုံကထိန်ပွဲနှင့် ပစ္စည်းရှင်တစ်ဦးက မတည်ဦးစီးပြီး လူအများစုက ဝိုင်းဝန်းကူညီလှူဒါန်းသော ကထိန်လို့ခေါ်ဆိုပြီး ကျင်းပလေ့ရှိကြပါတယ်။ မြန်မာများရဲ့ ချစ်စရာ ဓလေ့ အလှူဒါနပြုတဲ့ပွဲလို့ ပြောလို့ရတာပေါ့။ ဒီလို လှူဒါန်းခြင်းဟာ မြို့ရွာနယ်ပယ်ဒေသအသီးသီးမှာ ပြုလုပ်လေ့ရှိကြပါတယ်။ တန်ဆောင်တိုင်ဆိုရင် […]


manawphyulayNovember 20, 20101min02
အမေ မွေးစဉ်က ကလေးသာသာမို့ လူ့ပြည်မှာ ပထမ သုညက စခဲ့ရာ လူသားမှန် အရွယ်ရင့်ကာမှ ကြာမြင့်ချိန် တာရှည်ခဲ့ပေါ့ ကြီးခဲ့ရပြန် လူဟူသည် လူသားအတွက်ပေပေါ့ လူဟူသည် လူအများအတွက်ပေမို့ ကိုယ့်တွက်သာ ဘယ်မဟုတ်လေဟု လူ့သရုပ်ပီပြင်စွာ ထင်လာခဲ့ စိတ်အတွေး လှုပ်ရှားရုန်းကန် ဘဝလှိုင်းဒဏ်အကြား ချော်လဲတစ်ခါ ပြန်ထ တစ်လှည့် ဖြတ်သန်းခဲ့ရ ဒီလူ့ဘောင်တွင် ရှုံးတစ်ခါ နိုင်တစ်လှည့် သံသရာကို ရှည်စေခဲ့ ဆိုးကောင်း အတူမြဲပါလို့ ဒွန်တွဲလာ သင်္ခါရပေမို့ လူ့ရွာမှာ လူပီသအောင် အားတင်းကာ ကြိုးစားနေဆဲ…..


weiweiNovember 20, 20101min09
အိမတို့မိသားစုကို မနေ့ကပဲ နံမည်တွေနဲ့တကွ မိတ်ဆက်ခဲ့ပြီးပါပြီ … ဒီနေ့တော့ သူတို့ရဲ့ကလေးဘဝအကြောင်း ပြောပြချင်သေးတယ် … အငယ်ဆုံးကလေးလေး မေဆဲဗင်းကတော့ အရမ်းသေးညှက်နေပြီး တစ်ရက်ပဲ အသက်ရှင်ပြီး သေသွားပါတယ်။ စကားမစပ် တစ်ခုပြောပြချင်တာက တယ်ရီယာခွေးမတစ်ကောင်ရဲ့ ကိုယ်ဝန်ဆောင်ကာလက ၂ လမပြည့်တာကို ကျွန်မတို့ သတိထားမိပါတယ်။ ကြောင်မနဲ့ ခွေးမမှာ ကြောင်မတွေက ခွေးမတွေထက် ကိုယ်ဝန်ဆောင်ချိန်ပိုကြာပါတယ်။ ကလေး ၆ ယောက်နဲ့ အိမနဲ့ကို ကျွန်မညီမက သူ့အိပ်ခန်းထောင့်မှာ ခြင်ထောင်တစ်ခုချုပ်ပြီး ထည့်သိပ်ပါတယ် … ခွေးကလေးတွေရဲ့နှာခေါင်းကို ခြင်ကိုက်ရင် သေတတ်တယ်လို့ သူများပြောတာ ကြားဖူးလို့ပါ … ၄ – ၅ ရက်သားလောက်ကြာတော့ ကလေးများတဲ့အိမခဗျာ နို့တိုက်လို့မနိုင်ဖြစ်နေတာကို တွေ့မိတယ် … အဲဒါနဲ့ ဈေးထဲသွားပြီး ကလေးစို့တဲ့နို့ဗူးရယ် နို့မုန့်ရယ်သွားဝယ်လိုက်တယ် […]


weiweiNovember 19, 20101min013
စိတ်လှုပ်ရှားခဲ့ရသော အမှတ်တရနေ့တစ်နေ့ … အဲဒီနေ့ကတော့ ကျွန်မတို့ မောင်နှမ ၃ ယောက်လုံး ကျောင်းပိတ်လို့ အိမ်မှာရှိနေကြတယ့်အချိန်ပေါ့ … ဇန်နဝါရီလ ၁၁ ရက်နေ့ … ကျွန်မတို့ မိသားစုအားလုံးရဲ့အချစ်တော် ခွေးမလေး (တယ်ရီယာ အဖြူရောင်လေးပါ) ပထမဆုံးအကြိမ် ကလေးမွေးပါတယ် … ညသန်းခေါင်ကျော်မှာ စမွေးတယ် … ကျွန်မတို့ မိသားစုအားလုံး သူ့နားမှာ ဝိုင်းပြီး အားပေးနေကြတယ် … ပထမဆုံးသက်ဦးကလေးကို စမွေးလိုက်ပါတယ် … ချောကလက်ရောင်နဲ့ နှာကြားအဖြူလေးနဲ့ ချစ်စရာအရမ်းကောင်းတဲ့ ခွေးမလေး … သူ့ကို မေဝမ်း လို့ နံမည်ပေးလိုက်တယ် … ပြီးတော့ မဲတဲတဲကောင်လေးတစ်ကောင် … အထီးလေးမို့ ကိုတူး … ချောကလက်ရောင်အမလေးတစ်ယောက်ထပ်မွေးလာပြန်တယ် … သူကတော့ မေသုံး […]


Minn ZinNovember 19, 20101min00
အင်း… ရဝတတွေမကောင်းကြောင်းအခုတစ်လော တော်တော်ကြားနေရတယ်… ရဝတ တွေအားလုံးက ဒီလိုပါပဲ… ကျွန်တော့်ဇာတိမြို့မှာ ကျွန်တော်နေတဲ့ ရပ်ကွက်ရဲ့ ရပ်ကွက်လူကြီးက မုဒိန်းမှုနဲ့ ထောင်ကထွက်လာတဲ့သူ… စဉ်းစားသာကြည့်တော့ အရပ်ကတို့ရေ… ဘယ်မှာများလူစိတ်ရှိပါ့မလဲလို့… ပြီးတော့ ဘွဲ့ရပညာတက်တွေမဟုတ်ကြပါဘူး… ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိပဲ.. အထက်ကခိုင်းတာလုပ်.. ဆက်ကြေးကောက်.. ဒီနေရာလေးရထားတာကို အဟုတ်ကြီးမှတ်နေတဲ့ သူတွေများပါတယ်… အမေစုကိုလွှတ်ပေးတယ်ဆိုတာလည်း… သူတို့တွေက ချွေးသိပ်တဲ့သဘောလို့ထင်တယ်…. ရွေးကောက်ပွဲရလဒ်ကို မကျေနပ်လို့  နို်င်ငံတကာအစိုးရတွေနဲ့ မြန်မာပြည်သူတွေ ပူညံပူညံဖြစ်နေတဲ့အချိန်မှာ  အမေစုဘက်ကိုအာရုံပြောင်းသွားအောင်လုပ်လိုက်တာပါ… ပြီးတော့သူတို့က ရွေးကောက်ပွဲရလဒ်နဲ့ ပါတီတွေကိုသွေးခွဲထားတယ်လေ.. ဥပမာ.. NDF ကိုတစ်ချို့နေရာမှာ အနိုင်ပေးပြီး တစ်ချို့နေရာမှာရှုံးထားတော့ ရှုံးတဲ့သူက ပူညံပူညံလုပ်ပေမယ့်… နိုင်တဲ့သူကတော့ နှုတ်ပိတ်နေတာပေါ့.. တကယ်လို့ ဒီရလဒ်ကိုမကျေနပ်လို့ လက်မှတ်မထိုးဘူးဆိုရင် နိုင်တဲ့သူရော ရှုံးတဲ့သူရော အားလုံးမထိုးသင့်ပါဘူး… လူညီရင်ရပါတယ်… အမေစုလုံခြုံရေးအတွက်ကတော့ စိုးရိမ်နေရတုန်းပါပဲ… ကျွန်တော့်အမြင်ကိုပြောမယ်နော်… အမေစုပြည်သူတွေကြားထဲကို […]


naywoon niNovember 17, 20101min013
ကျွန်တော်ဒီလောကထဲကိုရောက်တော့ဆေးနဲ့တွေနဲ့မူးဝေနေခဲ့တာ…။ပြီးတော့စက်သံတွေကလည်းတစ်ဂျုံးဂျုံးတစဂျုင်းဂျိုင်းနဲ့……… ကျွန်တော်တို့တွေကိုစုစည်းနှောင်ဖွဲ့ပြီးတစ်ထုပ်စီတစ်ထုပ်စီရေးတွက်ပြီးသေတ္တာတွေထဲထည့်ခံရပါတယ်…။အဲဒိအချိန်ထိကျွန်တော်ဟာဘာကောင်မှန်း မသိခဲ့သေးပါဘူး..။နောက်တော့ရွှေ့လျားနေတဲ့စက်တွေပေါ်ပါလာခဲ့ပြီးစားပွဲတစ်လုံးပေါ်ကိုသွန်ချခံလိုက်ရပါတောတယ်..