etoneJuly 30, 20101min01
ရက်တစ်ရက်တွင် ကျွန်တော့် ထံသို့ စုစုရောက်လာသည်။ စုစု သည် အိမ်ကသမီးများနှင့် ဆိုလျှင် သက်တူရွယ်တူ ခန့်ရှိပေလိမ့်မည်။ သူမတွင် မောင်တစ် ယောက် ရှိသည်။ ၎င်းတို့၏ မိဘများမှာ ကုန် သည်လုပ်ငန်း လုပ်ကိုင်ကြသည်ဟု သိရှိရ သည်။ ဖခင်ဖြစ်သူသည် ကုန်သည်တစ်ဦး ပင်ဖြစ် သော်လည်းစိတ် ကတော့ လက်တစ်ဆစ်ဟုဆိုသည်။ စိတ်ကြီးသူ၊ ဒေါသကြီးသူ၊ သားသမီးများကို ဆုံးမသည့်အခါ လက်ပါလေ့ရှိပြီး စရိုက်ကြမ်း၊ အရိုက်လည်းကြမ်းသူဖြစ်သည်။ ထိုသို့အရိုက်ကြမ်းသဖြင့် ၎င်း ၏မောင်ငယ်ဆိုလျှင် အကြောက်လွန်စိတ္တဇဖြစ်ကာ ညဥ့်ဘက်တွင် လန့်လန့်နိုးသည့် ရောဂါစွဲလာခဲ့ သည်ဟုသိရသည်။ စုစုကတော့ ဖခင်ရိုက်လျှင် အံ ကြိတ်ပြီး တင်းခံသည်။ သားသမီး များ ဖခင်ကို ‘ရှောင်လေဝေးဝေး’ ပြုမူကြသည်။ မိခင်သည် ဖခင်၏ ဩဇာကို […]


etoneJuly 30, 20101min02
နှစ်တစ်နှစ်ရဲ့တန်ဖိုးကို သိချင်ရင် စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ လတစ်လရဲ့တန်ဖိုးကို သိချင်ရင် လမစေ့ဘဲ ကလေးမွေးတဲ့မိခင်ကို မေးကြည့်ပါ ရက်တစ်ပတ်ရဲ့တန်ဖိုးကို သိချင်ရင် အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာကို မေးကြည့်ပါ တစ်နာရီရဲ့ တန်ဖိုးကို သိချင်ရင် ဆုံဆည်းခွင့်ကိုစောင့်နေတဲ့ချစ်သူများကို မေးကြည့်ပါ တစ်မိနစ်ရဲ့ တန်ဖိုးကို သိချင်ရင် ရထားမမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ တစ်စက္က္ကန့်ရဲ့ တန်ဖိုးက ိုသိချင်ရင် ယာဉ်တိုက်မှုမှ သီသီလေးလွဲသွားတဲ့ ဒရိုင်ဘာကို မေးကြည့်ပါ တစ်မီလီ စက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင် အိုလံပစ်ငွေတံဆိပ်ဆုရှင်ကို မေးကြည့်ပါတဲ့…  😀


etoneJuly 30, 20101min01
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) မြန်မာတို့သည် အလှူရေစက် လက်နှင့်မကွာ ဟူသကဲ့သို့ သူ့ရာသီနှင့်သူ ဝါဆိုလည်း ဝါဆိုမို့၊ ကထိန်လည်းကထိန်မို့ လှူကြတန်းကြသည်။ သားရှင်ပြုပွဲ၊ ဒုလ္လဘရဟန်းခံပွဲစ သည်ဖြင့်လည်း အလှူအတန်းပြုကြသည်။ ‘ဒါနံ နာမ ပရိစ္စာဂ လက္ခဏံ’ ဟုဆိုသည့်အတိုင်း အလှူဒါနဟူသည် စွန့်ခြင်းပင်ဖြစ်သည်။ အလှူဒါနပြုရာ သက်ဆိုင်ရာ ကျောင်းတိုက်များသို့ လူနှစ်မျိုးလာသည်ကို တွေ့ရသည်။ တစ်မျိုးက စွန့်ဖို့လာသူများဖြစ်သည်။ တစ်မျိုးက စားဖို့လာသူများ ဖြစ်သည်။အလှူရှင်များက စွန့်ဖို့လာကြသည်။ ဖိတ်ကြားထားသည့် ဧည့်သည်များက စား ဖို့လာကြသည်။ သို့သော် စွန့်သူနှင့်စားသူ နှစ်ဦးနှစ်ဝ ကြည်ကြည်ဖြူဖြူ ရှိသဖြင့် စားသူ၌ မည်သည့်ပြောဆိုဖွယ်ရာမျှမရှိပေ။ စားသူသည် စားစေချင်လို့ လာစားခြင်းဖြစ်သည်။ စွန့်စားဟူသော မြန်မာဝေါဟာရ၌ စွန့်သာစွန့်၍ မစားသူများရှိသည်။ မစွန့်ဘဲနှင့်စားသူများလည်း ရှိသည်။ စွန့်လည်းစွန့်၊ စားလည်းစားသူများလည်း […]


