အဆိုတော် ခင်ညွန့်ရည်၏ သမီး အိုပြည့်ရှင် စီးနင်း လာသော ယာဉ်နှင့်ဆီဘောက်ဆာ ယာဉ်တို့ လှည်းကူးမြို့ အဝင်တွင် ယာဉ်တိုက်မှုဖြစ်

cobraAugust 5, 20101min05

အဆိုတော် ခင်ညွန့်ရည်၏ သမီး အိုပြည့်ရှင် စီးနင်း လာသော ယာဉ်နှင့်ဆီဘောက်ဆာ ယာဉ်တို့ လှည်းကူးမြို့ အဝင်တွင် ယာဉ်တိုက်မှုဖြစ် ရန်ကုန်တိုင်း လှည်းကူးမြို့ အဝင် ရဲမွန်တပ်ရှေ့တွင်

ဇူလိုင် (၂၅)ရက်နေ့ ညနေ (၅)နာရီခန့်၌ အဆိုတော် အိုပြည့်ရှင်နှင့်
ဆွေမျိုးများ၊ သူငယ်ချင်းများ စီးနင်းလာသော (၈ခ/၈၄၅၇) လိုက်အိတ်(စ်)
ယာဉ်နှင့် ကျော်မင်းဦးစက်သုံးဆီ ရောင်းဝယ်ရေး ကုမ္ပဏီမှ ဆီဘောက်ဆာ
(၉ခ/၃၆၇၅)တို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယာဉ်တိုက်မှုဖြစ်ပွားရာတွင် ဒဏ်ရာရရှိခဲ့သည့်အိုပြည့်ရှင်၏

မိခင်ဖြစ်သူ
အဆိုတော် ခင်ညွန့်ရည်က ပြောပြရာတွင် ”အဲဒီနေ့က အန်တီ့တူမသုံး ယောက်ရယ်၊
အန်တီ့သမီး အိုပြည့်ရှင်ရယ်၊ သူတို့ သူငယ်ချင်းတွေရယ် အားလုံးစုစုပေါင်း
(၁၇)ယောက် ပဲခူးဘုရားဖူး သွားကြတယ်။ အန်တီက သူတို့နဲ့ ဘုရားဖူးပါမသွားဘူး။
ကားမောင်းတာက အန်တီ့တူပေါ့။ အပြန်မှာ လှည်းကူးမြို့အဝင် ရဲမွန်တပ်ရှေ့မှာ
ဖြစ်တာ။ဆီဘောက်ဆာကားက ကျော်မင်းဦးစက်သုံးဆီရောင်းဝယ်ရေးကကား၊ အဲဒီကားက အိုပြည့်ရှင်တို့ စီးလာတဲ့ကားကို နောက်ကနေ ဝင်တိုက်တာ။ ကားက (၂)ပတ်လောက် လိမ့်ထွက်သွားတာ။
အိုပြည့်ရှင်တို့စီးလာတဲ့ကားက အမိုးတွေလည်းပြုတ်၊ မှန်တွေလဲကွဲပေါ့။

ဖြစ်ဖြစ်ချင်းမှာအန်တီ့တူမတွေ ကားပေါ်မှာပါလာတဲ့သူတွေ အကုန်လုံး (၁၇) ယောက်လုံး ဒဏ်ရာ အပြင်းအထန် ရကုန်တယ်။ အသေအပျောက်တော့ မရှိဘူး။ အရင်ဆုံး
လှည်းကူးဆေးရုံကနေ ရန်ကုန်ဆေးရုံကြီးကို (၃)သုတ်ခွဲပို့ရတယ်။
ရန်ကုန်ဆေးရုံကြီးမှာ ဦးနှောက်နဲ့အာရုံကြော(၅/၆)၊
ရင်ခေါင်းအဆောင်တွေမှာတင်ထားရတယ်။ (၇)ယောက် ကျန်တယ်။
ယာဉ်တိုက်မှုဖြစ်ဖြစ်ချင်းမှာ ရဲမွန်တပ်ကရော၊ ရဲစခန်းကရော၊ ကြက်ခြေနီတွေပါ
အကုန်လုံး သူတို့ကို ကူညီပေးကြပါတယ်။ အန်တီ့တူမတွေထဲကတော့ (၅)ချက်(၂)ယောက်
ချုပ်ရတယ်။ (၁ဝ)ချက် တစ်ယောက်ချုပ်ရတယ်။ သမီး အိုပြည့်ရှင်က (၆)ချက်
ချုပ်ရတယ်။

