Yin Nyine NwayJuly 20, 20101min01
ကျွန်မအလုပ်ပြန်ချိန်က နောက်ကျပါတယ် ပြီးတော့ မနက်ဖန်ကကျွန်မနားရက်ဆိုတော့ သူငယ်ချင်းနဲ့ ချိန်းပြီး ညဈေးသွားမယ်ပေါ့ … သွားတုန်းကတော့ နှစ်ယောက်ဆိုတော့ ဟိုဆိုင်ဝင်ဒီဆိုင်ဝင်နဲ့ ဈေးပတ်ပြီးလို့အပြန် ကျတော့ သူငယ်ချင်းနဲ့က ပြန်ရမဲ့လမ်းချင်းမတူတော့ဘူး … ညဈေးထိပ်က ဘူတာမှာတင်သူက MRT စီးပါတယ် ကျွန်မကတော့ အိမ်နဲ့လဲသိပ်မဝေးတော့တာနဲ့ လမ်းလျှောက်ပြန်ဖို့ဆုံးဖြတ်လို က်ပါတယ် ..လမ်းလျှောက်ပြန်မယ် ဆိုမှဘယ်နှစ်နာရီရှိပြီလဲ ကြည့်မိပါတယ်..ည12နာရီနီးနီးရှိနေပြီလေ..မတတ်နိုင်ဘူးလေ…..ကိုယ်ကခြေရှည်မိတာကိုး…. ကျွန်မလမ်းလျှောက်လာရင်းနဲ့ လမ်းမှာအဘိုးကြီးတစ်ယောက်ကိုတွေ့ပါတယ် … အသက်ကတော့ 60 လောက်များရှိမလားဘဲ …..Homeless တစ်ယောက်ပါ … အစကတော့ ညပိုင်းလဲဖြစ်တယ် ….ပြီးတော့12 နာရီလဲကျော်နေပြီဆိုတော့ နည်းနည်းတော့ လန့်သွားမိပါတယ် .. ဒါပေမဲ့သူ့ကိုကြည့်ရတာက တစ်ခုခုကိုကြိုးစားပမ်းစားလုပ်နေတဲ့ ပုံစံပါ … ကြောက်စိတ်ထက် သိချင်စိတ်ကများသွားတယ်ဆိုပါတော့ …….. သူဘာများလုပ်နေတာလဲ သိချင်တာနဲ့ အဲဒီအနားကဘဲဖြတ်လျှောက်ဖို့ ဆုံးဖြတ်လိုက်တယ် ….. […]


Yin Nyine NwayJuly 20, 20101min00
ကျွန်မတို့နေထိုင်ရာ တိုက်ခန်းကို အချိန်မတော် ရောက်ရှိလာတဲ့ ယာဉ်ထိန်းရဲအရာရှိရဲ့ မျက်နှာအမူအရာကို မြင်လိုက်ထဲက ဆိုးဝါးတဲ့သတင်းကို ကြားရတော့မယ်ဆိုတာ သိလိုက်မိပါတယ်။ “ မစုစု ရဲ့ အဖေ ယာဉ်တိုက်မှုဖြစ်လို့ပါ..။ သူတို့မောင်းလာတဲ့ ကားကို တစ်ဖက်ကကားက ဝင်တိုက်တာပါ။ စိတ်မကောင်းပါဘူးခင်ဗျာ..။ မစုစုရဲ့ အဖေက အခြေအနေစိုးရိမ်ရလို့ အတွင်းလူနာ အနေနဲ့ဆေးရုံမှာ ထားခဲ့ရပါတယ်။ ခင်ဗျားအမေကတော့ သိပ်မစိုးရိမ်ရပါဘူး၊ ကျွန်တော် ဆေးရုံကိုလိုက်ပို့ပေးပါမယ် “ သူငယ်ချင်းဖြစ်သူ စုစုတော့မသိ။ ကျွန်မကတော့ ရဲအရာရှိရဲ့ စကားကို ကြားတစ်ချက် မကြားတစ်ချက်နဲ့ ခေါင်းထဲမှာ မူးရီဝေလာမိတယ်။ ကျွန်မနဲ့ စုစု တို့ဒီတိုက်ခန်းကို ပြောင်းလာခဲ့တာ မကြာသေးပါဘူး။ ကျွန်မတို့ LCCI ဖြေမယ်ဆိုတော့ စုစု က “ နင်..မြောက်ဒဂုုံကနေ နေ့တစ်ဓူဝ ကျောင်းလာတက်ရတာ မလွယ်ဘူး.. […]


gatoneJuly 19, 20101min00
Geniuses of countless nations Have told their love for generations Till all their memorable phrases Are common as goldenrod or daisies. Their girls have glimmered like the moon, Or shimmered like a summer moon, Stood like a lily,fled like a fawn, Now the sunset, now the dawn, Here the princess in the tower There the […]


etoneJuly 17, 20101min04
အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ် ဝတ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ် သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ် အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်း ဝယ်ဖို့ လိုအပ် ရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။ သူမကလဲ သဘောရိုးနဲ့ လို့ ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ် ပြန်တက်လို့ မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီ ယောက်ျားဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွား ခဲ့တယ်။ ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ […]


etoneJuly 15, 20101min01
မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေတယ်….(ပုံပြင်) သူငယ်ချင်းတို့ရေ…. ဟိုးဟိုးရှေးရှေးတုန်းကပေါ့လေ.. .။ ဒီကမာ္ဘလောကကြီးမှာ လူယောက်ျားတွေပဲ ရှိသတဲ့..။ ဒါပေမဲ့ ဒီလူယောက်ျားတွေဟာ အစစ အရာရာ အဆင်ပြေနေတယ်တဲ့..။ သူတို့မှာ ခက်ခဲနေတာ တစ်ခုပဲရှိတယ်..ဒါကတော့ သူတို့မှာ “ မီး ” (Fire) မရှိဘူးတဲ့..။ ဒီတော့ သူတို့ စားသောက်တော့ အစိမ်းစားရတယ်..။ ညဘက်လဲ အလင်းရောင်မရှိပဲ အမှောင်ထဲမှာ နေကြရတယ်..။ အလင်းရောင်မရှိတော့ ကျားရဲ တိရိစာ္ဆန်တွေ လာရောက် စားသောက်မှုကို သူတို့ခံကြရတယ်..။ သူတို့ ဒီလို အခက်အခဲဖြစ်နေကြတာကို နတ်ပြည်က နတ်သားတစ်ပါးက ကြည့်ပြီး သနားနေတယ်တဲ့…။ ဒီလိုနဲ့ တစ်နေ့ နတ်ပြည်က ဘယ်သူ့မှ မသိအောင် ကမာ္ဘက လူသား တွေအတွက် “ မီး ” ကို […]


chitkayJuly 15, 20101min07
ခေတ်မီကြော်ကြားပြီး အရောင်းအဝယ်ကောင်းလွန်းတဲ့ Black Zone ကုန်တိုက်ပိုင်ရှင် သူဌေးတစ်ယောက်သည် ဒီလောက်ရောင်းကောင်းနေတဲ့ကြားက ထပ်မံပြီး ရောင်းကောင်းရန် ပရိုမိုးရှင်းတစ်ခု ပြုလုပ်လျှင်ကောင်းမည်ဟု စဉ်းစားမိသည်။ ဒါမှသာ သူ့ကုန်တိုက်ကြီး ဈေးကွက်ရာခိုင်နှုန်း ထပ်မံတိုးတက်လာမည် မဟုတ်ပါလား။ သူ့အကြံဉာဏ်က မိုက်သည်။ လန်းသည်။ သူ့လောက်စွန့်စားဝံ့သူလည်း ရှိမည်မထင်။ သူသည် သူ့အကြံအတိုင်း စတင်အကောင်အထည်ဖေါ်တော့သည်။ သူ့ကုန်တိုက်၏ ပရိုမိုးရှင်းဆိုင်းဘုတ်ကို မြို့အနှံ့လိုက်ထောင်ထားသည်။ ဒါမှ လူတွေအကုန်မြင်ပြီး သူ့ကုန်တိုက်၏ ပရိုမိုးရှင်းကို စိတ်ဝင်စားကြမည် ဖြစ်သည်။ ဘုတ်ထောင်ပြီး နောက်တစ်နေ့တွင် သူ့မန်နေဂျာက သူ့ထံလာတွေ့သည်။ ထို့ကြောင့် သူက သူ့မန်နေဂျာအား ပရိုမိုးရှင်းအခြေအနေကို သိလိုသဖြင့် မေးလိုက်သည်။ `ပရိုမိုးရှင်းအခြေအနေ ဘယ်လိုလဲ´ `ဝယ်သူတွေ တအားတိုးလာပါတယ်၊ မနေ့ကဆိုရင်      သာမန်ရောင်းအားရဲ့ ၅ဝ ရာခိုင်နှုန်းလောက် တိုးသွားပါတယ် ဆရာ´ ` […]


etoneJuly 14, 20101min02
လက်ထပ်ပြီး ၁၁နှစ်အကြာမှ သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံ နှစ်ယောက်မှာ ယောကျာင်္းလေးတစ်ဦး ဖွားမြင်ခဲ့ပါတယ်။ တစ်ဦးတည်းသော သားလေးဖြစ်တဲ့အတွက် သူတို့အတွက်တော့ သားလေးဟာ တန်ဖိုးဖြတ်မရတဲ့ ရတနာ တစ်ပါးပါပဲ။ ရှိသမျှ အချစ်တွေက သားလေးဆီမှာ ပုံနေတော့ တာပါပဲ။ ဒီလိုနဲ့ သားလေးနှစ်နှစ်သား ရောက်လာခဲ့ပါတယ်။ တစ်နေ့မနက်ခင်းမှာ ယောကျင်္ားဖြစ်သူက အဖုံးဖွင့်ထားတဲ့ ဆေးပုလင်းကို တွေ့ပါတယ်။ ဒါပေမယ့် အလုပ်သွားဖို့ နောက်ကျနေတဲ့အတွက် အဖုံးပွင့်နေတဲ့ ဆေးပုလင်းကို မပိတ်တော့ပဲ ဇနီးဖြစ်သူကို ဆေးပုလင်း အဖုံးပိတ်ပြီး ဆေးသေတ္တာထဲ သိမ်းလိုက်ဖို့ ပြောပြီး အလုပ်ကို အလောတကြီး ထွက်သွားလိုက်ပါတယ်။ ဇနီးဖြစ်သူကလည်း အိမ်နောက်ဖေးမှာ ဟင်းချက်နေတော့ ပုလင်းကို သိမ်းဖို့မေ့သွား ခဲ့တာပေါ့။ အဲဒီမှာ သားလေးက ဆေးပုလင်း ကိုတွေ့တော့ ကလေးတို့ ထုံးစံအတိုင်း ဆော့ကစား […]


etoneJuly 14, 20101min03
တနေ့သ၌ ကျွန်ုပ်သည် ရန်ကုန်မြို့ထဲသို့ရောက်ခိုက် မြို့ထဲတိုက်ခန်းတခုတွင် နေထိုင်လျက်ရှိသော ကျွန်ုပ်၏ မိတ်ဆွေကြီး ဦးရှံစားထံသို့ အလည်ဝင်ရန် စိတ်ကူးရလေသည်။ သို့နှင့် အုတ်လှေကားအတိုင်းတက်သွားပြီး ဒုတိယထပ်ရှိ ဦးရှံစား၏ တိုက်ခန်းရှေ့တွင် ရပ်လျက် အခန်းတံခါးကို လက်ဖြင့် အသာခေါက်လိုက်သော် အထဲမှ….. “ကိုဒိန်းဒေါင်လား၊ တံခါးဖွင့်ထားတယ်ဗျ။ ဝင်ခဲ့လေဗျာ” ကျွန်ုပ်လည်း အခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်သွားလျှင် အခန်းတွင်း၌ ပက်လက်ကုလားထိုင်တလုံးဖြင့် သတင်းစာတစောင်ကို ဖတ်ရှုလျက်ရှိသော မိတ်ဆွေကြီး ဦးရှံစားကို တွေ့လိုက်ရသည်။ ကျွန်ုပ်လည်း အတန်ငယ် အံ့အားသင့်စွာဖြင့်….. “တံခါးခေါက်တာ ကျုပ်မှန်း ခင်ဗျားဘယ်လိုလုပ်သိသလဲ” ထိုအခါ ဦးရှံစားသည် ငါးသလောက်ပြုံး တချက်ပြုံးလိုက်ပြီး….. “မခက်ပါဘူးဗျာ။ စောစောက ကျုပ် ဝရန်တာမှာထွက်ပြီး လမ်းမပေါ်ကို ကြည့်နေတုန်း ခင်ဗျား လမ်းလျှောက်လာတာကို မြင်ရတယ်။ ကျုပ်တိုက်ရှေ့ရောက်တဲ့အခါ လှေကားဆီကို […]


