etoneJuly 22, 20101min00
စကားတစ်လုံးရဲ့….. ကောင်လေးနဲ့ကောင်မလေး ကငယ်တုန်းကတည်းက သူငယ်ချင်းတွေပေါ့….ရေကန်ဘေးမှာ ပုဇွန်တွေအတူတူသွားဖမ်းကြတယ်… ကောင်လေးအများကြီးရပေမဲ့ ကောင်မလေး တစ်ကောင်မှ မမိခဲ့ဘူး။ ကောင်မလေး ဝမ်းနည်းစွာနဲ့ အိမ်ပြန်လာတယ်… မပျော်နိုင်ဘူး။ ညနေ ကောင်လေးလာရှာတယ်။ ကောင်လေးကိုတွေ့တော့ စိတ်ဆိုးစွာနဲ့ လှည့်ထွက်လာတော့ ကောင်လေးက “sorry ငါနင့်ဖမ်းမဲ့ပုဇွန်တွေကို ငါဖမ်းလိုက်မိတယ်။ ရော့ … ကန်ထဲမှာမွေးထားလိုက်” ကောင်မလေး ပြုံးသွားတယ်။ ဖြူစင်လွန်းတဲ့ sorry ကောင်မလေးစိတ်ဆိုးပြီး ကောင်လေးကအမြဲလိုက်ချော့လိုက်နဲ ့ သူတို့ ကြီးပြင်းလာကြတယ်။ ကောင်မလေးရဲ့ အအော်အငေါက်တွေကို ခံရင်း စလိုက်ချော့လိုက်နဲ့ …. ကောင်လေးအရမ်းကို ချစ်မိနေပြီ…..ကောင်မလေးရဲ့ စက်ဘီးလေကိုလျော့ပြီး ကောင်မလေးနားမှာနေခွင့် ရအောင် ကောင်လေးဖန်တီးခဲ့တယ်…. ကောင်လေးစက်ဘီးလေးကို တွန်းရင်း ကောင်မလေးက ငြီးငြူတယ်…. ဒါနဲ့ ကောင်လေးက “sorry ပါ.. ငါမှားပါတယ်….” ကောင်မလေးက […]


cobraJuly 21, 20101min02
မီးပျက်ချင်း၏အကျိုးကျေးဇူးအချ က်{၂၀} ၁။ကလေးများကိုပျော်ရွှင်စေခြင်း (သတိထားပြီးကြည့်ပါညဖက်မီးလာပြီဆိုရငကလေးတွေတဟေးဟေးနဲ့အော်တာကိုသူငယ်ချင်းတို့မြင်ဖူးပါလိမ့်မယ်။ မီးလာမှန်တဲ့နိုင်ငံက ကလေးတွေဆိုရင်ဒီလိုပျော်ရွှင်မူ့မျိုးကိုရမှာမဟုတ်ပါဘူး) ၂။သဘာဝဘေးအန္တရယ်များဖြစ်ပေါ်လာလျှင်ဓါတ်လိုက်၍မသေဆုံးနိုင်ခြင်း ၃။ဖယောင်းတိုင်လုပ်ငန်းရှင်များအကျိုးစည်းပွားဖြစ်ထွန်းခြင်း ၄။ပြည်ပမှအထူးသဖြင့်တရုပ်ပြည်မှကုန်သည်များကိုအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း(မီးချစ်၊ဓါတ်မီး) ၅။စတိုးဆိုင်ပိုင်ရှင်များကိုအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း။. ၆။မီးစက်မီးပေးသောသူများကိုအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း။ (တချို့သိချင်မှသိပါလိမ့်မယ။်မီးစက်မီးပေးတယ်ဆိုတာမီးချောင်းတချောင်းကို၁၀၀၊၁၅ဝနုန်းနဲ့အိမ်တွေကိုမီးရောင်းတာကိုပြောတာပါ) ၇။လက်ဖက်ရည်ဆိုင်များရောင်းအားကောင်းလာခြင်း ၈။ကျောင်းသားကျောင်းသူများစာတော်စေနှိုင်ချင်း(ဟုတ်တယ်လေမီးမလာတော့TVမကြည့်ပဲစာကြည့်ရတာကို) ၉။မီးစက်နှင့်အပိုပစ္စည်းအရောင်းဆိုင်များပြုပြင်သူများဝင်ငွေဖြောင့်စေခြင်း။ ၁၀။စက်သုံးဆီအရောင်းဆိုင်များ၊စက်သုံးဆီမှောင်ခိုရောင်းသူများအားအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း။ ၁၁။လျှပ်စစ်ဝန်ထမ်းများအားတာဝန်မှသက်သာစေခြင်း။ ၁၂။စက်ရုံအလုပ်ရုံမှဝန်ထမ်းများတခါတရံအလုပ်ပင်ပန်းမှုလျော့ကျစေခြင်း။(မီးလည်းမလာမီးစက်လည်းပျက်တဲ့အခါမှာပေါ့) ၁၃။ဗီစီဒီအခွေငှားဆိုင်များဝင်ငွေတိုးစေခြင်း။(ဒီလိုပါ၊အခွေငှားပြီးမီးပျက်နေလို့၂ရက်ခရတာကိုဆိုလိုတာပါ) ၁၄။အင်ဗာတာအသုံးပြုများသည့်အတွက်batteryအရောင်းဆိုင်များအင်ဗာတာအရောင်းဆိုင်များအရောင်းအဝယ်ကောင်းစေခြင်း။ ၁၅။လျှပ်စစ်ပစ္စည်းပြုပြင်ရေးservic centerများဝင်ငွေကောင်းစေခြင်း။ ၁၆။ထင်းမီးသွေးအရောင်းဆိုင်များရောင်းအားကောင်းလာခြင်း။ ၁၇။ထမင်းဆိုင်များ၊စားသောက်ဆိုင်များများရောင်းအားကောင်းလာခြင်း။ ၁၈။နွေအခါယက်တောင်ထုတ်လုပ်သူများအရောင်းအဝယ်ကောင်းစေခြင်း။ ၁၉။ကလေးသူငယ်များအားကျန်းမာကြံခိုင်စေခြင်း။ (မီးမလာတော့TVတို့Gameတို့မဆော့ရပဲဘောလုံးကန်တာတို့ကြက်တောင်ရိုက်တာတို့ပဲဆော့ရလို့ပါ) ၂၀။တရားအားထုတ်သောလူကြီးသူမများကိုစိတ်တည်ငြိမ်မှု့ရရှိစေခြင်း။ (မလာတော့ဘေးပတ်ဝန်းကျင်ကတီဗီသံကက်ဆက်သံတို့မဆူတော့လို့ပါ) ဟဲဟဲတကယ်တော့မီးမလာရင်ငါလည်းမနေတတ်တာတော့အမှန်ပါပဲ တခုတော့ရှိတယ်တို့ဗမာတွေသတ္တိကအနောက်နိုင်ငံကြီးတွေထက်သာပါတယ်။ တချိုကနိုင်ငံကလူတွေကမီးပျက်ရင်အထိတ်တလန့်အော်တာကိုရုပ်ရှင်ကားတချို့မှာတွေဖူးတယ်။ တို့နိုင်ငံမှမီးပျက်ရင်ကလေးတောင်မအော်ဘူးလေဒါ့ကြောင့်ဗမာတွေသတ္တိရှိတယ်လို့ပြောတာပေါ့။ မီးပျက်တာနဲ့ပက်သက်လို့ကဗျာစပ်ထားတာလေးလည်းရှိသေးတယ်။ ဘဝ ဖုန်ထူနေပူ၊ကြွေးကထူသည် မီးကလည်းပျက်၊ ရေလည်းငတ်၍ ဖုန်းဘေကတတ် ငွေရှာခက်လျှက် လိုင်းကားကကြပ် လမ်းကပျက်ပြီး ချစ်သူကမုန်း ဖဲကရှုံးနှင့် သုံးစားမရတဲ့ဘဝပါလားနော်။