etoneJuly 30, 20101min02
လယ်သမားတစ်ယောက်ဟာ မိုင်၂၀-၃ဝကျော်လောက်က နန်ဆန်း(南山)မှာ ထင်းသွားခုတ်ဖို့ စီစဉ်ပါတယ်။ အဲဒီအတွက် သူက ၃-၄ရက်လောက် ပုဆိန်ကို တသွေးတည်းသွေးပါတယ်။ ပြီးတော့ ထမ်းပိုးပြား အသစ်စက်စက်တစ်ချောင်းကို လုပ်တယ်။ လုံလောက်တဲ့အရှည်ရှိတဲ့ လျှော်ကြိုးကို ပြင်ဆင်တယ်။ ပြီးတော့ ကြက်သွန်နီမုန့်ဆီကြော်တွေ အပုံလိုက်ကြီး ကြိုပြင်ထားလိုက်သေးတယ်။ အဲဒါတွေအားလုံးကို ထုပ်ပိုးပြီး နန်ဆန်းကိုအသော့နှင်လို့ ရောက်သွားတဲ့အခါမှာတော့ အဲဒီထင်းတွေကို အရင်ရောက်တဲ့သူတွေက ပြောင်သလင်းခါအောင် ခုတ်ထားနှင့်ပြီးနေပါပြီ။ အဲဒီလယ်သမားလည်း ဘာမှမလုပ်ရဘဲနဲ့ အိမ်ပဲပြန်လာခဲ့ရတော့တယ်။ ၁၉၇၃ခုနှစ်တုန်းက ခလတ်တေး(Colette)နဲ့ ဘီလ်ဂိတ်(BillGate)တို့ ဟားဗတ်တက္ကသိုလ်မှာ အတူတက်ခဲ့ကြပါတယ်။ ဒုတိယနှစ်မှာ ဘီလ်ဂိတ်က ခလတ်တေးကို အတူတူကျောင်းထွက်ပြီး ငွေကြေးနဲ့ပတ်သက်တဲ့ ဆော့ဖ်ဝဲတစ်ခုကို ဖော်ထုတ်ကြမယ်လို့ ပြောတော့ ခလတ်တေးက ဒီအကြံဟာ တော်တော်ရယ်စရာကောင်းတယ်လို့ ထင်ခဲ့မိလို့ ဘီလ်ဂိတ်ရဲ့ ဖိတ်ခေါ်မှုကို ငြင်းလိုက်တယ်။ နောက်၄-နှစ်အကြာမှာ ဘီလ်ဂိတ်က ဒီလိုငွေကြေးဆော့ဖ်ဝဲတစ်ခုရဲ့ […]