Zaw WonnaJuly 14, 20101min01
ဒီနေ့ ရာသီဥတုကလည်း မိုးတစ်စိမ့်စိမ့်နဲ့မို့ မြန်မာပြည်က အိမ်ကိုလွမ်းနေမိတယ်။ ငယ်ငယ်တုန်းကတော့ အခုလို အိမ်နဲ့ဝေးနေရတဲ့ နေ့ရက်တွေမှာ အမေ့အိမ်ကို လွမ်းဖူးပါရဲ့။  အခုတော့လည်း ဇနီးမယား၊ သမီးသားတွေ ရှိတဲ့ကိုယ့်အိမ်လေးကို ပိုပြီးလွမ်းနေမိတယ်။ အတူတူနေချင်လို့ လက်ထပ်ပြီးကာမှ မတတ်သာလို့ ခွဲခွါခဲ့ရတဲ့ အိမ်သူကိုလည်း အရမ်းလွမ်းတယ်။ အဖေ၊ အမေ ရှိပါရက်နဲ့ မိသားစု စုံစုံလင်လင်နဲ့ မနေရရှာတဲ့ သား၊သမီးတွေကိုလည်း သနားနေမိတယ်။ သူတို့ကရော အနားမှာ ယုယုယယ ကြင်ကြင်နာနာနဲ့ မနေပေးနိုင်တဲ့ ကိုယ့်ကို နားလည်ပေးနိုင်ပါ့မလား။ ကိုယ်ကိုယ်တိုင်က ငယ်ငယ်တုန်းက မိဘနဲ့ ခွဲနေဖူးခဲ့တော့ သူတို့လေးတွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာ နားလည်မိပါတယ်။ ကိုယ်လည်းဒီမှာ သားသမီးစုံစုံညီညီနဲ့ ပျော်နေတဲ့ မိသားစုတွေ၊ ကလေးငယ်ငယ်လေးတွေကို တွေ့ရင် အရမ်းခံစားရတယ်။ တကယ်တမ်းကျတော့ ဒီခေတ်ကြီးမှာ အကြောင်းကြောင်းကြောင့် […]


manawphyulayJuly 13, 20101min02
လူထုဦးစိန်ဝင်း၏ရေးသားချက် အမျိုးသမီး ထုတ်ဝေသူ များရဲ့ စာအုပ် ရောင်းပွဲ တစ်ခု ကျင်းပမယ် ဆိုတဲ့ သတင်း တစ်ပုဒ် ဂျာနယ်တွေ ထဲမှာ ဖတ်လိုက်မိတယ်။ ဒီသုံးလေး နှစ်အတွင်းမှာ အမျိုးသမီး ထုတ်ဝေသူ တွေ ကြိုးစား ပမ်းစား လှုပ်ရှားတက်ကြွ နေကြတာ ကိုလည်း သတိပြုမိတယ်။ အင်မတန်မှကို အားရဝမ်းသာ ဖြစ်ရပါတယ်။ နယူးစ်ဝိခ် မဂ္ဂဇင်း ထုတ်ဝေသူ ကမ္ဘာကျော် သူဌေးမကြီး “ကက်သရင်း ဂရေဟမ်” လိုပဲ အောင်မြင်မှုတွေ ရကြပါစေလို့ စိတ်ထဲမှာ အောက်မေ့ နေမိပါတယ်။ ထူးခြားတဲ့ မြန်မာအမျိုးသမီး မြန်မာ အမျိုးသမီးများဟာ အာရှတိုက် တစ်ခုလုံးမှာရှိကြတဲ့ တခြား ဘယ်နိုင်ငံက အမျိုးသမီးများနဲ့မှ မတူတဲ့ ထူးခြားသူတွေ ဖြစ်ပါတယ်။ အာရှနိုင်ငံ အားလုံးလိုလိုမှာ […]


etoneJuly 13, 20104min00
အမေမရှိတော့ကတည်းက ဒီတိုက်ခန်းလေးကို ကျွန်မတို့ မိသားစုပြောင်းလာခဲ့တာ။ ပထမထပ်ဆိုတော့ လှေကားနှစ်ဆစ်ချိုး တက်ရုံသာ။ မြို့ထဲ နဲ့လည်းနီး၊ ဈေးနီး၊ ကျောင်းနီးဆိုတော့ အဖေက ဒီအိမ်ကို ဝယ်ဖို့ စိတ်ဆုံးဖြတ်လိုက်တာ။ အမေခေါင်းချခဲ့တဲ့ အရင် တိုက်ခန်းမှာ အဖေသာမက ကျွန်မတို့လည်း မနေချင် တော့လို့ အခု ဒီအခန်းကို အဖေဝယ်ယူလိုက်တော့ ကျွန်မတို့မောင်နှစ်မ သဘောတူ ထောက်ခံခဲ့တာ။ ကျွန်မအခုလို အစပျိုးနေရပေမယ့် တကယ်ပြောချင်နေတာက ကျွန်မတို့ အခန်းရဲ့ နဘေးက အခန်းနဲ့ ပတ်သက်တဲ့ အကြောင်းပါ။ ကျွန်မဟာ လုပ်ငန်းခွင်ထဲမှာ ပေါင်းသင်းဆက်ဆံရေး ကောင်းသူအဖြစ် နာမည်ရပေမယ့် တကယ်တမ်း ကျွန်မရဲ့ အိမ် ပါတ်ဝန်းကျင်မှာတော့ ကျွန်မ ဟာ လူ မှုရေး ညံ့ဖျင်းသူတစ်ယောက်တောင် ဖြစ်ကောင်း ဖြစ်နေနိူင်ပါတယ် ။ ဒီတိုက်ခန်းမှာ […]