etoneJuly 21, 20101min00
Dannyရဲ့စားသောက်ဆိုင်လေး ရောင်းမကောင်းခဲ့တာ (၃)လဆက်တိုက်ရှိခဲ့ပါပြီ။ အရင်က စားသုံးသူတွေ တန်းစီစောင့်ရတဲ့အထိ ရောင်းကောင်းခဲ့တဲ့ သူ့ဆိုင်လေးလည်း စီးပွါးရေးကပ်ဆိုက်တဲ့အထဲ ပါခဲ့ရတယ်။ ဒီညမှာ စာရင်းတွေကို တွက်ချက်ကြည့်ရင်း အရှုံးတွေကို သူစိုက်မထုတ်နိုင်တော့လို့ မနက်ဖြန်မှာ ဆိုင်ကိုပိတ်လိုက်ဖို့ Dannyဆုံးဖြတ်လိုက်တယ်။ ထမင်းစားချိန်ဖြစ်ပေမယ့် ဆိုင်ထဲမှာ သားအဖဧည့်သည်နှစ်ဦးပဲရှိပြီး ထမင်းတစ်ပွဲနဲ့ နှစ်ယောက်စားနေခဲ့တယ်။ ဂျီကျနေတဲ့ ကလေးငယ်ကို အစပထမမှာ ဖခင်ဖြစ်သူက ဂရုမစိုက်ခဲ့ဘူး။ နောက်တော့ ကလေးငယ်ကို တိတ်တိတ်နေဖို့ စိတ်ပျက်လက်ပျက်ပြောနေခဲ့တယ်။ အဲဒီအချိန်မှာ ဦးထုပ်ဆောင်းထားတဲ့ မျက်နှာတည်နဲ့လူတစ်ဦး စားသောက်ဆိုင်ထဲ ဝင်လာခဲ့တယ်။ Dannyက ရှေ့တက်ကြိုဆိုပြီး စိတ်ထဲမှာလည်း “ဒီဧည့်သည်က ဒီညရဲ့နောက်ဆုံးဧည့်သည် ဖြစ်ကောင်းဖြစ်မှာမို့ သူ့ကိုကောင်းကောင်းဧည့်ခံလိုက်မယ်။ ကိုယ်လုပ်ပေးနိုင်တာ မများပေမယ့် သူအံဩဝမ်းသာအောင်တော့ လုပ်နိုင်လိမ့်မယ် ထင်တယ်”လို့ တွေးလိုက်တယ်။ စားစရာတွေကို ဧည့်သည်မှာပြီးနောက် Dannyက “ဝမ်းသာပါတယ်။ ခင်ဗျာအခုထိုင်တဲ့ […]


etoneJuly 21, 20101min01
ချစ်လှစွာသော သမီးငယ်… ချစ်သူမွေးနေ့အတွက် ဒီနေ့ ကျောင်းစောစောဆင်းပြီး လက်ဆောင်သွားဝယ်မယ်လို့ သမီးငယ် ပြောခဲ့တယ်နော်။ အမေ့မွေးနေ့မှာ လက်ဆောင်ပေးဖို့ ဘာလို့မေ့ခဲ့သလဲလို့ အမေမေးတော့ သမီးငယ်က စိတ်တိုတယ်။ “တစ်ခြားလူတွေရဲ့ မေမေက ဘယ်တော့မှ သားသမီးဆီက လက်ဆောင်ကို မမျှော်လင့်ကြဘူး။ အမေလို မကျေနပ်တာတွေ တတွတ်တွတ် ရွတ်ဖို့ဝေးလို့ သူတို့မေမေက သူတို့ကို ချစ်လို့တောင် မဝကြဘူး။ ချစ်သူနဲ့ မိသားစု နှိုင်းလို့ဘယ်ရမလဲ” သမီးငယ်… ဒီအချိန်မှာ ဒါတွေကို သမီးငယ် နားလည်သေးမှာ မဟုတ်ဘူး။ မိခင်တစ်ဦးဟာ တော်ရုံစိတ်ဆင်းရဲမှုမျိုးကို မဖွင့်ဟတတ်ဘူး။ တစ်ယောက်တည်းပဲ ကျိတ်မှိတ်ခံတယ်။ သားသမီးတွေရဲ့ အပြုံးမျက်နှာပေါ်မှာ သူ့အပူအပင်တွေကို မလောင်းရက်ခဲ့ဘူး။ သမီးငယ်ပြောလို မေမေဟာ တစ်ခြားမိခင်တွေလို မြင့်မြတ်ရမယ်၊ ကိုယ်ချင်းစာတရား ရှိရမယ်တယ်ဆိုတဲ့ ဝေါဟာရကို မေမေတာဝန်မယူရဲဘူး သမီး။ […]


etoneJuly 21, 20101min00
“ကြိုးစားတိုင်း မအောင်မြင်နိုင်ဘူး။ ဒါပေမယ့် အောင်မြင်ဖို့ရာ ကြိုးစားမှုတော့ လိုလိမ့်မယ်” ၁) ကျောင်းသားနှစ်ဦးဟာ ကြက်တောင်ရိုက်ဖို့ ဟောခန်းက ထိုင်ခုံတွေကို ရွေ့လိုက်ကြတယ်။ ကြက်တောင်ရိုက်ပြီး ခုံတွေကို နေရာတကျပြန်စီကြတော့ တစ်ခြားကျောင်းသားတွေက သူတို့ကို တုံးအတယ်ဆိုပြီး လှောင်ရီကြတယ်။ နောက်ဆုံးမှာ အဲဒီကျောင်းသားနှစ်ဦးဟာ နိုင်ငံလက်ရွေးစင် ဖြစ်ခဲ့ကြတယ်။ အလုပ်အရှုတ်ခံနိုင်ရင် အိပ်မက်ကို အကောင်အထည်ဖော်နိုင်ပါတယ်။ ၂) တစ်ခါက ပြိုင်ပွဲတစ်ခုမှာ အခမ်းအနားမှုးတွေက ထုံးစံအတိုင်း ပြုလုပ်နေကျ အစီအစဉ်ကို ဆန့်ကျင်ပြီး ဆုရသူတွေကို ပြိုင်ပွဲပြီးတာနဲ့ ဆုဝေပေးလိုက်တယ်။ လူတစ်ချို့က “ ဒီလူတွေ သိပ်အတာပဲ။ ဆုအရင်ပေးတော့ လူတွေက ပိတ်ပွဲထိ မစောင့်ဘဲ ပြန်ကုန်ကြလိမ့်မယ်။ ပိတ်ပွဲမှာ လူမကျန်ဘဲနေမှာပေါ့” လို့ ပြောကြတယ်။ နောက်ဆုံးမှာ ပိတ်ပွဲအခမ်းအနားက ထင်တာထက် ပိုစည်ခဲ့တယ်။ လေးစားမှုရှိရင် […]


etoneJuly 21, 20101min04
အမေ တကယ်ကို အိုစာသွားခဲ့ပါပြီ.. ကလေးငယ်တစ်ယောက်လို ချွဲနွဲ့တဲ့အထိ အိုစာသွားခဲ့ပါတယ်။ ဖုန်းဆက်တိုင်း မျှော်လင့်ချက်အပြည့်နဲ့ ကျွန်မကို အမေမေးတတ်တယ်။ “သမီး .. ဘယ်တော့ အိမ်ပြန်ခဲ့မလဲ?” မိုင်ပေါင်းထောင်ကျော်ဝေးတဲ့အမေ့အိမ်ကို ကားသုံးဆင့်စီးပြီးမှ ရောက်တာကိုမဆိုထားနဲ့ အလုပ်တစ်ဘက်၊ ကလေးတစ်ဘက်နဲ့ အမေ့အိမ်ပြန်ဖို့ ကျွန်မအချိန်မပေးနိုင်ခဲ့ဘူး။ နားသိပ်မကောင်းတော့တဲ့အမေကို ကျွန်မအထပ်ထပ်ရှင်းပြခဲ့ပေမယ့် အမေက တောင့်တစွာနဲ့မေးတုန်းပါပဲ။ “သမီး … ဘယ်တော့ အိမ်ပြန်နိုင်မလဲဟင်?” အထပ်ထပ်မေးတဲ့ အမေကို စိတ်မရှည်စွာနဲ့ ကျွန်မအော်မိခဲ့ရင် အမေက တအင်း..