။ အဲ့ဒိနောက်တော့…. “ပါကင်တွေဖြည်ကွာ” ဆိုတဲ့အသံနဲ့ကျွန်တော်တို့ကိုစုစည်းနှောင်ဖွဲ့ထားတဲ့ကြိုးတွေကိုဖြေပစ်လိုက်ပြီးတစ်ခုနဲ့တစ်ခုမကပ်အောင်ဆွဲပွတ်ပြီးရေတွက်ချင်းခံရပါတယ်..။ ကျွန်တော့အလှည့်မရောက်ခင်မှာပဲရေတွက်နေသူရဲ့လိုအပ်ချက်ပြည့်သွားပြီးတစ်စုံတစ်ယောက်ကိုပေးလိုက်ပါတယ်..။ကျွန်တော်လည်းလောကကကြီးကိုမျက် ဝါးထင်ထင်ပထမဆုံးတွေ့လိုက်ရတဲ့အချိန်ပါ…။ကျွန်တော့ရှေ့ကကောင်တွေကတော့မုတ်ဆိတ်နှုတ်ခမ်းမွေးတွေပရပစ်နဲ့ကုလားကြီးဆီပါသွားပါပြီ။ကျွန်တော့ကို လည်းပြုံးပြီးနှုတ်ဆက်သွားကြရဲ့..။အလယ်လောက်ကပါသွားတဲ့ကောင်ကမကြာခင်မှာပြန်ဆုံမယ်လို့အော်သွားတယ်..။ကျွန်တော်တို့တစ်တွေဟာအသက်ဝင်လာ ကတည်းကအမှောင်ထဲမှာနေလာကြတာလေ….။ခုမှအလင်းရောင်ကိုရကြတာပျော်နေတာပေါ့..။ကျွန်တော်လည်းသိပ်မသန့်ပေမဲ့မွန်းကြပ်နေတဲ့အသက်ကိုဝ အောင်ရှူပစ်လိုက်မိတယ်..။ ကောင်တာကလူကကျွန်တော့တို့ကိုမရေတွက်တော့ပြန်ဘူး..။ကျွန်တော့်ထက်ကြီးတဲ့ကောင်တွေဖက်လှည့်သွားပြန်တယ်..။ဘယ်ရောက်ရောက်ကွာငါက အပေါ်ဆုံးရောက်နေတာမှိန်းလိုက်ဦးမယ်ဆိုပြီးဘာမှမတွေးမိအောင်နေပြီးငိုက်လိုက်ပါတော့တယ်..။ “ငါးသောင်းနဲ့သုံးရာနော်…တစ်ရာတန်ကတော့မရှိဘူးအမကြီးရေ…အမကတစ်ရာပေးကျွန်တော်လေးရာပေးလိုက်မယ်” “နေနေမောင်လေး….နှစ်ရာပဲပေးတော့..မင်းကွမ်းဖိုး…” “ရော့…အမ..ကျေးဇူးပဲ” ငိုက်နေတဲ့ကျွန်တော်လက်နဲ့ကိုင်တွယ်ခြင်းခံရပြီးလန့်နိုးလာပါတော့တယ်…။ငိုက်ကောင်းခြင်းမငိုက်ရလို့နဲနဲတော့ကျွဲမြီးတိုလိုက်ပါသေးတယ်..။ဒါပေမဲ့ ကျွန်တော့ဘဝမှာအဲဒါနောက်ဆုံးငိုက်လိုက်ရခြင်းပါပဲ..။ ကျွန်တော်လည်းအမျိုးသမီးကြီးနောက်ပါသွားတာပေါ့…သူအိတ်ထဲကိုကျန်တဲ့အရွက်တွေထည့်လိုက်ပြီးတော့ကျွန်တော့ကိုလက်ထဲမှာကိုင်ပြီးကောင်တာ ရှေ့ကထွက်သွားပါတော့တယ်..။ရှေ့ရောက်တော့ဆိုက္ကားစီးဦးမလားလို့မေးသံကြားလိုက်ရပြီး….. “အေး……ရော့..အမကိုဈေးလိုက်ပို့” ဆိုပြီးကျွန်တော့ကိုဆိုက္ကားသမားလက်ထဲထိုးထည့်လိုက်ပါတော့တယ်…။ဆိုက္ကားသမားကကျွန်တော့ကိုသေချာခေါက်ရိုးကျိုးသွားအောင်လက်နဲ့ဖိခေါက် လိုက်တာဟာကျွန်တော့်ခါးရိုးတွေ ဖျိုး ဖျိုးဖြစ်ဖြစ်မည်သွားပါတော့တယ်..။နောက်ကျွန်တော့ကိုသူအကျီ င်္အိတ်ထဲထည့်လိုက်ပြီးဆိုက္ကားကိုနင်းပါတော့တယ်…….။ ကျွန်တော်ဘာလဲစဉ်းစားရပါပြီ..။ခုတင်ပဲလူသုံးယောက်လက်ထဲပြောင်းသွားရပြီ..