manawphyulayJuly 12, 20101min00
ထွက်ခွာခဲ့ရ ပြုံးမျက်စနဲ့ ကရုဏာမျက်ဝန်း အကြင်နာ သွင်ပြင် အိုင်တီရပ်ဝန်း တိုးတက်စေဟု စိတ်မှာ ရည်မှန်း အပြုံးများနဲ့ ဘီလ်ဂိတ်ရေ….. ၁၉၅၅ တွင် အိုင်တီရပ်ဝန်း အောင်မြင်ရေးအတွက် မွေးဖွားလာသူ ၁၉၇၆ မှ အစပြုလို့ မိုက်ခရိုဆောဖ့်အဖြစ် အမည်ပေးခဲ့ ကြိုးစားမှုနဲ့ ၁၉၈၁ တွင် မိုက်ခရိုဆောဖ့်အတွက် ဦးဆောင်လုပ်ကိုင်ခဲ့သူ အပြိုင်အဆိုင် အထိုးအနှက်တွေကြား အပြုံးမပျက် ကြံ့ကြံ့ခိုင် ကြိုးစားရင်း ဖြတ်သန်းခဲ့တဲ့ နှစ်များအတွင်း အောင်မြင်မှုပေါင်းများစွာနဲ့ ရက်သတ္တပတ်ပေါင်း ၁၇၀ဝ ပတ်ကျော် ကြိုးစားခဲ့တဲ့ ရက်တွေအတွက် ကျွန်မတို့တစ်တွေ မိုက်ခရိုဆောဖ့်ကို သုံးနေသမျှ ကာလပတ်လုံး အမှတ်ရအောင်းမေ့လျှက် ထာဝရနှုတ်ဆက်ခြင်း မဟုတ်ပေမယ့် အိုင်တီရပ်ဝန်းတစ်ခုလုံးကိုယ်စား ကျွန်မပြောချင်တာကတော့ ကျေးဇူးပါပဲ Bill Gates ရေ….


အာဂJanuary 17, 20101min0
ကျမ မှတ်မိနိုင်သော အရွယ်မရောက်မီကပင် ကျမ၏ ဖခင် ကွယ်လွန်သွားပါသည်။ ထို့ကြောင့် “ဖေဖေဟာ ဘယ်လိုလူစားမျိုးပါလိမ့်” ဟူသော သိချင်စိတ်ဖြင့် ဖခင်၏ဘဝလုပ်ဆောင်ချက်များနှင့် ပတ်သက်သော စာပေ အထောက်အထားများကို ကျမ စတင်စုဆောင်း လေ့လာဖတ်ရှုခြင်းပင် ဖြစ်ပါသည်။ အောက်တွင် ဖော်ပြပါ အတ္ထုပ္ပတ္တိစာတမ်းကို ရေးသားရာ၌ ပုံနှိပ်ထုတ်ဝေခြင်း အထောက်အထားများကို အဓိကအခြေခံထားပါသည်။ အကြောင်းအရာနှစ်ရပ်နှင့် ပတ်သက်၍သာလျှင် ကျမတို့မိသားစုနှင့် ဖေဖေ့အား ကောင်းစွာသိကျွမ်းခဲ့သူများ ထံမှ သိရှိရသောအချက်အလက်များအပေါ်တွင် အတော်အသင့် အခြေခံထားပါသည်။ သွေးသားနီးကပ်စွာ တော်စပ်သူတဦး၏ အတ္ထုပ္ပတ္တိကိုရေးရသည်မှာ မလွယ်ကူပါ။ ဓမ္မဓိဌာန်ကျကျရေးနိုင်မည် မဟုတ်ဟု အစွပ်စွဲခံရနိုင်ပါသည်။ တကယ်တမ်းတွင်လည်း အတ္ထုပ္ပတ္တိရေးသူတို့သည် မိမိတို့ ရှာဖွေစုဆောင်းရ ရှိသော အထောက်အထားများဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ဉာဏ်ကို ပုံစံသွင်းပေးခဲ့သော အဖြစ်အပျက်၊ အတွေ့အကြုံများ၏ ဩဇာသက်ရောက်မှုမှ ကင်းလွတ်နိုင်မည်မဟုတ်ပါ။ […]