etoneJuly 29, 20105min02
ဖတ်ဖူးတာတော့ကြာပါပြီ။ ခု email က ပြန်ရလို့ ဝေမျှလိုက်တာပါ။ ၂၀၀၂ နှစ်ကုန်ပိုင်းလောက်မှာ အီတလီနိုင်ငံက သတင်းစာအချို့မှာ ထူးဆန်းတဲ့ လူပျောက်ကြော်ငြာ သတင်းတစ်ခုပါလာခဲ့တယ်။ ကြော်ငြာက ဒီလိုရေးထားပါတယ်။ “၁၉၉၂ ခုနှစ် ၅လပိုင်း ၁ရရက်နေ့မှာ ဗွိုင်လာရီ မြို့တော်လမ်းမ စီးပွားရေးရပ်ကွက် ၅ က ကားရပ်တဲ့နေရာတစ်ခုမှာလူဖြူအမျိုးသမီးတစ်ဦးကို လူမည်းတစ်ဦးက မုဒိန်းကျင့်ခဲ့တယ်။ အဲဒီနောက် အမျိုးသမီးဟာ လူမည်းသမီးလေးတစ်ဦး ဖွားမြင်ခဲ့တယ်။ သူ့ခင်ပွန်းလည်း အမျိုးသမီးနဲ့အတူ လူမည်းကလေးကို ပြုစုပျိုးထောင်ဖို့ တာဝန်ယူခဲ့တယ်။ ဒါပေမဲ့ ဒီကလေးငယ် ကံမကောင်းခဲ့ရှာဘူး။ အခုအချိန်မှာ သူဟာ သွေးကင်ဆာရောဂါကို ခံစားနေရတယ်။ သူ့အတွက် ရိုးတွင်းချဉ်ဆီ ကုသဖို့ အရေးတကြီးလိုအပ်လာ တယ်။ သူ့အသက်ကို ကယ်တင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်က သူ့ဖခင်ပဲဖြစ်တယ်။ ဒါကြောင့် ဒီကြော်ငြာကို […]


etoneJuly 29, 20101min00
“ကိုယ်ကျင်.တရားနှင်.ပတ်သတ်လာလျ ှင် စာတွေ.ထက် လက်တွေ.သင်ခန်းစာများသာ အစွဲမြဲဆုံးဖြစ်သည်” (မတ်တွိုင်း) အဲသည်တုန်းက သူ.အသက် ၁၁နှစ်။ နယူးဟမ်.ပြည်နယ်ရှိ ရေကန်ကြီးတစ်ကန် အလယ်က ကျွန်းတစ်ကျွန်းပေါ်မှာ သူတို.မိသားစုပိုင် အိမ်ငယ်လေး ရှိသည်။သူက အခွင်.သာတိုင်း အဲသည်ကိုသွားကာ လှေဆိပ်မှာ ငါးမျှားလေ.ရှိသည်။ ငါးမျှားရာတွင် ဥပဒေစည်းကမ်းရှိသည်။ဥချသည်.ရာသီမှာ ငါးမမျှားရ။ အဲ.သည်နေ.ညနေစောင်း သူတို.သားအဖ ငါးမျှားကြတော. ဘတ်(စ်)ငါးကြီးတွေ မျှားခွင်.ပြုသည်.အချိန် မရောက်သေး။ထို.ကြောင်. ငါးစပ်စပ်တို. ငါးပြေမတို. မိအောင်သာတီကောင် အစာတပ်ပြီး သူတို. မျှားကြသည်။သို.သော် အဲ.သည်လိုမျှားကြရင်း အတော်ကြာတော. သူက ငါးမျှားချိတ်မှာ ငွေရောင်ငါးစာတုလေး တစ်ခု တပ်ကာ ခပ်ဝေးဝေးထိ ပစ်ပြိးငါးကြီးမျှားပုံကို စမ်းသပ်လေ.ကျင်.ကြည်.မိသည်။နေဝင်စမှာ ရေထဲ ငါးစာကျတော. ရောင်စုံ လှိုင်းဂယက်လေးတွေ ဖြာထွက်သွားသည်။ တစ်ဖြည်းဖြည်းနေဝင်ပြီးလထွက်လာသည်။လှိုင်းကလေးတွေက အနီ ၊ အဝါရောင်စုံမှ ဖိတ်ဖိတ်လက်သော […]


