အချိန်ရဲ့တန်ဖိုး

etoneJuly 30, 20101min02
နှစ်တစ်နှစ်ရဲ့တန်ဖိုးကို
သိချင်ရင်
စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ
လတစ်လရဲ့တန်ဖိုးကို သိချင်ရင်
လမစေ့ဘဲ ကလေးမွေးတဲ့မိခင်ကို မေးကြည့်ပါ
ရက်တစ်ပတ်ရဲ့တန်ဖိုးကို သိချင်ရင်
အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာကို မေးကြည့်ပါ
တစ်နာရီရဲ့ တန်ဖိုးကို သိချင်ရင်
ဆုံဆည်းခွင့်ကိုစောင့်နေတဲ့ချစ်သူများကို မေးကြည့်ပါ
တစ်မိနစ်ရဲ့ တန်ဖိုးကို သိချင်ရင်
ရထားမမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ
တစ်စက္က္ကန့်ရဲ့ တန်ဖိုးက ိုသိချင်ရင်
ယာဉ်တိုက်မှုမှ သီသီလေးလွဲသွားတဲ့ ဒရိုင်ဘာကို မေးကြည့်ပါ
တစ်မီလီ စက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင်
အိုလံပစ်ငွေတံဆိပ်ဆုရှင်ကို မေးကြည့်ပါတဲ့…  😀

2 comments

  • kopauk mandalay

    August 1, 2010 at 4:11 pm

    ကောင်းလိုက်တဲ့ အတွေးလေးပါ။
    နှစ်ပေါင်းများစွာ ရဲ့တန်ဖိုးသိချင်ရင်
    ကောင်းတာတွေမလုပ်ဘဲ သေခါနီးမှ တရားရတဲ့သူလို့ထည့်ရမယ်ထင်ပါတယ်နော်။

    Reply

  • Pyaung Gye

    August 1, 2010 at 5:07 pm

    တစ်စက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင်……
    ဒေါ်လာ ၁၀၀ဝ ကျသွားတာကို မကောက်တဲ့ ဘီလ်ဂိတ်ကိုမေးကြည့်ပါ… ဆိုတာ၄ ထဲ့ရင်လဲကောင်းလိမ့်မယ်နော်

    Reply

Leave a Reply

Your email address will not be published.