Yin Nyine NwayAugust 7, 20101min01
မနက် စောစော နိုးနေသော်လည်း (၆)နာရီလောက် မှ အိပ်ယာမှထဖြစ်သည် ။ အသက် နည်းနည်ရလာတော့ ခန္ဓာကိုယ် ငယ်ငယ်တုန်းကလို စိတ်သွားတိုင်းကိုယ်မပါနိင်တော့ ။ သားသမီးတွေမျက်နှာကို ကြည့်မနေချင်လို့ ဇနီးမောင်နှံ (၂ ) အေးအေးဆေးဆေး နေခဲ့တာ အခုဆို ရှစ်နှစ်နီးပါး တောင်ရှိခဲ့ ပြီ ။ အခုလည်းစောစောပိုင်း ဘုရားဝတ်ပြုပြီး နည်းနည်း ချူချာသော ဇနီးသည် အတွက် ဆေးမသောက်ခင်စားရန် လက်ဖက်ရည် လာဝယ်ခြင်းဖြစ်သည် ။ ……………………………………………………….. အဘိုးကို ဘက်ဖက်ရည် ပါဆယ် ( ၁ )ခွက် နဲ့ အီကြာကွေး (၁)ချောင်းပေးပါ ။ ဟုတ်ကဲ့ အဖိုး …………………………………………….. ဒီဆိုင်လေး ဖွင့်တာမကြာသေး ပေမယ့် ဆိုင်ရှင် အညာသားလင်မယား ၏ဆက်ဆံရေးကောင်းမွန်မှုကြောင့် […]


cobraAugust 7, 20101min04
သူငယ်ချင်းတစ်ယောက်နေတဲ့လမ်းထဲမှာနေတဲ့ … ပြည့်စုံဆိုတဲ့လူငယ်လေးတစ်ယောက်သူ ့ချစ်သူကို သတ်ပြီး … မိမိကိုယ်ကိုလည်း အဆုံးစီရင်သွားတယ်ဆိုသတင်းလေး သူငယ်ချင်းတစ်ယောက်ပြောပြလို့ သိလိုက်ရပါတယ် ….. ဘယ်လိုအကြောင်းကြောင့် သတ်လိုက်တယ်ဆိုတာကတော့ ကောလဟာလ နဲ့ အမျိုးမျိုးရှိနေပါတယ် .. ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပါသူ ့ကိုယ်သူလည်း အဆုံးစီရင်သွားတယ် ဆိုကတည်း က … သူ ဟာ မုန်းလို့သတ်လိုက်တာတော့မဖြစ်နိုင်ဘူး ထင်ပါရဲ ့ … သိရတာတော့ သူတို့တွဲလာတာ တော်တော်ကြာနေပြီလို့လည်း သိရတယ်။ အခုပြောချင်တာက ဘာလဲဆိုတော့…..သူတို့တွေ ချစ်လို့ မုန်းလို့ ခွဲခွါသွားကြတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် သူတို့ အမှတ်တရလေးတွေ …. Facebook မှာ ကျန်ခဲ့ပြီး ဘယ်သူမှ ဖျက်ဆီးလို့ မရအောင်အမှတ်တရကျန်ရစ်နေခဲ့တယ်ဆိုတာပါပဲ ….သူတို့ ရဲ ့ Profile တွေ မှာ အသုဘဆုတောင်းတွေ … […]


cobraAugust 7, 20101min03
> > အရုဏ်ဦးမှာ ဖူးသည့်ကြာ” ၌ ပါဝင်သူများကို အင်္ဂလန်တွင် ဆန္ဒပြ > > <http://www.irrawaddy.org/bur/index.php/news/1-news/3755-2010-08-03-07...> > >  အင်္ဂလန်နိုင်ငံတွင် ရောက်ရှိ နေသော မြန်မာနိုင်ငံမှ နာမည်ကြီး ရုပ်ရှင် > > သရုပ်ဆောင် နေတိုးနှင့် အဖွဲ ့ကို လန်ဒန်နှင့် မန်ချက်စတာမြို့များရှိ > > မြန်မာများက ပြင်းထန်စွာကန့်ကွက် ် ဆန္ဒပြကြကြောင်း သိရသည်။ > > > [image: ENG-demostration] > > > “အရုဏ်ဦးမှာ ဖူးသည့်ကြာ”ရုပ်ရှင်နှင့် ပါဝင်သူများကို ဆန္ဒပြနေကြသည့် > > လန်ဒန်ရောက်မြန်မာများ(ဓာတ်ပုံ – ဧရာဝတီ) > > > စစ်အစိုးရ၏ […]