။နောက်ဘယ်နှစ်ယောက်ပြောင်းဦးမှာလဲ? ခါးလည်းကျိုးခဲ့ပြီ အဲဒိနေ့ကကျွန်တော်ဟာကိုယ်ကိုကိုယ်နှစ်ရာတန်ကြောင်း…ကျွန်တော်ထက်တန်ဘိုးကြီးတဲ့ကောင်တွေကငါးရာတန်းနဲ့ တစ်ထောင်တန်တို့ရှိသေးကြောင်းသိလိုက်ရပါတယ်။အဲဒိအချိန်ကငါးထောင်တန်မပေါ်သေးပါ..။ ကျွန်တော်ဟာတစ်နေကုန်ဆိုက္ကားသမားအိတ်ထဲမှာနေရပါတယ်..။သူ့အိတ်ထဲမှာငါးရာတန်တစ်ရွက်နဲ့တစ်ရာတန်လေးရွက်လည်းရှိသေးတယ်..။ ငါးဆယ်တန်တစ်ရွက်ကတော့ညည်းညူနေတာပဲ..။သူ့ပုံကအဖိုးကြီးပုံပေါက်နေပြီ..။ဒဏ်ရာတွေဗလပွနဲ့ပလာစတာတွေလည်းကပ်ထားသေးတယ်..။ငါးရာတန် ကတော့သိပ်အရောတစ်ဝင်မရှိလှဘူး..။ခပ်တည်တည်ပဲ..။အဲတစ်ရာတန်လေးရွက်ကတော့ဆူညံနေအောင်စကားတွေဖောင်ဖွဲနေကြတယ်..။သူတို့ရဲ့………… အတွေ့အကြုံတွေကိုပြောနေလိုက်ကြတာယုံနိုင်စရာတောင်မရှိဘူး..။တော်တော်ဆိုးတဲ့လူတွေ..။ကျွန်တော်တို့ရဲ့ကိုယ်ပိုင်နံပါတ်တွေပွတ်ကြည့်ပြီးဖဲရိုက်ကြသတဲ့..။ ပြီးတော့ငါးရောင်းတဲ့ငါးစိမ်းသည်ဆီရောက်တော့ငါးဘန်းအောက်ခြေကဖက်ရွက်အောက်ထဲထိုးထည့်တာခံရသတဲ့..။ငါးရေတွေထဲနစ်နေတာတစ်မနက်လုံးပဲတဲ့..။ ကွမ်းယာဆိုင်ရောက်ဖူးတဲ့တစ်ရာတန်ကလည်းအားကျမခံ”မင်းတို့ကဒီလောက်ပဲကြုံဖူးတာလား…ငါကမှကွမ်းယာဆိုင်ကထုံးအိုးထဲကျတာဆရာ…တစ်ကိုယ်လုံးက ိုဖွေးလို့..။အဲဒါဆိုင်ရှင်ကရေဆေးပြီးတစ်နေကုန်နေလှမ်းထားတာ………ကိုယ်ပေါ်ကိုလည်းကျောက်ခဲနဲ့ဖိထားသေးတယ်..ပြီးတော့ဆောင်းတွင်းကြီးဗျာ…”အဲဒိမှာ.. တစ်ရာတန်တစ်ရွက်ကကျန်တဲ့တစ်ရွက်ကိုတိုးတိုးလေးပြောလိုက်တာသူတိုနှစ်ရွက်ကြိတ်ရယ်နေကြပါရော……ဘာလဲမေးတော့လည်းတော်တော်နဲ့မပြောကြဘူး..။ ပြောရတာလည်းမကောင်းပါဘူး..။ညကသူတို့ိုမိန်းမပေါ့နှစ်ယောက်ကသူတို့ရင်သားထဲထိုးတည့်ခံလိုက်ရတဲ့အကြောင်းပြောနေတာ…။ဒီကြားထဲငါးဆယ်တန်အဖိုးကြီး ကလည်းတစ်မှောက်…။မင်းတို့အများသုံးအိမ်သာကရေကန်ထဲကျဖူးလို့လားတဲ့…။ကလေးတွေပိုက်ဆံထောာင်ပြီးဖိနပ်နဲ့ပစ်တာခံရဖူးလို့လားတဲ့..။မင်းတို့ကအနာ အဆာမရှိသေးတော့ပျော်နေမှာပေါ့…။ငါ့လိုတိတ်ကပ်ထားတဲ့ငါးဆယ်တန်ကတော့မပျော်နိုင်ဘူးတဲ့…..။ဘယ်နေ့လူတွေဆွဲဖြဲပစ်ပြီးလွှင့်ပစ်ခံရမလဲဆိုတာပဲစောင့်နေရ တော့တဲ့အချိန်ရောက်နေပြီ..တဲ့။။။အဲဒိနေ့ကကျွန်တော်ကလူလတ်တန်းစားအသစ်စက်စက်ဆိုတော့တော်တော်လေးပိုက်ဆံရာဝင်ပါတယ်..။ငါးထောင်တန်းတွေလည်း မပေါ်သေးဘူးလေ…။။ကွမ်းယာမှနှစ်ကျပ်ဖိုးသုံးယာခောတ်ကိုး……..အဲဒိလိုဆိုတော့ကျွန်တော့်အသက်ဘယ်လောက်ရှိပြီ လဲတွက်ကြည့်ပေါ့လေ…………လူတွေအနေနဲ့သာအသက်နှစ်ဆယ်ဆိုတာပြဿနာမရှိတာ…ကျွန်တော်တို့မြန်မာပြည်ကပိုက်ဆံအနေနဲ့ကတော့တော်တော်လေး အိုစာနေပါပြီ..