ဒီကြော်ငြာလေး တွေ့မိလို့ ဒီဇာတ်လမ်းလေးရေးမိတာ…

chitkayJuly 15, 20101min07

ခေတ်မီကြော်ကြားပြီး အရောင်းအဝယ်ကောင်းလွန်းတဲ့ Black Zone ကုန်တိုက်ပိုင်ရှင် သူဌေးတစ်ယောက်သည် ဒီလောက်ရောင်းကောင်းနေတဲ့ကြားက ထပ်မံပြီး ရောင်းကောင်းရန် ပရိုမိုးရှင်းတစ်ခု ပြုလုပ်လျှင်ကောင်းမည်ဟု စဉ်းစားမိသည်။ ဒါမှသာ သူ့ကုန်တိုက်ကြီး ဈေးကွက်ရာခိုင်နှုန်း ထပ်မံတိုးတက်လာမည် မဟုတ်ပါလား။

သူ့အကြံဉာဏ်က မိုက်သည်။ လန်းသည်။ သူ့လောက်စွန့်စားဝံ့သူလည်း ရှိမည်မထင်။ သူသည် သူ့အကြံအတိုင်း စတင်အကောင်အထည်ဖေါ်တော့သည်။

သူ့ကုန်တိုက်၏ ပရိုမိုးရှင်းဆိုင်းဘုတ်ကို မြို့အနှံ့လိုက်ထောင်ထားသည်။ ဒါမှ လူတွေအကုန်မြင်ပြီး သူ့ကုန်တိုက်၏ ပရိုမိုးရှင်းကို စိတ်ဝင်စားကြမည် ဖြစ်သည်။

ဘုတ်ထောင်ပြီး နောက်တစ်နေ့တွင် သူ့မန်နေဂျာက သူ့ထံလာတွေ့သည်။ ထို့ကြောင့် သူက သူ့မန်နေဂျာအား ပရိုမိုးရှင်းအခြေအနေကို သိလိုသဖြင့် မေးလိုက်သည်။

`ပရိုမိုးရှင်းအခြေအနေ ဘယ်လိုလဲ´

`ဝယ်သူတွေ တအားတိုးလာပါတယ်၊ မနေ့ကဆိုရင်      သာမန်ရောင်းအားရဲ့ ၅ဝ ရာခိုင်နှုန်းလောက် တိုးသွားပါတယ် ဆရာ´

` အိုး…. ငါ့အိုင်ဒီယာ ဘယ်လောက်ကောင်းလဲ… တွေ့လား´

`ကောင်းပါတယ် ဆရာ…. ဒါနဲ့ …. အခု ရောက်နေတဲ့ သူတွေကို ဘယ်မှာ ထားမလဲ ဆရာ´

`ဝန်ထမ်းအသစ်တွေကို ပြောတာလား´

`မဟုတ်ပါဘူး၊ ပရိုမိုးရှင်းတုန်းက ဝယ်တဲ့သူတွေက သူတို့ အသုံးမလိုတော့တဲ့ ယောက်ခမတွေကို လာပို့ပြီး ပရိုမိုးရှင်းယူသွားကြတာ၊ အဲဒါ…. သူတို့တွေကို ဘယ်လို စီမံမလဲဆိုတာ သိချင်လို့´

ကုန်တိုက်ပိုင်ရှင်လည်း ကို်ယ့်နဖူးကို ရိုက်ရင်း နောက်ပြန်လဲကျသွား တော့တယ်။ လဲမကျပဲနေနိုင်မလား အဲဒီလိုသာ အသုံးမလိုတော့တဲ့ ပစ္စည်းတွေအစား ယောက်ခမတွေနဲ့သာ လာလဲနေကြရင် …. သူ ပေးထားတဲ့ ပရိုမိုးရှင်းရက်က သုံးလတောင်ဆိုတော့…….  ။                             ။

ဒီဇာတ်လမ်းလေးကို ဒီကြော်ငြာလေးတွေ့လို့ အကြံရပြီး ရေးလိုက်တာပါ။

ကြော်ငြာလေးက         `မိမိမှာ အသုံးမလိုတော့တဲ့ ပစ္စည်းကို ပေးအပ်ရင်းနဲ့ ငွေကျပ်တစ်သိန်းဖိုး Discount ရယူပါ´ တဲ့၊  မြေနီကုန်းမှာ ထောင်ထားတဲ့ ကြော်ငြာဘုတ်ကို တွေ့ပြီး …..



7 comments

  • winne

    July 15, 2010 at 9:11 am

    အဲဒီ ဆိုင်းဘုတ်လေး တွေ့မိပါတယ်။ သူရောင်းအား တက်မတက်တော့ မသိဘူး တနေ့ တနေ့ လုံးပန်းနေတဲ့ လူလောကကြားထဲမှာ မအား နိုင်တာနဲ့ ရောက်ကို မရောက် ဖြစ်ပါဘူး။

    Reply

  • etone

    July 15, 2010 at 9:37 am

    ကြော်ငြာထားတာတော့တွေ့ပါတယ် မရောက်ဖြစ်ပါဘူး ။ တစ်ကယ်ရော ဟုတ်လို့လာ း ။
    အသုံးမလိုတော့တဲ့ပစ္စည်းဆိုပေမဲ့ အဟောင်းအစုတ်လို့တော့ရေးမထားဘူးနော် ။

    Reply

  • winne

    July 15, 2010 at 10:04 am

    သူလိုချင်တာ ပြင်သစ်တွေများလား မသိဘူးနော်

    Reply

  • crazy ng

    July 16, 2010 at 5:24 am

    နာလဲသွားပို့မယ်…

    Reply

  • arwarlay123

    August 29, 2010 at 8:06 am

    ရောက်အောင်သွားပို ့ပေးမယ်…အသုံးမလိုတော ့တဲ ့ဟာတွေ………

    Reply

  • intro

    August 29, 2010 at 8:27 am

    သွားကြည့်လိုက်ဦးမယ် အဟီး… ဘာတွေ အသုံးမလိုသလဲ ကြိုစဉ်းစားဦးမှ

    Reply

  • Yin Nyine Nway

    August 29, 2010 at 9:47 am

    တကယ်ကြီးလား

    Reply

Leave a Reply

Your email address will not be published.