အင်း သဘောပေါက်ဟန်နဲ့ ဖုန်းကို အသာချလိုက်တတ်တယ်။ ဒါပေမယ့် ရက်သိပ်မကြာခင်မှာ အမေကဖုန်းဆက်ပြီး အဲဒီမေးခွန်းကိုပဲ ထပ်မေးတတ်ပြန်တယ်။ အလိုမကျတဲ့ ကလေးငယ်တစ်ယောက်လို မေးရင်လည်း အချည်းနှီးပဲဆိုတာသိပေမယ့် ထပ်သလဲလဲ မေးနေတဲ့ အမေကြောင့် ကျွန်မစိတ်တွေပျော့သွားပြီး သက်ပြင်းကို မသိမသာချမိတယ်။ ကျွန်မ မအော်မငေါက်မှန်းသိတော့ […]


etoneJuly 21, 20101min00
ကိုယ့်ကို သိပ်ချစ်တဲ့ ကိုယ့်နားက ချစ်သူကို လမ်းခွဲဖို့ မစဉ်းစား မဆုံးဖြတ်ခင် ဒီပိုစ့်လေးကို ဖတ်ကြည့်သင့်လှပါတယ် … တကယ်တော့ ချစ်သူဆိုတာ ကိုယ့်ဘဝရဲ့ နောက်ဆုံး နေဝင်ချိန်တွေအထိ အတူရှိနေပေးမယ့် သူ ဖြစ်တယ်ဆိုတာ နားလည် သဘောပေါက်ခဲ့တယ်ဆိုရင် ………… %%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%% ယဉ်ယဉ်နဲ့ကျွန်တော် လမ်းခွဲဖို့ကို ကံတရားက ကြိုတင်ဖန်တီးထားပုံရတယ်။ ယဉ်ယဉ်က မိန်းမကောင်းတစ်ဦးပါ။ သူရဲ့အပြောအဆို၊ အနေအထိုင်တွေက ပြောစရာမရှိခဲ့ဘူး။ ယဉ်ယဉ်နဲ့ လမ်းခွဲခဲ့လို့ ကျွန်တော့်ကိုတုံးအတယ်ဆိုပြီး လူတွေရယ်ကြမှာ ကျွန်တော်သိတယ်။ ယဉ်ယဉ်ကို မခွဲရက်ပေမယ့် လမ်းခွဲဖို့ ကျွန်တော်ကပဲစပြီး ရွေးချယ်ခဲ့ပါတယ်။ လမ်းခွဲပြီး ပထမရက် ယဉ်ယဉ်အိပ်ရထ နောက်ကျခဲ့တယ်။ အိပ်ခန်းထဲ အဆောင်မှူးဝင်ကြည့်တိုင်း ယဉ်ယဉ်ခေါင်းမြီးခြုံ အိပ်နေတာကိုတွေ့တယ်။ ကုတင်ပေါ်မှာ မလှုပ်မယှက် ယဉ်ယဉ်လဲလျောင်းနေခဲ့တယ်။ ယဉ်ယဉ်ကိုကြည့်ပြီး အဆောင်မှူး သက်ပြင်းတစ်ချက် […]


etoneJuly 21, 20101min00
အပန်းဖြေစခန်းက ပြန်လာတဲ့ ကားတစ်စီးဟာ လမ်းတစ်နေရာ ရွံ့အိုင်မှာ ရပ်သွားခဲ့တယ်။ ကားပေါ်က သားသားနားနား ဝတ်ဆင်ထားတဲ့ လူတစ်ဦးက ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး “ကျွန်တော့်ကားအောက်ထဲဝင်ပြီး ဘယ်သူ ဝက်အူကျပ်ပေးနိုင်မလဲလို့” အော်ဟစ် အကူအညီ တောင်း လိုက်တယ်။ ကားရဲ့ ဆီတိုင်ကီက ဝက်အူတစ်ချောင်း ချောင်နေပြီး ဆီတွေယိုနေခဲ့လို့ ရပ်သွားတာဖြစ်တယ်။ ဓာတ်ဆီဆိုင်နဲ့ လည်း အတန်ငယ် အလှမ်းဝေးနေတာကြောင့် ကားပိုင်ရှင်ရဲ့စိတ်ဟာ အိုးဖုံးပူပေါ်က ပုရွက်ဆိတ်တွေလိုပဲ လှုပ်ရှားနေခဲ့တယ်။ ကားပိုင်ရှင်ဘေးက လှလှပပပြင်ထားတဲ့ အမျိုးသမီးတစ်ဦးက “ဆုငွေရှိရင် ကူတဲ့လူ ပေါ်လာလိမ့်မယ်” လို့ပြောတော့ ကားပိုင်ရှင်ဟာ တန်ဖိုးကြီး ငွေစက္ကူတစ်ရွက်ကို အလျှင် အမြန်ထုတ်ပြီး “ဝက်အူကျပ်ပေးတဲ့လူ ဒီပိုက်ဆံနဲ့ ထိုက်မယ်” လို့ ပြောလိုက်တယ်။ ဝိုင်းကြည့်နေတဲ့ လူတွေထဲက လူငယ်တစ်ဦး တစ်ချက်လှုပ်သွားတယ်။ ဒါပေမယ့်ဘေးလူတစ်ယောက်က “ပိုက်ဆံရှိသူတွေရဲ့ […]


True FaithJuly 20, 20101min05
တစ်ခါတုန်းက ဉာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်။ တနေ့တော့ သူဟာ ခရီးသွားရင်း ဝမ်းနည်းငိုကြွေးနေတဲ့ လူငယ်တဦးကို တွေ့တဲ့အခါ ဘာကြောင့် ဒီလောက်ငိုနေတာလဲလို့ မေးကြည့်တော့ အိမ်မီးလောင်သွားလို့ ပိုင်ဆိုင်သမျှပစ္စည်းတွေ ဆုံးရှုံးသွားတဲ့အတွက် ငိုနေတာပါလို့ လူငယ်က ပြန်ဖြေပါတယ်။ ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလည်း တပါတည်း ယူလာခိုင်းလို်က်ပါတယ်။ အဲဒီနောက် ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ်ကို ထည့်လိုက်ပြီး ရောမွှေလိုက်ကာ လူငယ်ကို သောက်စေပါတယ်။ သောက်ပြီးတဲ့နောက် လူငယ်ကို “ဘယ်လိုအရသာရှိသလဲ”လို့မေးတဲ့အခါ ထိုလူငယ်က “ခါးတူးနေအောင် ငံပါတယ်” လို့ ပြန်ဖြေပါတယ်။ ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း လူငယ်ကို နောက်ထပ် ဆားတစ်ဆုပ် ယူခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်။ မြို့အပြင်ဘက်ကို […]


etoneJuly 20, 20101min00