fattyJuly 28, 20101min04
“မိန်းမရေ ..ထမင်းပြင်ရအောင်ကွာ ” …မောမောနဲ့အိမ်ပေါ်တက်ရင်းလှမ်းအော်ပြောလိုက်သည်။ မိန်းမကတော့ထုံးစံအတိုင်းနောက်ဖေးဘက်ကညစ်ထပ်ထပ်စားပွဲအဝိုင်းကို ဆောင့်ကြီးအောင့်ကြီးနှင့်လှိမ့်ယူလာရင်း ….”ရှင့်အမေလဲမစားရသေးဘူးတော်ရေ့” …ပြောပြောဆိုဆို ထမင်းစားပွဲကိုအိမ်ရှေ့ဦးခန်းတွင်ပြင်ရင်း ….” အမေ့ကိုရော “…  အော် အမေနဲ့ပတ်သက်လို့မနေ့ကပင်တိုင်ပင်ထားကြသည်။ အမေအသက်ကြီးပါပြီ။ ရှစ်ဆယ်ကျော်ပြီဆိုတော့ ကိုယ့်ကိုယ့်ကိုပင်မနိုင်ချင်တော့ပါ။ ထမင်းစားချိန်ဆိုရင် ခါတိုင်း ကျနော်ရယ်မိန်းမရယ်ကလေးနှစ်ယောက်ရယ်အမေရယ် တဝိုင်းထဲစားဖြစ်ကြသည်။ အမေလက်တွေကတုန်ရင်နေပြီမို့စားပွဲဝိုင်းကဟင်းခွက်တွေကိုကောင်းကောင်းမမြင်တော့… အမေနဲ့ထမင်းစားပြီဆိုရင်ထမင်းဝိုင်းမှာညစ်ပတ်ပေရေနေသည်။ ဟင်းပုဂံများကိုလည်း မမြင်မစမ်းနှင့် နှိုက်ရသည်မို့ဟိုဖိတ်ဒီဖိတ်နှင့်ပေပွနေသည်။…..” အိမ်မှာက ကျဉ်းကျဉ်းဆိုတော့ …ကိုဘမောင်ရေ ဘယ်လိုမှမအောင့်မေ့နဲ့ ကျုပ်တို့ထမင်းစားနေတုံးများဧည့်သည်သောင်သည်လာရင်အားနာစရာကြီးတော် …” ကလေးတွေကလည်းရှင့်ကိုကြောက်လို့သာ ..ရွံတယ်တဲ့တော်ရေ့ ” အမေကအသက်ကြီးပေမဲ့ စိတ်ကတော့မကျသေးပါ။ ထမင်းစားပြီးကိုယ့်ပုဂံကိုယ်ဆေးချင်တုန်း …. ပြောလို့လဲမရပါ၊ အမေ့ကြောင့်ကျကျကွဲသည့်ထမင်းစားပုဂံ ။ ဟင်းချိုပုဂံတွေကနေ့တိုင်းနေ့တိုင်း။ ” ကိုဘမောင် …ဒီလိုလေ အမေ့ကိုနောက်ဖေးမီးဖိုချောင်ထဲမှာထမင်းပွဲပြင်ပေးရင်ကောင်းမလားလို့ …တော် ဘယ်လိုမှမထင်နဲ့နော် ..အမေလဲလွတ်လွတ်လပ်လပ် အားမနာတမ်းစားရတာပေါ့တော် ..” သက်ပြင်းချယုံကလွဲပြီး ….” ကောင်းသလိုကြည့်လုပ်တာပေါ့ကွာ […]


etoneJuly 28, 20101min02
***အဖေနဲ့ အမေက သူ့ကိုဆိုအရမ်းချစ်ကြတယ်… အမြဲတမ်းသူ့ကိုဦးစားပေးတယ်…သူက သားဦးကို… နောက်တော့ သူလည်းညီလေးတစ်ယောက် ထပ်ရလာပါရော.. အဲဒီအချိန်က စပြီး သူ့ကိုဂရုမစိုက်ဘူး… သူ့ရဲ့ညီလေးကိုဘဲ အလေးပေးတော့တယ်… တနေ့ညမှာ သူညီနို့စို့နေတာကို မြင်ပြီး အကြံရသွားတယ်… ညကျတော့ ကြွက်သတ်ဆေးရည်တွေကို သူ့အမေအိပ်ပျော်နေတုန်း သူ့အမေရဲ့ နို့ကို သွားပက်ထားလိုက်တယ်… အဲ… မနက်လည်းရောက်ရော သူ့အဖေက ကုတင်ပေါ်မှာတင် သေသွားရောဗျာ.. ***အဲဒီကောင်လေးကို မောင်ပီတာလေးလို့ သူကိုခေါ်တာပေါ့.. ပီတာလေးက ကျောင်းသွားတော့ အဲဒီနေ့က ကျောင်းကစောဆင်းပေးလိုက်တယ်.. သူလည်း ပျော်ပျော်နဲ့ အိမ်ကိုပြန်လာပါရော… အိမ်ထဲလည်းဝင်ရော သူ့မိဘတွေပြောတဲ့စကားတစ်ခွန်းကို နားစွန်နားဖျား ကြားလိုက်တယ်… ” ချစ်လေး.. သားသားလေးယူမလား.. မီးမီးလေးယူမလား..” ဆိုတော့ မောင်ပီတာလေးက အခန်းထဲပြေးဝင်လာပြီး ” ဒါဆို သားကိုလည်း စက်ဘီးတစ်စီး ” ***မောင်ပီတာလေးကို […]