cobraAugust 7, 20101min09
အချိန်ကား (၁၉၉၄) ခုနှစ်။ နေရာကား သန်လျင်တဘက်ကမ်း။ အကြော်သည် ဒေါ်အေးစိန်၏ အိမ်တွင် လူစည်ကားနေသည်။ ဖတဆိုးသားလေး ကျော်စွာမင်း ဆယ်တန်းကို နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်သည်မို့ အခမ်းအနားလေးတခု ကျင်းပနေခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှ လူအများကို မုန့်ဟင်းခါးပွဲလေးနှင့် ဧည့်ခံနေရင်း ဒေါ်အေးစိန်ရင်ထဲတွင် ဝမ်းနည်းဝမ်းသာခံစားနေရသည်။ ဝမ်းနည်းသည်က ခင်ပွန်းသည်အတွက်၊ ဝမ်းသာရသည်က ချစ်လှစွာသော သားလေးအတွက်။ ခင်ပွန်းသည်ဆုံးပါး သွားပြီနောက်မှာ ဘဝကို ပင်ပင်ပန်းပန်း ရုန်းကန်ရင်း သားလေးကို လူလားမြောက်အောင် တာဝန်ယူခဲ့ရသည်။ ခြောက်နှစ်ဆိုသောကာလမှာ ပင်ပန်းပါဘိခြင်း။ အခုတော့ ပင်ပန်းရကျိုးနပ်ပါသည်။ သားလေးဆယ်တန်းအောင်သွားပြီ။ အကြော်သည် မုဆိုးမသားလေး ဘွဲ့ရပညာတတ်ဖြစ်အောင် ဆက်ကြိုးပမ်းရဦးမည်။ ဘာပဲဖြစ်ဖြစ် အမေရဲ့သားလေး ဘယ်တော့မှ မျက်နှာမငယ်စေရ။ “အမေပျော်လိုက်တာသားရယ်၊ ငါ့သားလေးအတွက် အမေဂုဏ်ယူတယ်သိလား။ တက္ကသိုလ် ဆက်တက်နော်သား။ အမေထားပေးမယ်” “အမေလဲ […]


teekaunglayAugust 6, 20101min03
တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ ဒါ အနောက်တိုင်း ပုံပြင်တွေရဲ့ ပြောရိုးပြောစဉ် နိဒါန်းပါ။ ကျနော်တို့ မြန်မာပုံပြင်မှာကျ ဒီလို မဟုတ်ပြန်ဘူး။ ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီး အုပ်စိုးသတဲ့။ ကဲကဲ … ပုံပြင် ဆက်ကြဦးစို့။ ဘုရင်ကြီးရဲ့ ဘေးနားမှာ သက်တော်စောင့်တွေ အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့ အပါးတော်မြဲ အနေနဲ့ ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာ ထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့ ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား ခေါ်သွားသတဲ့။ တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို ကိုက်လိုက်သတဲ့။ […]