(၁) တစ်ခါက မျက်စိကောင်းတဲ့လူနဲ့ မျက်စိမှုန်သူနှစ်ယောက် ရေထဲမျောပါသွားခဲ့တယ်။ ကျယ်ပြန့်တဲ့မြစ်ပြင်မှာ အသက်ရှင်နိုင်ဖို့အတွက် နှစ်ဦးသား အားသွန်ခွန်စိုက် ကူးခတ်ခဲ့ကြတယ်။ ဒါပေမယ့် မကြာပါဘူး.. သူတို့ ခြေကုန်လက်ပမ်း ကျသွားခဲ့တယ်။ အဲဒီအချိန်မှာ ရုတ်တရက် သူတို့ဖက်မျောလာနေတဲ့ အဝေးကလှေတစ်စီးကို မျက်စိကောင်းသူက တွေ့မြင်သွားခဲ့တယ်။ မျက်စိမှုန်သူကလည်း မှုန်ဝါးဝါးကြားမှာ လှေကိုတွေ့ခဲ့လို့ နှစ်ဦးသား လှေဖက်ကိုဦးတည်ပြီး အားကုန်ကူးခတ်ကြပြန်တယ်။ ကူးရင်းသွားရင်း မျက်စိကောင်းသူက ရုတ်တရက် အကူးရပ်လိုက်တယ်။ အကြောင်းက လှေတစ်စီးလို့ သူထင်ခဲ့တဲ့အရာက လှေမဟုတ်ဘဲ သစ်ဆွေးတုံးတစ်တုံးဖြစ်နေလို့ ဖြစ်တယ်။ ဒါပေမယ့် မျက်စိမှုန်သူက သစ်ဆွေးတုံးမှန်း မသိခဲ့လို့ အကူးမရပ်ခဲ့ဘူး။ အနီးနားရောက်မှ လှေမဟုတ်ဘဲ သစ်ဆွေးတုံးမှန်းသိတဲ့အချိန် သူဟာ ကမ်းနဲ့အတော်နီးတဲ့နေရာနား ကူးခတ်ရောက်ရှိနေပြီဖြစ်တယ်။ မျက်စိကောင်းသူကတော့ ရေလယ်မှာ တစ်ဝဲဝဲလည်ရင်း နစ်မြှုပ်သေဆုံးသွားခဲ့ရတယ်။ (၂) ကင်ဆာရောဂါ ဝေဒနာသည်နှစ်ဦးမှာ […]


etoneJuly 20, 20101min01
“အောင်မြင်ခြင်း” နဲ့ “ရှုံးနိမ့်ခြင်း” လို့ခေါ်တဲ့ လူနှစ်ယောက်က ထူးဆန်းတဲ့ ကျောက်တုံးလေးတွေ စုဆောင်းဖို့ တောအုပ်တစ်နေရာကို ရောက်လာခဲ့တယ်။ နှစ်ဦးသား ကျောက်တုံးတွေ စိတ်ကြိုက်ကောက်ယူပြီး နေရပ်ပြန်ဖို့ စီစဉ်ခဲ့ကြတယ်။ အပြန်လမ်းမှာ “အောင်မြင်ခြင်း” ရဲ့အိတ်ထဲမှာ ကျောက်တုံးတစ်တုံးပဲပါပြီး “ရှုံးနိမ့်ခြင်း” ရဲ့အိတ်ထဲမှာ သဏ္ဍာန်မတူတဲ့ ကျောက်တုံးတွေ အပြည့်ပါခဲ့တယ်။ ဒါကို “ရှုံးနိမ့်ခြင်း” က အံ့ဩပြီး “ခင်ဗျား ဘာဖြစ်လို့ ကျောက်တုံးတစ်တုံးပဲ ကောက်ခဲ့တာလဲ!” လို့ “အောင်မြင်ခြင်း” ကို မေးလိုက်တယ်။ “တစ်တုံးဆို လုံလောက်ပြီ” အောင်မြင်ခြင်းက ပြန်ဖြေပါတယ်။ နှစ်ဦးသား ရယ်ရယ်မောမော၊ ပြောပြောဆိုဆိုနဲ့ ပြန်လာခဲ့ကြတယ်။ ဒါပေမယ့် သိပ်မကြာဘူး လမ်းထက်ဝက်မှာ “ရှုံးနိမ့်ခြင်း” က လေးလံတဲ့ကျောပိုးအိတ်ကို မသယ်နိုင်ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျောက်တုံးတစ်ချို့ကို နှမြောသတနဲ့ သူလွင့်ပစ်ခဲ့ရတယ်။ […]


Yin Nyine NwayJuly 20, 20101min02