။ နေဦးဗျာ…ငယ်ငယ်ကအကြောင်းပြောရတာအာတွေ့တယ်…။ကိုယ်ကအတွေ့အကြုံမရှိ..။ဒုက္ခရောက်ရတာလည်းရှိတာပေါ့..။အဲ့ဒိညကကျွန်တော်တို့တစ်သိုက်ဘယ်.. ရောက်သွားလဲသိလား..?အသုဘအိမ်ကဖဲဝိုင်းဗျ..။ကျွန်တော်ရဲ့ပိုင်ရှင်ဆိုက္ကားသမားကောင်းမှုနဲ့ပေါ့ဗျာ…….။ အဲဒိမှာဘာဖြစ်လဲသိလား..။စောစောကပြောခဲပါတယ်..။ကျွန်တော့ကိုခါးချိုးပစ်တယ်လို့….လေ..။ခုတော့ခါးတင်မဟုတ်တော့ဘူးဗျ..။ဒေါင့်ချိုးထပ်ချိုးပစ်တယ်..။ဒါတင် ်မကသေးဘူးနောက်ထပ်သေးသေးလေးထပ်ချိုးပစ်ပြီးတော့..ရှေ့ကိုပစ်ချလိုက်တယ်..။ခုလိုဆောင်းတွင်းကြီးမှာဗျာ..နာကနာ..အော်လိုလဲမရ..နဲ့..။ပြီးတော့ကျွန်တော့ ကိုပစ်ချရင်းပြောလိုက်တဲ့စကားကတော်တော်ခံရခက်တယ်..။ငါးဆယ်တဲ့လေ…..ကိုယ့်ကိုလည်းအချိုးအခေါက်ခံရသေးတယ်..။ ငါးဆယ်လိုလဲအသတ်မှတ်ခံလိုက်ရသေးတယ်..။ကိုယ့်ပိုင်ရှင်ဆိုတော့လည်းရှူံးပါစေလို့ဆုမတောင်းကောင်းပါဘူး..။ကစားနေတာကတွမ်တီဝမ်းဗျ..။ ကျွန်တော့ပေါ်ကနေဖဲချပ်တွေကကျနေတာ..။ဘာဖဲလဲကျွန်တော်က အရင်ဆုံးမြင်ရတာ…တစ်ဖဲရယ်ဂျက်ဖဲရယ်…။ကျွန်တော်ပျော်သွားတာပေါ့..။သခင်နိုင်ဖို့သေချာနေပြီ..ဟုတ်ပါတယ်..။နိုင်လိုက်တယ်..။နှစ်လှည့်သုံးလှည့်……………… ကျွန်တော့ကိုဝိုင်းထဲကမထုတ်သေးဘူး..။နောက်ကျွန်တော့ထက်အသက်ကြီးတဲ့နှစ်ရာတန်နှစ်ရွက်ရတော့မှ……လပ်ကီးလေးဆိုပြီးကကျွန်တော့ကိုနမ်းလိုက်သေးတယ်….. ကျွန်တော့ကိုလည်းသူအိတ်ထဲပြန်သိမ်းလိုက်ပါတယ်..။စောစောကချိုးထားခေါက်ထားတာတွေပြန်မဖြေပါဘူး..။ဒါပေမဲ့အပြင်မှာအေးလွန်းလို့နွေးထွေးတဲ့သူ့အိတ်ထဲပြန် […]


weiweiNovember 16, 20101min013
ကိုကြောင်ကြီးရေးလိုက်တဲ့ မပြောင်းလဲရင် ဖောင်းဆိုတာနဲ့ ကွန်မန့်တွေဖတ်မိပြီး တွေးစရာတွေပေါ်လာပါတယ်။ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတချို့ကို ပြောပြချင်စိတ် ပေါ်လာတာနဲ့ အခုလို ချရေးလိုက်ပါတယ်။ ကျွန်မတို့ ဗမာလူမျိုးဆိုတာ အရမ်းအားနာတတ်တယ်လို့ လူတိုင်းလဲပြောကြတယ်။ လက်လဲ လက်ခံကြပါတယ်။ ဒါပေမယ့် နိုင်ငံရပ်ခြားကိုရောက်ပြီး နိုင်ငံပေါင်းစုံကလူတွေနဲ့ သူငယ်ချင်းဖြစ်ပြီးတဲ့အခါမှာတော့ အားနာတယ်ဆိုတာ ဘာလဲဆိုတာကို စဉ်းစားစရာပေါ်လာပါတော့တယ်။ တရုတ်မိသားစုတစ်ခုက ကျွန်မတို့ ဗမာလူမျိုး ၄ ယောက်ကို ခင်လို့ သူတို့အိမ်မှာ ထမင်းစားဖိတ်ပါတယ်။ ကျွန်မတို့ကလဲ ရောက်ခါစဆိုတော့ ဘာမှနားမလည်ပါဘူး။ စိတ်ထဲကတော့ အရမ်းအားနာပေမယ့် မသွားရင် မကောင်းဘူးလို့တွေးပြီး သွားစားကြပါတယ်။ လက်ဗလာနဲ့ ဒီအတိုင်းသွားမိပါတယ်။ စားပြီးတော့ စကားတွေပြောဆိုပြီး နှုတ်ဆက်ပြန်လာကြပါတယ်။ အဲဒီတရုတ်မိသားစုက တရုတ်မက ကျွန်မနဲ့ပိုရင်းနှီးလာတော့ ကျွန်မကိုပြောပါတယ်။ နောက်ဆို သူများအိမ်ဧည့်သည်သွားလုပ်ရင် လက်ဆောင်ဝယ်သွားပါတဲ့။ အနဲဆုံး သစ်သီးလေက်တော့ ဝယ်သွားရမယ်တဲ့။ […]


naywoon niNovember 12, 20101min029
လွန်ခဲ့တဲ့သုံးနှစ်လောက်ကပေါ့..။ ကျွန်တော်နဲ့ကျောင်းအတူနေခဲ့/ ပေခဲ့ဖူးတဲ့သူငယ်ချင်းက ရွာတစ်ရွာကအလှူသွားဖို့ခေါ်ပါတယ်..။ သူတစ်ယောက်ထဲဖြစ်နေလို့အဖေါ်ခေါ်တာပါ..။ ရွာကမြို့နဲ့သုံးမိုင်ကျော်လောက်ပဲရှိတာမို့ စက်ဘီးနဲ့ပဲစောစောသွားပြီးစောစောပြန်လာကြဖို့သဘောတူလိုက်ပါတယ်..။ အဲအလှူသွားမဲ့မနက်ရောက်တော့မြန်မာစော နေထွက်ဆိုသလိုပါပဲ ခုနှစ်နာရီခွဲလောက်မှသွားဖို့အဆင်သင့်ဖြစ်ပါတယ်။ “ဟေ့..အလှူသွားမှာပိုက်ပိုက်လေးဘာလေးကောထည့်ခဲ့ရဲ့လား” ကျွန်တော်ကအကြောင်းသိနေလို့သတိပေးလိုက်တာပါ.။ ကျွန်တော်မှာတော့အိတ်ထဲအစောင့်ထည့်ထားတဲ့ ငွေ2500လောက်ပဲ ပါတာမို့စိုးရိမ်ကြီးမေးလိုက်တာပါ..။ ကိုယ့်ကောင်အ ကြောင်းကိုယ်သိတာလည်းပါတာမို့ပါ..။ သူကဒီမြို့နဲ့အဆက်အသွယ်ပြတ်နေတာကြာပြီ.။ ဒီမြို့နယ်ဘက်တွေမှာထွန်းကားနေတဲ့ယဉ်ကျေးမှုကိုသူမသိလောက်သေးဘူး..။ ပြန်ရောက်တာပဲသုံးလေးရက်လောက်ရှိသေးတာ..။ ဒီတော့အခြားသူဆိုရင်လိုက်ဖို့ငြင်းလိုက်မဲ့ ကိစ္စကိုအားနာလို့လိုက်လာတာလည်းပါတယ်လေ..။ သူက “ဟ..အလှူသွားမှာလေဟာ!မင်္ဂလာဆောင်မှမဟုတ်တာ” စပြီ..။ ဇာတ်လမ်းကဒီတော့သူအမေဖြစ်တဲ့သူကမနေနိုင်တော့ဘူး။ “ဟဲ့သား..လိုရမယ်ရတော့ထည့်သွားဦးလေ.. ဟိုကျမှစာရင်းစာအုပ်နဲ့တိုးနေလို့………..” “ဟာ…အမေတို့ဆီကလည်း……… ပါပါတယ်ဗျာ..ဒီကောင်ကို့စချင်လို့..” သူကဒီအလှူကိုသွားတာအကြောင်းကလည်းရှိကိုး..။ မသွားရင်လည်းဖြစ်သွားရင်လည်းဖြစ်ပေမဲ့ သူ့အိမ်ကစကားကိုမပယ်ရှားချင်သူဆိုတော့ ရောက်အောင်သွားရမှာပေါ့…။ ဒီလိုနဲ့ငယ်ကအကြောင်းပြောရင်း စက်ဘီးလမ်းအတိုင်းမှန်မှန်ပဲနင်းသွားကြပါတယ်.။ မကြာပါဘူးအလှူရှိတဲ့ရွာကိုရောက်ပါပြီ.။ အဲဒိမှာသူကအိမ်ကသဘောတူထားတဲ့ကောင်မလေးအိမ်အရင်သွားရမလား။ အလှူကိုပဲအရင်သွားရမလားမေးလာပါတယ်..။ “ကျွှန်တော်ကအလှူလာတာပဲအလှူအရင်သွားပေါ့..။ မင်းကောင်မလေးလည်းအလှူရောက်နေရော့ပေါ့” ဆိုပြီးအလှူရှိရာမဏ္ဍပ်ကိုသွားခဲ့ကြပါတယ်..