etoneAugust 6, 20101min00
လူ့ဘဝနဲ့ ပတ်သက်ရင် ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ နှစ်လရာသီတွေက အညှာတာကင်းမဲ့တယ်။ အတိတ်ကိုပြန် မှန်းမျှော်ကြည့်တော့ လူတွေအသက်ရှင်တာက စိတ်ခံစားမှုတစ်မျိုးလို့ ဆိုနိုင်တယ်။ ဆင်းရဲတာပဲဖြစ်ဖြစ်၊ ချမ်းသာတာပဲဖြစ်ဖြစ်၊ ရယူတာပဲဖြစ်ဖြစ်၊ ဆုံးရှုံးတာပဲဖြစ်ဖြစ် အရာအားလုံးက လျှပ်တစ်ပြက်အတွင်းမှာဖြစ်ပြီး လျှပ်တစ်ပြက်အတွင်းမှာ ပျောက်သွားနိုင်တယ်။ မနေ့က၊ ဒီနေ့၊ မနက်ဖြန် ဘာနေ့ပဲဖြစ်ဖြစ် စိတ်ရွှင်လန်းတဲ့နေ့က အလှဆုံးနေ့ဖြစ်တယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူအချစ် ဘာအချစ်ပဲဖြစ်ဖြစ် တန်ဖိုးထားမြတ်နိုးနိုင်ရင် ခံစားချက်ကောင်းတွေပေးတယ်။ စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။ “ပိုင်ဆိုင်ခဲ့ဖူးတာကို မမေ့နဲ့၊ လက်ရှိပိုင်ဆိုင်တာကို ပိုတန်ဖိုးထားပါ။ ကိုယ့်အတွက် သတ်မှတ်ထားတဲ့အရာကို လက်မလွတ်နဲ့၊ ဆုံးရှုံးခဲ့ဖူးတာကို အမှတ်တရထားပါ။ လိုချင်တာကို ရအောင်ကြိုးစားပါ။ မောပန်းလာရင် စိတ်ကို ကမ်းကပ်ဖို့ မမေ့ပါနဲ့။ ရွေးချယ်ပြီးနောက် နောင်တမရနဲ့၊ အပင်ပန်းခံမှ ပြည့်ဝတာကို နားလည်မယ်၊ အနာခံမှ ဘဝကိုနားလည်မယ်။ […]


etoneAugust 6, 20101min00
ရှေးဂရိရာဇဝင်ပုံပြင်မှာ ချစ်သူတွေက ကိုယ်ချစ်တဲ့သူရဲ့လက်ခလယ်မှာ အချင်းချင်း လက်စွပ်တွေဝတ်ဆင်ပေးကြတယ်။ အကြောင်းက လက်ခလယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးနဲ့တိုက်ရိုက် ဆက်သွယ်ထားလို့ဖြစ်တယ်။ ဒါကြောင့် လက်စွပ်ရဲ့အဓိပ္ပါယ်က နှလုံးသားရဲ့ အာမခံချက်ဖြစ်တယ်။ ဒါပေမယ့် လူ့လောကမှာ ဆံဖြူသွားကျိုးတဲ့အချစ်က နည်းခဲ့ပါတယ်။ ရိုးမြေကျဆိုတဲ့ ချစ်သူတွေ ရှားခဲ့ပါတယ်။ ကိုယ်နဲ့တစ်သက်အတူနေဖို့ ရွေးခဲ့သူက ကိုယ့်အချစ်ဆုံး ဟုတ်ချင်မှလည်းဟုတ်မယ်။ ကိုယ့်အချစ်ဆုံးက ကိုယ်နဲ့တစ်သက်အတူ နေရချင်မှလည်း နေရမယ်။ တချို့ချစ်သူတွေကတော့ ဒီတစ်သက်အတူမနေရရင် နောင်ဘဝမှာနေရဖို့ တောင်းဆုပြုတတ်ကြတယ်။ အရမ်းချစ်ကြတဲ့ချစ်သူတွေ လက်ထပ်ခြင်းဆိုတဲ့တံခါးဝကို ဖြတ်ကျော်ပြီးနောက် အချင်းချင်း တန်ဖိုးမထားကြသူတွေလည်း ရှိကြတယ်။ ဂတိသစ္စာတွေ အကြိမ်ကြိမ်ပေးစရာ မလိုပါဘူး။ ချစ်နေချိန် အတူနေချိန်မှာ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားတတ်ကြမယ်၊ တစ်နေ့တာကို နောက်ဆုံးချစ်ရမယ့်ရက်လို့ သတ်မှတ်ပြီး ချစ်ကြမယ်၊ ချစ်သူလက်ကို တင်းတင်းဆုပ်ထားမယ်၊ ရုပ်ရည်အိုမင်းသွားလည်း၊ ပါးရေတွေတွန့်သွားလည်း ကိုယ့်မှတ်ဉာဏ်ထဲမှာ […]