etoneJuly 28, 20102min03
ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။ ဒါပေမယ့် မိသားစုဝင်နည်းနည်းနဲ့။ အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။ ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့် ယေဘုယျအသိတွေ နည်းလာတယ်။ ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။ ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ ပိုများလာတယ်။ ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။ ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။ ရယ်တာတော့ အတော်နည်းသွားပြီ။ ကားမောင်းတာ အတော်မြန်လာကြတယ်။ ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။ အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။ စာဖတ်တာ အတော်လေးနည်းတယ်။ ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့် […]


etoneJuly 28, 20106min01
မျှော်လင့်ခြင်းများစွာဖြင့် အပိုင်း(၁) ကိုရင်မောင် အလုပ်ကိုသာ လာရတယ်… စိတ်က မဖြောင့်… အိမ်မှာ သားတော်မောင်က နေမကောင်းဖြစ်နေတယ်… ဒီနေ ့ ကျောင်းမတက်နိုင်… ဒီကောင်က လေးတန်း… အိမ်နားနီးတဲ့ မူလတန်းကျောင်းမှာပဲ ထားတယ်… သူများမိဘတွေလို ကျောင်းလိုက်မပို ့နိုင်… သားတော်မောင်ကို ကိုယ့်အားကိုယ်ကိုး ကျောင်းသွားခိုင်းရတယ်… ဒီကောင်ကလဲ မိဘတွေအပေါ် အလိုက်သိတယ်… မနေ ့က ကျောင်းက အပြန် မိုးမိပြီး ဒီနေ ့ဖျားတော့ ကျောင်းမတက်နိုင်တာ… ကျနော့်အလုပ်ကလဲ ခွင့်တင်ထားတာ မဟုတ်တော့ မသွားလို ့မရ… ကျနော်က အစိုးရအလုပ်ရုံတစ်ခုက လုံခြုံရေးတာဝန်ခံလေ… စကားလှအောင် ပြောတာပါဗျာ… အပေါက်စောင့်ဆိုပါတော့… ကိုယ့်အလုပ်ရုံက မဟုတ်တဲ့ကားတွေကို စစ်ဆေးမေးမြန်း လက်မှတ်ထိုးခိုင်းပြီးမှ တံခါးဖွင့်ပေးရတာလေ… ဝင်တဲ့ကား ပြန်ထွက်တော့လဲ ပြန်ထွက်ချိန်ကို မှတ်ထားပြီး […]


etoneJuly 28, 20101min00
ဘယ်သူ ဘယ်ဝါ ရေးထားတယ် ဆိုတာ မသိပေမယ့် တချို့ စကားလုံးတွေဟာ အတော်လေး တွေးလို့ကောင်းတာကြောင့် ဘာသာပြန်ပြီး အားလုံးကို မျှဝေ ပေးလိုက်ပါတယ်။ အတွေးပွားနိုင်ကြပါစေ။ ကျနော်တို့နဲ့ မသင့်လျော်တဲ့ လူတွေ အများကြီးကို တွေ့ပြီးမှ ထိုက်သင့်တဲ့ လူနဲ့ တွေ့ဆုံခွင့် ရကြတယ်။ ဒါမှ ကျနော်တို့ ထိုက်သင့်တဲ့ လူနဲ့ တွေ့ခွင့်ရလို့ ဒီအခွင့်အရေးကို တန်ဖိုးထားနိုင်မယ်။ ပျော်ရွှင်မှု တံခါးပေါက် ပိတ်သွားတဲ့အချိန်မှာပဲ နောက် တံခါး တစ်ပေါက် ပွင့်လာတယ်။ ဒါပေမယ့် အချိန် တော်တော်များများမှာ ပိတ်သွားတဲ့ တံခါးကို ငေးမှိုင်ထိုင်တွေး နေတာနဲ့ပဲ ကျနော်တို့အတွက် ပွင့်လာတဲ့ နောက်တံခါးကို သတိမမူလိုက်မိတော့ဘူး။ အကောင်းဆုံး သူငယ်ချင်း ဆိုတာ … ထိုင်ခုံလေးပေါ်မှာ အတူထိုင်ရင်း ဘာစကားမှ […]