။ အဲဒိရောက်တော့အလှူရှင်က အိမ်တစ်အိမ်ကိုခေါ်သွားပြီးသီးသန့်ဧည့်ခံပါတယ်..။ ကျွန်တော့မင်းသားကတော့မျက်စေ့သူငယ်နဲ့ပေါ့..။ အလှူမှာကျွေးတဲ့ ထမင်းရုံထဲမခေါ်ပဲနဲ့သီးသန့်ကျွေးတာဆိုတော့ သူ့စိတ်ထဲမှာရှိူးတိုးရှန့်တန့်ဖြစ်နေပုံလည်းရပါတယ်..။ ဘာလို့လည်းဆိုတော့ကျွန်တော်တို့ဟာသူငယ်ချင်း မင်္ဂလာဆောင်အလှူတို့ကလွဲရင် လူတောထဲသိပ်မဝင်ဆန့်တာလည်းပါပါတယ်..။ မရောက်ဖူးဘူးပေါ့ဗျာ..။ ကျွန်တော်ကပဲဦးဆောင်ပြီးသူ့ကိုခေါ်သွားရတာပေါ့..။ အဲဒိမှာဘာတွေ့လိုက်သလဲဆိုတော့ ကလေးတွေဝတ်ကောင်းစားလှလေးတွေဝတ်ပြီး […]


ဆူးNovember 11, 20101min019
လွန်ခဲ့တဲ့ ၃နှစ်လောက်က မှတ်မှတ်ရရ ဆရာတော် တပါးကို သပိတ်လှူတဲ့ အကြောင်းလေးပါ။ ထို ဆရာတော် ကို စပြိး သိခါစ တုန်းက သပိတ်လှူချင် စိတ်ဖြစ်မိတာနဲ့ သပိတ်တလုံး ဝယ်ပြီး လှူမယ်လုပ်တော့ အနီး အနားက ဒကာတွေက ဝိုင်းပြောကြတယ်။ *ဆရာတော်က အကောင်းသုံးတာ နင်လှူတဲ့ အညံ သုံးမှာ မဟုတ်ဘူး လှူတယ် ဆိုတာ လိုအပ်တာ လှူရတယ်။ နင်လှူတာ မလိုအပ်တာ ဆိုရင် အလှူခံရလည်း ဘုန်းကြီးကျောင်းမှာ ဒီတိုင်း အပိုဖြစ်နေမယ်။ တခြား လိုအပ်တာ လှူပါလား။* စိတ်ထဲမှာတော့ သပိတ်ကိုဘဲ လှူချင်စိတ် ရှိတယ်။ နောက် ဒကာ တယောက်က *အခု ဆရာတော် သုံးနေတဲ့ သပိတ်က ဆရာတော် စာသင်သား […]


weiweiNovember 11, 20101min010
ထူးထူးခြားခြားတပည့်တွေအကြောင်းထဲမှာ သူလေးလဲပါတယ်။ ကျွန်မက သူငယ်တန်းကနေ ၉ တန်းအထိ ပတ်ဝန်းကျင်က ကလေးတွေကို စာသင်ပေးတဲ့အချိန်ကပေါ့။ ကလေးလေးတစ်ယောက်ကို သူ့အမေက ခေါ်လာပြီး ကျူရှင်လာအပ်တယ်။ ကလေးလေးက သေးလွန်းလို့ သူငယ်တန်းကလေးလို့ထင်မိတယ်။ ဒါပေမယ့် ကလေးအမေက ကျောင်းဖွင့်ရင် ပထမတန်းတက်ရမှာတဲ့။ သူငယ်တန်းအောင်ပြီးပြီလို့ပြောပါတယ်။ အသက်ဘယ်လောက်လဲလို့မေးကြည့်တော့ ၅ နှစ်ကျော်ပြီး ၆ နှစ်ထဲမှာတဲ့။ ကလေးက ကျန်းမာရေးသိပ်မကောင်းတော့ သေးသေးလေးဖြစ်နေတယ်။ အဲဒါနဲ့ စာစသင်တော့တာပေါ့။ ပထမတန်းစာအုပ်နဲ့လဲ စလိုက်ရော စာတွေကို မဖတ်တတ်တာကို သိလိုက်ရတယ်။ အဲဒါနဲ့ ကကြီး ခခွေးပြန်ဆိုခိုင်းတော့ ဆိုတတ်ပေမယ့် တစ်လုံးချင်းရေးပြီး မေးရင် မသိပါဘူး .. ဝလုံးကိုတောင် သေချာဝိုင်းအောင် မဆွဲတတ်တာကို တွေ့လိုက်ရတယ်။ တစ်ခုခုတော့လွဲနေပြီဆိုပြီး ကလေးအမေကို ခေါ်မေးကြည့်တော့ သူငယ်တန်းတုန်းက သမီးက တချိန်လုံးနေမကောင်းဖြစ်နေလို့ ကျောင်းတက်ရတယ်ကို […]