cobraAugust 5, 20101min05
အဆိုတော် ခင်ညွန့်ရည်၏ သမီး အိုပြည့်ရှင် စီးနင်း လာသော ယာဉ်နှင့်ဆီဘောက်ဆာ ယာဉ်တို့ လှည်းကူးမြို့ အဝင်တွင် ယာဉ်တိုက်မှုဖြစ် ရန်ကုန်တိုင်း လှည်းကူးမြို့ အဝင် ရဲမွန်တပ်ရှေ့တွင် ဇူလိုင် (၂၅)ရက်နေ့ ညနေ (၅)နာရီခန့်၌ အဆိုတော် အိုပြည့်ရှင်နှင့် ဆွေမျိုးများ၊ သူငယ်ချင်းများ စီးနင်းလာသော (၈ခ/၈၄၅၇) လိုက်အိတ်(စ်) ယာဉ်နှင့် ကျော်မင်းဦးစက်သုံးဆီ ရောင်းဝယ်ရေး ကုမ္ပဏီမှ ဆီဘောက်ဆာ (၉ခ/၃၆၇၅)တို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယာဉ်တိုက်မှုဖြစ်ပွားရာတွင် ဒဏ်ရာရရှိခဲ့သည့်အိုပြည့်ရှင်၏ မိခင်ဖြစ်သူ အဆိုတော် ခင်ညွန့်ရည်က ပြောပြရာတွင် ”အဲဒီနေ့က အန်တီ့တူမသုံး ယောက်ရယ်၊ အန်တီ့သမီး အိုပြည့်ရှင်ရယ်၊ သူတို့ သူငယ်ချင်းတွေရယ် အားလုံးစုစုပေါင်း (၁၇)ယောက် ပဲခူးဘုရားဖူး သွားကြတယ်။ အန်တီက သူတို့နဲ့ ဘုရားဖူးပါမသွားဘူး။ […]


cobraAugust 5, 20101min04
ငွေမကုန်ဘဲ ထိန်းသိမ်းလို့ရတဲ့ အရေပြားအလှ။ တချို့က တော်ရုံလောက်ပဲ လှချင်တယ်။ တချို့ကျတော့ များများကြီး လှချင်တယ်။ လှချင်တာတော့ ဟုတ်ပါ ပြီ။ လှအောင်လုပ်ဖို့ နည်းလမ်း တွေကလည်း ခုလိုမော်ဒန်ခေတ်ကြီးထဲမှာများမှများ။ တချို့က ငွေများ များအကုန်ခံနိုင်မှ လှနိုင်မယ်လို့ ထင်ကြတယ်။ တကယ်တော့ငွေမကုန် ဘဲ အလှအပပြင်နိုင်မယ့် နည်းလမ်းတွေ လည်း အများကြီးရှိပါတယ်။ အထူး သဖြင့် မအားလို့ ဆိုင်သွားပြီး အလှမပြင်နိုင်တဲ့သူတွေ သဘာဝ ပစ္စည်းတွေ နဲ့ ကိုယ့်အိမ်ကိုယ့်ရာမှာပဲ အလှပဆုံး ဖြစ်အောင် ပြုပြင်နိုင် ပါတယ်။ ကဲ .. ဈေးလည်းမကြီးဘဲ အကျိုးသက်ရောက်မှုလည်း ရှိတဲ့ နည်းလမ်းကောင်းတွေထဲ ကတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ပျက်စီးခြောက်သွေ့နေတဲ့အသားအရေအတွက် ငှက်ပျောသီးအနှစ် သင့်ရဲ့အသားအရေတွေ ပျက်စီးခြောက်သွေ့နေတယ်လို့ ခံစားနေရပါ သလား။ ငှက်ပျောသီး […]