etoneJuly 28, 20101min01
လူတိုင်းလူတိုင်းမှာ အခက်အခဲ အကြပ်အတည်းနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရတဲ့အချိန်မျိုး ရှိခဲ့ကြဖူးမှာပါနော်.. ရွေးချယ်စရာတစ်ခုခုကို ဘယ်လမ်းကို ရွေးချယ်ရမှန်းမသိ ဗျာများခဲ့ကြဖူးပါလိမ့်မယ်..အဲဒီရွေးချယ်စရာ ၂ခုထဲမှာမှ တစ်ခုခုကို ရွေးချယ်ပြီးပြီဆိုခဲ့ရင်တော့ ဘာကြောင့်ဘဲ ဖြစ်ဖြစ်ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်တာ ဖြစ်လို့ နောင်တ မရကြေးက အကောင်းဆုံး မဟုတ်လား.. ရွေးချယ်တော့မယ်ဆိုရင် ဘဝမှာ အဓိက ဦးစားပေးသင့်တာကို သေချာစဉ်းစားပြီး ရွေးချယ်ရမှာပါဘဲ..ရွေးပြီးပြီ ဆိုရင်တော့ ဘယ်လိုရလာဒ်ကို ရလာသည်ဖြစ်စေ၊ ကျေနပ်စွာ လက်ခံရမှာဘဲ ဖြစ်ပါတယ်….ဒီနေရာမှာ ဆုံးဖြတ်ချက်ချတာနဲ့ စပ်လျဉ်းပြီးတော့ ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်ထဲက လူတစ်ယောက်အကြောင်းကို ပြန်ပြောင်းပြီး ပြောပြချင်ပါတယ်.. ၁၉၂၄ ခုနှစ်က ပဲရစ်မှာ ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ ပထမဦးဆုံးအနေနဲ့ နိုင်ငံတကာ ကနူးလှေလှော်ပြိုင်ပွဲကို စပြီးထည့်သွင်းကျင်းပဖို့ ကြော်ငြာပါတယ်.. အဲဒီကနူးလှေပြိုင်ပွဲမှာပါဝင်တဲ့ အားကစားသမား လေးယောက် လှော်ရတဲ့ […]


etoneJuly 27, 20101min00
နိုနို အိမ်ရှေ့ ကပြင်မှာ ထွက်ထိုင်နေတယ် ၊ နေလည်း တော်တော်ညိုပြီ ဖေဖေကလည်း မလာသေး ။ နိုနို ဒီနေ့ ဖေဖေ ကိုမှာလိုက်တယ်လေ ၊ အပြန်ကျရင် ကိတ်မုန့် ဝယ်လာဖို့ ၊ ကိတ်မုန့် မစားရတာ တော်တော်ကြာနေပြီ ၊ ကြာဆို သုံးလေး လတောင်ရှိပြီ ထင်ပါရဲ့ အလုပ်ပါးလို့ နိုနို စားချင်တာတွေ ဖေဖေ သိပ်မဝယ်လာနိုင်ဘူးလေ ။ နေလုံးကြီးတောင် ပျောက်သွား ပြီ ၊ ခြင်တွေကလည်း နိုနို နားမှာ တဝီဝီ နဲ့ အပြေးများ ကျင့်နေကြလား မသိပါဘူး နိုနို တို့ နေတာ ဆင်းရဲသားနဲ့ ရရစားစား နေကြတဲ့ ဆင်းရဲသား ရပ်ကွက်လေးပေါ့ ၊ မြေနီ […]