zinmyotunNovember 10, 20101min08
ဟက်ကော့ သိပ်မကြာသော ကာလတစ်ခုမှာ ကျွန်တော် မြို့ထဲသွားတော့ ဘေးနားမှာ မတ်တပ်ရပ်ရင်း ကောင်မလေး နှစ်ယောက်က သူတို့ဖာသာ စကားပြောနေကြပါသည်။ ထိုရပ်နေသော နေရာဟာ ကားမှတ်တိုင် ဖြစ်သောကြောင့် ကျွန်တော်ကလည်း ရပ်ကာ ဘတ်စ်စောင့်နေပါသည်။ အတော်ကြာသည့် အထိ စီးချင်သော ဘတ်စ်က မလာပါ။ ထိုအချိန်မှာ စိတ်တွေက ဟိုလွင့်ဒီလွင့် တွေးနေရာကနေ အနီးအနားကို သတိလေး ထားလိုက်မိတော့ ထိုကောင်မလေး နှစ်ယောက် ပြောနေတဲ့ စကားတွေက နားထဲကို သူ့ဖာသာ စီးဝင်လာသည်။ အရင်ကလည်း ဝင်နေနိုင်ပေမဲ့ ကျွန်တော် သတိမထားမိတာ ဖြစ်မည်။ “ အဲဒီတော့ ဘာဖြစ်သွားလဲ။ ” “ ဘာမှ မဖြစ်ဘူးလေဟာ . . နင်တို့ ပြန်ဝင်လာတော့ သူက ဆက်မပြောတော့ဘဲ။ […]


zinmyotunNovember 10, 20101min09
ဒီစကားလုံးလေးကတော့ တွယ်ကျယ်ပါသည်။ ဘာမှလည်း အန္တရာယ် ရှိပုံလည်း မရပါ။ သို့သော် . . . မသိ၍ပဲ ဖြစ်ပါသည်။ ဟိုးအရင် ကျွန်တော်လည်း မသိခင်မှာ ဖြစ်ခဲ့ဖူးပါသည်။ ကျွန်တော်တို့ အမျိုးတွေထဲမှာ ကျွန်တော်က တဇောက်ကန်း ၊ အရိုင်းအစိုင်း လူတစ်ယောက် ဆိုတော့ သိပ်ပြီးတော့ ဘယ်သူကိုမှ ဂရုမစိုက်ပါ။ ဒါကြောင့် ဘယ်အမျိုးတွေ ဘာပဲ ပြောနေနေ ၊ ပတ်ဝန်းကျင်က ဘာပဲ ပြောနေနေ သိပ်ပြီးတော့ ဂရုစိုက်လေ့ မရှိပါ။ ကျွန်တော့်ကို အဖေ နဲ့ အမေက လွဲပြီးလည်း ဘယ်သူမှ သိပ်ပြောလို့ မရပါ။ သူတို့ကလည်း တကယ်ကို မပြောချင်ကြပါဘူး။ ကျွန်တော့်ဆီက ပြန်လာမဲ့ ဆင်ခြင်တွေ  ၊ အကြောင်းပြချက်တွေ ၊ […]


erosNovember 8, 20101min06
အခန်း (၁) ထူးဆန်းသော သတ္တဝါ ၁၈၈၆ ခုနှစ်သည် အကြိမ်များစွာသော ပင်လယ်မှ ထူးဆန်း၍လျှို့ဝှက်သော ကိစ္စများဖြင့် မှတ်တမ်းတင်ရသည့် နှစ်ဖြစ်သည်။ များစွာသော နိုင်ငံများမှ သဘောင်္များသည် ပေပေါင်းများစွာရှည်သော “ကြီးမားမည်းနက်သော အရာဝတ္ထု” နှင့် တွေ့ခဲ့ကြ၏။ ထိုအရာသည် သိပ္ပံပညာရှင်များ သိထားသော အခြားသော မည်သည့် အရာထက် မဆို ကြီးမား၏။ထို “အရာဝတ္ထု” သည် ရေအောက်မှ ထူးဆန်းစွာပေါ်ထွက်လာပြီး ပေရာပေါင်းများစွာရှည်သော ရေပန်းကြီးအား ပန်းထုတ်လေ၏။ ထိုအရာအား ဂျူလိုင်လထဲတွင် ဩစတြေးလျ ကမ်းလွန်၌၊ ထို့နောက် မိုင်ပေါင်း ၂၁၀ဝ ထက်ပိုဝေးသော ပစိဖိတ်သမုဒ္ဒရာ တွေ့ခဲ့၏။ နောက်တကြိမ်တွေ့ရမှုသည် နောက်နှစ်ပတ်အကြာ၊ မိုင် ၆၀၀ဝဝေးသော အတ္တလန်တစ်သမုဒ္ဒရာ အလယ်၌ ဖြစ်သည်။ မည်မျှထူးဆန်းသောသတ္တဝါပေတည်း ၎င်းသည် တနေရာမှ […]