Good IdeaAugust 5, 20101min08
တနေ့ ကျနော် အင်တာနက်ရွာထဲ လျှောက်လည်တုန်း အိမ်ကလေးတလုံးဆီကို ရောက်သွားတယ်။ ရွာထဲမှာဆိုရင် ဒီအိမ်လေးက အတော်အသင့်ကို ခိုင်ခန့်သပ်ရပ်တယ်လို့  ပြောလို့ရတယ်။ ဒါနဲ့ အိမ်ထဲဝင်လိုက်တဲ့အခါ ကျနော့်အရင် ရောက်နေတဲ့ အိမ်သားတွေဟာ အကြောင်းအရာပေါင်းစုံကို  အသီးသီးဝေမျှ ပြောဆိုနေကြတာ တွေ့လိုက်ရတယ်။ အချစ်အကြောင်း၊ မော်ဒယ်အကြောင်း၊ အားကစား၊ ဘာသာရေး၊ ဗေဒင်၊ နိုင်ငံရေး၊ ဂီတ၊ သတင်း စသဖြင့် သူတို့ပြောကြတဲ့ အကြောင်းအရာတွေဟာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေတယ်။ ခုမှ ရောက်ခါစဆိုတော့ သူတို့ပြောတာ အတန်ငယ် နားထောင်ကြည့်ပြီးတဲ့အခါ ကျနော်လည်း သူတို့လို ပြောချင်လာတယ်။  ဒါနဲ့ အိမ်ထိန်းကြီးကို မေးလိုက်တယ်။ “ကျနော်ရော အိမ်သားဖြစ်လို့ရသလား ခင်ဗျ” အိမ်ထိန်းကြီးက ဝမ်းသာအားရပြန်ဖြေတယ်။ “ရတာပေါ့ကွာ။ ဒီအိမ်ဟာ မင်းရဲ့ အိမ်ပဲ။ မင်းတို့လိုလူတွေအတွက် ငါတို့ကြိုးစား […]


cobraAugust 4, 20103min07
အခြော်ရကောက် တဆော်ရကေ ဒီအခြောက် ဒီရက်ပိုင်းတော်တော်ခြောက်နေသည်။ ဟ.. အခြောက်ပါဆိုမှတော့ ခြောက်မှာပေါ့လို့ စောဒက တက်စရာ ရှိသည်။ အမှန်က ဒီလိုပါ အခြောက်တစ်ယောက် တစ္ဆေဖြစ်ပြီး လိုက်ခြောက်နေတာ။ ဖြစ်ပုံက ဒီလိုဗျ………….. တောင်ပြုံးပွဲ (သို့) မင်းနှစ်ပါး အကန်တော့ ခံတဲ့ ဝါခေါင်ပွဲ မြန်မာတပြည်လုံးက ခြိမ့်ခြိမ့်သဲ လာနွှဲကြသောပွဲ… ပျိုပျိုအိုအို ယောက်ျား မိန်းမ အခြောက် စုံတဲ့ပွဲပေ့ါ ဦးတုတ်ကြီးအိမ်က တောင်ပြုံးအသွား ကပိုင်ရွာ ကားလမ်းဘေးတွင်ရှိတော့ ပွဲသွား ပွဲပြန် ကားတွေနဲ့ စည်ကားလို့နေသပေါ့။ ဒီနေ့က ချိုးရေတော်သုံးတဲ့ရက်… အစည်ကားဆုံးနေ့ အဲဒီမှတင် မထင်မှတ်တာတစ်ခု ဖြစ်လာသည်။ ပိုက်ဆံကောက်သောကလေး တစ်စုကိုရှောင်ရင်း ကားတစ်စီး တိမ်းမှောက်သွားသည်။ ဝက်ဝက်ကွဲ အော်သံတွေကြောင့် ထွက်ကြည့်လိုက်တော့…… သွေးရဲရဲ သံရဲရဲ နဲ့ […]


thihayarzarAugust 4, 20101min00
ဆရာယုဒသန်သည် ဘိုးတော်ဘုရားလက်ထက်တွင် အမေရိကန်ပြည်ထောင်စုနိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ခရစ်ယန်သာသနာပြု တစ်ဦးဖြစ်သည်။ ဆရာယုဒသန်၏ နာမည်အရင်းမှာ အဒိုနီရမ်ဂျပ်ဆင်ဖြစ်သည်။ သူသည် မြန်မာနိုင်ငံ ခရစ်ယန်သာသနာရေးတွင်သာမက စာပေဖက်တွင်သော်၎င်း၊ နိုင်ငံရေးဖက်တွင်လည်း ထင်ရှားသောသူတစ်ဦးဖြစ်သည်။ ဆရာယုဒသန်ကို ၁၇၈၈ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုနိုင်ငံ မက်ဆချူးဆက် ပြည်နယ် မော်လဒင်းမြို့တွင် မွေးဖွားခဲ့သည်။ ဗရောင်းတက္ကသိုလ်တွင်ပညာသင်ကြားခဲ့သည်။ ၁၈၁၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အန်ဟေဇယ်တိုင် ဆိုသူအမျိုးသမီးတစ်ဦးဖြင့်လက်ထက်ခဲ့သည်။ နောက်တစ်နေ့တွင် ယုဒသန်သည် အခြားအဖော်လေးဦးတို့နှင့်အတူ အရှေ့အာရှနိုင်ငံများသို့ သွားပြီး သာသနာပြုရန်စေလွှက်ခြင်းခံရသည်။ ယုဒသန်တို့ဇနီးမောင်နှံသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဆေလမ်မြို့ ဆိပ်ကမ်းမှ သင်္ဘောဖြင့် ထွက်ခွာခဲ့ကြသည်။ ဇွန်လတွင် ကာလကတ္တားမြို့သို့ ဆိုက်ရောက်သည်။ ထိုအချိန်က ဗြိတိသျှ အစိုးရနှင့် […]


