လူတိုင်းလူတိုင်းမှာ ရည်ရွယ်ချက်မျိုးစုံ ရှိကြပါတယ်။ တချို့က ကျော်ကြားချင်တယ်.. တချို့က ကြီးပွားချမ်းသာချင်တယ်.. တချို့က အာဏာပါဝါ ကြီးမားချင်ကြပါတယ်။ အမျိုးမျိုး ရှိကြတာပေါ့..။ ဒါပေမယ့် လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကိုတော့ မေ့ထားကြတာများပါတယ်။ လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုတော့ တခါမှ သေချာတိတိကျကျ မတွေးမိကြပါဘူး။ လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကို မေ့နေကြလို့ပဲ လူသားအများစုဟာ ကိုယ့်ကျင့်သီလတွေ ပျက်စီးနေကြရတာပါ။ ကိုယ့်ကျင့်သီလတွေ ပျက်စီးကြလို့ပဲ မလုပ်သင့်တဲ့ အကုသိုလ်တွေလုပ်မိ.. မကြံသင့်တဲ့အတွေးတွေကြံမိနဲ့… နောက်ဆုံးတော့ မဲ့သေတွေ သေကြပြီး အပါယ်လေးပုံမှာ ပလုံစီနေကြရတာပါ။ လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်လေးကို သေချာသိသွားရင်တော့ မဟုတ်တာမလုပ်ချင်တော့ပါဘူး။ ကျနော် အခုပြောမှာက လူဖြစ်ရခြင်း ရည်ရွယ်ချက် ဆိုတာပါ…။ လူဖြစ်ရခြင်းရဲ့အဓိက ရည်ရွယ်ချက်ကဘာလည်း??? လူဖြစ်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ ကုသိုလ်များများလုပ်ပြီးတေ့ာ မဂ်ဖိုလ်နိဗ္ဗာန်ကို တက်လှမ်းနိုင်ကြဖို့ပါ။ ဒီရည်ရွယ်ချက်ကို လူအများစု […]