ဟိုး အစောကြီးကတည်းက ကောင်မလေးရဲ့ မိဘတွေက သူ့ ကောင်လေးနဲ့ကို လုံးဝ သဘောမတူတာပါ။ မိဘအသိုင်းအဝိုင်းရဲ့ အခြေအနေတွေ မတူကြတော့ အမြင်မတူတာတွေဟာ နောက်နောင် တစ်သက်လုံး ဒုက္ခ ရောက်စရာတွေချည်းလို့ လူကြီးတွေက အကြောင်းပြကြတယ်။ မိဘတွေရဲ့ ဖိအားတွေကြောင့် သူတို့ စုံတွဲ အမြဲလိုလို စကားများကြတယ်။ ကောင်မလေးဟာ ကောင်လေးကို အသက်ထက်ဆုံး ချစ်နေလေတော့ သူ့ကောင်လေးကို ဘယ်လောက် ချစ်သလဲ ဆိုပြီး အမြဲ မေးလေ့ရှိတယ်။ ဒီမေးခွန်းအတွက် ကောင်လေးမှာ ဖြေပြစရာ စကားလုံးတွေ ရှားနေတော့ တခါတလေ ကောင်မလေးက အတော်လေး စိတ်ပျက်မိတယ်။ သူ့လောက် မချစ်လို့လား ဆိုပြီးတော့လည်း တခါတခါ သံသယ ဝင်မိတော့တယ်။ နောက်ပြီး မိဘတွေ သဘောမတူလို့ ထွက်လာတဲ့ စကားလုံး အပြင်းစားတွေကြောင့်လည်း […]


etoneJuly 20, 20101min00
တစ်ခါက မျက်မမြင်ဆရာတပည့် နှစ်ဦးဟာ မယ်ဒလင်တီးပြီး အသက်မွေးဝမ်းကျောင်း ပြုခဲ့တယ်။ မျက်မမြင်သူငယ်က ဆရာကို မေးခွန်းတစ်ခု အမြဲမေးခဲ့တယ်။ “ဆရာ.. ကျွန်တော်ဘယ်တော့ အလင်းရမလဲ?” “မယ်ဒလင်ကြိုး အချောင်း (၁ဝဝ) ပြတ်သွားတဲ့အချိန်မှာ အလင်းပြန်ရမယ်” ဆရာ့စကားကို သေချာမှတ်ပြီး မျက်မမြင်သူငယ်ဟာ နေ့တိုင်းမယ်ဒလင်တီးပြီး ဝမ်းစာရှာခဲ့တယ်။ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ရက်မပြတ်တမ်း သူတီးခဲ့တယ်။ သူတီးလို့ မယ်ဒလင်ကြိုး အချောင်း(၁ဝဝ) ပြတ်တဲ့အချိန်မှာ မျက်မမြင်သူငယ်က အိုမင်းနေခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် သူအလင်းမရခဲ့ဘူး။ သူငိုခဲ့တယ်… မျက်နှာပေါ်မှာ အပြုံးနဲ့အငိုရောယှက်ပြီး သူငိုခဲ့တယ်။ မျက်မမြင်ဆရာက သူ့အတွက် မျှော်လင့်ခြင်းမီးအိမ်ကို ထွန်းညှိပြီး အလင်းပေးခဲ့တယ်ဆိုတာကို သူသဘောပေါက်လိုက်တယ်။ မျှော်လင့်ခြင်းမီးအိမ်ကြောင့် အမှောင်နက်နက်ထဲမှာ သူလမ်းမပျောက်ခဲ့ဘူး၊ မနာကျင်ခဲ့ဘူး။ ဆရာသာ မီးအိမ်ကိုမထွန်းညှိခဲ့ရင် အမှောင်က သူ့ကိုအစတည်းက ဝါးမြိုခဲ့ပြီ၊ အမှောင်ကြားမှာ […]