etoneAugust 3, 20101min03
စက္ကူကြယ်လေးတွေ သူမခေါက်သင်ပြီး နေ့တိုင်း စက္ကူလေးတွေပေါ်မှာ သူ့ကိုပြောချင်တဲ့စကားလုံးတွေ ချရေးပြီးစက္ကူကြယ်လေးတွေ သူမခေါက်ခဲ့တယ်။ ကြယ်လေးတွေကို ပုလင်းတစ်လုံးထဲထည့်ပြီး သူမသိမ်းခဲ့တယ်။ သူနှစ်သက်မယ့် မိန်းကလေးမျိုးက နူးညံ့သိမ်မွေ့ပြီး ဖြောင့်စင်းမည်းနက်တဲ့ဆံပင်နဲ့ အရည်လဲ့ဝိုင်းစက်နေတဲ့ မျက်လုံးပိုင်ရှင်ဖြစ်လိမ့်မယ်လို့ သူမ မကြာခဏတွေးထင်မိတယ်။ အဲဒီမိန်းကလေး ပြုံးရယ်တဲ့အချိန် ပါးစပ်က မဟတဟလေးဖြစ်မယ်လို့လည်း သူမမြင်ယောင်မိတယ်။ သူမမှာ မည်းနက်တဲ့ဆံပင်ရှိပေမယ့် နားရွက်ထိအောင်တိုတယ်။ သူမမှာ ဝိုင်းစက်တဲ့မျက်လုံးရှိပေမယ့် ရယ်လိုက်တဲ့အချိန် မျဉ်းတစ်ကြောင်းပုံစံ မှေးသွားတတ်တယ်။ တကယ်လို့ တစ်နေ့နေ့မှာ သူမသာ အဲဒီမိန်းကလေးပုံစံလို ဖြစ်သွားခဲ့ရင် သူစိတ်ဝင်စားလာမလားလို့ မှန်ကြည့်တိုင်း သူမစိတ်ကူးယဉ်တတ်တယ်။ အဲဒီလိုအမြဲတမ်း စိတ်ကူးယဉ်တွေးထင်ပေမယ့်လစဉ်လတိုင်း ဆံပင်ညှပ်ဆိုင်ပြေးပြီး အတန်ငယ်ရှည်လာတဲ့ ဆံပင်ကို သူမသွားသွားညှပ်တတ်တယ်။ ရယ်မောစရာတွေ့ရင်လည်း တဟားဟားနဲ့ မျက်လုံးတွေ မှေးကျသွားတဲ့အထိ သူမအော်ရယ်တတ်တယ်။ သူမ(၁၉)နှစ်မှာ နာမည်သိပ်မကြီးပေမယ့် အရမ်းလည်းအဆင့်မနိမ့်တဲ့ တက္ကသိုလ်တစ်ခုကို တက်ခွင့်ရခဲ့တယ်။စာတော်တဲ့သူကတော့ ထုံးစံအတိုင်း တစ်ခြားမြို့က နာမည်ကြီးတက္ကသိုလ်ကို တက်ခွင့်ရခဲ့တယ်။ ရထားပေါ်ထိုင်ပြီး သူမကိုမွေးခဲ့၊ ကြီးခဲ့တဲ့မွေးရပ်မြေကို […]