ရှိုက်၍ရှိုက်၍ငိုတတ်နေသောပုဂံေြ မ(သို့မဟုတ်) ကမာ္ဘ့ရှေးဟောင်းအမွေအနှစ်တွင်ပုဂံမပါ ယခုကျမ နည်းနည်းတွေးတတ်လာပါပြီ။ယခင်ငယ်ငယ်ကသိခဲ့ဖူးသောအသိက ပုဂံ လောက် မည်သည့်နိုင်ငံမှာမှ ရှေးဟောင်းလက်ရာမရှိခဲ့ဘူး ဆိုသည့်အသိမျှသာ။ ယခုကျမနိုင်ငံတကာမှသူငယ်ချင်းများနှင့်ပေါင်းသင်းဆက်ဆံလာရပြီ။သူတိုနိုင်ငံက ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေအကြောင်း presentation လုပ်ရင်းသိခဲ့ရသည်။ကျမတို့နိုင်ငံထက်နိမ့်ကျ သည်လည်းရှိသည်။အဆင့်အတန်းမြင့်မားတာတွေလည်းတွေ့ခဲ့ရသည်။ကျမလည်းကိုယ့်နိုင်ငံအကြောင်း ပြောရမည်ဆိုလျင် ပုဂံမပါလျင်မပြီး။ မှတ်သားဖူးသမျှ ဖတ်ခဲ့ဖူးသမျှတွေကိ ဓါတ်ပုံနှင့်တကွ presentation လုပ်ခဲ့ပါသည်။ Internet, Web site များထဲမှကောင်းနိုးရာရာဓါတ်ပုံတွေကို ရှာဖွေအသုံးပြုခဲ့ပါသည်။ကျမမှတ်မိပါသေး၏။ပုဂံဆိုလျင်ကျမတို့မြန်မာများအားလုံးရောက်ဖူးချင်သောနေ ရာလေးဖြစ်၏။မြန်မာ့ရှေးဟောင်းအမွေအနှစ်များစုစည်းမှုရှိရာနေရာလေးဟုပြောလျင်လည်းမမှားနိုင်ပေ။ ကမာ္ဘ့ခရီးသွားဧည့်သည်များအတွက်Targetထားရှိရာနေရာဟုလည်းပြောနိုင်ပါသည်။ကျမယခုပညာသင် နေစဉ်ပေါင်းသင်းနေရတဲ့ International သူငယ်ချင်းများကို ပုဂံမြေဟာမြန်မာ့ရှေးဟောင်း အမွေ အနှစ်သာမက ကမာ္ဘ့ရှေးဟောင်းအမွေအနှစ်ပါဆိုပြီးခပ်တည်တည်နဲ့ကြွားခဲ့ရ ပါသည်။ ကျမအထက်တန်းကျောင်းသူဘဝက ပုဂံရောက်ဖူးချင်ခဲ့တာ အရူးအမူးပါပဲ။ ကျမ ဘဝမှာ ပထမဆုံးရောက်ဖူးချင်တဲ့နေရာလေးကိုခြေချမိအောင်ဦးဆောင်ပေးသူကတော့ဘာသာပြန်စာရေးဆရာ မောင်သက်ပန်(ယခုကွယ်လွန်)၏ကျေးဇူးကြောင့်ဆိုလျင်မမှားပါ။သူငယ်ချင်း ၆ ယောက်နဲ ့ဆရာအတူ တူ သွားခဲ့ကြတုန်းက အတိုင်းမသိကြည်နူး ဝမ်းသာစရာပါ။ အဲဒီအချိန်က ရင်ထဲခံစားမိခဲ့တာက ကမာ္ဘပေါ်မှာရှေးဟောင်းအဆောက်အဦးတွေအများဆုံးရှိတာပုဂံမြေ၊နှစ်တစ်ထောင်မပြည့်သေးတဲ့သမိုင်းကို […]