စက်သုံးဆီရောင်းဝယ်ရေးကုမ္ပဏီက ယာဉ်မောင်းကိုရော ယာဉ်ကိုရော နောက်ပြီး အန်တီတို့ ကားကိုရော လှည်းကူး ရဲစခန်းက ဖမ်းထားတယ်။ အန်တီတို့ဘက်က
အမှုဖွင့်ထားတာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ကျော်မင်းဦးစက်သုံးဆီကုမ္ပဏီက
အန်တီတို့ ဒဏ်ရာရတဲ့ လူနာတွေဆီကို လူမှုရေးအရ လာကြည့်တာမျိုး တောင်းပန်တာ
တို့တောင် မရှိသေးဘူး။ ယာဉ်တိုက်မှု ဖြစ်ပြီးတာ ဒီနေ့ဆို(၃)ရက်ရှိပြီ။
ဆေးရုံကိုလည်း မလာဘူး။ အိမ်ကိုလည်း မလာဘူး”ဟု အဆိုတော်ဒေါ်ခင်ညွန့်ရည်က
လျှပ်တစ်ပြက် သတင်းဂျာနယ်သို့ ပြောဆိုခဲ့သည်။

၎င်းယာဉ်တိုက်မှုကို (ပ-၃၅၈)-၃၃၇/၃၃၈)ဖြင့် လှည်းကူးရဲစခန်းမှ အမှုဖွင့်၍ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သက်ဆိုင်ရာ လှည်းကူးရဲစခန်းက လျှပ်တစ်ပြက်
သတင်းဂျာနယ်သို့ ဖုန်းဖြင့်ပြောကြားခဲ့သည်။ ယင်းနေ့ ယာဉ်တိုက်မှုတွင်
အိုပြည့်ရှင်၏ လက်ကိုင်ဖုန်း(ဝ၉- ၈၆၁၄၂၉ဝ)ပျောက်ဆုံးလျှက်ရှိကြောင်း
အဆိုတော် အိုပြည့်ရှင်က ထပ်မံပြောပြသည်။

တဆင့်ကူးယူဖော်ပြသည်။

5 comments

  • winne

    August 5, 2010 at 9:41 am

    အခုတလော ကားတိုက်တဲ့ ကိစ္စတွေ တော်တော် ကြားမိနေတယ် ဘယ်လောက်များ ယာဉ်တိုက်မှုတွေ ဖြစ်နေလဲ မသိဘူး ဖြစ်သမျှ ကြားမိတာဘဲလား များလို့ဘဲ နားထဲလျှံရောက်လာတာလား မသိဘူး စိတ်မကောင်းဘူးကွယ်

    Reply

  • Ba Gyi Taw

    August 5, 2010 at 10:53 am

    အရေးမပါတာကွာ ။

    Reply

  • kopauk mandalay

    August 5, 2010 at 12:19 pm

    Ba Gyi Taw
    ရယ်စိတ်မတိုပါနဲ့။
    သာမန်လူထက်စာရင် အဆိုတော်ရဲ့မိသားစုဆိုတော့ လူပိုစိတ်ဝင်စားတာပေါ့။
    ဘယ်သူပဲဖြစ်ဖြစ် ဒီလိုမတော်တဆမူ့မျုးိနဲ့ ကိုယ်တို်င်ကြုံဘူးသူက ပိုကိုယ်ချင်းစာတတ်ပါတယ်။

    Reply

  • etone

    August 6, 2010 at 2:36 am

    တော်တော်အရှိန်ပြင်းထန်တာပဲနော် ။ လူတွေကွဲပြဲသွားတယ်ဆိုတော့ ။ ဒါနဲ့ တိုက်တဲ့ဘက်က ဘာလို့ လာမကြည့်တာလဲ ။ လူမှူရေးအရတော့ကြည့်သင့်တာပေါ့ ။

    Reply

  • mr.dark blood

    August 6, 2010 at 4:28 am

    အိုပြည်ရှင်ဆိုတဲ့အမျိုးသမီးက သူကိုး….။

    Reply

Leave a Reply

Your email address will not be published.